book

Index 36

(အပိုင်း..၃၆)

မင်းမကြည့်လို့

**************************


ဒီရင်ခွင်ထဲမှာသူ့အတွက်ချစ်ခြင်းမေတ္တာတွေအပြည့်ရှိနေခဲ့ပေမဲ့...

သူကတော့ အဓမ္မဆန်တဲ့ရယူမှု့တွေနဲ့...

နေရီဆန္ဒမပါဝင်တဲ့ ရယူစားသုံးတယ်....


ချစ်ရတဲ့အမျိူးသားရဲ့ရင်ခွင်ထဲမှာဆိုပေမဲ့သူမပျော်မနေပါဘူး

နှာတံချွန်ချွန်ကလေးတွေရယ်....

မျက်တောင်ရှည်ရှည်ကလေးနဲ့...ထူထဲတဲ့မျက်ခုံးတွေရယ်..

ယောက်ျားပီသတဲ့မျက်နှာဟာသိပ်ကိုရင်ခွင်ဖွယ်ကောင်းခဲ့သလိုအခုထိရင်ခုန်ချင်စရာဖြစ်နေဆဲပါပဲ...


သူ့မျက်နှာကိုငေးမောကြည့်မိတော့....ရင်ထဲလှိုက်ကနဲစို့တက်လာခဲ့တယ်သူ့အနားကအဝေးဆုံးအဝေးဆုံးအထိနေရီထွက်ပြေးချင်မိသည်အထိပါပဲ...

ပြီးတော့....


နေရီ..သူ့ကိုကြောက်တယ်


သူရင်ခွင်ဟာအေးမြသလောက်နီးနီးပူလောင်တယ် လျှံတက်လာတဲ့မျက်ရည်တွေနဲ့အတူသူ့အနီးကထ ထွက်သွားဖို့ပြင်လိုက်သော်လည်း....တစ်ကိုယ်လုံးအရိုက်ခံထားရသလိုမျိူးနာကျင်နေတော့ခြေထောက်တွေဟာအားပြုရပ်ဖို့အထိမခိုင်မာခဲ့ပါ...


ပြိုကျသွားသည့်ခန္ဓာကိုယ်ဟာ ပုံရက်လဲကျမသွားဘဲနွေးထွေးသည့်အထိအတွေ့ကိုသာခံစားမိလိုက်သည်..


" ရရဲ့လားနေရီ "


သူမမော့ကြည့်လိုက်တော့သူ့ရင်ခွင်ထဲရောက်လာသူမကိုတယုတယတွဲထူနေပုံကမနေ့ညကပုံရိပ်တွေနှင့်တခြားစီ....


" ဘယ်သွားချင်တာလဲ ကိုယ်ပို့ပေးမယ် "


" ရှင်နဲ့အဝေးဆုံးနေရာ "


" နေရီ! !!!!!"


ဒေါသသံနှောအော်လိုက်သည့်သူ့အသံကြားတော့နာနာကြည်းကြည်းပြုံးမိသည်...


" ဆန္ဒမပါပဲကျူးလွန်တာဟာ မုဒိန်းမှု့ပဲရှင်သိတယ်မဟုတ်လား...ကျမကရှင့်ဇနီးဖြစ်နေရင်တောင်မှညကအပြုအမူဟာ......"


" မင်းတော်တော့... .."


" ဖယ်လွှတ် ရှင့်ရဲ့ညစ်ညမ်းတဲ့လက်တွေနဲ့ကျမကိုကူညီဖိုမလိုဘူး "


ချစ်မိနေပြီဆိုမှညတဒင်္ဂဒေါသကြောင့်သူမကိုနာကျည်းစေမိပြီလား.....အတင်းလုပ်ယူပြောနေပေမဲ့အဖျားခတ်တုန်ခါနေသည့်သူမအသံလေးဟာသူ့ကိုကြောက်ရွံနေတာသေချာသလိုမုန်းတီနေပုံလဲရသည်.....


နောင်တဆိုတာတကယ်ပဲနောင်မှရတက်သလား...


နာကျင်နေတာတောင်...အရှုံးမပေးပဲရေချိူးခန်းထဲရအောင်လျှောက်သွားသည့်သူမကျောပြင်ကိုကြည့်ရင်း..

သူတောင်သတိမထားမိပါပဲမျက်ရည်တွေပေါက်ကနဲကျလာမိသည်


ကိုယ်...တောင်းပန်ပါတယ်ကလေးရာ


အရွယ်နဲ့မမျှအောင်နာကျင်စေမိသည်....သူဟာတကယ်ကိုတကိုယ်ကောင်းဆန်တဲ့သူပဲနောင်ဒီအရက်တွေမသောက်မိဖို့ကြိုးစားရအုန်းမည်...

အရက်ကြောင့်မှားတာပါဆိုသည့်ဆင်ခြေမျိူးသူမပေးချင်ပါအသိစိတ်တွေရှိနေသေးတာသူသာအသိဆုံး...

ရုန်းရင်းကန်ရင်းထိမိထားပုံရသည့်သူမလက်ကညိုမဲစွဲဒဏ်ရာတွေရယ်.စပ်ဖျင်းဖျင်းနာကျင်နေသည့်သူ့ဆန္ဓာကိုယ်အနှံ့ကကုပ်ရာတွေရယ်....


ရင်ထဲမှာတဆစ်ဆစ်နာကျင်နေတာ....


ဘာကြောင့်မှန်းမသိပါ....


ထိုနေရာတင်ငူငူငိုင်ငိုင်ထိုင်နေရင်းအတွေပေါင်းစုံဖြတ်ပြေးနေလေတော့သည်...


သူမရေချိူးခန်းထဲဝင်သွားတာကိုတောင်မေ့ချင်ချင်ဖြစ်သွားသည်...


" ဒီကောင်မလေးကြာနေပြီ"


ခြေလှမ်းကျဲတွေကစိုးရိမ်စိတ်နှင့်အတူရေချိူးခန်းဆီ ဦးတည်သည်...

သူအရောက်သူမကထွက်အလာနှင့်တိုးတော့မှစိတ်အေးရပေမဲ့ နဂါးမျက်စောင်းတွေနှင့်ပေစောင်းကြည့်သွားတော့အသည်းယားမိသွားသေးရဲ့....


ဘာလုပ်ရမှန်းမသိသည်မို့ရေချိူးခန်းထဲဝင်ကာနောက်ကျိနေသည့်စိတ်တွေလန်းသွားအောင်ရေချိူးပစ်လိုက်သည်...


ရှုံမဲ့မဲ့မျက်နှာကလေးနှင့်ကုတင်ပေါ်မှာထိုင်နေတာမြင်ရပြန်တော့သူစိတ်မကောင်း...


" နေရီ...အဆင်ပြေရဲ့လား "


" အင်း "


" ဆေးသောက်လိုက် ရော့ "


" ဘာဆေးကြီးလဲ "


" အကိုက်ခဲပျောက်ဆေးပါ စိတ်ချပါကွာကိုယ်ကဆရာဝန်ပါပေါက်ကရဆေးတွေမပေးပါဘူး တကိုယ်လဲကိုက်ခဲနေပုံပေါက်လို့ပေးတာပါကလေးရာ"


" Emergency Pill တွေတိုက်နေတာလားလို့ "


"Emergency Pill ကသောက်တိုင်းကောင်းတာမဟုတ်ဘူးကောင်မလေးရဲ့....ကိုယ်တို့ကလင်မယားပဲဟာ တခြားသားဆက်ခြားနည်းတွေသုံး..မတော်တဆကိုယ်ဝန်ရှ်ိလာရင်တောင်...."


" စိတ်ချသွေးပုပ်သွေးညစ်တွေနောက်ထပ်မလိုချင်လို့ OG ဆီသွားထားပြီးသား "


"ဘာ...နေရီ..ဘယ်လိုပြောလိုက်တယ် "


" သွေးပုပ်သွေးညစ်ကရှင်တယောက်နဲ့တင်တော်ပြီလေကျမနောက်ထပ်မလိုအပ်ဘူး "


" တောက်...မင်းကွာ "


သူမဆီကနာနာကျည်ကျည်အပြုံးကိုသူသိပ်ကြောက်လာမိတယ်...


" စိတ်ချပါ...မင်းဘက်ကသွေးပုပ်သွေးညစ်လို့သတ်မှတ်ထားသရွေ့ကိုယ်လက်ဖျားနဲ့တောင်ထပ်မထိစေရဘူးဟုတ်ပြီလား..."


သူ...ထိုအခန်းထဲမှထွက်လာခဲ့ကာ...


မွန်းကြပ်မှု့ကရင်နှင့်အမျှပါပဲ....ပုံမှန်လိုဆို ဒီစကားထွက်တဲ့သူကိုအသေလုပ်မိမှာပေမဲ့...

သူမဆီကကြားရမှကလေးတယောက်လိုငိုချင်နေမိသည်...


သူ့ကို ဒီလောက်တောင်ပဲမုန်းနေပြီတဲ့လား....


မနက်ခင်းတိုင်းကိုချစ်ခြင်းမေတ္တာတွေနဲ့အသက်ဝင်စေချင်တယ်....

မနက်ခင်းတိုင်း ကို သူမအပြုံးတွေနဲ့နိုးထာချင်မိတယ်...


သို့သော်လည်းသူ့အပြုမူတိုင်းဟာသူမကိုသာနာကျင်စေပြန်တယ်...


ချစ်ခြင်းမေတ္တာတွေ အကြောငိးသူသေချာမသိပါ...


သိူ့သော်သူမကိုတော့ပျော်နေစေချင်ပါသည်....


ဆေးလိပ်တွေကိုဖွာမိနေရင်း...

အခန်းထဲကသူမဆီအပြေးသွားချင်လာပြန်ရဲ့....


ကားသော့ကိုဆွဲကာခြေဦးတည့်ရာမောင်းလာခဲ့ပေမဲ့ခနနေတော့သူမကိုလွမ်းလာသည်...သူမနေလို့သိပ်မကောင်းချိန်မှဘာမဟုတ်သည့်စိတ်ခံစားမှု့နောက်လိုက်ပြီးသူစိတ်ညစ်မနေသင့်ပါ....


နီးစပ်ရာကြေးအိုးဆိုင်တဆိုင်ဆီမောင်းခဲ့လိုက်သည်...


နေမကောင်းသလိုဖြစ်နေမည်မှာအသေချာမို့...ကြေးအိုးတပွဲဝယ်ကာအိမ်သို့ပြန်ခဲ့ရသည်....


သူပြန်ရောက်တော့အခန်းထဲမှာသူထွက်သွားတုန်းကအတိုင်းငူငူငိုင်ငိုင်ကလေးနှင့်သူမ....


" နေရီ....ဗိုက်ဆာနေပြီလား အကိုကြေးအိုးဝယ်လာတယ် ဒါလေးသောက်ပြီးနားလိုက်နော် "


သူမဘက်ကတုံပြန်သံမကြားရ....


" ကိုယ်ခွံကျွေးရမလား "


" ဘာမှမစားချင်ဘူးပြန်ယူသွား "


" မနက်ထဲကအစာမရှိသေးပဲနဲ့ကွာ"


"ဒါဆိုလဲကိုယ့်ဘာကိုစားမယ်ထားခဲ့လိုက် "


" ok စားဖြစ်အောင် စားနောိ "


ပန်းကန်ကိုချထားခဲ့ပြီးသူအခန်းထဲကပြန်ထွက်လာလိုက်သည်...

သူမအခုချိန်သူ့ကိုမြင်ချင်အုန်းမှာမဟုတ်ဘူးဆိုတာသူသိနေသည်မဟုတ်လား....


အနားကထွက်မသွားရင်ပဲကျေနပ်ပါပြီနေရီ


rate now: