book

Index 40

(အပိုင်း..၄၀)

မင်းမကြည့်လို့

***************************

ဘဝမှာ...

နွေဦးနွယ်ဆိုသည့်အမျိူးသမီးကလွဲပြီး....


တခြားဘယ်မိန်းကလေးအပေါ်မှစိတ်မယိုင်ခဲ့ဖူးတာ..သူ့ကိုယ်သူသာအသိဆုံးပါ

သူမလေးကို....သူဘယ်လိုရယူခဲ့ရသလဲသူသာအသိဆုံး...............


သို့သော်သူ့ဘဝမှာ အမှားကြီးတခုကျူးလွန်ခဲ့မိသည်ထင်ပါရဲ့....


ဒါဟာ....သစ္စာရှင်အပေါ်သူဂရုစိုက်ခဲ့မိတာ


တကယ်ဆိုသူဟာသစ္စာရှင်ကိုသူရိန်နှင့်နီးစပ်စေချင်ခဲ့တာစေတနာအမှန်ပါ......

နွယ်လေးဘက်ကတဖက်သတ်အမြင်နှင့်သဝန်တိုခဲ့တာတွေ....

မင်းတိမ်လွှာ တို့ ပြသာနာတက်ခဲ့တာတွေသည်.....

တဖက်သတ်ထင်မြင်ချက်တွေနှင့်ပါ.....


တဖက်မိန်းကလေးဖြစ်သည့်သစ္စာရှင်ဟာ.....


သူအကူညီတောင်းလို့....

မင်းတိမ်လွှာ..နွေဦးနွယ်နှင့်မိုးသားဖြူတို့ကြားကဇာတ်လမ်းတွေလား...

တကယ်ပဲမင်းတိမ်လွှာနှင့်မိုးသားချစ်သူဖြစ်နေတာလားဆိုသည့်စမ်းသက်ချက်တွေကြောင့်သာ...

မင်းတိမ်လွှာ နားကပ်ခဲ့တာဖြစ်ကာ....


သူ့စနက်တွေအများကြီးပါသည်မို့....


သူမကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ဗီလိန်တယောက်ဖြစ်ခဲ့ရသည်မို့...

သူအမြဲလိုလိုအားနာရသည့်အမျိူးသမီးအပြင်မပိုခဲ့ပါ

သူရိန်ကတွန်းထုတ်နေသည့်အချိန်.....

သျှံထွန်းကသူမအနားအတင်းကပ်နေသည်....


သျှံထွန်းဘယ်လိုကောင်လဲသူသာအသိဆုံးမို့


သူမကိုမပါသွားစေချင်....

ဒီနေရာမှာမိုးသားဖြူဆိုလဲသူဝင်ပါမိမှာပါ....


သူရိန်....သစ္စာရှင်ကိုသဘောကျနေသည်ကိုလဲ မင်းတိမ်လွှာကိုမသိစေချင်ခဲ့တာမို့

သူဘာကြောင့်...သစ္စာရှင်နှင့်နီးကပ်ခဲ့သလဲမင်းတိမ်လွှာမသိပါ...


မင်းတိမ်လွှာသဘောမကျသည့်မိန်းကလေးကို...

မင်းတိမ်လွှာရဲ့မိသားစုဝင်နှင့်နီးစပ်အောင်...

သျှံထွန်းကိုပထုတ်ပေးနေသည့်သူ့ကို....

(A/N ရှည်ကိုရှည်တယ် သြဇာဂုဏ်ဆိုသည်မှာ🙃🙃)

မင်းတိမ်လွှာကြည်ဖြူပါ့မလား....


အခုတော့ ဘာတွေကစမှားခဲ့သလဲမသိသည့်အကြောင်းတရားတွေကြောင့်...

သူ......ဘယ်လိုပဲပြောပြနေပါစေရှင်းပြနေပါစေသူ့ဘက်ကအမှန်တရားတွေကိုသူမလက်မခံနိုင်တော့ဘူးထင်ပါရဲ့....


သူ.....သူမလိုချင်တဲ့အတိုင်းပဲဝန်ခံပေးလိုက်ရမလား


" ကိုကို...ထမင်းမစားဘူးလား "


အသံစူးစူးကလေးကြားမှ....

ခေါင်းထောင်ကြည့်တော့..မကျေနပ်သည့်မျက်နှာလှလှကလေးကြောင့်သူရယ်ချင်သွားသည်...


သူ့ကိုရှောင်ပြီး....တယောက်ထဲထမင်းစားနေသည့်သူမ အဆူခံလိုက်ရတယ်ထင်ပါရဲ့...


" မေမေမွန်ဆူလိုက်တာလား "


" ရှင့်ကြောင့်ပေါ့ အသက်ကြီးမှခနခနအဆူခံနေရတယ် "


" ဟားး....ခံလိုက်ပါကွာ မေမေဆိုလဲ ကိုယ့်ကိုမြင်တာနဲ့ဆူတာပဲ ကိုယ်ဆိုအထိုးပါခံရတာ ဒီမှာကြည့် "


"ဟယ် "


သူမျက်နှာအနီးကပ်ထိုးပြတော့....

ထအော်သည့်သူမရဲ့မျက်ဝန်းတွေကိုလိုက်ကြည့်မိသည်စိုးရိမ်ခြင်းတွေလှစ်ကနဲ့ပြေးထွက်လာပြ်ိီးမှ


" ဖေဖေထူးလက်သံပြောင်သားပဲ....အဟွန့်နည်းတောင်နည်းသေးတယ် "


" ခင်ဗျားလေးကြောင့်လေ...တသက်လုံးပိုးမွေးသလိုမွေးလာတဲ့ကျူပ်ကိုဆော်နေကြပြီ"


" ဝမ်းသာတယ် "


စိုးရိမ်နေသော်လည်းဂျစ်တစ်တစ်လုပ်နေသည့်သူမလေးကိုသဘောကျစွာ....

ခေါင်းလေးပွတ်သတ်ပြီးပြုံးကြည့်နေမိသည်....ဒီကောင်မလေးကိုမြင်နေရယုံနဲ့နာကျင်တာတွေလဲမရှိတော့....


ဒီလောက်ထိတောင်ချစ်ရသလားမေးရင်.....


ဘယ်လိုမျိူးရအောက်ယူထားရတဲ့ကလေးမို့လို့လဲရူးလောက်အောင်ချစ်ရပါသည်.....


မိန်းမရှိရဲ့နဲ့တပါးမိန်းကလေးအပေါ်စိတ်ယိုင်တယ်အပြစ်လဲလုပ်ထားသေးတယ်မင်းကမင်းမဟုတ်သလိုမျက်နှာပြောင်တိုက်ငြင်းနေသေးတယ်ပေါ့....


မင်းဟာငါသမီးနဲ့လုံးဝမတန်ဘူး....


ပေးစားမိတာမှားပြီ


လက်သီးတလုံးပစ်သွင်းပြီးဖေဖေပြောနေခဲ့သည့်စကားတွေနားထဲပြန်ကြားယောင်လာသည်....

၅နှစ်လုံးလုံးသူ့အနားမှာတာဝန်ကြေကြေရှိခဲ့သည့်သစ္စာရှင်ကိုညီမလေးထက်ပ်ုသည့်သံယောဇဥ်မရှိခဲ့သော်လည်း....

ဒီလိုမျိူးတွေဖြစ်လာမယ်မှန်းသိရင်....


ဘယ်လိုစေတနာမှထားခဲ့မိမည်မဟုတ်ပါ...


နွယ်လေးနဲ့လဲရအောင်အထိ......


အတွေးတွေနဲ့အတူခပ်ဂျစ်ဂျစ်လုပ်နေသည့်ကောင်မလေးဆီအကြည့်ကရောက်တော့...

အသည်းတွေယားလာမိတာမို့...


" ရွှတ် "


ပါးပြင်ကလေးပေါ်အနမ်းတပွင့်ချွေချရင်း..


" မင်းကြောင့်အထိုးခံရတဲ့အတွက်လျော်ကြေးပြန်ယူတာ "


ပြောပြီးသည်နှင့်.....

သူမအနားကအမြန်ပြေးထွက်လာခဲ့သည်.....

ဘယ်လိုဖြစ်ကျန်ခဲ့မလဲသ်ိနေသည့်မို့ပြုံးနေမိတာ....


အခုမှသူ့အဖြစ်ဟာ....ကိုယ့်မိန်းမကိုပြန်ပိုးနေရသည့်သူပြန်ဖြစ်နေပါရောလာ


...................................................


ထွက်သွားပါမယ်ဆိုမှ

သူရိန်ရဲ့ဇနီးအဖြစ်လူသိရှင်ကြားဘဝကိုရောက်ရပြန်သည်...


ပြေးမရမဲ့အတူတူ....


ကျမတို့အတူလောင်ကျွမ်းကြတာပေါ့....


အခုမှလာပြီးချစ်တယ်တဲ့လား...

သွားစမ်းပါ...သူ့ရင်သွေးကြောင့်ဖြစ်လာတဲ့စကားတွေဟာရင်ခုန်ဖို့ရာတစက်မှမရှိပေ..


" နေရီ..!!!"


မာဆက်ဆက်လေသံနှင့်အော်လိုက်သည့်မို့အတွေးတွေကြားကနေလူဟာဆက်ခနဲဖြစ်သွားသည်...


" အဲ့တာ...ဘာလုပ်နေတာလဲ "


" အဝတ်တွေ... "


" ဟာကွာ.နေကောင်းကာစကို...ခြေဖျားတောင်ထောက်ပြီးလှမ်းယူနေလိုက်သေးတယ်မတော်တဆချော်လဲမှဖြင့်...."


"မလဲပါဘူး...အကိုရဲ့ "


" မလဲလို့ပေါ့ လဲများလဲရင်ဆေးရုံနောက်တခေါက်ပြေးနေရလောက်ပြီ...မင်းဗိုက်ထဲမှာရင်သွေးလေးရှိသေးတယ်ဆိုတာမေ့မထားနဲ့လနုနုမှာပိုပြီးဂရုစိုက်ရတယ် "


" အဟွန့် "


" ဘာဖြစ်တာလဲ အဲ့ရုပ်က.... အသည်းယားအောင်မလုပ်နဲ့ဆွဲနမ်းပစ်မှာ "


စိတ်တိုနေသည့်ကြားကသူပြုံးလိုက်မိသည်....ဒီကောင်မလေးသူကိုယ်သူ့ဂရုစိုက်ရကောင်းမှန်းမသိ

သူပြောတော့မဲ့ရွဲ့ပြသေးသည်....


" ရော့ ဒါဆိုလဲ...ကို့ဘာကိုဆက်လုပ်တော့ "


အဝတ်တွေထိုးပေးရင်းဘောက်ဆက်ဆက်နှင့်လျှောက်သွားသည့်သူမကို.....


" နေရီ...ရေချိူးရင်လဲမကြာစေနဲ့အဝတ်တွေရေစိုကြီးနဲ့လဲ ကိုယ့်ကိုအရွဲ့တိုက်ပြီးမနေနဲ့အုန်းကြားလား "


သူလှမ်းအော်နေပေမဲ့...သူမကြားသွားရဲ့လားမသိပါ...

လုပ်လက်စအဝတ်တွေဆက်လှမ်းရင်..သူလဲအခုမှပဲအိမ်အလုပ်တွေလုပ်နေရချေပြီ...

ဒါတောင်ဗိုက်ထဲကအကောင်ပေါက်ကလေးမထွက်လာသေးလို့သာပဲ....သူ့အတွေနဲ့သူဟက်ဟက်ပက်ပက်ရယ်ချလိုက်မိသည်....


" အား...အကိုရေ "


ဟင်....သူမအော်သံကြားးသည်နှင့်အခန်းထဲပြေးဝင်မိသည်.....


" ကလေး....ဘာဖြစ်တာလဲ "


လက်ညိုးထိုးပြီးအော်နေသည်မို့....

လက်ညိုးညွန်ရာအကြည့်.....

ဘယ်ကဘယ်လိုကျသေနေမှန်းမသိသည့်အိမ်မြောင်...

သကောင့်သားကိုအမြန်ဖယ်ထုတ်ကာ....


" ရပြီကလေး...ရပြီ "


"ဘယ်ရောက်သွားပြီလဲ "


" ကိုယ်ပစ်ထုတ်လိုက်ပြီ... "


" ဘာပြုံးစိစိလုပ်နေတာလဲ ''


" ကိုနဲ့ကျတော့ဆူပုပ်စောင့်အောင့်နေပြီး...အိမ်မြောင်အသေနဲ့ကျမှအော်လိုက်တာ"


" အော်မှာပေါ့သေတာတောင်မျက်လုံးပြူးပြီး...ရုပ်ဆိုးပန်းဆိုးနဲ့မသိရင်အရှင်ကောင်လိုလိုနဲ့ဟန်များနေသေးတယ် "


" ဟောဗျာ...ဟားဟား"


သူကသဘောကျနေမိသော်လည်းတကယ်လန့်သွားပုံရသည့်ကောင်မလေးဟာမျက်တောင်ဖျားတွေစိုစွတ်ကာငိုမဲ့မဲ့နှင့်မို့မရီရက်တော့ပဲ...


မျက်နှာလေးကိုသူ့ရင်ခွင်ထဲအပ်ထားစေကာခေါင်းကလေးပုတ်ပေးရင်း....


" ကလေးလန့်သွားတာလား....ကိုယ်ရှိတယ်နော်တိတ်တိတ်မကြောက်နဲ့တော့ "


ထိုသို့ချော့လိုက်ကာမှပိုငိုတော့သည်မို့သူခြေမကိုင်မိလက်မကိုင်မိဖစ်သွားရတော့သည်...ကိုယ်ဝန်ဆောင်ကာစသွေးသားအပြောင်းလဲကြောင့်စိတ်ခံစားလွယ်နေသည်ထင်ပါရဲ့...

ရှေ့လျောက်သူဒီထပ်ပိုဂရုစိုက်မှဖြစ်မည်...


rate now: