မင်းမကြည့်လို့
****************************
မင်းတိမ်လွှာရဲ့အကူညီနဲ့...
နွယ်လေးနဲ့အနီးဆုံးနေရာမှာနွယ်လေးမသိအောင်ရှိနေခွင့်ရတာမို့အလွမ်းတွေပြေလှသော်လည်း...
ချစ်ရတဲ့ကောင်မလေးကို မြင်ရတဲ့အခါ....
ပြေးဖက်ထွေးပွေ့ထားချင်စိတ်တွေကိုမနည်းချိူးနှိမ်ထားရသည်....
သူနဲ့ဝေးသွားတဲ့ကောင်မလေးဟာ....
အစွမ်းကုန်တောက်ပနေသလိုပင်.....
တချက်ချက်ငေးငိုင်ပြီး...
တခါတရံမျက်ရည်လေးတွေသုတ်ပစ်တာမျိူးမြင်ရတက်သော်လည်း..အဆုံးထိပြိုလဲမနေပါ...
ကို့ကောင်မလေးဟာသိပ်ကိုသန်မာတာပဲ....
ပန်းပင်လေးတွေအပြည့်နဲ့မြို့ပြင်ကသူမပိုင်တဲ့ခြံအကျယ်ကြီးမှာ...
ခြံထဲလမ်းလျှောက်တက်သည်....
တခါတရံလက်တော့တလုံးနှင့်ရှုပ်နေတက်သော်လည်း....စိမ်းလန်းလှပတဲ့ခြံကျယ်ကြီးထဲခုံကလေးမှာအလုပ်လုပ်ရတာသူမပျော်နေပုံရှိသည်...
ညနေတိုင်းမှန်မှန်...ပန်းပင်လေးတွေရေလောင်းတက်သည် သူမမှာဒီခြံရှိနေတာကိုသူလုံးဝမသိခဲ့ပါ....
ပန်းကလေးတွေနဲ့အပြိုင်လှနေတဲ့သူမမျက်နှာကလေးဟာ...အေးချမ်းလို့နေသည်...
အဖော်ခေါ်ထားပုံရသည့်အမျိူးသမီးကြီးနှင့်မနက်တိုင်းပုံမှန်အတူတူစျေးသွားတက်ကြသေးသည်...
အိမ်နဲ့ခပ်ဝေးဝေးစျေးကိုသွားဖို့တက်ြကွနေသည့်ကောင်မလေးကိုလှမ်းကြည့်ရင်း.....
သူ....ပြေးပွေ့ထားချင်မိသည်
သူမကတော့သူမနဲ့အနီးဆုံးနေရာမှာသူရှိနေမှန်းရိပ်မိပုံမရပါ....
ဖုန်းဝင်လာသည့်အသံကြောင့်...
သူကြည့်လိုက်တော့သူရိန်.......
" သူရိန်ပြောပါ..."
"ဘယ်လို... မင်းတိမ်လွှာ ဆေးရုံရောက်နေတယ်ဟုတ်လား အိုကေ ကိုယ်အခုပဲလာခဲ့မယ် "
တကယ်ပဲရှောင်လွှဲလို့မရတဲ့ကံကြမ္မာတွေဟာ...တည့်တည့်လာကိုလာမှာလား....
..................
ဒုတိယအကြိမ်....သူ့ရင်ခွင်ထဲကနေနိုးထလာရတယ်ဆိုပေမဲ့ ရင်ခုန်သံတွေအစားနာကြည်းမှု့တွေပြည့်နေလေရဲ့....
ခပ်ချောချောဆိုတာထက်ပိုစွာ ချောမောလွန်းသည့်မျက်နှာကလေးကိုကြည့်ရင်း...
ချစ်တာရောမုန်းတာရော...
ရောပြွန်နေသည်....
"ဘာတွေ ဒီလောက်တောင်ကြည့်နေတာလဲ"
" ရှင်သိလား.....ကျမရှင့်ကိုမချစ်တော့ဘူးဆိုတာ "
သူမ..သိပါသည်
သူဆိုတာဒီလောက်ကလေးနှင့်တုန်လှုပ်မဲ့သူမျိူးမဟုတ်ပါအခုချိန်လှောင်ပြုံးပြုံးနေလောက်ရောပေါ့...
သူ့အပြုံးတွေကိုရင်မဆိုင်ရဲသေးသော်လည်း....ရင်ဆိုင်နိုင်ဖိူ့ကြိုးစားရမည်မို့
အရဲစွန့်ပြီးလှည့်ကြည့်မိသော်...
လှောင်ပြုံးတွေရှိမနေ...
ပကတိတည်ငြိမ်နေသည့်မျက်နှာထားနှင့်...
သူဘာတွေတွေးနေမလဲသူမမခန့်မှန်းနိုင်ပါ
" ကို ချစ်လာအောင်ကြိုးစားပါဆိုတဲ့အမိန့်ရမှ..မင်းကပါကိုယ့်ကိုမချစ်တော့ဘူးတဲ့လားဆန်းတော့ဆန်းကြယ်သားပဲ....
ကို...ကအဲ့တော့နေရီလေးကိုဘာလုပ်ပေးရမလဲ ကွာရှင်းပေးပြီးလက်လွှတ်လိုက်မယ်လို့ယုံကြည်နေတာလား.."
" ဟင့်အင်း.....ကျမထွက်မပြေးပါဘူး ရှင်လဲကွာရှင်းပေးဖိူ့မလို့ဘူး...ကျမတို့အတူလောင်ကျွမ်းကြတာပေါ့ "
" မင်းမျက်လုံးတွေကအရမ်းကိုအကြောက်လန့်မရှိဖြစ်နေပါလား..."
" အို....အာ့လိုအကြည့်တွေဖြစ်သွားရင်နေရီတောင်းပန်ပါတယ် ကို "
" အဟွန်း...ကို ခေါ်ခိုင်းတဲ့နာမ်စားလေးကိုခေါ်နေပေမဲ့ ကိုယ့်ကိုမချစ်တော့ဘူးတဲ့လား...Why? ညက ကိစ္စကြောင့်လား "
" မဟုတ်တာ....ကိုနဲ့နေရီက လင်မယားတွေပဲလေ "
" ဒါဆို......"
" နေရီကိုမချစ်တဲ့လူတစ်ယောက်ကို...နေရီဆက်ချစ်နေဖို့မှမလိုပဲကွယ် "
အတောက်ပဆုံးအပြုံးတွေဖြင့်သူ့မျက်နှာကိုတည့်တည့်ကြည့်ကာ...
သူ့ပါးတဖက်ကို နမ်းရှိုက်ပစ်လိုက်သည်......
မထင်မှတ်ထားတဲ့အနမ်းတွေကြောင့်သူတအံ့တသြကျန်ခဲ့တုန်း...သူမခပ်မြန်မြန်ရေချိူးခန်းထဲပြေးဝင်ခဲ့သည်...သူမအကြောက်တရားတွေသူမြင်လို့မဖြစ်ပါ....
မင်းဟာ...ခန့်မှန်းရခက်သားပဲနေရီ
မချစ်တော့ဘူးဆိုတဲ့အသံကြားမှ....သူဘာကြောင့်ရင်ထဲတမျိူးဖြစ်နေသလဲသူမ..ချစ်ဖိူ့မလိုအပ်ပါ သင့်တော်လို့တော်ကောက်ခံရသည့်မိန်းကလေးပဲမဟုတ်လား...
ရင်ခုန်သံလားဘာလားစဥ်းစားမရသလိုစဥ်းစားချိန်လဲ ကံကြမ္မာကမပေးခဲ့ပါ...
ဘာကိုစိုးရိမ်မှန်းမသိ....တချိန်လုံးစိုးရိမ်နေခဲ့သည့်ကိုယ်ဝန်ကြီးနဲ့ဇနီးသည်ကိုမျက်ခြေမပျက်စောင့်ကြည့်နေသည့်တိမ်လွှာ...ပြုတ်ကျလို့တဲ့လား...
စိုးရိမ်စိတ်ကြောင့်ကျန်တာတွေမေ့ကာ....
အမြန်ပြင်ပြီး..ဆေးရုံသို့ပြေးရသည်
သူ့ဘဝရဲ့တစ်ဦးတည်းသောမိသားစုဟာတိမ်လွှာပဲရှိတာ...
သူ.....တိမ်လွှာကိုအဆုံးရှုံးမခံနိုင်ပါ.....
" ကိုသူရိန် "
" မိုးသား....တိမ်လွှာဘယ်လိုဖြစ်တာလဲ "
သူ့ကိုမြင်သည်နှင့်ငိုယိုသာနေသောတိမ်လွှာဇနီးကိုကြည့်ရင်း...သူစိတ်မကောင်းသလိုတိမ်လွှာကိုအားကျမိသလားသူမသိပါ...
အမြဲလိုလိုအထီးကျန်ဆန်ခဲ့သည့်ဘဝမှာသူတစုံတခုဖြစ်ရင်ရောဝမ်းနည်းပေမဲ့သူရှိပါ့မလား.....
ကိုယ့်ရဲ့နာကျင်မှု့တွေကို ကိုယ်သာခံရမှာပဲမဟုတ်လား....ခံနိုင်ရည်ရှိဖို့ကြိုးစားခဲ့ပြီးသားဆိုပေမဲ့အခုမှသူ့အတွက်မျက်ရည်ကျပေးမဲ့တစ်စုံတယောက်ကို မျှော်လင့်လာမိသေးရဲ့....
ဘာမှမဖြစ်ဖို့ဆုတောင်းတွေမပြည့်ခဲ့ပါ....
သူတခုခုဖြစ်ရင်ကိုဂုဏ်ကိုဆက်သွယ်လိုက်ပါဆိုတဲ့မင်းတိမ်လွှာရဲ့အမှာစကားကြောင့်... သြဇာဂုဏ်ဆီဆက်သွယ်ရသလို...
မင်းတက်နိုင်သလောက်ငါ့ဇနီးအနားကမခွာပဲစောင့်ရှောက်ပေး
ဆိုပြီးစသလိုနောက်သလိုပြောခဲ့သည့်စကားကြောင့်မိုးသားဖြူကိုအရိပ်တကြည့်ကြည့်စောင့်ကြည့်ပေးရသည်မို့....
သူအိမ်ပြန်နိုင်မည်မဟုတ်ပါ......
အရေးကြုံရင်ကိုယ်အားကိုးရာလူကိုယ်ရှာတက်သည်ဆိုသလိုပဲ....
မိုးသားဖြူ ဟာ နွေဦးနွယ်ကိုဆက်သွယ်သေးရဲ့....
သြဇာဂုဏ်နှင့်ရှေ့ဆင့်နောက်ဆင့်ရောက်လာသည့်နွေဦးနွယ်ကိုမြင်မှ....
ရင်ခွင်ထဲတိုးကာကလေးတယောက်လိုငိုနေပြန်သည့်မိုးသားကြောင့်...
သူရောသြဇာဂုဏ်ရောစိတ်မကောင်း....
ကို့အပူတွေလဲပူချိန်မရ....မိုးသားဆီအပြေးလာကြသည်မဟုတ်လား...
သူ့ဆီမှာတော့....
သူ့ကိုအရိပ်တကြည့်ကြည့်ချစ်ပေးခဲ့သည်နေရီကပင်...
သူ့ကိုမချစ်တော့ဘူးတဲ့လား....
သူကပဲချစ်ခြင်းမေတ္တာတွေကိုတန်ဖိုးမထားခဲ့မိလို့များလား...ခါတိုင်းတိမ်လွှာတခုခုဆိုသူကသာအစဆုံးလုပ်ရသည်မို့တခြားကိစ္စတွေဆီအာရုံမရသလို.....
အာရုံလဲမရှိခဲ့ပါ......
အခုမှမကြာမကြာနေရီအကြောင်းတွေးနေမိတာ သြဇာဂုဏ် တို့ရှိလို့များလား....
သူတို့လင်မယားရှိနေသော်လည်း....
သူကပဲအရင်တိုင်းအစအဆုံးလုပ်ပေးရသည်...အလုပ်ရှုပ်နေတဲ့ကြားကဒီကောင်မလေးဆီသာအတွေးကမကြာမကြာရောက်လာသည်....
သူမဆီ အားလပ်သွားချိန်ခနမှာစာပို့ဖို့ဖုန်းထုတ်လိုက်ကာ....
ဒီရက်ပိုင်အိမ်ပြန်လာနိုင်မည်မဟုတ်ကြောင်းအသိပေးဖို့လုပ်ပြီးမှ မာနကဝင်လာသေးသည်....
တကူးတကအသိမပေးလဲသူမသိနေလောက်ပါပြီ အတ္တကြီးစွာသူပို့မိသည့်စာက....
ကိုယ်ဝန်မရအောင်ဆေးသေချာသောက်ထားအုန်း
message ထွက်သွားပြီးမှအားနာသလိုရှိလှသော်လည်း.....
သူလုပ်တာဘာမှားလို့လဲ....
အခုအခြေနေအရဆိုရင်မင်္ဂလာပွဲတောင်ရွေ့ရဖို့ရှိသည်မဟုတ်လား...
ဘယ်မိန်းကလေးမှဗိုက်ပူပူနဲ့မင်္ဂလာမဆောင်ချင်ကြမှာသေချာပါတယ်ေလ