မင်းမကြည့်လို့ ( အပိုင်း...၄)
**************************
အခန်းမီးယောင်ပျပျမှာ....
အသံသဲသဲကြားနေရတာကြောင့်..
အအိပ်စပ်တဲ့သူ့ မျက်လုံးတွေပွင့်လာသည်....
အခန်းထဲမှာ မျက်လုံးတွေ မှိတ်ထားရင်း....
လမ်းလျှောက်နေတဲ့သူမ....
ဖြစ်ပြန်ပြီလား.......
အမြဲတမ်းမဟုတ်ပေမဲ့....
တခါတရံ အိပ်နေရင်းယောင်ပြီးလမ်းလျှောက်တက်သည့်အကျင့်ရှိသည်မို့...
ခရီး သွားတိုင်းသတိထားရသည်....
" သားရေ "
ဖေဖေရဲ့ ခပ်တိုးတိုးခေါ်သံကြောင့်.....
သူ့ဖေဖေတို့ကုတင်ဘက်လှမ်းကြည့်သည်..
"မင်းညီမကို ထိန်းအုန်း "
သူ အိပ်ယာပေါ်က ထဖို့ ပြင်နေတုန်း...
လမ်းလျှောက်နေသည့်ကောင်မလေးဟာ..
သူ့ကုတင်ဘေး ခွေခွေကလေး လာဝင်အိပ်သည်...
" ဖေဖေ "
ဘယ်လိုလုပ်ရမလဲ ဆိုသည့်မျက်နှာထားနှင့်လှမ်းမေးတော့...
ခေါင်းခါပြသည်....
ပြီးတော့ ခပ်တိုးတိုးလှမ်းပြောတာ...
''မင်းနားမှာပဲ သိပ်ထားလိုက်တော့ ငါ့သမီးကို မပြစ်မှားနေနဲ့နော် အခုထိမင်းညီမလေးအရင်းပဲ "
မေမေနိုးမှာစိုးလို့ အသံခပ်အုပ်အုပ်နဲ့.....
သူ့ကို လှမ်းကြိမ်းနေသေးသည်..
ဖေဖေဘာကိုဆိုလိုချင်မှန်း သိသဘောပေါက်တာမို့...
'' အဖေ့သမီးကို ဖက်ကို အိပ်အုန်းမှာဗျာ "
'' ခွေးကောင်လေး "
အမျိူးသမီး နှစ်ဦးနိုးမှာစိုး၍......
ခပ်ကြိပ်ကြိပ် ရန်ဖြစ်ကြ ကာ...
ခပ်တိုးတိုး ရယ်ကြရသည်....
သူနဲ့ဖေဖေဟာ သူငယ်ချင်းပေါင်း...ပေါင်းကြသူတွေမို့ သူ့ရဲ့လူငယ်ဘဝတွေဟာ စည်းကမ်းတင်းကြပ်မနေပါ....
ကုတင်ကျဥ်းကျဥ်းလေးပေမဲ့...
ငယ်ငယ်ထဲက အအိပ်မကြမ်းသည့် သူမလေးနှင့် သိပ်တော့ ကျဥ်းကျယ်မနေပါ....
ဟိုဘက်ကုတင်ပြန်ရွေ့ဖို့ စဥ်းစားပေမဲ့....
မနက်ကျမှ ဆူရအုန်းမယ် စ ရအုန်းမည်မို့ သူကြိပ်ပြုံးလိုက်သည်....
......................
ခရီးသွားနေသည်ဆိုသည့်အတွေးနှင့်...
အိပ်ပျော်သွားသည်မို့ အလင်းရောင်ပျပျထိတွေ့သလိုခံစားရသည့်နောက်မှာ..
မျက်လုံးတွေကအလိုလို ပွင့်လာသည်....
သူမဘေးမှာ အိပ်ပျော်နေတဲ့ ကိုကိုရယ်....
သူမ အိမ်မက်ယောင်ပြီးလျှောက်သွားပြန်ပြီလား.....
အချိန်က မိုးမလင်းသေးပါ...
ဝေလီဝေလင်းမို့ အားလုံးအိပ်ပျော်နေကြသည်...
" နွယ်လေး ဘာဖြစ်လို့လဲ "
'' ကိုကို နိုးလာပြီလား "
'' ဟုတ်တယ် ခင်ဗျားလေး လျှောက်ထွက်သွားမှာစိုးလို့ အသင့်အနေထားနဲ့အိပ်နေရတာလေ "
အိပ်မှုန်စုံဖွားနဲ့ ထလာပုံက...
မိုးလင်းပြီအမှတ်နဲ့ ကုန်းထလာပုံရသည်....
" စောသေးတယ် ပြန်အိပ်အုန်း "
သူမ ခေါင်းလေးကို ပြန်ဆွဲချကာ သူ့အနားတွင်ပြန်အိပ်စေသည့် ကိုကိုပုံဟာ...
သူမကို ၅နှစ်အရွယ်ကလေးမလေးလိုလို...
ဘယ်လောက်ပဲရင်းနှီးပါစေ....
တကယ်ကို ညီမအရင်းလိုပဲ ချစ်သတဲ့လား..
ရင်ခုန်နေရသည့်သူမက အရူးလိုပင်....
" သမီးငယ် အဆင်ပြေရဲ့လား "
'' ဟုတ် ဖေဖေငယ် "
အိပ်ယာက နိုးနိုးချင်း ဖေဖေက သူမကိုမေးသည်..
မေမေက နဖူးကိုပြေးစမ်းသည်....
Hotel မှာ breakfast စားပြီး...
ပုဂံဘုရားအဆူဆူ ကို ကားနှင့်လှည့်ပတ်ကာ သွားရောက်ဖူးမျှော်ကြသည်...
ကတိပေးထားတဲ့ အတိုင်း...
ပုဂံအရောက်အမှတ်တရ အကျီလေးတွေ ဆင်တူဝတ်ထားသည့်...သူတို့နှစ်ယောက်ကို ဖေဖေဟာ ကင်မရာတလုံးနှင့် မမောနိုင်မပန်းနိုင်...
ဓာတ်ပုံတွေရိုက်ပေးသည်.....
သူမလေးကို..
မွေးသည့်အချိန် သူပထမဆုံး မြင်ဖူးသည့်အချိန်ကနေ...
ယနေ့အထိ သူတို့ ဓာတ်ပုံလေးတွေ ရှိသည်..
ဆေးရုံး ပုခတ်ခြင်းလေးထဲက သူမကို ပြုံးရင်း ကြည့်နေသည့် ကိုကို...
သူမ၄တန်း မှာ စုံညီပွဲတော်က သူမနှင့် ဆုရသည့်ကိုကို....
သူမ ၇တန်းနှစ် ဆုရသည့်အခါ ၁၀တန်းကျောင်းသားကိုကို....
သူမတို့နှစ်ယောက်တွဲရိုက်ထားကြသည့်ပုံလေးတွေကနေ...ကြီးပြင်းလာပုံ အဆင့်ဆင့်ကို မှန်ဘောင်သွင်းပုံသေချာထုတ်ထားကာ..
နှစ်အိမ်လုံးတွင်ရှိသည်..
တခါတရံဖေဖေနဲ့ေမမေဟာ...
ထိုပုံလေးတွေကြည့်ရင်း....
သူနှင့်သူမ ထွားလာကြပုံတွေကို တခုတ်တရပြောတက်သေးသည်...
သူမဖေဖေနဲ့မေမေကတော့
သူ့ကိုတွေ့တိုင်း သူမကိုအလိုမလိုက်ဖို့ မကြာမကြာပြောတက်ကြသေးသည်..
သူတို့နှစ်ယောက်ဟာ....
နှစ်အိမ်လုံးရဲ့ အချစ်ခံကလေးတွေ ဖြစ်ကြကာ..
ငယ်စဥ်ဘဝတွေဟာ....
အခက်အခဲမရှိခဲ့ကြပါ....
သူမ ပူဆာသမျှ ဝယ်ပေးရင်း ပျော်နေသည့် သူ့မေမေကို ကြည့်ရင်း.......
ဒါဟာ....သူတို့မိသားစု ဘဝလေးပါလားလို့ သူတွေးပျော်ခဲ့ရသည်မှာ အကြိမ်ကြိမ်.....
သူမကိုဆို သူ့မေမေက မျက်စိအောက်ကအပျောက်မခံတာ ဟိုးအရင်ထဲက ဖြစ်သည်...
မိသားစု နှစ်စု စီးပွားရေးတွေ အတူတူ လုပ်ကြရင်း....
အတူတူအောင်မြင်ကြရင်း.....
ထာဝရပျော်ရွှင်သွားချင်သည်.....
'' ကိုကို "
''ဗျာ "
'' နွယ်လေး ကိုကို့သူငယ်ချင်း လင်းထက်သူနဲ့မတွဲချင်တော့ဘူး အက်ဒါ ကိုကို့သူငယ်ချင်းကို ကိူကိုပြောပေး "
လျှောက်လည်နေရင်း ရုတ်တရက် အနားနား ကပ်ပြောလာသည့်....
သူမ စကားကြောင့် သူရုတ်တရက်ကြောင်သွားရသည်...
ဒါက သူ့ကို ရည်းစားဖြတ်ခိုင်းတာပေါ့လေ.....
သိပ်လည်တဲ့ကောင်မလေးပင်.....
Sunset သွားကြည့်ရင်း နေဝင်ဆည်းဆာ အလှမှာ ခံစားချိန်မရ...
သူမ နဲ့တော့မနိုင်စိန်လေးပါ.......
ဘုရားတစ်ဆူနဲ့တစ်ဆူ အသွားကိုလဲ..
ဘယ်ကဘယ်လို့မြင်လာသည်မသိ
စက်ဘီးနဲ့ပဲ လည်ချင်ပါတယ်လို့ ပူဆာတာကြောင့်....
နောင်တကြိမ်ထပ်လာရင် လူကြီးတွေနဲ့မလည်ပဲ ကိုကို စက်ဘီးနဲ့ ပို့ပေးပါမယ့်
လို့ကတ်ိပေးမှာ ငြိမ်သွားတော့သည်.....
ပုဂံမှာ နေသည့် ၅ ရက်မှာ....
သူမ စိတ်တိုင်းကျ အလိုလိုက်ရင်း...
အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိ......
ရန်ကုန် ပြန်ရောက်သည့်အခါ....
သူမပြောသလို လင်းထက်သူကို ငြင်းသည့်ကိစ္စ...
သူကပဲ ကြားကနေ ရှင်းပေးရသည်.....
ထိုနေကနေ စတင်ခဲ့သည်ထင်ပါရဲ့...
နောက်ပိုင်း....
သူမ အရှုပ်မှန်သမျှ လိုက်ရှင်းပေးရသည့် တာဝန်ကို သူကသာယူရတော့သည်...
......
"ကိုကို နွယ်လေးကို မချစ်ဘူးမလား "
'' ချစ်တာပေါ့ နွယ်လေးရယ် ကို့ ညီမလေး ဒီတယောက်ရှိတာကို "
သူထိုသို့ဖြေတိုင်း....
သူမ စိတ်တိုတက်လာသည်......
ဘာကြောင့်ဆိုတာ... သူနားမလည်ပါ
သူတို့ ဓာတ်ပုံတွေမှာ နောက်ထပ် ဓာတ်ပုံတခု ထပ်တိုးသည်...
သူ ဘွဲ့ယူသည့်နေကဖြစ်သည်.....
သူ့ရဲ့ ငယ်ဘဝကနေ ဘွဲ့ရသည့်အထိ အတူကြီးပြင်းခဲ့သည် ကောင်မလေးကို သူမချစ်ပဲနေမလားကွယ်....
သူမ ဆယ်တန်းကို ဂုဏ်ထူးတွေ တသီကြီးနှင့်အောင်ခဲ့သလို....
သူဟာ ဖေဖေ့အလုပ်ကို ကူရင်း အသားကျလာခဲ့သည်...
အရင်ကလောက် အချိန်မပေးနိုင်ခဲ့ပေမဲ့....
အချိန်ရသလောက် သူမလေးနဲ့အတူဖြုန်းသည်...စားချင်တာလေးတွေ လိုက်ကျွေးရင်ပျော်နေတက်သေးသည်...
" ကိုကို ဘယ်လို မိန်းကလေးမျိူးကို ကြိုက်လဲ ''
'' အင်း.....ထက်မြက်ရဲရင့်ပြီး အမှီခိုကင်းကင်းရပ်တည်နိုင်တဲ့ကောင်မလေးတွေက သိပ်မိုက်တာ ကိုကို့ ညီမလေးကိုလဲ အာ့လိုလေးဖြစ်စေချင်တယ် "
ဒါမှ ချစ်စရာကောင်းတဲ့ ညီမလေးနား ဘယ်ကောင်မှ မကပ်ရဲမှာလို့ သူမပြောဖြစ်ခဲ့ပါ...
နောက်ပိုင်း ဆရာဝန်ဖြစ်ချင်ခဲ့သည့် ကောင်မလေးဟာ..
ဂုဏ်ထူးတွေ တသီကြီးပါပေမဲ့....
စီးပွားရေးကို ရွေးချယ်လိုက်တာမို့ သူအံသြရသေးသည်...
တက္ကသိုလ် ကျောင်းသူကြီးဖြစ်သွားသည့်အခါ သူ့အနားအရင်လိုမကပ်တော့...
အလှသွေးကြွယ်လာသည့် သူမလေးနားကို.
ရင်ခုန်သံတွေ အရိုင်းဆန်လာသည့် သူ.....
ကိုယ့်ကို ကိုယ်ထိန်းရသည်.....
တဖြေးဖြေး သူမ ဘက်က ပုံစံပြောင်းလဲ လာသလို...
သူ့ဘက်ကရင်ခုန်သံတွေ မူမမှန်ချင်တော့ပါ.........
မရိုးသားတဲ့ မင့်ကိုကို ရဲ့ အကြောင်းများသိရင် မင်းရယ်နေမလား နွယ်လေးရယ်...