မင်းမကြည့်လို့
****************************
ရင်းနှီးနေသည့်အငွေ့အသက်....
နွေးထွေးသည့်အထိတွေ့ကြောင့်...
သူမကိုယ်တိုင်မသိလိုက်ခင်မှာပဲ ဒီရင်ခွင်ကြားပျော်မွေ့နေမိသည်....
ညိုတိုတိုမျက်ကွင်းညိုတွေနှင့်နှုတ်ခမ်းမွှေးစစမြင်နေရသည့် သြဇာဂုဏ် ရဲ့အသွင်အပြင်ဟာခါတိုင်းနှင့်မတူသည့်တိုင်...
ပုံစံတမျိူးနှင့်ကြည့်ကောင်းနေသေးသည်...
မသပ်မရပ်ဖြစ်နေသည်ရုပ်ကိုတောင်....
သူမအတွက်ဘာလို့များကြည့်ကောင်းနေရသေးသလဲ....
ကြည့်ပါအုန်း မျက်ကွင်းညိုတွေဟာ...
အိပ်ရေးတွေပျက်ထားသည့်သက်သေတွေပေါ့...
သူမခိုဝင်နေကျရင်ခွင်ဟာ....
သိသိသာသာပိန်ကျသွားတာ...
သူမကိုဖက်ထားသည့်သူ့လက်တွေကိုဘယ်လိုဖယ်ထုတ်ရပါ့မလဲ....
ချောမောသည့်မျက်နှာကိုမော့ကြည့်ရင်းနီးကပ်နေသည့်အခြေနေကိုလဲရင်ခုန်လွန်းရသလို....
နှစ်ခြိုက်စွာအိပ်မောကျနေသည်မို့နိုးသွားမှာလဲစိုးရိမ်မိပြန်သည့်စိတ်ကဝင်လာပြန်သည်...
ဒီနှလုံးသားကဘယ်လိုနည်းနဲ့ရက်စက်နိုင်ပါ့မလဲ...သူအိပ်ပါစေ
ဖက်ထားသည့်လက်တွေကြား....
သူ့အနားတိုးကပ်ရင်းသူ့ခါးကိုပြန်ဖတ်ထားမိသည်.
တကယ်ဆိုသူမလဲဒီရင်ခွင်ကိုလွမ်းလှပါသည်...
သူ့ခါးပေါ်ရောက်လာသည့်လက်ကလေးကြောင့်သူပြုံးလိုက်တာသူမမြင်ရင်ဒေါသလေးထွက်နေလေမလား...
" ကိုယ် ခနလောက်အိပ်ချင်သေးတယ်ဒီတိုင်းလေးပဲနေပေးနော် "
" ဟင်...ကိုကိုနိုးနေပြီလား "
" ခင်ဗျားလေးကအငြိမ်မှမနေတာကိုး "
" အာ...''
ရှက်သွားသည့်မျက်နှာလေးကိုငုံမိုးကြည့်ရင်း...သူ့ကိုပြန်ဖက်ထားသည့်လက်ကလေးကို သူ့ခါးပေါ်ပြန်ဆွဲတင်ရင်း....
သူမပါးကိုဖိကပ်နမ်းပစ်လိုက်တော့သူမပါးကလေးရဲတက်သွားရဲ့...
" ကိုယ်ကမင်းခင်ပွန်းပဲကွာရှက်စရာလား ချစ်ဖို့ကောင်းအောင် "
" နွယ်လေး...ထတော့မယ် "
" ဟိတ်...ခုမှ ၄နာရီပဲရှိသေးတာ "
" ဒါဆိုလဲဖယ်... ဟိုဘက်လှည့် "
ရုန်းကန်နေသည့်သူမကိုတငိးကြပ်စွာဖတ်ထားရင်း
" ငြိမ်ငြိမ်နေပါ..ကလေးရာ မင်းသိရဲ့လား မင်းမရှိတဲ့နေ့ထဲကမနေ့က
ထိကိုကို အိပ်မရဘူးဆိုတာ ဒီရင်ခွင်ဟာလစ်ဟာနေတော့ကိုယ်အိပ်မရတာ ဒါပထမဆုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာပဲ ကိုယ့်ရင်ခွင်ထဲမင်းမရှိရင်ကိုယ်မအိပ်တက်တော့ဘူး "
" အပိုတွေ...နွယ်လေးမရှ်ိဘဲနှစ်ပေါင်းများစွယတယောက်ထဲနေလာပြီးတော့များ "
" ဟုတ်တယ် ခင်ဗျားလေးကိုဖက်ထားရင်အိပ်ဆေးမလိုပဲအိပ်ပျော်တာမသိခဲ့လို့အသက်ပြည့်ထဲကတန်းယူတယ် "
မျက်စောင်းလှလှကလေးပစ်ဝင်လာတာကိုကြည့်ပြီး...
နဖူးလေးကိုအနမ်းချွေတော့....
ရန်တွေ့ကောင်းနေသည့်ကောင်မလေးကရုန်းသည်...
" ငြိမ်ငြိမ်နေကွာ ဖက်ယုံကလေးပဲဖက်ထားမှာ ငြိမ်မနေလို့စိတ်မထိန်းနိုင်ရင် ကိုကိုတာဝန်မယူဘူးနော်... ကို့ယောက်ျားကိုယ်သနားရင်ငြိမ်ငြိမ်နေ ကိုကိုအိပ်ရေးမဝသေးလို့နော်ကောင်မလေး "
မျက်လုံးတွေပြန်မှိတ်ကာ....
ငြိမ်သက်သွားသည့်မို့...သူမနောက်ထပ်မရုန်းကန်ရဲတော့ပါ...
သူမကိုသူ အရမ်းချစ်မှန်းသိပါသော်လည်း....
ဘာကြောင့်များတပါးသူအပေါ်စိတ်ယိုင်ခဲ့သလဲကိုကို....
.....................
"ဗိုက်ကလေးတောင်တော်တော်ပူနေပြီပဲ..မိုးသားရဲ့ "
လုံးလုံးပူပူဗိုက်ကလေးကို သူမအသည်းယားစွာကိုင်ကြည့်ရင်း...
သဘောတွေကျနေမိသည်...
" due date နီးပြီလေ မမ "
" အယ်...ဟုတ်လား ကလေးပိစိလေးကိုမြင်ရတော့မှာပေါ့ "
" မမတို့ရော အခြေနေ "
" ဒီလိုပါပဲမိုးသားရယ် "
" အစ်မနွယ်ရောက်နေတာလား "
သူမတို့စကားဝိုင်းဆီအသံပြုရင်းဝင်လာသည့်မင်းတိမ်လွှာ ကြောင့်သူမပြုံးပြလ်ိုက်သည်....
" နေကောင်းသွားပြီမဟုတ်လား...မင်းသတိရလာလို့သာမဟုတ်ရင်ဒီကောင်မလေးကငိုလိုက်တာဆိုတာ "
" ဒီကလေးကအငိုသန်လေး "
" အကိုနော် "
" ချွဲလဲချွဲပါ့လေ... မပေါ့မပါးနဲ့ကို ကျမဆီလာလည်ချင်ပါတယ်ဆိုလို့ကျမကပဲအပြေးလာရတာ "
" အစ်မနွယ်ကိုလဲ ကျွန်တော်ကျေးဇူးတင်ပါတယ် သူ့မှာခင်တွယ်စရာ အစ်မပဲရှိတာ "
ချိူမြမြအပြုံးကလေးနဲ့မိုးသားဟာ...
သူမလက်မောင်းလေးကိုမှီတွယ်ရင်း ဒီကောင်မလေးဗိုက်ကလေးနဲ့မှပိုလှနေသလို....
မင်းတိမ်လွှာအရမ်းကိုဂရုစိုက်လွန်းသည်ထင်ပါရဲ့...မျက်နှာကလေးကကြည်နေသည်
အရိပ်တကြည့်ကြည့်နေသည့်မင်းတိမ်လွှာတို့အတွဲကို....
သူမအားကျမိသော်လည်း.....
" မမ "
" ဟင်..."
" ဦးသြဇာဂုဏ်ကြီးက ပြန်မချော့သေးဘူးလား "
"ဒီလိုပါပဲကွာ အမ အဆင်ပြေပါတယ် "
" မီး...မီးကတော့ကွာလျှောက်မမေးရဘူးလေသူများအတွင်းရေး "
" ရပါတယ် တိမ်လွှာရဲ့.... ရှင်လဲသိတယ်မဟုတ်လား "
မင်းတိမ်လွှာပုံဟာငြိမ်ကျသွားသည်မို့.....
သူမအားတင်းပြုံးလိုက်သည်....
" ဘာလဲဟင် "
သူသိနေသော်လည်း....သူ့ဇနီးကိုပြောပြထားဟန်မတူတာမို့သူမကပင်....
" ကိုကိုက......အမှားကြီးတခုလုပ်ခဲ့တယ်မိုးသား အများအမြင်မှာ အစ်မကရန်လုပ်နေသလိုတမင်ကွာရှင်းချင်သလိုမြင်ကြပေမဲ့....အစ်မအသိဆုံးပါပဲ သူကတော့မသိချင်ယောင်ဆောင်နေသေးတယ် သူ....သူ့အနီးမှာရှိတဲ့သစ္စာရှင်အပေါ်စိတ်ယိုင်ခဲ့တယ် မိုးသား "
"ရှင် "
မဖြေမှန်းသိသော်လည်း....
မင်းတိမ်လွှာဘက်လှည့်ကာ....
" သူတို့ဘယ်အခြေနေထိဖြစ်ခဲ့ကြသလဲ....တိမ်လွှာသိထားသလား "
" ကိုဂုဏ်ဟာတကယ်ကိုထိန်းသိမ်းနိုင်စွမ်းရှိတဲ့အမျိူးသားဆိုတာအစ်မယုံပါ....သူ့ကိုယ်သူအရမ်းထိန်းနိုင်ပါတယ် အစ်မသိထားတာထက်ကိုဘာမှမပိုပါဘူး..ပြီးတော့တစ်ဖက်မိန်းကလေး... "
ပြောဖို့ဟန်ပြင်ပြီးမှသူ့ဇနီးဘက်လှည့်ကာ....
" ကိုယ်...ကာပြောပေးတာမဟုတ်ဘူးနော်မီးအကောင်းမြင်တာမျိူးလဲမဟုတ်ဘူး ကို့အမြင်ပြောယုံပါ "
မိုးသားကိုလှည့်ရှင်းပြပြီးမှ....
"တဖက်မိန်းကလေးက...ကိုဂုဏ်ရဲ့တခနစိတ်သဘောထားကိုသိပုံလဲမရသလို....အလုပ်ရှင်တယောက်ကိုဆက်ဆံပုံထက်ပိုခဲ့ပုံလဲမရဘူး... အဲဒီမိန်းကလေးကသူရိန်နဲ့သာမာန်မဟုတ်တဲ့အကြည့်တွေဆုံနေကြတဲ့အချိန်မို့ကိုဂုဏ်ကိုလဲစိတ်ထဲမရှိခဲ့ဘူး "
" သူရိန်အကြောင်းကိုလဲရှင်သိနေတာလား "
"သူရိန်ဟာကျွန်တော်အတွက်နှစ်ယောက်မရှိနိုင်တဲ့မိသားစုမို့သူ့နောက်မှာကျွန်တော်အမြဲရှိပါတယ်...အစ်မနွယ်ကသူရိန်ကိုသတိပေးပေးတာကိုလဲကျွန်တော်ကျေးဇူးတင်ပါတယ်...သစ္စာရှင်နဲ့ဖြစ်ခဲ့ရင်တောင် မကြိုက်ပေမဲ့သံယောဇဥ်ပြတ်ဖို့အထိမရှိပါဘူး...သူရိန်ရဲ့ရွေးချယ်မှု့ကိုကျွန်တော်အမြဲအားပေးသွားမှာ "
" ဟင်...အဲ့တယောက်နဲ့တော့သဘောမတူချင်ဘူးအကို...ကိုသူရိန်ကိုနှမြောတယ် "
ခလေးပီပီကိုယ့်အတွေလေးကိုယ်ဝင်ပြောလာသည့်မိုးသားကို...စကားတက်ကာစကလေးလေးလိုဘာပြောပြောသဘောကျစွာပြုံးကြည့်ပြီး...
" အခုတော့ဖြစ်စရာမရှိတော့ပါဘူးမီးရယ်...သူရိန်က အမနွယ်ရဲ့အတွင်းရေးမှူးအသစ် နေရီသက်ဝေဆိုတဲ့မိန်းကလေးနဲ့လက်ထပ်ထားပုံရတယ်..သူပွဲလုပ်ဖို့စီစဥ်နေသေးတယ်ကိုယ်ဆေးရုံမတင်ရခင်ကအထိပေါ့အခုတော့ငြိမ်နေတယ်...
ကိုယ်ကသူအသိပေးတာစောင့်နေတာ "
မင်းတိမ်လွှာပြောသမျှကိုသူမရောမိုးသားပါတအံ့တသြဖြစ်ရသည်....
သူမကိုယ်တိုင်တောင်နေရီနဲ့သူရိန်ကိုမရိပ်မိခဲ့ပါ...ဘယ်တုန်းကဘယ်လို...
" ပြီးတော့အမနွယ်...သစ္စာရှင်ကသျှံထွန်းနဲ့မကြာခင်လက်ထပ်တော့မလားပဲ "
" ဟင်....TUN Group ကလူဆိုးကောင်လား"
မိုးသားဖြူရဲ့အပြောကြောင့်သူတို့စကားဝိုင်းလေးမြိုင်ဆိုင်စွာပြုံးရယ်ဖြစ်ကြသလို....
Sky Castle ရဲ့သခင်ကိုလဲပိုပိုအထင်ကြီးလာမိတာအမှန်ပါ....
အစကစည်းစိမ်တွေကိုသူရိန်နှင့်စိတ်ချလက်ချထားကာ...ပေါ်ချင်သည့်နေရာပေါ်လာတက်သည့်သူ့ကိုခပ်ပေါ့ပေါ့ထင်ခဲ့မိသည်ပင်...
သူရိန်နှင့်ပဲလွှတ်ထားတာမဟုတ်ပဲ....
သူရိန်ကိုချူပ်ကိုင်ထားတာမျိူးထင်ပါရဲ့...
ပြီးတော့သူရိန်မှာလဲ....
ထင်ထားသည်ထက်ပိုသည့်စည်းစိမ်တွေရှိနေသည်အထိမင်းတိမ်လွှာကပေးထားပုံရသေးသလို...
အာဏာတွေသြဇာတွေပါရှိသည်မဟုတ်လား
သူတို့အိမ်ကအပြန်သူမအတွက်တွေးစရာမျိူးစုံကပ်ပါလာသည်....
ကိုကို....ဘာကြောင့်ဝန်မခံသလဲ.....
တကယ်ကိူစိတ်ညစ်ညူးစေသည်ပင်...
သိပ်ချစ်ခဲ့လိုများသိပ်နာကျင်အောင်လုပ်ခဲ့တာများလား.....