မင်းမကြည့်လို့
***************************
ဖြူဖျော့ဖျော့မျက်နှာကလေးဟာ....
နဂိုကမှသေးရတဲ့အထဲအခုတော့တဝတ်လောက်သာကျန်တော့သည်....
" နေသာရဲ့လားနေရီ "
သူဟာဆရာဝန်အဖြစ်နဲ့သူမဘေးမှာသတိရသည်အထိရှိနေခဲ့သည်..ခံစားချက်တွေထိန်းနေရသော်လည်းသူမျှော်လင့်ခဲ့တဲ့မိသားစုဘဝလေးပျက်စီးသွားသည်မို့.....
စို့နင့်နေသော်လည်း....
ကလေးရေ...ဒါ ကိုယ်မင်းကိုအကြိမ်ကြိမ်နာကျင်အောင်လုပ်ခဲ့လို့မင်းပေးတဲ့အပြစ်လားကွာ
တောက်ကနဲကျတဲ့မျက်ရည်တွေကို....
ဘယ်သူမှမမြင်အောင်ထိန်းရသည်...အစထဲကသူနဲ့ဆန်ကျင်ဘက်ကိုခေါင်းစောင်းသွားရင်းမျက်လုံးတွေမှိတ်သွားသည့်သူမကပိုလို့တောင်မြင်မည်မထင်ပါ...
ရက်စက်ပါသဲငယ်
ဒီလူရင်မှာအကြိမ်ကြိမ်သေရဲ့ပါတယ်
မင်းသာစိတ်ချမ်းသာမယ်ဆိုရင်ပေါ့....
" သူရိန် "
" တိမ်လွှာ "
တင်းထားသည့်စိတ်တွေက တိမ်လွှာကိုတွေ့တော့အားကိုးတကြီးကြည့်လိုက်မိသည်...
သူ့ဘဝရဲ့တဦးတည်းသောမိသားစုဝင်မဟုတ်လား.....
" သူမ..သက်သာရဲ့လား "
"အခုတော့သက်သာသလောက်ရှိပါပြီ အချိန်မှီလေး ငါပြန်ရောက်သွားတာ...မင်းဇနီးရောအခြေနေ "
" ကောင်းပါတယ် သားလေးမွေးတယ် မင်းတူလေးက ထွားတယ်သူရိန် Sorry အခုချိန်မှာငါမပြောသင့်ဘူးထင်တယ် "
" မဟုတ်တာ....ငါလာကြည့်ပါအုန်းမယိ ဆေးရုံဟိုဘက်ဒီဘက်ကို... "
" နောက်မှလာလဲရပါတယ်မိုးသားအနားမှာကလူတွေရှိတယ်မင်းမိန်းမဘေးမှာမင်းပဲရှိတာမဟုတ်လား...ပြီးတော့အားငယ်နေရှာမှာသူမအနားပဲရှိပေးလိုက်ပါ"
" ပျက်ကျတာမဟုတ်ဘူး...ဖျက်ချတာမို့လို့ ဆုံးရှုံးရတဲ့ခံစားချက်ကိုသူကျော်ဖြတ်နိုင်မှာပါ "
" သူရိန်.... "
သူ့စကားတွေကိုဟန့်လိုက်သည့်တိမ်လွှာကြောင့်သူနာနာကျင်ကျင်ပြုံးဖြစ်သည်....
တိုက်ဆိုင်မှု့က....
နာကျင်စေတာပဲ....
တချိူ့ကလေးတွေလူ့လောကရောက်လာချိန်မှာသူ့ကလေးကအကောင်အထည်မပေါ်ခင်လူ့လောကကထွက်သွားရပြီ.....
ဘယ်သူ့ကိုအပြစ်တင်ရမလဲ.....
နာကျင်မှု့ကရင်နဲ့အမျှပါ....
သူကိုယ်တိုင်သူ့လက်နဲ့သူရင်သွေးကိုဖျက်ချခဲ့မိတာ...
ဆရာဝန်တယောက်ဖြစ်ခဲ့ပါရက်နဲ့......
သူမသောက်နေတာသူမကိုတိုက်မိတာဘာဆေးလဲသေချာမကြည့်မိအောင်အထိယုံကြည်ခဲ့တာ....ချစ်နေခဲ့တာ....
ရက်စက်တဲ့နှလုံးသားပိုင်ရှင်သူမဟာ
သူ့ကိုလူသတ်သမားဖြစ်အောင် လုပ်ရက်တယ်...
ဒီလက်တွေနဲ့.....သူကိုယ်တိုင်ဆေးတိုက်ခဲ့မိတာ သူမကငြင်းပြသေးတယ်မဟုတ်လား...
အတွေးတွေနဲ့နာကျင်နေတုန်း....
ခပ်သေးသေးခန္ဓာကိုယ်လေးဟာလှုပ်လှုပ်ယွယွနှင့်ထထိုင်ဖို့လုပ်နေသည်မို့သူကပဲအလိုက်တသိထူပေးရင်း...
" ရေလား "
ခေါင်းညိပ့်ပြသည်မို့တယုတယရေတိုက်နေရင်းမျက်လုံးကသူမဗ်ိုက်ကလေးဆီအရောက်မှာ....
သူဟာ လူသတ်သမားပါလား....
ဒေါသတွေထွက်နေပေမဲ့ဖြူဖျော့နေသည့်ကောင်မလေးကိုမဆူရက်ပါ....
ရင်ထဲတအားမွန်းကြပ်လာသည်....
သူတောင်မသိလိုက်ခင်သူမကိုယ်လေးကိုခပ်တင်းတင်းဆွဲဖက်ထားမိကာမျက်ရည်တွေကျနေမိသည်
" မင်း..ရက်စက်လိုက်တာနေရီသက်ဝေရာ "
သတိလက်လွတ်ငိုနေမိတာ....
ဒါမိန်းမတယောက်ရှေ့ပထမဆုံးအကြိမ်မျက်ရည်ကျခြင်းပါ....
" ရှင့်...ရက်စက်ခြင်းတွေကြောင့်ကျမထုံနေခဲ့ပြီ ''
" ကို့အတွက်အပြစ်လား baby အရမ်းမများလွန်းဘူးလားလို့စောတကတက်ပါရစေလား....ကိုယ့်တို့ရင်သွေးလေးမှာဘာအပြစ်ရှိလို့လဲ.... ကိုယ်....ကိုယ် "
မျက်ရည်တွေနဲ့ရင်ထဲစို့တက်နေတယ်....
သူမကတော့အေးစက်စက်နဲ့...
" ရှင်သိပ်ခံစားနေရရင်ကျွန်မတို့ကွာရှင်းကြမလား "
" နေရီ "
မျက်ရည်တွေနဲ့သူမရှေ့မှာရှက်မနေနိူင်တော့ပါ....
" အခုလဲအကြိမ်ကြိမ်သေပါတယ်ကွာ "
သူမကို အသာအယာမှီစေပြီး.....
ထိုနေရာမှသူထထွက်လာခဲ့သည်......
ဒီနေရာမှ တစ်စက္ကန့်မျှရှိနေဖို့သူခွန်အားမရှိတော့ပါ...ထွက်သွားပြီးမှ အားကိုးရာသူသာရှိသောသူမကိုမထားခဲ့ရက်ပြန်...
...........
မင်းတိမ်လွှာ ဟာမိုးသားကိုဂရုစိုက်တယ်.....
သူဟာလဲနေရီကိုဂရုစိုက်တယ်....
ဂရုစိုက်ကြရတာခြင်းအတူတူ....
တယောက်ကကလေးမွေးထားလို့...
တယောက်ကကလေးဖျက်ချလိုက်လို့...
နာကျင်ရတယ်နေရီ.....ကို့အပေါ်ရက်စက်ခဲ့တာသူအချစ်ဆုံးချစ်မိသွားသည့်အမျိူးသမီးဆီကမှရခဲ့တာမိုနာကျင်မှု့ကပိုတယ်
ချစ်မိမှာတောင်ကြောက်မိခဲ့ပြီ......
ရှေ့ရက်မှာကြင်နာမှု့တွေပေးခဲ့တာနာကျင်စေဖို့တဲ့လား....အကွက်ကျကျသိပ်ကိုတော်လွန်းပါတယ်.....
" ကိုယ်ရခဲ့တာ..ဟန်ဆောင်ကြင်နာမှု့ဆိုရင်တောင်ကိုယ်ပျော်နေမှာပါနေရီ.....နားလိုက်အုန်းနော် ကိုယ်အလုပ်တွေပစ်ထားရတဲ့ကြာပြီမို့.....သွားမှဖြစ်မယ် "
သူ...သူမဆေးရုံကဆင်းဆင်းခြင်းအလုပ်တွေဆီပြေးရမည်...
စားဖို့တခုခုစီစဥ်ပေးခဲ့ဖို့မီးဖိုချောင်ထဲဝင်တော့မှ...ထိုနေ့ကသူချထားသည့်စွတ်ပြုတ်ပန်းကန်ဟာ ဒီအတိုင်း ရှိနေသေးသည်....
ရင်ထဲဆစ်ကနဲနာကျင်စွာ....
ပန်းကန်ကို အမှိုက်ပုံးထဲပစ်ထည့်ကာ....အမှိုက်ထုတ်ကိုဆွဲရင်းသူအပြင်ထွက်ခဲ့တော့သည်...အရင်စိတ်နဲ့ဆိုတစ်စစီဖြစ်နေလောက်ပြီအခုတော့ဒေါသတွေတချက်ချက်ထွက်လာပေမဲ့...
ဖြူဖျော့ဖျော့မျက်နှာကလေးမြင်ရတာနဲ့တင်...အရာရာလက်လျော့တက်ခဲ့ပြီ
သူထွက်သွားတာသေချာတော့မှဟန်ဆောင်တင်းနာထားသည့်မျက်နှာမှာမျက်ရည်တွေနေရာယူလာသည်...
မေမေမှားပြီလားကလေးလေး
သူမလိုဘဝမျိူးသူမကလေးကိုမရစေချင်ယုံပါမြေဇာပင်အဖြစ်နောက်ထပ်မွေးဖွားမလာစေချင်ပါ....
နောက်ထပ်နေရီသက်ဝေတွေသူမ
မလိုချင်တော့ပါ...မချစ်ကြတဲ့မိဘတွေရဲ့တိုက်ပွဲကြားမှယသူမလုံလုံလောက်လောက်မြေစာပင်ဖြစ်ခဲ့ပြီးပါပြီသူမရင်သွေးကိုပါမဖြစ်စေလိုတော့....
အချစ်တွေကောငိးချီးတွေမရမဲ့ဘဝမျိူး...
သူမ...မပေးချင်ပါ...
အထူးသဖြင့်သူ့အတ္တတွေကိုသူမကြောက်တယ်........
ဒါတွေကြောင့် ဒီလိုဆုံးဖြတ်ပြီးမှ....
ဗိုက်ကလေးကိုင်ကြည့်တိုင်းနောင်တကရချင်လာသည်....
သူနဲ့အတူလောင်ကျွမ်းမယ်ဆိုတဲ့မာနတွေအစားသူအရိပ်ကဝေးရာပြေးရင်းဒီကလေးလေးကိုရအောင်မွေးခဲ့သင့်တာ....
မေမေတောင်းပန်ပါတယ်.....
ရှိုက်သံတွေဖုံးလွှမ်းသည်အထိသူမငိုနေမိသည်...မိခင်ဆိုသည့်စိတ်ကလူကိုသေအောင်နှိပ်စက်သည်....
" တိတ်ပါတော့ကွာ "
အပြင်ထွက်သွားတယ်လို့ထင်ထားခဲ့တာ....
စိတ်နဲ့ကိုယ်နဲ့မကပ်ပုံက..ကားသော့ကျန်ခဲ့လို့ပြန်တက်လာခဲ့ခြင်းသာ..
သို့သော်ဝမ်းပန်းတနည်းငိုနေသည့်သူမအသံတွေသာဖုံးလွှမ်းနေခဲ့သည်သူ့အသံကြားတာနဲ့တိကနဲတိတ်ကျသွားတော့ပြုံးမိသေးသည်
နာနာကျင်ကျင်နဲ့ပါပဲ.......
" ဘယ်နားကနာလို့လဲ "
" ...."
''ရင်ဘတ်ထဲကလား.....ဟုတ်တယ်မဟုတ်လား မင်းနာကျင်နေတယ်မဟုတ်လား"
" ဒီတိုင်းပဲနေရအဆင်မပြေလို့ ရှင်သွားစရာရှိတာသွား ဂရုစိုက်မနေနဲ့ "
" အင်း "
သူရုံးကိုသာထွက်ခဲ့တော့သည်အိမ်ပြန်မလာချင်သည့်မွန်းကြပ်မှု့အောက်
အလုပ်တွေဖိလုပ်ပင်......မိုးချူပ်ခဲ့လေသည်
အရင်ထဲကတယောက်ထဲနေသားကျနေတက်သည့်နေရီဟာအခုလဲသူဟာသူအဆင်ပြေနေခဲ့ပါတယ်မပြေတာကသာ....သူ
အခုတလောဆေးလိပ်တွေပိုသောက်မိလာသည်.....
ဘယ်နှလိပ်မြောက်မှန်းမသိသည့်ဆေးလိပ်ကိုမီးညှိရင်းနေရီကိုဒီလိုပုံစံဖြစ်အောင်ပုံသွငိးခဲ့မိသလား......
နေရီဟာသိပ်ကိုအေးဆေးပြီးနွေးထွေးတဲ့ပလေးမလေးပါအခုတော့
သွေးအေးစွာနှင့်အရာရာစွန့်လွှတ်ရဲနေသည်...