မင်းမကြည့်လို့
***************************
relationship ပြသာနာဆိုတာထင်သလောက်မရိုးရှင်းဘူးဆိုတာကာယကံရှင်ကလွဲရင်ဘယ်သူတွေများသိနိုင်မလဲ.....
သြဇာဂုဏ် ဟာအရှိန်အဝါကြီးတယ်ချစ်တက်တယ်....
အလိုလိုက်တယ်လို့အားလုံးသိထားတဲ့အတိုင်းလေးပဲဖြစ်တည်နေဖို့သူမထိန်းသိမ်းထားရတဲ့အမှန်တရားတွေကိုသူမကလွဲရင်ဘယ်သူကများ......
သိနိုင်ပါ့မလဲ....
ဘယ်သူကများနားလည်ပါ့မလဲ......
ဖောက်ပြန်ကြတဲ့အထိမဖြစ်ခဲ့အောင်..သူထိန်းသိမ်းနိုင်ခဲ့သော်လည်း...
စိတ်လည်ခဲ့သည်ဆိုတာတော့ ငြင်းမရအောင်သူ့မျက်ဝန်းတွေကသက်သေခံနေခဲ့သည်ပင်...
လူနာဘေးမှာထိုင်ရင်း...မျက်ရည်ကျနေသည့်မိုးသားလက်ကလေးကိုကိုင်ကာနှစ်သိမ့်ပေးနေသော်လည်းသူမရင်ထဲအပူတွေနှင့်ပါ......
" ဒီနေ့တော့ ပြန်နားလိုက်ပါလားမိုးသားရယ်....နေ့တိုင်းသူ့အနားမှာငိုနေတာပင်ပန်းလှရောပေါ့ "
ငိုသံတွေတိတ်...ငြိမ်သက်သွားသည့်အခါမှသူမစကားစပြောလိုက်သည်
" အကို့..ကိုတယောက်ထဲမထားခဲ့ချင်ဘူး မမ အကိုကသတိရလာတာနဲ့မိုးသားကိုရှာမှာ "
" အလုပ်တွေလဲဝင်လုပ်နေပြီဆို...တနေကုန်လဲပင်ပန်းညဆိုလဲပင်ပန်းနဲ့ ဗိုက်ထဲက..ကလေးကိုမေ့ထားမလို့လား တိမ်လွှာလဲဒီလိုမြင်ချင်မှာမဟုတ်ဘူး...ညီမလေးကကျန်းမာအောင်နေမှပေါ့ "
မင်းတိမ်လွှာမြင်ချင်မှာမဟုတ်ဘူးဆိုတဲ့စကားနဲ့တင်အားတင်းထားပုံရသည့်ကောင်မလေးကြောင့်သူမသက်ပြင်းတွေခိုးချမိသည်....
ဘာလိုလိုနဲ့မင်းတိမ်လွှာ....သတိလည်မလာသေးတာ ၃လနီးပါးကြာမြင့်ခဲ့ပြီမဟုတ်လား
သူမနဲ့ကိုကိုရဲ့အခြေနေဟာလဲတိုးတက်လာခြင်းမရှိသေးပါ...
အမှားကိုဝန်မခံသရွေ့ကျေအေးဖို့မှမရှိပဲ....
ကျန်တာဘာမှမလိုအပ်တော့ပါဘူးလေ...
အချစ်ဆုံးလို့ထင်ခဲ့သည့်ဒီအမျိူးသားကတောင်ပြောင်းလဲသွားသေးတယ်မဟုတ်လား.....
....................
မင်းတိမ်လွှာ သတိရလာပြီ
ဒီစကားကြားပြီးသည့်နောက်...အပြေးရောက်လာကြသည့်သူတွေထဲ နေရီမပါဝင်ပါ...
အလုပ်နှင့်ဆေးရုံကူးသန်းနေရသည့်သူရိန်ကိုမချစ်တော့ဘူးလို့တွေးနေသည့်ကြားကစိုးရိမ်မိသည်မို့အစားအသောက်တွေပို့ဖို့လာတာဖြစ်သော်လည်း....
မိုးသားဖြူအပေါ်အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးနေပုံကရင်ကိုစို့နင့်စေသည်
ဘာစိတ်မှ မရှိအဖြူရောင်သံယောဇဥ်နှင့်သူစိမ်းမိန်းကလေးကိုစောင့်ရှောက်ပေးပုံက...သူမတခါမှမရဖူးသည့်မေတ္တာတွေနှင့်ပါ
ဟုတ်သားပဲတကယ်တော့....သူမကမှသူစိမ်းထက်စိမ်းသောပတ်သတ်မှု့မဟုတ်လား....
.............
"နေရီ "
အိမ်ထဲကိုဝင်လိုက်သည်နှင့်ခါတိုင်းလိုသူမကိုမတွေ့ရသည်မို့လစ်ဟာမှု့ကထင်ထားတာထက်ကြီးသည်....
တအိမ်လုံးအနှံ့ရှာသော်လည်းသူမကိုမတွေ့ရသည်မို့ပြန်ရောက်ရောက်ခြင်းအမောစိုးသလိုလိုခံစားရချေသည်...
သူ...သူမနှင့်သေချာမျက်နှာချင်းမဆိုင်မိတာကြာပြီဖြစ်သော်လည်းလွမ်းရသည့်ဒဏ်ကိုတော့တနေ့ထက်တနေ့ပိုပိုခံစားလာမိတာသူသာအသိဆုံး....
" ကိုသူရိန် "
အိမ်ထဲဝင်ဝင်ချင်းပြာယာခတ်နေသည့်သူ့ပုံကိုမြင်လိုက်သည်မို့အံ့သြသည့်ပုံစံလေးနှင့်သူမကိုမြင်မှအပူလုံးကြီးကျကာ...
ခြေလှမ်းကျဲတွေနှင့်....သူမကိုပွေ့ဖက်မိသည်...
" ဘယ်တွေပျောက်နေတာလဲကွာ...ကို့ကလေးကိုမတွေ့တော့ရင်ထဲပလောင်ဆူသွားတာ "
တင်းတင်းဖက်ထားသည့်သူ့ရင်ခွင်ထဲကထိုးထွက်ရင်း......
ဖိနပ်တွေချွတ်သည်...
" အလုပ်က နောက်ကျသွားလို့ "
" ကိုယ်ကမင်းကိုလွမ်းနေတာ "
"ဟုတ်လား..အင်း "
" မင်းကရော...ကို့...ကိုမလွမ်းဘူးလား"
" ကိုသူရိန်...ရှင်အခုမှပြန်ရောက်တာမလား..ရေမိုးချိူးပြီးနားလိုက်ပါအုန်း....နေရီလဲဒီတစ်ပတ်လုံး အလုပ်တွေရှုပ်နေလို့နားချင်ပြီ "
သူ့ကိုရှောင်လိုက်တာမှန်းသိပေမဲ့....
တကယ်လဲနွမ်းဖက်ဖက်မျက်နှာကလေးကြောင့်သူကပဲအလျော့ပေးလိုက်မိသည်....
သူဘယ်လောက်ဆိုးခဲ့သလဲသူအသိဆုံးမို့ဒီကောင်မလေးမချစ်တော့ရင်တောင်အစကပြန်လိုက်မည်ဟုဆုံးဖြတ်ထားမိသည်..
ခုတင်ပေါ်ခြေပစ်လက်ပစ်လှဲချလိုက်သည့်သူမလေးကိုကြည့်ရင်းသဘောကျစွာပြုံးမိသည်....
သူမဆီကဖုန်းမြည်သံကြောင့်သူလှည့်ကြည့်လိုက်တော့ဖုန်းမကိုင်ခင်ပြုံးနေသည့်သူမမျက်နှာကြောင့်ရင်ထဲထိတ်ကနဲဖြစ်ရသေးရဲ့....
"Hello "
"....."
" အာ...ဟုတ်တယ် ရုံးပိတ်ရက်တွေအတွင်းလုပ်မဲ့အလုပ်အကြွေးတွေသယ်လာတာ ကျေးဇူးပါနေရီအခုလာဆင်းယူမယ်နော် "
ဖုန်းချသည်နှင့်ခပ်မြန်မြန်ပြေးဆင်းသွားသည့်သူမနောက်ကသူ မရည်ရွယ်ပဲလိုက်လာမိသည်....
လိုက်လာမိတာကပဲကံဆိုးသလားကံကောင်းသလားသူမသိပါ...မြင်လိုက်ရသည့်မြင်ကွင်းကပန်းစည်းနှင့်ကားနောက်ဖုံးကပူပေါင်းတွေကချစ်ခွင့်ပန်နေမှန်းသိသာစေကာ
သူမပြုံးနေမှာသေချာသည်ဖုန်းလာတာတောင်ပြုံးနေခဲ့သည်မဟုတ်ဘူးလား.....
ခြေလှမ်းကျဲတွေနှင့်ဒေါသစိတ်ကိုမနည်းထိန်းချူပ်ကာသူမတို့ဆီခပ်မြန်မြန်လျှောက်သွားမိတာ....
ဦးနှောက်ရဲ့အလိုကျလား....
နှလုံးသားရဲ့အမိန့်အတိုင်းလား....
သူ...မဝေခွဲတက်တော့ပါ
" ဒီအမျိူးသမီးက ကိုယ့်ဇနီးကွ "
ထိုတခွန်းသာပြောပြီး....သူမလက်ကိုစောင့်ဆွဲကာ....ထိုနေရာမှထွက်ခဲ့သည်
သူ....အလုပ်နှင့်ဆေးရုံပြေးနေသည့်နှစ်လအတွင်းမှာဘယ်ကပေါ်လာသည့်အမျိူးသားလဲ...သေချာတာတော့ရင့်ကျက်တည်ငြိမ်ပြီးအေးချမ်းသည့်မျက်နှာနှင့်ထိုလူပုံကအသိုင်းဝိုင်းကြီးထဲကပဲဖြစ်ပါလိမ့်မည်.....
ဒေါသတွေက...ပြုံးနေတဲ့သူမအပေါ်မကျေနပ်နိုင်...
" အား.။နာတယ် လက်...လက်ကိုလွှတ်ပါအုန်း "
"ပါးစပ်ပိတ်ထား "
ကြမ်းတမ်းစွာဆွဲခေါ်လာသည့်သူ့ကြောင့်သူမနာကျင်နေမှန်းသိသော်လည်း...ဖုန်းကိုကြည့်ပြီးပြုံးနေသည့်သူမမျက်နှာမြင်ယောင်လာတော့အလျှော့မပေးချင်....
သွေးပူနေတုန်း...ဆုံးဖြတ်ချက်မချနှင့်ဆိုသည့်စကားကိုလဲမကျင့်သုံးနိုင်တော့....
ဘယ်လောက်ပဲတင်းခံနေပါစေ....
သူမမျက်ရည်တွေမြင်ပြန်တော့စကားသံတွေဟာထွက်မလာတော့သလို...
သူမရှင်းပြမည့်အသံကိုလဲနားမထောင်ဝ့ံပါ....
" တောက်....မင်းကွာ "
ရှိုက်သံတွေနဲ့ကျန်နေခဲ့သည့်သူမကိုရအောင်လျှစ်လျူရှူရင်း.....ထုံးစံအတိုင်း အရက်ပုလင်းတွေနှင့်သာအဖော်ပြုဖြစ်တော့သည်....
အနည်းငယ်ကြာမှ.....
" အကို...နေရီစကားပြောလို့ရမလား "
ဒေါသတွေရှိနေသေးတာရယ်....
လူက ရီဝေရစ်မူးနေတာရယ်ကြောင့်သူမှောက်သွားအောင်သောက်မှဖြစ်မည်...မဟုတ်ရင်ဘာတွေဖြစ်လာမလဲသူမတွေးတက်တော့ပါခေါင်းထဲရှုပ်ထွေးနေသည်...
" နောက်မှပြော "
" အကို....တော်ပါတော့ အကိုရယ် "
သောက်လက်စခွက်ကိုဆွဲလုလာသည်ကပိုင်စိုးပိုင်နင်....ဘာတွေများမှန်နေလို့ဘယ်ကသတ္တိတွေရှိနေရှိနေရတာလဲ.....
" ငါ့..ဒေါသတွေကိုလာမဆွနဲ့နေရီသက်ဝေ "
" စွတ်..ဒေါသထွက်မနေပဲပြောတာနားထောင်ပါအုန်း တကယ်ဆို နေရီဘာလုပ်လုပ် ရှင်စိတ်မဝင်စားဘူးမဟုတ်လား ဒါပေမဲ့ နေရီက....."
" မင်းကငါပိုင်တဲ့အရုပ်တရုပ်သာသာဆိုတာမင်းကိုမင်းမေ့နေပြီလား "
" ဖြောင်း "
အသံနှင့်အတူနွေးခနဲ့ဖြစ်သွားသည့်ပါးတဖက်ရယ်....
ထောင်းကနဲတက်လာသည့်ဒေါသတွေရယ်....
" ငါ့ပါးကို...ဘယ်ကောင်မှရိုက်ခွင့်မရှိဘူးကွ တောက် "
" ခလွမ်း ''
လက်ထဲကဖန်ခွက်ဟာသူမနံဘေးမှဖြတ်ကာနံရံနှင့်မိတ်ဆက်သည်....သူမတခါမှမဖြင်ဖူးသည့်ကြမ်းတမ်းသည့်အပြူမူတွေကြောင့်လန့်သွားပုံရသော်လည်း...
သူ့ဒေါသတွေမာနတွေနှင့်ဘယ်အရာမဆိုလက်တုံ့ပြန်လိုက်ရမှကျေနပ်တက်သည့်ညင်ကြောင့်သူမလက်တွေကိုကြမ်းတမ်းစွာဆွဲခေါ်သွားရင်း....
" မင်းရိုက်ခဲ့တဲ့ပါးအတွက်မင်းအလျှော်ပေးဖို့ပြင်ထား "
ကုတင်ပေါ်တွန်းလှဲပစ်လိုက်ပြီး...
အချစ်နဲ့အတ္တရောထွေးနေသည့်အနမ်းတွေချွေချပစ်တော့သူမရုန်းသည်...
သောက်ထားသည့်အရက်အရှိန်ကြောင့်လူကအထိန်းအကွပ်မဲ့နေသည်.....
" ရှင်...ဖယ်နော်..ကျမကိုလွှတ် "
အရိုင်းဆန်သည့်အထိအတွေ့တွေကြားမှာ....
သူမရုန်းလေ သူ့ဘက်ကကြမ်းတမ်းလေနှင့်အင်အားခြင်းမမျှသော်လည်း....
နောက်ဆုံးအထိရုန်းကန်နေဆဲပင်.....
သူမဆန္ဒတွေမပါ.....
အချစ်မပါပဲ....
သူကျူးလွန်သည့်.....ရယူခြင်းတွေ
နာကျင်မှု့တွေ...ကြမ်းတမ်းမှု့တွေနှင့်အသိလွတ်နေသည့်လူတစ်ယောက်.....
အရာရာပျောက်ကွယ်သွားရင်း....
သူမကမ္ဘာလေးဟာမှောင်မိုက်သွားခဲ့သည်......