မင်းမကြည့်လို့
**************************
" ကိုကိုရှင်းပြတာနားထောင်ပေးပါအုန်းလား နွယ်လေး "
" ကိုကို...နွယ်လေးကို ဒီထက်ပိုစိတ်ရှုပ်အောင်လုပ်ရင် ဘယ်သူ့မျက်နှာမှမထောက်ပဲနွယ်လေးထွက်သွားပစ်မယ်ကိုကို "
သူမစကားတခွန်းနဲ့တင်...
နေရာတင်သူရပ်ကျန်ခဲ့သည် သူမလိုချင်ခဲ့တာတောင်းပန်စကားမဟုတ်ဘူး...
ဝန်ခံစေချင်တာ....
အမှားကိုသိစေချင်ခဲ့တာပေမဲ့...သူကတော့ဘာမှမလုပ်ခဲ့မသိခဲ့သလိုတောင်းပန်လို့သာနေသည်...
မေမေကိုသေစေချင်လို့လားသမီးရယ်
ဆိုတဲ့စကားတခွန်းနဲ့တင်သူမအိမ်ပေါ်ပြန်ရောက်လာခဲ့ရပြန်သည်...အရာအားလုံးခွင့်လွှတ်ပေးနိုင်ပါသည်
သို့သော်လိုအပ်နေတာ ဝန်ခံပြီးတောင်းပန်ဖို့ပါ..ဘူးခံငြင်းပြီးသူဘာမှမလုပ်ခဲ့သလိုမျက်နှာထားကိုတောင်မုန်းချလာပြီဖြစ်သည်...
ဘဝမှာဖေဖေဆုံးပါးသွားပြီးထဲက မေမေဟာအားကိုးရာ...ကိုကိုဟာမှီခိုရာဖြစ်ခဲ့တာပါ...
သူနဲ့ကွဲမှာကိုမေမေသဘောမတူလောက်တာကြိုတွက်ထားပြီးသားပေမဲ့
သွေးပူနေချိန်မို့......
ရောဂါသည်မေမေ့ကို...မေ့ထားခဲ့မိသည်
လူကြီးတွေရဲ့စိတ်ဆင်းရဲမှု့တွေ...
အမေနှစ်ယောက်ရဲ့မျက်ရည်တွေနဲ့ရင်းကာဆွေးနွေးပေးကြသည့်နောက်..
ဆေးရုံရောက်သည်အထိဖြစ်သွားသောမေမေကြောင့်သူမအိမ်ကိူပြန်ရောက်လာသလိုကိုကိုဟာလဲအရင်အတိုင်းသူမနံဘေးရှိနေမြဲပင်....
အိမ်ပေါ်ပြန်ရောက်တာနဲ့သူဘာမှမလုပ်ခဲ့ပေမဲ့...ဆိုးနေတဲ့သူမကိုအမှားမရှိပဲလိုက်တောင်းပန်သည့်အထာတွေလုပ်တော့သည်
" ဒါဘာလုပ်တာလဲနွယ်လေး "
" မြင်တဲ့အတိုင်းပဲ "
မလွှဲသာလို့တခန်းထဲအတူပြန်နေခဲ့ရသော်လည်းတစ်ကုတင်ထဲထိမအိပ်စက်ချင်ပါ....
ခေါင်းအုံးကိုယူပြီး....
ဘေးက ဆိုဖာပေါ်သို့ သွားအိပ်ဖို့ပြင်သည်....
" ကျစ်....နွယ်လေးကွာ "
" ဖယ်ပါ...မေမေ့ကျန်းမာရေးကြောင့်ဒီလှောင်အိမ်ထဲပြန်ဝင်လာခဲ့ပေမဲ့...ပြန်ပေါင်းဖို့အထိစိတ်မကူးဘူးနော် "
" မင်း..ကုတင်ပေါ်ပဲအိပ်ပါဟုတ်ပြီလား "
သူမလက်ထဲကခေါင်းအုံးနှင့်စောင်တထည်ယူကာ...
ဘေးကဆိုဖာပေါ်လှဲချလိုက်မိသည်....
ဘာလို့များ...ဆိုးနေရသလဲ
သူ့ကိုကျောခိုင်းထားသည့်သူမအနားမှာပြန်ရောက်လာတာနဲ့ပင်ကျေနပ်ရမည်ထင်ပါရဲ့...
အရင်လို သူ့လက်မောင်းလေးခေါင်းအုံးထားသည့်သူမကိုရင်ခွင်ထဲဆွဲသွင်းအိပ်ပစ်လို့မရတော့....
သူ့ရင်ခွင်ထဲအိပ်စက်နေသည့်သူမလေးကိုလွမ်းလှသည်....
သူတော်တော်နှင့်အိပ်မရ....
လူးလွန့်ရင်းသူ့ဘက်မျက်နှာလှည့်လာသည့်သူမကတော့အိပ်မောကျနေပုံရသည်...
အိပ်မရသည့်အဆုံး...ဝရံတာထွက်ကာဆေးလိပ်သောက်ရင်း ဖြေဖျောက်မိသည်...
သူမကိုပွေ့ဖက်နမ်းရှိုက်ချင်နေသည်မို့...
သူဘယ်လိုအိပ်ပျော်ပါ့မလဲ.....
...................
" ညကသားမအိပ်ဖူးဆို "
" ဟင် "
မနက်စာအတူစားရင်းမေမေစကားကြောင့်သူမ သူ့မျက်နှာကိုမော့ကြည့်မိသည်
" မဟုတ်ပါဘူး မေမေမွန် "
" မညာပါနဲ့..၅နာရီလောက်ကြီးဝရံ့တာမှာဆေးလိပ်သောက်နေတယ်လို့ အဒေါ်ကြီးပြောတယ် "
" ဟို..."
" ရန်ဖြစ်ကြပြန်ပြီလား "
" မဟုတ်ပါဘူး ကျွန်တော်အလုပ်ကိစ္စတွေကြောင့်အတွေးများပြီးအိပ်မပျော်လို့ပါ "
တညလုံးမအိပ်ပဲ...
ကိုကိုဘာတွေများတွေးနေခဲ့သလဲ....
မစဥ်းစားချင်တော့ဘူး..
မနက်စာစားခြင်းကိုအဆုံးသတ်ကာ....သူမမေမေကိုနှုတ်ဆက်ပြီး
သူ့ရှေ့ကအမြန်ဆုံးထွက်ခဲ့သည်....
အလုပ်တွေလုပ်နေရသည့်အချိန်ကို ပိုပိုသဘောကျလာမိကာ...
အချိန်တွေဘယ်လိုကုန်သွားမှန်းမသိပါ...
အိမ်မပြန်ချင်ဘူး...
လေးကန်တဲ့ခြေလှမ်းတွေနှင့်.....
အိမ်ပြန်ရောက်လာတော့မွန်းကြပ်မှု့ကိုအရင်ဆုံးခံစားရသည်..။
သူပြန်ရောက်မလာသေးဘူးထင်ပါရဲ့.....
" မေမေရော အဒေါ် "
" အမကြီးအိပ်နေတယ် သမီးလေး"
သူ့ကိုထပ်မေးဖို့ဟန်ပြင်ပြီးမှ အခန်းထဲတန်းဝင်ခဲ့လ်ုက်သည်သူရှိနေရင်သူ့ကားရှိမှာပေါ့...
အလုပ်တွေရှာကြံလုပ်ကာ...
အချိန်ဆွဲနေပေမဲ့လူကသိသိသာသာနုံးနေပြီမို့...အခန်းထဲရောက်သည်နှင့်ရေချိူးခန်းထဲတန်းဝင်လိုက်သည်နှင့်...
"အာ့ "
သူထွက်လာတာနှင့်တန်းတိုးကာ....
သူအထွက်ကိုယ်အဝင်မို့သူ့ရင်ခွင်ထဲတန်းဝင်လာသည့်သူမကိုရုတ်တရက်မို့ဖတ်ထားလိုက်မိသည့်
" ကိုကို... "
" ဘာတွေငေးပြီးတွေးလာတာလဲ လူတစ်ယောက်လုံးတောင်မမြင်အောင်...ဟင် ကလေးမ "
သူဟာ...သူပုံစံအတိုင်းနွေးထွေးစွာပြုံးရင်းနဖူးကိုခပ်ဖွဖွထုသည်
" ပြန်မရောက်သေးဘူးထင်နေတာ "
" ကိုယ့်ကိုလား "
" ကားမတွေ့ခဲ့လို့လေ "
"aww ဟိုဘက်အိမ်မှာရပ်ခဲ့တာ ဖေဖေတို့ကား workshop ပို့ထားရတယ်ဆိုလို့ "
အပေါ်ပိုင်းဗလာဖြစ်နေသည့်သူ့ရင်ခွင်ထဲရောက်နေသောသူမအဖြစ်ကိုသတိရကာ...
အရင်လိုနွေးထွေးနေသည့်ဒီရင်ခွင်ကိုရင်ခုန်မိပြန်သည်....
သူရင်ခွင်ထဲကရုန်းထွက်ဖို့ပြင်တော့....
သူဟာမလွှတ်စတမ်းပြန်ဖက်ထားကာ....
"ဒီလိုလေးခနလောက်နေပေးပါလား ကိုယ်အရမ်းလွမ်းလို့ပါ "
သူရဲ့တောင်းဆိုမှု့မှာဘာရယ်မသိငြိမ်သက်စွာသူမကိုယ်တိုင်လိုလိုလားလားခိုဝင်နေမိတာထင်ပါရဲ့....
ဆယ်ကျော်သက်လေးလိုဆူညံလာသည့်ရင်ခုန်သံတွေကို..သူ့ကိုမကြားစေလိုပါ
" ကိုကို..အအေးပတ်မယ်အဝတ်စားလဲတော့ နွယ်လေးနုံးလာလို့ရေချိူးချင်ပြီ "
ရေချိူးခန်းတံခါးကို အမြန်ပိတ်ကာ...ရင်ခုန်သံတွေအမြန်ဖြေဖျောက်ရသည်...
ချစ်နေသေးတဲ့လူတယောက်ဆီကထွက်ခွာဖို့သူမ...
မနည်းရုန်းခဲ့ရတာပေမဲ့.....
အခုလိုနီးကပ်စွာပြန်နေရသည့်အခါဘယ်လိုထပ်ပြီးရုန်းရပါ့မလဲ....
" ဟင်...ကိုကို ဆိုဖာရော "
ခုနကရင်ခုန်နေတာရော...
အတွေးလွန်တာရောကြောင့်သတိမထားမိလိုက်တာ....
ညကသူအိပ်သည့်ခုံဟာအခန်းထဲမှာမရှိတော့ပါ....
" ကိုယ်လဲမသိဘူးကလေး ပြန်ရောက်ထဲကမရှိနေတာ "
" ဟာ ပြသာနာပဲ "
သူမ ခပ်မြန်မြန်အောက်ဆင်းသွားကာ
" အဒေါ်...အဒေါ် နွယ်လေးတို့အခန်းထဲကခုံရော "
" မေမေ..ယူသွားတာ "
" ဟင် "
" ဘာလို့လဲ ညကျခွဲအိပ်စရာခုံမရှိတော့လို့လား "
" မေမေ "
" ထင်သားပဲ...မိနွယ်ရယ် ညည်းတို့ပြန်အဆင်မပြေကြသေးဘူးဆိုတာ...လင်နဲ့မယားဆိုတာလျှာနဲ့သွား ဒီလိုပဲသိတ်အခန့်မသင့်တာရှိတက်ပေမဲ့ကလေးကစားသလိုအခုကွဲမယ်အခုကွာမယ်လုပ်လို့မရဘူးလေ "
မေမေ့စိတ်နှင့်ဒေါသကိုသိသည်မို့...
" မဟုတ်ပါဘူးမေမေ ခွဲမအိပ်ပါဘူး သမီးအခန်းထဲကပစ္စည်းတွေ အသိမပေးပဲယူတာမကြိုက်မှန်းသိရဲ့သားနဲ့ "
သိနေတယ်နော်ဆိုသည့်အကြည့်နှင့်ကြည့်နေသည်မို့မေမေ့ရှေ့ကအမြန်ထွက်ခဲ့ရသည်...ဖေဖေရှိစဥ်ကပင်ရောဂါသည်မို့ဖူးဖူးမှုတ်အလိုလိုက်ခံခဲ့ရသည့်ဒီအမျိူးသမီးကိုသူမ...မနိုင်ပါ....
မှုံကုပ်ကုပ်ပြန်လာသည့်...
သူမကိုရယ်ကျဲကျဲနှင့်သူကဆီးကြိုနေကာ...
" ကိုကို..သိရဲ့သားနဲ့တမင်မပြောတာမှတ်လား "
" ခင်ဗျားလေးကကျွန်တော်မျိူးပြောတဲ့အထိစောင့်လို့လား "
အစထဲက...
သူနဲ့မတည့်ကြသေးတာမို့သူမဆူပုပ်ပုပ်ဖြစ်နေသည်ပင်...
စိတ်အလိုမကျကာ....
မျက်နှာကအတော်ကိုမသက်မသာမကြည်မလင်ဖြစ်နေသည်မို့...
" ကိုကိုနဲ့အာ့လောက်တောင်အတူမအိပ်ချင်တာလား..."
" တခန်းထဲကိုမနေချင်တာ "
ကွက်ကနဲပျက်သွားသည့်မျက်နှာကို....
ချက်ချင်းပြန်ထိန်းလိုက်ပေမဲ့...သူမကမြင်ဖြစ်အောင်မြင်လိုက်သေးသည်
ချက်ချင်းပြန်ပြုံးကာ...
" ဟုတ်ပါပြီကွာ...ဆိုဖာမရှိလဲ ကိုကို အောက်မှာဆင်းအိပ်ပါ့မယ် "
" ခင်းအိပ်စရာအခင်းလဲမရှိလောက်တော့ပါဘူး မေမေကရိပ်မိနေလို့တမင်လုပ်တာပဲကို ဘယ်တက်နိုင်မလဲ "
သူမ ငြီးငြူကာ ပြောသည်မို့သူစိတ်မကောင်းသော်လည်း...
သူမနှင့်ကုတင်ပေါ်အတူအိပ်ရမည်ဆိုသည့်အတွေးကဆယ်ကျော်သက်လူငယ်လေးလိုစိတ်လှုပ်ရှားနေမိသည်....
သူ့ကိုကျောခိုင်းထားသည့်ကောင်မလေးရဲ့ကျောပြင်ကိုကြည့်ရင်း..သူရင်ထဲခံစားချက်မျိူးစုံနေသည်...
အိပ်ပျော်သွားရင် တိတ်တိတ်လေး ရင်ခွင်ထဲထည့်ထားမလို့တွေးနေသော်လည်း....
အကျင့်ပါနေပုံရသည့်သူမကပင်သူ့ရင်ခွင်ထဲတန်းဝင်လာသည်မို့သူပြုံးလိုက်မိသည်...
ကိုယ့်ရင်ခွင်ဟာမင်းအတွက်အမြဲအသင့်ပါပဲကွာ
သူမကိုယ်လေးကိုဆွဲဖက်ထားရင်း...
နဖူးလေးဆီအနမ်းတွေကျူးကျော်နေတာများသိရင်....
ချစ်ရသူလေးစိတ်ကောက်နေအုန်းမလား....
ရင်ခွင်ထဲလစ်ဟာနေလို့အိမ်မပျော်ခဲ့သမျှ...
ဒီတညတော့နှစ်ခြိုက်စွာ