မင်းမကြည့်လို့
****************************
မင်းတိမ်လွှာ တစ်ယောက်.....
သတိပြန်လည်မလာသေးတာကလွဲရင်...
အရာရာဟာအသားကျစပြုလာသည်ထင်ပါရဲ့....
ကိုသူရိန်ဟာ....အချိန်ပြည့်အလုပ်တွေရှုပ်ရင်း...ဆေးရုံပြေးရင်းနှင့်ပင်အချိန်ကုန်နေတက်သည်....
သူမလဲ အိမ်မှာတယောက်ထဲနေရသည်ကိုပင်အထီးကျန်သည်ဟုတွေးချိန်ပင်မရပါ...
သူအနားမှာရှိနေလေ....နေရီအတွက်ကနာကျင်ရလေမဟုတ်လား...
" နေရီ "
မီးဖိုထဲတွင်အလုပ်ရှုပ်နေသည့်သူမနောက်ကနေခါးကိုဖက်ကာပခုံးပေါ်မေးတင်ရင်းရုတ်တရက်ရောက်လာသည့်သူရိန်...
" ဘာတွေချက်နေတာလဲ.မွှေးလိုက်တာကွာ "
"ဒီနေ့ဆေးရုံမသွားဘူးလား "
" ကိုယ်ပင်ပန်းနေပြီ....ဒီညတော့အပြည့်အဝနားချင်လို့ အိမ်ပဲပြန်လာခဲ့တာ "
" ဒါဖြင့် ခနနားပြီး....ထမင်းစားမလား ဟင်းတွေကျက်နေပြီ "
" စားချင်စိတ်မရှိသေးပါဘူးကွာ ခနနားအုန်းမယ် မင်းစားနှင့်နော် "
မီးတဖက်ရေတဖက်နှင့်....
ဒီအမျိူးသားရဲ့အပြုအမူတွေမှာ ပျော်ဝငိမသွားတော့ဖို့အကြိမ်ကြိမ်သတိပေးရက်နဲ့.....
အရူးတယောက်လိုပါပဲ......
မမေ့နဲ့နေရီ...သူဟာ နင်နဲ့ပတ်သတ်ရင်နင့်ကိုမပြောနဲ့မရောက်လာသေးတဲ့ရင်သွေးလေးကိုတောင်အလိုမရှိတဲ့သူ...
အကြင်နာတရားမရှိတဲ့သူ....
ဒီရက်တွေမှာသူပင်ပန်းနေတာမြင်နေရသည်မို့သာ....
သူမ အခန်းထဲရောက်တော့သူအိပ်ပျော်နေသည်ထင်ပါရဲ့တိတ်တဆိတ်ပင်ရေချိူးခန်းထဲဝင်ခဲ့သည်...
တနေကုန်စိတ်ပင်ပန်းလူပင်ပန်းသမျှရေနှင့်ထိလိုက်မှလန်းသွားသလိုရှိပေမဲ့...
သူကိုတွေ့လိုက်ရကာမှနာကျင်မှု့ကတဆစ်ဆစ်.....
" ရှင်လန်းသွားအောင်ရေချိူးလိုက်ပါလား "
"ဒီရက်ပိုင်းတွေမင်းအဆင်ပြေရဲ့လား...."
" ပြေပါတယ်...."
" တခုခုဆိုကို့ဆီဖုန်းဆက်နော် "
" ရပါတယ် ဒီရက်ပိုင်းနေရီလဲ အလုပ်ရှုပ်နေလို့ ..."
" မင်း..အစ်မနွယ် ပြန်ရောက်နေပြီမလား "
" ပြန်ရောက်ပေမဲ့ ဆရာနဲ့ပြန်အဆင်ပြေသေးပုံမရပါဘူး..."
" အင်း....လူတိုင်းကအပူတွေနဲ့ပါပဲ ကိုယ်ရေချိူးအုန်းမယ် "
ရှင့်မှာလဲအပူတွေနဲ့ပဲမဟုတ်လား....
ချစ်ရတဲ့အမျိူးသမီးလေးဟာတပါးသူရင်ခွင်ထဲမှာပျော်ရွှင်နေတာမြင်ရတော့ပိုပူရမှာပေါ့လေ....
လူတယောက်ကိုစိတ်ဖြတ်နိုင်ဖို့လွယ်ကူသည့်အရာမဟူတ်တာ...
သူမကိုယ်တိုင်အသိဆုံးမဟုတ်လား...။
" ကိုယ့်ကိုနမ်းပါလား "
သူမအနားတိုးကာ....
သူ့ပါးထိုးပေးရင်းတောင်းဆိုလာသည့်ရုတ်တရက်တောင်ဆိုးလာမှု့ကြောင့်သူမကြောင်သွားသည်...
" အနမ်းလေးလိုချင်လို့တောင်းတာတောင်ကပ်စေးကုပ်နေတယ်ပေါ့ "
ကြောင်ကြည့်နေသည့်သူမပါးကလေးကိုလှစ်ခနဲနမ်းရင်းပြေးထွက်သွားသည်....
ရင်မခုန်ပါနဲ့လို့သတိပေးနေတဲ့ကြားက နှုတ်ခမ်းတွေဟာပြုံးပြီးကျန်ခဲ့သေးရဲ့
မနာတက်လိုက်တာ.....
ခုနက အခြေနေကို သူဘယ်တုန်းက vedio ရိုက်လိုက်သလဲမသိ...
သူ့ acc မှာ....
ချစ်ရသော...
ဆိုသည့် Caption နှင့်တင်ထားသေးကာသူမကိုပင်လာ Tag ထားသေးရဲ့.....
Vedio ကိုပြုံးကြည့်နေရင်းဆက်တိုက်တက်လာသည့်
သျှံထွန်းနှင့်သစ္စာရှင်တို့ရဲ့ ပုံတွေကြောင့်သူဘာကြောင့် ဒီလိုတင်လဲသူမသဘောပေါက်လိုက်သည်
သူရိန်ဆိုသည့်ထိုယောက်ျားဟာအဆုံးထိသူမကို စိတ်ချမ်းသာခွင့်မပေးပါ....
အစားထိုးခံရတာမဟုတ်ပဲသူအရွဲ့တိုက်ဖို့ကြိုးစားနေသည်ထင်ပါရဲ့..
"နေရီ...ကိုယ့်ဆီခနလာပါလား "
သူရင်ခွင်ထဲလာဖို့လက်ကမ်းပေးရင်း....
နောက်ထပ်ဟိုအမျိူးသမီးလေးကိုလွမ်းရင်းသူမကိုထွေးပွေ့ထားအုန်းမယ်ပေါ့....
" နေရီ...အခုတလောတကယ်အဆင်ပြေနေရဲ့လား "
သူ့ရင်ခွင်ထဲခံစားချက်မဲ့စွာတိုးဝင်ရင်း....
" ဘာဖြစ်လို့လဲ "
" နေရီကိုကြည့်ရတာတမျိူးပဲ....ကိုယ်နဲ့တွေ့တိုင်းလူကအနားမှာရှိနေပေမဲ့ ခံစားချက်မရှိတဲ့မျက်နှာနဲ့ "
" နေရီကလူတယောက်ကိုငြီးငွေ့လွယ်တယ်လေ....ရှင့်ကိုမချစ်တော့ပါဘူးလို့ပြောထားပြီးသားပဲဥစ္စာ ဘာတွေမျှော်လင့်နေတာလဲ...
အမြဲတမ်းတဖက်သတ်ချစ်သွားဖို့လား "
" မင်းက...ကိုယ်ပိုင်တဲ့သူဆိုတာမေ့နေပြီလား မင်းဆက်မချစ်ဖို့ချစ်ဖို့ကိုယ်ပဲဆုံးဖြတ်မယ် "
သူအပြင်ထွက်လာခဲ့ပြီး.....
အရက်တစ်ပုလင်းဆွဲလာခဲ့ကာ....ထိုင်သောက်နေမိသည်အခုတလောသူမဆီပဲစိတ်ကရောက်နေပြန်ကာ....
သူမ....သူ့အပေါ်ဆက်ဆံပုံကိုသူသဘောမတွေ့လှ...
မချစ်တော့ဘူး ဆိုတဲ့အသံကြားမှလူက ရင်ထဲ လှပ်ကနဲဖြစ်ကာငိုချငိစလိုလိုထိန့်လန့်သလိုလို....သူမမျက်နှာအမူအရာကြည့်ပြီးတုန်လှုပ်သွားတာတော့အမှန်ပင်
အမှန်တိုင်းဝန်ခံရရင်...သူ့ကိုယ်သူလဲနားမလည်နိုင်ပါ သူမနဲ့ပတ်သတ်သမျှသဘောကျမိလာသလိုလို...
သူမအကြောင်း....အသိပေးချင်လာမိတာမို့ မင်္ဂလာပွဲကိုအမြန်လုပ်ချင်သော်လည်း...အိပ်ယာထဲလဲနေသည့်သူ့ဘဝရဲ့ကျေးဇူးရှင်ဆိုလဲဟုတ်သည့် မင်းတိမ်လွှာ မရှိသည့်အချိန်သူမကျင်းပချင်ပါ....
အရက်တွေထိုင်သောက်လာတာ ဘယ်အချိန်ရှိနေမှန်းမသိပါ...လူကရီဝေဝေနှင့်အသိလွတ်တချက်မလွတ်တချက်ကြားက...သူမထွက်လာပြီးတားမလားမျှော်လင့်မိသော်လည်း လုံးဝထွက်မလာ....
အားယူပြီးအခန်းထဲဝင်ခဲ့တော့ အိပ်ပျော်နေပြီထင်ထားသော်လည်း...သူမ ကဖုန်းတလုံးနှင့်ရုပ်ရှင်ကြည့်နေသလားဒီတိုင်း social media တခုခုသုံးနေသလားမသိပါ...
တချက်ချက်ထထရယ်သေးရဲ့....
ဘေးစောင်းအိပ်နေသည့်သူမနံဘေးဝင်လှဲပြီး...သူမ ခါးကလေးကိုနောက်ကဖတ်ထားလိုက်တော့သေးကွေသည့်ခန္ဓာကိုယ်ကလေးဟာရင်ခွင်ထဲ မြှပ်သွားသည်....
"မင်းအိပ်နေပြီထင်တာ...ကိုယ်အရက်သောက်နေတာ လာတောင်မတားပါလားကွာ "
''နေရီမှာအာ့လိုစွတ်ဖက်ခွင့်တွေမရှိဘူးထင်လို့ပါ "
" မင်းက ကိုယ့်ဇနီးပဲလေ "
" ကျေးဇူးပါအကို "
" ဘာကိုလဲ "
" တိတ်တိတ်ပုန်းနေရတဲ့နေရီကိုဇနီးမယားအဖြစ်သတ်မှတ်ပေးလို့ပါ "
" ကိုယ်တောင်းပန်ပါတယ် မင်္ဂလာပွဲကို အမြန်ဆုံးစီစဥ်ပေမဲ့....နောက်ဆုတ်ရတော့မယ်"
" သစ္စာရှင်ရဲ့မင်္ဂလာပွဲနဲ့တိုက်နေလို့လား "
ဖြေသံမကြားပေမဲ့...ဖြေစရာမလိုအောင်သိနေပြီးသားပါ...
" ကိုယ်ဘယ်လိုလုပ်ရမလဲ....ကိုယ်မင်းကိုလက်မလွှတ်ရဲဘူး.... ကိုယ်တောင်းပန်ပါတယ် အရင်လိုပဲ ကိုယ့်ဆီပြန်လာပေးလို့ရမလား.....ကိုယ်မင်းကိုချစ်တယ် "
ကိုယ်...မင်းကိုချစ်တယ်နေရီသက်ဝေ
ဟုတ်တယ်ကိုယ်ချစ်နေတာမင်းကိုပဲနေရီ...
သူအကြိမ်ကြိမ်အော်ပြောနေသော်လည်းအသံကထွက်မလာတော့ချေ
မူးမူးနှင့်ပြောနေသည့်စကားတွေနဲ့တင်...သူဘယ်လောက်အထိသစ္စာရှင်ကိုချစ်သလဲမြင်နိုင်ပါတယ်....
ပါးစပ်ကယောင်နေရင်း...လူကိုလဲတင်းတင်းကြပ်ကြပ်ဖတ်ထားသေးသည်...
သစ္စာရှင်သာပြန်လာရင်ရှင်တို့ပြန်ပေါင်းကြမှာမဟုတ်လား....ဒီလောက်ချစ်ခဲ့ပါရက်နဲ့ရအောင်ယူခဲ့သင့်တာကိုယ်ချစ်တဲ့သူကိုယ်ရအောင်ယူတာအပြစ်မှမဟုတ်ပဲ...
ဒီလိုသာရအောင်ယူခဲ့ရင်နာကျင်စရာတွေလဲသူမဆီတန်းတန်းမတ်မတ်ရောက်လာမည်မဟုတ်....
ဘာကြောင့်များရှင်သတ္တိနည်းခဲ့ရသလဲ....
သူမဆီကိုကျရောက်လာသည့်မွတ်သိပ်အနမ်းတွေကိုခံယူရင်း....သူမအတွက်မဝုတ်သည့်ဒီအနမ်းတွေကိုကျမမုန်းသည်....
သူ.....မသိတဲ့အချိန်လေးမှာသူ့ရင်ခွင်ထဲသူမလိုလိုလားလားခိုဝင်ရင်း...
" ရှင့်ကို...ကျမချစ်နေသေးတယ် "
လို့ခပ်တိုးတိုးပြောဖြစ်သေးတယ်....
သူမအတွက်မဟုတ်တာတောင်နွေးထွေးနေတဲ့ဒီရင်ခွင်ကိုဘယ်လိုခွန်အားနဲ့စွန့်ခွာရမလဲ.......
ထားသွားဖို့ခွန်အားမရှိပါ.....
အတူတူသာလောင်ကျွမ်းသွားချင်သည်