မင်းမကြည့်လို့
***************************
" နွယ်လေး ကိုယ်တို့ခနလောက်စကားပြောလို့ရမလား "
" ကိုကို.....ဘယ်လိုတွေဖြစ်နေရတာလဲ ကျမသိတဲ့ သြဇာဂုဏ်မှဟုတ်ရဲ့လား "
" မင်းမရှိတဲ့ သြဇာဂုဏ်ဟာ ဒီလိုကောင်ပါပဲကွာ "
" ဆေးရုံကြီးမှာ လူမြင်မကောင်းပါဘူး....နွယ်လေးတို့အကြောင်းကနောက်မှပြောကြတာပေါ့ "
သူမ...မျက်လုံးတွေရဲ့အဓိပ္ပါယ်ကိုသူမဝေခွဲတက်တော့ပါ...
နောက်ထပ်အမုန်းတွေသူမခံယူလိုသည်မို့သူမလေးရဲ့အမိန့်တော်တိုင်းနာခံရမည်မဟုတ်လား...
" စာချူပ်တွေမှာ..ကိုကိုလက်မှတ်ထိုးပြီးရင်နွယ်လေးဆီအမြန်ပို့ပေးစေလိုပါတယ်ကိုကို "
ရင်ကိုဓားနဲ့မွှန်းသလိုစကားတွေပစ်ပေါက်ခဲ့ပြီး....ဘေးကနေထွက်သွားသည့်သူမလက်ကိုဆွဲကာရင်ခွင်ထဲဆွဲထည့်ထားလိုက်မိသည်...
" လွမ်းနေခဲ့တာ "
သူတင်းကြပ်စွာထွေးပွေ့ထားသည့်ရင်ခွင်ထဲမှာသူမဟာထင်သလိုရုန်းကန်မနေပဲအလိုက်သင့်ကလေးမှီတွယ်လာခဲ့သည်မို့....
သူပျော်သွားမိသည်.....
" ကိုယ်နဲ့အိမ်ပြန်လိုက်ခဲ့ပါတော့နော်...မင်းမရှိတဲ့နေရာလွတ်ကလေးကိုလွမ်းလှပြီ "
သူ့လက်တွေဖြေလျော့သွားသည်နှင့်ရင်ခွင်ထဲကထွက်ကာ...
" နောက်တစ်ကြိမ်....အတောင်တွေရိုက်ချိူးအုန်းမလို့လားကိုကို "
" ဟင်..."
" နားလည်မှု့မရှိ...Type မတူတဲ့အိမ်ထောင်ရေးထဲမှာ ပိတ်မိမနေချင်တော့ဘူး "
" ကိုကိုတို့တယောက်နဲ့တယောက်သိပ်ချစ်ကြတယ်မဟုတ်ဘူးလား ''
" နောက်မှပြောရအောင်လား..."
တချက်ကလေးမှတွေဝေခြင်းမရှိထွက်သွားခဲ့သည့်သူမ.....ဘယ်လောက်အထိရက်စက်အုန်းမလဲသူ....မသိပေမဲ့လုံးဝအဆုံးရှုံးခံဖို့မရှ်ိပါ....
" ကိုယ်လိုက်ပို့ပေးမယ်လေ...မိုးချူပ်နေပြီ"
" ရပါတယ်..."
" ကိုယ်အိမ်ပြန်ခေါ်သွားမှာစိုးလို့လား... စိတ်ချပါ နွယ်လေးက နွယ်လေးရဲ့အိမ်ကိုပြန်လိုက်ပါ မေမေမွန်က နွယ်လေးကိုမျှော်နေရှာတာ "
" ကိုကိုကရော "
" ကိုယ်....မင်းရဲ့အိမ်ကိုမလိုက်တော့ပါဘူး မေမေမွန်မေးရင် ကိုယ်အလုပ်ရှုပ်နေလို့...ပြန်မလာဖြစ်ဘူးလို့ပဲပြောပေးပါ..
လူကြ်ီးတွေကို....ကိုယ်တို့ပြသာနာတွေအကြောင်းမပြောထားဘူး...နွယ်လေးသဘောကျလုပ်ပါ ကိုကိုကတော့ဘာပဲဖစ်ဖစ်မင်းနဲ့ပြန်ကိုပေါင်းမှာမို့လို့ပါ ကားသေချာမောင်းသွားနော်.... ကိုကို တိမ်လွှာနားမှရှိပေးလိုက်အုန်းမယ် သူရိန်ကိုပြန်နားခိုင်းလိုက်တယ် "
" ကိုကို....ကိုယ်တိုင်စောင့်မလို့လား "
" အခုမှ ခွဲခန်းကထွက်ကာစမို့ လူနာစောင့်နဲ့မထားချင်လို့ တိမ်လွှာက ကို့အတွက်မိသားစုတစ်ပိုင်းပဲဆိုတော့... ဒီလောက်တော့လုပ်ပေးသင့်တယ်ထင်လို့ "
" အင်း.."
စိတ်ဓာတ်ကျနေသည့်မျက်ဝန်းတွေနဲ့....
လှုပ်ရှားပုံတွေဟာ သြဇာဂုဏ်နှင့်မတူပါ..
သူမသိသည့်သြဇာဂုဏ်ရဲ့ပုံပန်းသွင်ပြင်တွေပျောက်ဆုံးနေသည်....
ဒီလိုပုံစံမြင်ရတော့ ရင်ထဲ မခံစားနိုင်ပါ.....
" နွယ်လေး....အတူစောင့်ပေးရမလား "
သူမဆီကမထင်မှတ်ထားသည့်စကားမို့....
ခုနနှင့်မတူဝင်းလက်သွားသည်မျက်ဝန်းတွေနှင့်...
" ကူညီပေးမလား "
''inn ''
တကယ်ဆို...အိပ်ရေးပျက်ပြီးပင်ပန်းမည့်ကိစ္စတွေလုပ်ခိုင်းမည်မဟုတ်ပါသော်လည်း.....အခုတော့မတက်နိုင်ပါ...
သူ့အနားမှာသူမတညလုံးရှိနေမည့်အခွင့်အရေးမဟုတ်လား...
ဆေးရုံရဲ့ VIP room ကလေးဟာ....ပကတိတိတ်ဆိတ်မှု့တွေဖြင့်လွှမ်းခြုံသွားပြန်သည်..။
" ကိုကိုတို့ စကားပြောပြမလား "
" အင်း.....ကွာရှင်းတဲ့ကိစ္စကို အမြန်လုပ်ပေူပါ ကိုကို "
" နွယ်လေ....ကိုကို့ဘက်က ကွာရှင်းပေးဖို့ဆန္ဒမရှိဘူးဆိုတာကိုသိထားပေးပါ "
"ဒါဆိုလဲ ဥပဒေအတိုင်းပဲဆက်သွားကြတာပေါ့ "
" ကျေးဇူးပြုပြီး......ကျေးဇူးပြုပြီး စိတ်အလိုမလိုက်ပါနဲ့ကလေးရယ် ကိုကိုတောင်းပန်ပါတယ် "
သူမ ဘက်က တိတ်ဆိတ်သွားခဲ့သည်.....
" မင်းသိရဲ့လား....မင်းနဲ့ဝေးမှာကိုကိုသေအောင်ကြောက်တယ်ဆိုတာ....
ဝေးသွားမှာစိုးလို့.... အများကြီးကြိုးစားခဲ့ရတယ် ဝေးသွားမှာကြောက်လို့ အစွမ်းကုန်တားဆီးခဲ့တယ် "
" အဟွန်းဝေးသွားမှာကြောက်လို့.....တခြားမိန်းကလေးတယောက်ကိုအရမ်းတွေမြှောက်စားပေးခဲ့တာလားကိုကို....
သိပ် drama တွေမခင်းနဲ့ ဒီနေရာမှာ ဒီရင်ဘက်ထဲမှာအနက်ရှိုင်းဆုံးဒဏ်ရာရခဲ့တာ နွယ်လေးပါ...."
" ကိုကို...ဝန်ခံပါတယ် ကိုကိုမှားသွားတယ်ဒါပေမဲ့ သစ္စာရှင်အပေါ်ကိုကိုဘာစိတ်မှမရှိခဲ့တာယုံပါကွာ "
" ဆက်မပြောချင်တော့ဘူး....ဘာစိတ်မှမရှိခဲ့တာဟုတ်ရဲ့လားလို့ကိုယ့်ရဲ့မသိစိတ်ကိုသေချာအောင်မေးခွန်းထုတ်လိုက်အုန်းကိုကို.....ကျေးဇူးပြုပြီးဆက်မပြောပါနဲ့တော့ "
သူမရဲ့စကားတခွန်းမှာသူနောက်ထပ်အထွန့်လဲမတက်ဖြစ်တော့ပါ...ဘယ်နေရာတွေဘာတွေကစမှားခဲ့သလဲ
တိတ်ဆိတ်မှု့တွေကြီးစိုးသွားသည့်ဒီအခန်းထဲမှာသူမမျက်နှာလေးမြင်နေခွင့်ရတာကိုပဲကြံဖန်ကျေးဇူးတင်ရမလား....
စိတ်ချပါ.....
မင်းကို ကိုယ်လုံးဝလက်မလွှတ်ဘူး.....
ညနက်လာလေ..... အိပ်မောကျနေသည့်သူမကိုမြင်နေရရဲ့နဲ့တောင်မျက်ရည်တွေကျမိသည်အထိလွမ်းရသည်.....
မနက်ဖန်ဆိုရင်.....အခုလိုအခြေနေမျိူးတောင်ရှိမည်မဟုတ်တော့....
သူမကိုယ်ပေါ်စောင်ပါးကလေးတထည်လွှမ်းပေးရင်း....သူကတော့သူမကိုသာထိုင်ကြည့်နေမိသည်....
ကွဲဖို့ကံပါလာရင်ကွဲကိုကွဲရမည်ဆိုတဲ့ကြမ္မာဆိုးတွေကိုသူရဲ့ချစ်ခြင်းမေတ္တာတွေနှင့်သက်သေပြပါမည်....
အိပ်ပျော်နေသည့်သူမပါးကလေးကိုခိုးနမ်းလိုက်ပြီးမှစိတ်မလုံသလိုလို.
သို့သော်....အလွမ်းတော့ပြေသွားရသလိုလိုပင်....
လွမ်းနေခဲ့တဲ့ပါးကလေးတွေ....ကိုအသည်းယားမိပေမဲ့...
ခပ်ညိုညိုမျက်ကွင်းတွေရယ်ခါတိုင်းထက်ပိုပိန်သွားသည်သူမလေးကိုကြည့်ပြီးရင်နာမဆုံးပါ...
ထို့နောက်အခန်းအပြင်ထွက်ကာစီးကရက်တွေကိုအဖော်ပြုရင်း.......
သူမပါးကိုနမ်းလိုက်သည်မှစ၍....
ဝရံ့တာအပြင်မှာဆေးလိပ်တွေတလိပ်ပြီးတလိပ်သောက်နေသည့်အချိန်အထိသူမနိုးနေခဲ့တာပါ....
ကွာရှင်းကြဖို့ကြိုးစားနေသော်လည်း.....
မချစ်တော့လို့မှမဟုတ်ပဲလေ....
နာကျင်ရတာတော့အတိုင်းထက်အလွန်ပါပဲ....
သို့သော်ထိုယောက်ျားအနားကိုပြန်မသွားချင်ပါ....Toxic ဖြစ်လွန်းသည့်ဆက်ဆံရေးတွေဟာကြုံဖူးမှပဲသိလိမ့်မည်မဟုတ်လား....