မင်းမကြည့်လို့
***************************
နေရီသက်ဝေ
ဒီနာမည်ကြားတိုင်း ရင်ထဲနွေးလာသည်က ဘာကြောင့်မှန်းမသိတော့ပါရှုပ်ထွေးနေသည့်အခြေနေတွေးကိုသူရင်မောလှသည်
ဧည့်ခန်းထဲမှာနှစ်အတော်ကြာနေရာယူထားသည့် ပန်းချီကားလေးကိုစိတ်ရှင်းရှင်းနှင့်သူဖြုတ်ချနိုင်ခဲ့တာ....
သူမကြောင့်သာ.....
ဟုတ်သည်..သူမကိုသူချစ်သည်....
စိတ်လိုလက်ရမီးဖိုထဲကိုယ်တိုင်ဝင်ကာချက်ပြုတ်နေမိသည်...
ဒီည dinner အတူစားရင်း သူမလေးကိုသူတောင်းပန်မည်...ဖွင့်ပြောတော့မည်ဟိုတညကသူမြင်ခဲ့သည့်အမျိူးသားနောက်ပါမသွားစေဖို့....
သူကြိုးစားတော့မည်.....
အိမ်ထဲဝင်ဝင်ခြင်းမြင်နေကျပန်းချီကားမတွေ့တော့သူမရင်ထဲလစ်ဟာသွားသလိုတောင်ခံစားရသည်...
ဖြုတ်ပစ်လိုက်ပြီပေါ့....
တပါးသူရင်ခွင်ထဲမှာပျော်နေပြီဖြစ်သည့်မိန်းကလေးပုံကိုဖြုတ်ပစ်လိုက်ပြီထင်ပါရဲ့....သစ္စာရှင်ရဲ့ မင်္ဂလာသတင်းသူကြားပြီးပြီနေမှာ....
" နေရီ...ပြန်လာပြီလား "
အေပရွန်ကြီးဝတ်ထားသည့်သူ့ကိုမြင်ရတာတမျိူးလေးဖြစ်နေသော်လည်းသူမရင်ထဲအကြောက်တရားမပြေသေးပါ...
သူမခေါင်းသာညိမ့်ပြပြီးအခန်းထဲခပ်သုတ်သုတ်ဝင်ခဲ့သည်...
ရုတ်တရက်အနောက်ကသိုင်းဖတ်ကာပါးကိုနမ်းလာသည့်အထိအတွေ့ကြောင့်...
" အား..."
ထိန်းထားသည့်ကြားကအော်သံထွက်သွားမိသလိုလူကရို့ရို့ကလေးဖြစ်သွားသည်...
" ကလေး.. ကိုယ်ပါ ကလေးရဲ့ ဟင် "
မသိမသာတုန်ရီနေသည့်လက်ကလေးတွေက...
သူမ...သူကိုဘယ်လောက်အထိကြောက်နေသည်ဆိုသည့်သက်သေတွေပင်...
ပြသာနာဖြစ်ပြီးနောက်ပိုင်းသိသိသာသာရှောင်နေခဲ့တာ.... Trauma ရနေလို့များလား...
" ကိုယ့်ကို...အာ့သည်လောက်တောင်ကြောက်နေပြီလားဟင် "
" နေရီ....ကိုလွှတ်ပေးလို့ရမလား "
" ကိုယ်တောင်းပန်ပါတယ် "
သူမကိုလွှတ်ပေးလိုက်ပြီး...မျက်နှာကလေးကိုမြင်မှလူကပြာပြာသလဲ ဖြစ်ရတော့သည်
" ဟာကွာ.. မျက်ရည်တွေ "
သူမပါးပြင်ပေါ်ကမျက်ရည်လေးတွေ
တယုတယသုတ်ပေးရင်....
သူရင်ထဲမှာနောက်တတွေနဲ့အခါခါသေးသည်.....
" ကလေး ကိုယ့်ကိုကြည့် "
သူမပခုံးကလေးနှစ်ဖက်ကိုဆုပ်ကိုင်ရင်း....
" မှားခဲ့တာတွေအတွက်ကိုယ်တောင်းပန်ပါတယ်ကလေးရယ်...ဒါပေမဲ့လေ ကိုယ့်ကိုမကြောက်ပါနဲ့ကွာနော် မင်းကိုယ့်ကိုရိုက်ပစ်လို့လဲရတယ် ကိုယ်မင်းကိုလက်ဖျားနဲ့တောင်မထိတော့ပါဘူး ကြောက်မနေပဲပြန်ချပါ မင်းရိုက်တာထက်...
မင်းကြောက်နေတာခံရတာကိုယ်ပိုနာလို့ပါ နော် ကလေးနော် "
" ရှင့်ကိုနေရီကြောက်တယ်..မုန်းလဲမုန်းတယ် နေရီဘဝရဲ့အိမ်မက်ဆိုးတွေ နေရီဘယ်လို့မေ့ရမလဲ "
" ကိုယ်တောင်းပန်ပါတယ်နေရီ "
သူမကိုနောက်ထပ်ထိကိုင်ချင်လာမည်စိုးသည်မို့.အခန်းထဲကထွက်ခဲ့လိုက်သည်...
သူမနားပါစေလေ....
ချစ်မိသွားတဲ့အခါနှလုံးသားတွေဟာပျော့ပျောင်းလာတက်တယ်....အရင်ကသူမအတွက်သူမခံစားချက်ကိုထည့်မတွက်ပေးနိုင်သည်အထိသူဘာတွေကန်းနေခဲ့သလဲ........
သူသိပ်ကိုမှားသွားခဲ့ပါတယ်...
အဓမ္မဆန်တဲ့အပြုအမူတွေဟာသူမရင်ကိုဒဏ်ရာတွေရစေခဲ့သလို...
သူ့ကိုအခါခါပြန်သတ်နေချေပြီ.....
အချစ်ဟာ...သိပ်ကိုဆန်းကြယ်လေတယ်နေရီ တခါတလေနောက်ကျမှရောက်လာခဲ့ပေမဲ့လို့ပေါ့
သူမပြောခဲ့ဖူးတဲ့အတူလောင်ကျွမ်းကြတာပေါ့ဆိုသည့်စကားကိုအခုမှသာနားလည်လာသလိုလိုပင်....
အဆင်ပြေသွားမှာပါလို့သူ့ကိုယ်သူနှစ်သိမ့်ရင်း.....သူဟာအချစ်ဆိုတာကို ၅၂၈မှာရော ၁၅၀၀မှာပါအားနည်းခဲ့သူထင်ပါရဲ့
ပေးမှရတဲ့လောကကြီးမှာ...သူဟာမေတ္တာတွေမပေးတက်ခဲ့သလို
ပေးတိုင်ပြန်မရတဲ့မေတ္တာတွေကိုဘယ်သူကများရေရှည်ပေးနိုင်မှာတဲ့လဲ...
မင်းမမှားပါဘူးနေရီ....
ဧည့်ခန်းထဲမှာငူငူငိုင်ငိုင်ကြီးထိုင်နေခဲ့မိတာ....
အချိန်တွေကုန်မှန်းမသိကုန်ရင်း...
" ဒီကလေးမလေး ကြာလိုက်တာ "
အခန်းထဲမှာလဲရှိမနေပါ....
နားထဲအဆက်မပြတ်ကြားနေသည့်ရေသံ...
"ကလေးလေး အခုထိရေချိူးနေတုန်းလား "
အထဲကပြန်ထူးသံမကြားပါ...
သူအခန်းထဲကထွက်လာထဲက သူမရေချိူးခန်းထဲဝင်သွားခဲ့တာ...
ကြာတာထက်ပိုနေခဲ့သောအချိန်....
" ကို ပြောတာကြားလားကောင်မလေးရေ...နေရီ.."
ပြန်ထူးသံမကြားသည့်အဆုံး...သူခေါင်းထဲပူထူလာကာ...
ကျွန်မတို့အတူလောင်ကျွမ်းကြတာပေါ့....
အတူ.လောင်ကျွမ်းကြတာပေါ့.....
မဖြစ်ဘူးနေရီ....
ရေချိူးခန်းသော့ရှာဖို့တောင်အာရုံမရနိုင်တော့ပါ....
အခန်းတံခါးဖျက်ချပစ်ကာအပြေးဝင်ခဲ့တော့............ရေပန်းအောက်မှာလဲကျနေသည့်ကောင်မလေးဟာရေချိူးခန်းထဲဝင်သွားသည့်ပုံစံအတိုင်းဖြစ်သည်...
ဝင်သွားထဲကရေပန်းအောက်ဝင်ထိုင်နေခဲ့တာလား...
ဒါသူမစိတ်ညစ်ရင်လုပ်တဲ့အပြုမူလား...
"တောက်..ကလေးကွာ "
သူကိုယ်တိုင်ဆရာဝန်ဖြစ်သော်လည်း....
မင်းတိမ်လွှာကိုမြွေကိုက်သည်မှအစဓားထိုးမိသည်အထိသူကုပေးနိုင်ခဲ့သော်လည်း...
အသက်မျှင်းမျှင်းရှူနေသည့်သူမကိုကြည့်ရင်း....
ခြေမကိုင်မိလက်မကိုင်မိ....
အရင်ဆုံးဘယ်ကစဘာလုပ်ရမှန်းသူမသိအောင်ပူထူနေခဲ့သည်....
စိတ်ကိုငြိမ်အောင်ထား သူရိန်....
နောက်ဆုံးစိုနေသည့်အဝတ်အစားတွေလဲပေးကာသူ့ဆေးရုံဆီအမြန်မောင်းသွားရသည်အထိပင်....
" ဆရာ "
" ရေချိူးခန်းထဲမေ့လဲနေလို့...ညီထက်လာသူ့ကိုတာဝန်ယူကုသပေးပါ "
" ဆရာ...လူနာအခွနေကျေု...."
" ငါမသိဘူး....ငါဘာမှစဥ်းစားမရတော့ဘူး စကားတွေမများနဲ့ သူဘာမှဖြစ်လို့ရမဘူး "
" သူက..."
" ငါ့ဇနီးပဲ....ငါသိပ်ချစ်ရတဲ့ငါ့ဇနီး "
ဘဝမှာပထမဆုံးအကြိမ်လူနာရှင်အနေနဲ့...ကယောင်ချောက်ခြားဖြစ်ရခြင်းပင်
ဆေးပညာတွေသင်ထားပါရက်နှင့်......
ဘာဆိုဘာမှမစဥ်းစားနိုင်တော့ပါသူမနံဘေးမှာလက်ကလေးဆုပ်ကိုင်ထားရင်းစိတ်ပူနေယုံသာတက်နိုင်သည့်အဖြစ်....
" ဆရာ "
" ညီထက်... နေရီအခြေနေ "
" ဆရာဘယ်လိုဖြစ်တာလဲ ဆရာနဲ့မတူအောင်စိတ်ငြိမ်ငြိမ်ထားပါ....ဆရာ့ဇနီးအခြေနေအားလုံးပုံမှန်ပါပဲ စိတ်ဖိစီးမှု့များလို့ရယ်....ပြီးတော့ ...."
" ဆက်ပြော...တခုခုမှားရင်မင်းနောက်နေ့လာစရာမလိုတော့ဘူးဆိုတာသိတယ်နောိ "
" မမှားပါဘူးဆရာ...ဆရာ့ဇနီးမှာ ကိုယ်ဝန် ရှိနေတာပါ "
" ကိုယ်ဝန်..??? "
ရင်ထဲလှိုက်ကနဲကြည်နူးမှု့ကဘာနဲ့မှမလဲနိုင်အောင်ပါပဲ....
" Congratulations ပါဆရာ.. ...သူ့မှတ်တမ်းမှာ ဒီဆေးရုံက OG နဲ့လာပြထားဖူးတော့ဆရာသိမယ်ထင်နေတာ "
သူတကယ်မသိပါ....
သူမပြောတော့ သားဆက်ခြားနည်းတွေတိုင်ပင်ဆွေးနွေးဖို့သာတွေ့ခဲ့တာလို့ပြောခဲ့သည်မဟုတ်လား.....
လူနာကုတင်မှာ....
လှဲလှောင်းမှေးစက်နေသည့်သူမကိုကြည့်ရင်း...
ဝမ်းနည်းဝမ်းသာ.....
စိတ်တွေဟာရောထွေးနေသည်.....
တကယ်ဆိုအထီးကျန်လွန်းသည့်သူ့ဘဝမှာသားသမီးသိုက်သိုက်ဝန်းဝန်းနဲ့နေရသည့်ဘဝဟာသူ့ဆန္ဒတွေထဲကတခုဖြစ်သည်....
ရင်သွေးဆိုသည့်အသံဟာဖော်မပြနိုင်အောင်ပျော်ရွှင်ရသော်လည်း....
သူတို့ကြားကမြေစာပင်ကလေးမဖြစ်စေလိုပါ.....
စိတ်ချနေရီ....
ကို အစွမ်းကုန် ကြိုးစားပါ့မယ်.....
မှောင်အတိကျနေသည့်မျက်ဝန်းတွေကိုဖြေးဖြေးဖွင့်ကာ..
ဘေးမှာပျော်ရွှင်နေသည့်သူ....
ရောက်နေတာဆေးရုံ...
ဒါဆို...သူသိသွားပြီလား.....
OGနှင့်ဆွေးနွေးပြီး....
ဝန်ခံရရင်သူ့အနားကထွက်သွားဖို့ပြင်ဆင်နေပြီမို့....
နှစ်ရှည်ခံဆေးတွေထက်သောက်ဆေးကိုသာရွေးချယ်ခဲ့တာဖြစ်သော်လည်း....
ပြသာနာတက်ပြီးနောက်ပိုင်း....
ဆေးသောက်ချိန်တွေကိုပျက်ကွက်ခဲ့ကာ....
နာကျင်မှု့တွေကလွဲရင်ဘာမှသတိမရခဲ့တာသူမရဲ့ပေါ့ဆမှု့သာ....
သတိထားမိချိန်.....
မဟုတ်ပါစေနဲ့ဆုတောင်းရင်း....ဆရာဝန်ဆီအပြေးလာခဲ့သော်လည်း...
လူသားလေးရဲ့ဖြစ်တည်မှု့ဟာရောက်ရှိနေခဲ့ပြီးဖြစ်သည်....
ဒီသတင်းကိုသိရသည့်နေဟာသူမဘဝပျက်သလိုခံစားရသည့်နေ့ပင်ချည်နှောင်စရာကြိုးတွေသူနဲ့သူမကြားမရလိုပါ....
လောကကြီးကမတရားဘူး.....
" နေရီ...သတိရလာပြီလား "
'' အင်း...."
" ဘာလို့ကိုယ့်ကိုမပြောပြခဲ့တာလဲကွာ ပြီးတော့ဘာကြောင့်ကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်ရတာလဲ....အဲ့ဒီအစားကိုယ့်ကိရြိုက်နှက်လိုက်တာကမှနာကျင်မှု့တွေဖြေသာပါသေးတယ်ကလေးရာ....နောက်မလုပ်ပါနဲ့ "
" ဘာလဲ...ရှင့်ရင်သွေးကိုထိခိုက်မှာစိုးလို့လား မပူနဲ့ ဒါရှင်နဲ့ရတာမဟုတ်ဘူး "
" နေရီ....ကိုယ့်ကိုနာကျင်စေချင်တာနဲ့ပေါက်ကရတွေမပြောရဘူး....ကိုယ်မချစ်ခဲ့ခင်မင်းကိုစရွေးလိုက်ထဲကမင်းသိက္ခာနဲ့မင်းရဲ့ဖြူစင်မှု့ကိုယုံလို့ပဲ "
" နေရီနားချင်ပြီ "
ရန်စကားတွေဆက်မပြောချင်သည်မို့...
မျက်လုံးတွေမှိတ်ရှောင်ထွက်ခဲ့ပေမဲ့လဲ...
သူရဲ့အရိပ်ထဲကသူမဒီတစ်သက်ရုန်းနိုင်ပါအုန်းမလား....
ပြေးလို့လွတ်ပါအုန်းမလား.....