book

Index 41

(အပိုင်း..၄၁)

မင်းမကြည့်လို့

**************************


နေ့လည်ခင်း....


သူရိန်အိမ်မှာရှိမနေတက်တဲ့ ဒီလိုအချိန်ဟာသူမအတွက်အဆင်ပြေဆုံးအချိန်ပါပဲ....


သိပ်မသိသာသေးသည့်ဗိုက်ကလေးကို ပွတ်ကြည့်မိသည်...


" ငါ့မိန်းမကို ဒုက္ခမပေးပဲ ဗိုက်သေးသေးလေးထဲမှာငြိမ်ငြိမ်နေရမယ်နော် ကလေးသားလေး "


သူမ ဗိုက်ကလေးနားကပ်ကာပွတ်သတ်ရင်းပြောနေသည့်သူရိန်ရဲ့ပုံရိပ်လေးတွေပေါ်လာသည်....သူမကသိပ်ချစ်ခဲ့ရသူမဟုတ်လား


ဒါလေးတွေကိုအမှတ်တရအဖြစ်တသက်လုံးသိမ်းသွားပါရစေ.....


......


" နေရီ "


အိမ်ပြန်လာတိုင်းဆူပုပ်ပုပ်မျက်နှာကလေးကိုမတွေ့ရရင်မနေနိုင်လှည့်ပတ်ရှာမိသည်.......


" အသက်ရှူပါအုန်း..ဘယ်လိုဖြစ်နေတာလဲ "


ကျစ်ကန်ကန်သူ့ချစ်ဇနီးလေးဟာ...ပြောပြောဆိုဆိုနှင့်သူ့လက်ထဲကအိတ်ကိုလာဆွဲသည့်အကျင့်ပါနေသည့်လက်ကလေးတွေကိုသူ့လက်မှာချိတ်ကိုင်စေလိုက်ပြီး...

ခါးသွယ်သွယ်ကလေးကိုဖက်ကာ....


" လူတွေ့ရရင် ရပါပြီကလေးရာ "


အရင်လိုမဟုတ်...ခံစားချက်မဲ့အေးစက်နေတဲ့အမူအရာလေးတွေနဲ့သူ့ရင်ခွင်ထဲကတိုးထွက်ဖို့လုပ်သည်....


" ကိုယ့်ကိုနမ်းပါလား "


" မချစ်သော်လည်းအောင့်ကာနမ်း ဆိုတဲ့စကားပုံကိုနေရီအမုန်းဆုံးပဲ "


ထိထိမိမိပြောချလိုက်သည့်စကားလုံးတွေဟာဘာကိုဆိုလိုမှန်းသူကောင်းကောင်းသိသည်....


" ကို့..ကိုမချစ်ဘူးပေါ့ "


သူမမျက်နှာကို ငုံမိုးကြည့်ရင်း.....နီးကပ်လာသည့်မျက်နှာနှစ်ခုမှာသူမမျက်နှာသိသိသာသာရဲတက်လာတာကိုသူသဘောကျစွာ...

သူမမျက်လုံးတွေကိုစိုက်ကြည့်နေတော့ပြူးကြောင်ကြောင်နှင့်ပြန်ကြည့်နေသည်...


နီထွေးနေသည့်နှုတ်ခမ်းကလေးတွေဆီအရောက်....သူစိတ်မထိန်းနိုင်စွာ တဖြေးဖြေးချင်းနှုတ်ခမ်းတွေဆီ ချည်းကပ်လာတော့..

နီးကပ်နေသည့်ရင်ခွင်...နှစ်ခုကြားက


သူမလက်ကလေးတွေဟာသူ့ခါးတွေဆီသတိလက်လွတ်လာဖတ်တော့သည်....


" ပြောတော့...မချစ်တော့ဘူးဆို "


မချိူမချဥ်စနောက်လိုက်သည့်သူ့ကို....


သူမအားကုန်သုံးတွန်းထုတ်ပစ်လိုက်တာရုတ်တရက်မို့သူနောက်သို့လန်သွားသည်...


" ဖြေးဖြေးလုပ်ပါ မမလေးရာ မမလေးကစိတ်ကြီးပဲ ဟွန့် "


သူမပါးလေးကိုဖွဖွဆွဲရင်း....


" ကို့ယောက်ျားကိုချစ်တာပဲဟာ ဘာဖြစ်တုန်းကွာ "


မှိုရသလိုပြုံးနေသည့်သူ့ကို မျက်စောင်းထိုးပြီးကျော်ထွက်သွားသည်....

စလိုက်တာကြောင့် စိတ်ဆိုးသွားလို့ထင်ပါရဲ့


သူရေမိုးချိူးပြီးထွက်လာတော့....


သူမတယောက်တည်းထမင်းထိုင်စားနေသည်ခါတိုင်းဆိုသူလာမှစားတက်သည်မဟုတ်လား...

ပါးကလေးဖောင်းနေအောင်ပလုပ်ပလောင်းစားနေလိုက်တာ ကိုယ်ဝန်ဆောင်မှဟုတ်ရဲ့လား...

တချိူ့ဆိုဒီကာလမှာ ဘာမှစားဝင်ကြသည်မဟုတ်....


" ဖြေးဖြေးစားပါ ကလေးရယ် "


သူမပါးစပ်ကလေးသုတ်ပေးရင်းသူအနားဝင်ထိုင်လိုက်သည်....


"မင်းတိမ်လွှာတောင်....သူ့မိန်းမ ကိုယ်ဝန်ရတော့ မစားနိုင်မသောက်နိုင်နဲ့အန်လိုက်တာ မင်းကျတော့အေးဆေးပဲနော်ကလေး တော်ပါသေးရဲ့ "


" မင်းတိမ်လွှာကအန်တယ်.....သူ့မိန်းမကအန်ရမှာမဟုတ်ဘူးလား "


တအံ့တသြမေးနေသည့်သူမရှေ့ကို ရေခွက်ကလေးတိုးပေးလိုက်တော့အားရပါးရမော့သောက်လိုက်သေးသည်...


''Couvade Syndrome လေ ကလေးရဲ့ "


"Couvade Syndrome???''


"Couvade Syndrome ကို တနည်းအားဖြင့် sympathetic pregnancy ( စာနာကိုယ်ဝန်)  လို့လဲ ခေါ်လေ့ရှိတယ်..ကိုယ်ချင်းစာ စိတ်ကနေဖြစ်ပေါ်လာတဲ့ ကိုယ်ဝန်ပေါ့

ကိုယ်ဝန်ရှိနေတဲ့ အမျိူးသမီးခံစားလေ့ရှိတဲ့ ရောဂါလက္ခဏာ မျိူး အိမ်ထောင်ဖက် အမျိူးသားက ခံစားရတာ... ဒါဟာ ရောဂါဆိုတာထက် စိတ်ခံစားမှု့ကနေဖြစ်လာတာမို့ စိတ်ပိုင်းဆိုင်ရာ ရောဂါပေါ့...."


" ဆရာဝန်ပီပီသိပ်အရစ်ရှည်တာပဲ..Morning sickness ကို မိန်းမအစားခံရတာဆိုပြီးနေတာပဲကို "


" ဟား....ဟုတ်ပါပြီကွာ "


" မင်းတိမ်လွှာကို အားကျဖူးလား "


" ဟင့်အင်း....သူလဲသူ့ဘဝ ကိုယ်လဲကိုယ့်ဘဝမို့ ဘယ်တစုံတယောက်ရဲ့ဘဝကိုမှကိုယ်အားမကျဖူးဘူး ''


" အင်း.....ဘဝချင်းအတူတူတောင်အချစ်ခံရတဲ့ဘဝက အမြဲတပန်းသာတာပဲလေ "


" ဘာလဲ...ကိုယ့်ကိုတိမ်လွှာလို့ဖြစ်စေချင်တာလား "


" ဟင့်အင်း...နေရီကဘာမှမခံစားရတာနဲ့တင်ကျေနပ်မဆုံးဘူး နေရီတော်ပြီ ဒီနေ့အလုပ်ပင်ပန်းလာလို့နားတော့မယ် "


" ထားခဲ့နေရီ ကိုယ်သိမ်းလိုက်မယ် "


" ကျေးဇူး "


ကပ်သီးကပ်ဖဲ့ပြောသွားသေးသည့်ကောင်မလေးတကယ်မလွယ်တာပါလား....

အိမ်အကူတွေမနက်ခင်းပို့ထားတာမို့ခါတိုင်းသူမလက်ရာလေးလောက်စားမကောင်းသည်မို့...

သူလဲထမင်းစားခြင်းကိုလက်စသတ်လိုက်သည် ဘယ်လိုလုပ်ရပါ့မလား မင်းလက်ရာမဟုတ်ရင်ထမင်းတောင်မစားတက်တော့ဘူးbaby...


" ဆေးသောက်တာလား နေရီနေမကောင်းဘူးလား "


" ကိုယ်ဝန်ဆောင်အားဆေးပါ OG ပေးလိုက်တာ တနေသုံးကြိမ်သောက်ရမယ်တဲ့ "


ရှုံမဲ့စွာပြောနေသည်မို့....သူမကဆေးကြောက်သတဲ့လား


" ဘာလို့လဲ ကလေးရဲ့ ဆေးကြောက်လို့လား "


" မဟုတ်ပါဘူး ဒါပေမဲ့အချိန်တွေနဲ့ကျတော့ မေ့ကုန်မှာစိုးလို့လေ "


'' စိတ်ချမမေ့အောင်ကိုယ်သေချာအချိန်မှန်မှန်ဂရုတစိုက်ဆေးသောက်မယ်ဟုတ်ပြီလား "


" အင်း "


သူမ နံဘေးနေရာလွတိမှာဝင်လှဲရင်း သူမခါးလေးကိုဖက်တော့ သူမဟာသူ့ဘက်ကိုလှည့်လာကာရုတ်တရုတ်နှုတ်ခမ်းတွေကို အနမ်းကလေးတွေပေးလာသည်....


သူမပေးတဲ့အနမ်းတွေကြား.....


သူအနူညံ့ဆုံးပြန်တုန့်ပြန်သော်လည်း...


လည်ပင်းတွေဆီမှာတော့အမှတ်ကလေးတွေရအောင်ချန်ခဲ့ရသေးသည်....


ဒီကောင်မလေးလုပ်ပုံနဲ့ ကလေးမွေးတဲ့အထိသူဘယ်လိုထိန်းရပါ့မလဲ....


"ကလေးကွာ ကိုယ့်ကိုအနေခက်ရအောင် "


သူခပ်ညစ်ညစ်ညိူးညှူးရင်းအိပ်ပျော်ဖို့ကြိုးစားနေစဥ်ပဲ

သူမလက်ရဲ့အထိအတွေ့က...


" ဟိတ် "

.အထိတွေ့တွေကြားမှာ.သူမလေးကိုပိုပိုချစ်ရသည်....


" ကိုယ့်ကို  အကြာကြီးစိတ်မဆိုးလို့ကျေးဇူးတင်ပါတယ်ကောင်မလေး''


နဖူးလေးကိုမြတ်နိုးစွာနမ်းရင်း....ဒီကောင်မလေးနဲ့ထာဝရအတူဖြတ်သန်းသွားဖို့စိတ်ကူးယဥ်မိသည်....


ကလေးလေးနဲ့မိသားစုဘဝကိုသူအကောင်းဆုံးတည်ဆောက်သွားမည်........


....................


" နိုးပြီလား ကို "


" baby ကွာ....ကို့ကိုယ်နှိူးလိုက်ရောပေါ့ "


" ကို့...ကိုစားစေချင်လို့ breakfast ကိုယ်တိုင်ထလုပ်တာပါ ကိုအိပ်ရေးဝရဲ့လား "


" ကို... ဘာကူရမလဲ "


" စားယုံပဲ "


" ဘာတွေလဲ "


" ကိုယ်ကြိုက်တဲ့နန်းကြးီသုပ် "


သူမ....ကမ်းပေးသည့်ပန်းကန်ကိုခေါင်းမဖော်စတမ်းစားလိုက်မိသည်သူမလက်ရာမဟုတ်လို့အကျင့်ပါနေသည့်ပါးစပ်ကထမင်းစားမဝင်တာတစ်ပတ်ကျော်နေပြီမဟုတ်လား....


စားသောက်ပြီးတော့ ......သူမရှေ့ရေနဲ့ဆေးချပေးသည့်သူ့ကို ဘုကြည့်ကြည့်ကာ


" ဒါဘာလဲ "


"ဆေးလေ "


" မသောက်ချင်ဘူး "


"ကြည့် ကလေးမ ကိုယ်ထင်သားပဲ မင်းငကြောက်ကလေးဆိုတာ "


ေဆးမသောက်ချင်လို့ညစ်နေသည့်သူမလေးကို ချော့မော့ဆေးတိုက်ရသေးသည်...ထို့နောက် Sunday မို့သူမအနားကပ်နေချင်သော်လည်း...

မင်းတိမ်လွှာဆီသွားဖို့ရှိသည်မို့ ခပ်မြန်မြန်ထွက်ခဲ့ရသည် ဒီကလေးမကို အခုမှမျက်စိရှေ့ကအပျောက်မခံနိုင်ဖြစ်နေသေးသည်....


အချစ်ဆိုတာထူးတော့ထူးဆန်းသား....


အရင်ကမင်းတိမ်လွှာကိုစခဲ့သမျှသူဝဋ်လည်ပြီထင်ပါရဲ့.......ဆေးသောက်ပြီးကုတင်ပေါ်ပြန်မှေးနေသည့်သူမကိုအနမ်းလေးပေးရင်းစောင်ဆွဲခြုံပေးထားရသေးသည်...


တကယ့်ကလေးလေးလိုပါပဲ.....


...............................


သူမ အရင်ကမကြာမကြာသွားစားတက်သည့် အမဲစွတ်ပြုတ်ကလေးဝင်ဝယ်လာခဲ့ရင်းသူမနဲ့ပတ်သတ်ရင်ဘာမှမသိသေးတာမို့သူအများကြီးလေ့လာရအုန်းမည်...

တိတ်ဆိတ်နေသည့် အိမ်ကလေးထဲမှာ အိပ်ပုပ်မလေးအခုထိအိပ်နေသေးတယ်ထင်ပါရဲ့.......


မီးဖိုထဲမှာ အမဲစွတ်ပြုတ်လေးပြင်ဆင်လိုက်ပြီး...

အခန်းတံခါးဖွဖွကလေးဖွင့်ပြီးဝင်ခဲ့သည့်....

အိပ်ပုပ်နေသည့်မိခင်လောင်းကလေးရဲ့နှုတ်ခမ်းအိအိကလေးတွေကိုပြီးမှအပြစ်ပေးရအုန်းမည်...


" ဟင် "


မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ကြည်နူးမှု့တွေလေပေါ်တင်ပျောက်ရှ....သွေးတွေအိုင်ထွန်းနေသည့်ဒီမြင်ကွင်း နာကျင်မှု့ကြောင့်ဖြူလျော့နေသည့်မျက်နှာ......


သွားပြီ......


သွေးတွေရဲ့လားရာဟာ..........


ဆရာဝန်တစ်ယောက်အနေနဲ့ မြင်တာနဲ့သိလိုက်သည်...လဲကျလုဆဲဆဲအမျိူးသမီးကိုပွေ့ချီရင်း.နောက်ထပ်တကြိမ်ဆေးရုံဆီသို့ပြေးလွှားသွားဖို့ပြင်ရပြန်သည်...


သူ့အကျီစကိုကိုင်ရင်း...သူပွေ့ချီရာရင်ခွင်ထဲပါလာသည့်သူမကိုကြည့်ပြီး...


" လုပ်ရက်လိုက်တာ နေရီရာ "


မာနသံတွေလဲမပါပါ...

ဒေါသသံတွေလဲမပါဝင်ပါ....

စို့နင့်နေသည့်ဖခင်တယောက်....ခင်ပွန်းတယောက်ရဲ့တိုးလျလျစကားသံကလေးရယ်သာ.....


ဒီလောက်တောင်ပဲအသည်းမာသတဲ့လားမိန်းကလေးရေ



rate now: