book

Index 32

(အပိုင်း...၃၂)

မင်းမကြည့်လို့

****************************


မင်းတိမ်လွှာသတင်းကြားပြီးထဲက....

သူအလုပ်ရှုပ်နေမယ်ဆိုတာနေရီသိပါတယ်...

message ရောက်သံကြားတော့မသိမသာမျှော်နေမိတဲ့သူ့ဆီကစာဖြစ်နေသော်လည်း....


ဆေးသေချာသောက်ဖို့လှမ်းပြောရှာသတဲ့လား...

သူနဲ့ကိုယ်ဟာလင်မယားမဟုတ်ဘူးလား....

မတော်တဆကိုယ်ဝန်ရခဲ့ရင်ကော....


သူမနဲ့ပတ်သတ်ရင်....သူ့ရင်သွေးကိုတောင်မလိုချင်ဘူးတဲ့လား


စိတ်ချပါ..


ဆိုသည့်message ကိုပို့ရင်းရင်ထဲမှာနာကျင်ရသည်....

သူမတင်ပဲအချစ်မခံရတာမဟုတ်ဘူး...

သူမကြောင့်...ရှိတောင်မလာသေးတဲ့အနာဂတ်ရင်သွေးလေးဟာအချစ်မခံရဘူးတဲ့ကွယ်....


မိုးသားဖြူကိုသိပ်အားကျသည်.....

မင်းတိမ်လွှာဟာတုန်နေအောင်ချစ်သလို....

အနီးနားကလူတွေကပါ...

အထူးသဖြင့်အမြဲတမ်းတည်တည်တင်းတငိးဖြင့်...ဘယ်သူနှင့်မဆိုခပ်တန်းတန်းနေတက်သောအမကအစ....အပူတွေကြားကသတင်းကြားကြားခြင်းမိုးသားဆီအပြေးသွားခဲ့သည်တဲ့...


ကျမလေ...အချစ်ခံရသူတွေကိုသိပ်အားကျတယ်


ဘဝမှာသူမကိုသိပ်ချစ်ဖူးပါတယ်ဆ်ုတဲ့အာကာတောင်အကြိမ်ကြိမ်နာကျင်အောင်သတ်ခဲ့တယ်...

သူမကိုစွန့်ပစ်ခဲ့တယ်.....


သူရော..........ဘယ်တော့သူမကိုစွန့်လွှတ်မလဲ


သူမရဲ့စိတ်ထွက်ပေါက်ဟာ....ရေချိူးခန်းကရေပန်းသာဖြစ်သည်..အေးစက်စက်ထိတွေ့လာတဲ့ရေစက်တွေဟာ သူလောက်တော့မအေးစက်ပါဘူးကွာ...

လောကကြီးကသူမကိုစွန့်ပစ်တယ်.....


ဒီလောကကြီးကိုသူမကျောခိုင်းပစ်ချင်တယ်....


ဝဋ်ကြွေးရှိရင်ကြေပါစေတော့လား......

အချိန်ဘယ်လောက်ကြာသွားသလဲသူမ...မသိပါ


ညနေစောင်းတော့ လူကဖျားချင်ချင်ဖြစ်လာသည်....မရွှင်လန်းသည့်စိတ်နှင့်ဘာမှလဲထမလုပ်ချင်ပါ....ဘယ်သူမှမသိတဲ့ကမ္ဘာလေးထဲကနေတိတ်တဆိတ်ပဲထွက်သွားချင်သည့်အထိစိတ်ထောင်းကိုယ်ကြေ....

အိပ်ယာပေါ်ပစ်လှဲရင်းကြိပ်မှိတ်အိပ်ပစ်လိုက်သည်....


တရေးနိုးတော့ လူကခေါင်းတွေအုံခဲနေသည်


ဒီရက်တွေသူပြန်လာမည်မဟုတ်တာကိုတော့သူမသိနေပါသည်...ကြားရတဲ့သတင်းကလဲမကောင်းပါ မင်းတိမ်လွှာအခြေနေကောင်းပုံမရ....

အသက်အန္တရာယ်ကအမြန်ဆုံးလွတ်ကင်းပါစေလို့မဆီမဆိုင်ဆုတောင်းမိသေးသည်....


တနေကုန်ယောက်ယက်ခတ်နေမှာဆိုတော့သူထမင်းမှစားရရဲ့လားမသိဘူး...စားချိန်ရရင်တောင်စားပါ့မလား....

ချစ်မိတဲ့သူဟာထာဝရရှုံးတာပါပဲ.....

တခုခုပို့ပေးချင်ပေမဲ့သူမကိုယ်တိုင်တောင်မထနိုင်ပါ....


ပါရာတစ်လုံးကို....တွေ့ရာပေါင်မုန့်တချပ်စားပြီးဝင်အောင်သောက်ရသည်...

အခုချိန်မှာသူရှိမနေတာကိုလဲပိုကျေးဇူးတင်သည်...ကြင်နာယုယနေမှာမဟုတ်တောင်မှမျက်စိရှေ့မှာမြင်နေရရင်ပစ်မထားလောက်ဘူးထင်ရတာပဲလေ...

တစုံတယောက်ရှိနေရင်.....တစုံတယောက်ကိုမှီခိုချင်သွားလိမ့်မည်အသားကျနေသည့်အထီးကျန်မှု့နဲ့ပဲ...ဖြတ်ကျော်သွားရမည်လေ..

အဖျားတွေတက်လာသော်လည်းပေတေနေလိုက်သည်သေလဲအေးတာပဲဆိုသည့်စိတ်ကြောင့်ထင်ရဲ့.....

ပိုပြီးခံလိုက်ရသည်....


မျက်လုံးတွေကို အားယူဖွင့်လိုက်တော့မိုးပင်လင်းနေချေပြီ...


" ကို့အသံကြောင့်နိုးသွားတာလား "


" မဟုတ်ပါဘူး "


" ကိုယ်ခန လိုအပ်တာတွေလာယူတာ "


" ကိုမင်းတိမ်လွှာအခြေနေရော "


" စိတ်ချရတဲ့အခြေနေမှာရှိနေပေမဲ့...သတိတော့ပြန်လည်မလာသေးဘူး "


" အင်း....စိတ်ချရပြီဆိုတော်သေးတာပေါ့ "


" မင်းအသံကရော အားမရှိသလိုပဲ "


" အိပ်ယာနိုးကာစမို့နေပါလိမ့်မယ် "


သူမအနားကိုကပ်လာကာ မသင်္ကာလို့ ထင်ရဲ့နဖူးကိုလာစမ်းသည်...


" ဟာ..မင်းဖျားနေတာပဲ "


သူ..ရဲ့လှုပ်ရှားမှု့ဟာမြန်ဆန်လွန်းတာမို့သူမရှောင်ချိန်မရ...

သူတခုခုကိုတွေးနေပုံရကာ...ဖုန်းကအဆက်မပြတ်မြည်နေသည်


" ရှင့်ကိုခေါ်နေပြီထင်တယ်....သွားတော့လေ "


" ဒါပေမဲ့...မင်းက...."


" နေရီအဆင်ပြေပါတယ် "


ရေဘူးအချိူ့ရယ်ဆေးနဲ့မုန့်တွေသူမအိပ်ယာနံဘေးကခုံပေါ်တင်ပေးခဲ့ကာ.....


" တခုခုဆို..ဖုန်းဆက်လိုက် "


နောက်ထပ်တွေဝေခြင်းမရှိသူထွက်ခွာသွားသည်....မျှော်မှန်းပြီးသားအခြေနေမို့လိုနာကျင်နေတာမျိူးလဲမရှိတော့ပါ


သူသွားပြီးတစ်နာရီလောက်အကြာမှာ....


သူလွှတ်လိုက်သည်ဟုဆိုကာ...ဆရာဝန်နဲ့ nurse တချိူ့ရောက်လာသည်...

အဖော်ရအောင်...အကူအမျိူးသမီးရောက်လာသော်လည်း သူမ...တယောက်ထဲပဲနေချင်တာမို့ပြန်လွှတ်လိုက်ရသည်....


နေ့လည်ပိုင်းမှာအနည်းငယ်ထူထူထောင်ထောင်ဖြစ်လာသော်လည်းပဲ....

ညပိုင်းမှာအဖျားကတက်လာသည်....


သတိမလွတ်အောင်ကြိုးစားနေသော်လည်း......အိပ်ပျော်သွားသေးရဲ့

လှုပ်ရှားသံတွေကြားနေသည်မို့မျက်လုံးကိုအာယူဖွင့်တော့...

နွေးထွေးသည့်ရင်ခွင်တခုကထွေးပွေ့ထားသည်....


" အဖျားကျပြီလား "


" အင်း..."


" ဒါဖြင်ငြိမ်ငြိမ်နေပေးမလား...ကိုယ်ညကလဲတညလုံးတမှေးမှမမှေးရသေးဘူး "


ချက်ချင်းငြိမ်ကျသွားသည့်သူမလေးကြောင့်သူပြူံးလိုက်မိသည်...တကယ်ဆို တညလောက်မအိပ်ယုံနှင့်သူအဆင်ပြေပါသည်...

မဖြစ်သာလို့သွားရပေမဲ့တနေကုန်စိတ်ကသူမဆီသာရောက်နေကာ....

ဘယ်လိုမှစိတ်မချနိုင်သည့်မို့ သူပြန်လာခဲ့တာဖြစ်သည်...ဟိုဘက်ရောဒီဘက်ရောစိတ်မချတာပေမဲ့လဲဟိုဘက်မှာအထူးကုပါရကူတွေအပြင်ညစောင့်အိပ်ဖို့လူများစွာရှိသလို


မိုးသားဖြူ ကိုလဲ......ဂရုစိုက်ကြသည်


အခုလဲ မိုးသားကိုအိမ်ပြန်ပို့ရှိသမျှလူအကုန်မိုးသားကိုသေချာစောင့်ရှောက်ဖို့မှာခဲ့ပြီးမှ...

ဘယ်သူမှမရှိတဲ့သူမဆီပြေးလာရသည်....


ရောက်လာတော့လဲ အဖျားတက်နေသည့်သူမကိုမရမကဆေးဝင်အောင်တိုက်ရင်း...ရေပတ်တိုက်ကာပြုစုပေးရသည်....


ဘဝမှာထူးထူးဆန်းဆန်း...ပထမဆုံးအကြိမ်အဖြစ်သူဆရာဝန်ဖြစ်တာကိုကျေးဇူးတင်မဆုံးဖြစ်ခဲ့ရသည်.....

မချစ်တော့ဘူးပြောပေမဲ့......


သူ့နာမည်ကိုယောင်နေသည့်သူမကြောင့်ရင်ထဲတမျိူးလေးဖြစ်ရသေးသည်....

ပြန်အိပ်မောကျသွားသည့်....

ဖြူဖျော့ဖျော့မျက်နှာလေးကိုငုံကြည့်ပြီး....

ထိန်းမနိုင်သိမ်းမရခုန်လာသည့်ရင်ခုန်သံတွေဟာဘာသဘောလဲ?


တယောက်ထဲဖျားနေခဲ့တာကိုမထူးဆန်းသလိုဖြတ်သန်းနေသည့်သူမ....

ဘယ်လိုတောင်ပင်ပန်းခဲ့လို့ပါလိမ့်....


သူမနဲ့စတွေ့ကထဲနေ.....တောက်လျှောက်ရင်ခုန်ခဲ့ခြင်းမရှိပါ

မင်္ဂလာဦးညကိုဖြတ်သန်းခဲ့တုန်းကတောင်မခုန်ခဲ့သည့်ရင်ခုန်သံတွေဟာအခုမှဗလောင်ဆူနေလေသည်....


သူ.....


ရင်ခုန်တက်သွားတာများလား.....


အိပ်ပျော်နေသည့်သူမကိုငုံကြည့်ရင်း.....

တကယ်ပဲမင်းကငါ့ကို...ရင်ခုန်အောင်လုပ်နိုင်ခဲ့တာလားနေရီ....


rate now: