book

Index 30

(အပိုင်း...၃၀)

မင်းမကြည့်လို့

**************************


စိတ်ရှိတိုင်းဆိုပြေးသွားချင်ပေမဲ့လေ....


သူ့အနားမှာနေရတာသူမအတွက်အချူပ်အနှောင်ပဲဆိုတဲ့စကားကိုကြားယောင်မိသေးရဲ့...

အချူပ်နှောင်တွေရဲ့အဝေးမှာသူမခနလေးဖြစ်ဖြစ်ပျော်နေပါစေ...


စိတ်တွေကိုထိန်းချူပ်ထားခဲ့သော်လည်း....


တွေ့ချင်စိတ်ကိုတော့ထိန်းချူပ်မထားနိုင်ပါ....


"Hello တိမ်လွှာ....တခုလောက်ကူညီပါ နွယ်လေးနေတဲ့နေရာနဲ့အနီးဆုံးနေရာလေးတခုလောက်စီစဥ်ပေးပါ..."


"သူ့အိမ်ရဲ့ဘေးကအိမ်ဆိုအဆင်ပြေလား..."


" Ok တယ် "


" ဘေးအိမ်ဟာအိမ်အလွတ်လို့ပြောတယ်ကျွန်တော်ကြိုးစားကြည့်ပေးမယ် "


အဝေးကငေးကြည့်နေရလဲ ဖြစ်ပါတယ်...

ကားသော့ကိုဆွဲယူရင်း....


သူမ ရဲ့အနီးဆုံးကိုသွားကြည့်မည်စိတ်ကူးသည်မို့သူမ မသိလောက်မည့်ကားကိုသုံးရမည်ထင်ပါရဲ့....

ကံကောင်းသည် ကအနီးဆုံးမှာကူညီဖို့အသင့်ရှိကြသည့်မိတ်ဆွေတွေကြောင့်သာ....


မိတ်ဆွေတယောက်ဆီဝင်ကာ.....ကားငှားရသည်ဟိုပြေးဒီပြေးဖြစ်နေပေမဲ့မောပန်းမနေပါ...

သူမကိုတွေ့ရတော့မည်ဆိုသည့်အသိကြောင့်လူကတက်ကြွနေသည်....


မာနတွေဟာဘာအရေးလဲဘဝဟာချစ်ရသူတွေလောက်ကျန်တာဘာမှအရေးမကြီးပါ....


ခနပဲစောင့်နွယ်လေး....

.............


" အာကာ "


" နေရီနေကောင်းရဲ့လား "


" ကောင်းပါတယ် "


" အသံကလဲအားမရှိသလိုပါပဲလားကွာ "


သူမအပြုံးယဲ့ယဲ့ကလေးတွေနှင့်သာစိတ်မပါတပါပြုံးပြမိသည်...

အာကာနှင့်လဲ ထပ်ပြီးမပတ်သတ်ချင်ပါ..

အပြည့်အဝနာကျင်သင့်သလောက်နာကျင်ပြီးပြီမဟုတ်လား ဒီနာကျင်မှု့တွေကနေရုန်းထွက်ဖို့ အချိန်အတော်ကြာယူခဲ့ရသော်လည်း...


နောက်ထပ်နာကျင်မှု့တခုစီသူမကိုယ်တိုင်ပျော်ရွှင်စွာခုန်ဆင်းပြစ်လိုက်ပြန်ပြီတဲ့....


" အဆင်ပြေနေတာသေချာရဲ့လား နေရီ "


အာကာအနားဆက်မနေတာပိုကောင်းသည်...သူမနဲ့ပတ်သတ်လျှင်အရိပ်အကဲမြန်မြန်သိလွန်းသည်မို့....

သူမနဲ့ပတ်သတ်တဲ့ခံစားချက်တွေအာကာကိုမရှိနေစေချင်တာမို့လို့နောက်ဆိုသူနဲ့မတွေ့ဖို့ရှောင်ရမည်...

တကယ်ဆို သူ့မိဘတွေဟာ သူမကိုသဘောကျတာမဟုတ်သူမနဲ့ခွဲပစ်ဖို့သူ့ကိုနိုင်ငံခြားထိပို့ပစ်ခဲ့သလို...


အတ္တကြီးတဲ့သူ့မိဘတွေဟာ သူမမွေးစားမိဘတွေကိုအထိ....

ကို့သမီးကိုယ်ထိန်းပါဆိုကာ.....ထိုးနှက်မှု့တွေအလူးလဲခံခဲ့ရသည်....


" နောက်ဆိုနေရီတို့ထပ်မတွေ့ဖို့ကြိုးစားရမယ် နေရီကိုလမ်းမှာတွေ့ရင်တောင်မနှုတ်ဆက်ပါနဲ့ နေရီလဲအိမ်ထောင်ကျနေပြီဖြစ်သလို.... အာကာမိဘတွေကလဲနေရီနဲ့တွေ့နေတာသဘောတွေ့မှာမဟုတ်ဘူး "


" ကို့ မေမေဆုံးသွားပြီ "


သြော်...အတ္တတွေကြီးခဲ့တဲ့အမျိူးသမီးကြီးနောက်ဆုံးတော့အရာအားလုံးကိုထားခဲ့ရတာပါပဲလား


"နေရီ..ကြားရတာစိတ်မကောင်းပါဘူး "


"နေရီ...."


"နေရီကိုခွင့်ပြုပါအုန်း "


လှည့်ထွက်သွားဖို့လုပ်သည့်သူမလက်ကို အာကာဟာနောက်ကနေလိုက်ဆွဲသည်...တစုံတခုပြောဖို့အားယူနေပုံပေမဲ့...

သူမ မျက်ဝန်းတွေကိုစိုက်ကြည့်နေသည်..။


" ကို့ကြောင့်နာကျင်ခဲ့ရပြီးပြီပဲနေရီရာ....ဘာကြောင့်နောက်ထက်နာကျင်ရမဲ့သူကိုမှ...."


"နေရီသက်ဝေ "


ဒေါသသံပါနေလေသလားတကယ်ခွဲမရသောအသံနှင့်အတူ...

ခြေလှမ်းကျဲတွေနှင့်သူမအနားအပြေးတပိုင်းရောက်လာသည့် သူရိန်


" ကို့ဇနီးနဲ့လမ်းမပေါ်မှာလက်ကိုင်ပြီဘာတွေဆွေးနွေးနေသလဲ ချာတိတ် ''


ခပ်ထေ့ထေ့စကားတွေဖြင့်သူရိန်.....


နေရီနဲ့ပတ်သတ်ရင်ဘာမှစိတ်မဝင်စားခဲ့တာသူ့ကိုယ်သူအသိဆုံးပါ...အခုမှရင်ထဲတမျိူးလေးဖြစ်ကာသူမကိုဆွဲထားသည့်ထိုလူငယ်လေးရဲ့လက်တွေကိုရိုက်ချိူးပစ်ချင်သည်...


ဒါဘယ်လိုခံစားချက်လဲသူသေချာမသိပါ....


နေရီကိုဆွဲခေါ်လာပြီးကားထဲအတင်းဝင်စေလိုက်သည်...သူ့နောက်ကနေသက်မဲ့အရုပ်လိုပါလာသည့်နေရီပုံစံကိုလဲ သူသိပ်သဘောမကျချင်....


" ကို...မှတ်တာမမှားဘူးဆိုရင် ဒီကောင်လေးကိုမင်းနဲ့တွဲတွေ့တာနှစ်ခါရှိပြီနော်....

သူဘယ်သူလဲ...မင်းကိုယ့်ကိုပြောပြသင့်ပြီထင်တယ် "


" နေရီ့.....ရည်းစားဟောင်းပါ ''


" မင်းမှာလဲ အာ့လိုတွေရှိတာပဲလား "


" ဘာလို့လဲ မရှိရဘူးလား "


" ထားပါလေ...ပြတ်ပြီးသား Ex နဲ့ဘာလို့မကြာမကြာတွေ့နေကြတာလဲ "


" တမင်တွေ့တာမဟုတ်ပါဘူး....နေရီတို့ကြောင့် အကိုအနှောက်ယှက်ဖြစ်ရင်တောင်းပန်ပါတယ် "


" တတိယအကြိမ်....တိုက်ဆိုင်မှု့ဆိုတာအထိမရှိရင်ကောင်းမယ်နေရီ ဘာလို့မှန်းမသိဘူးမင်းကိုကိုယ်မဟုတ်တဲ့တခြားအမျိူးသားတစ်ဦးနဲ့တွေ့ရတာသဘောမကျဘူး "


တရားလိုက်လေ....


သူကျတော့တခြားအမျိူးသမီးတယောက်ရဲ့ပုံတူပန်းချီတခုဧည့်ခန်းမှာချိတ်ထားပြီးတော့တဲ့လား.....


"တတိယအကြိမ်တိုက်ဆိုင်မှု့နဲ့မကြုံချင်ရင်....နေရီကိုလာမကြိုပါနဲ့တော့ "


" ဘာ... "


ကိုယ်နာကျင်ရတာကျတော့....တခုနှစ်ခုလား

ခပ်ငေါ့ငေါ့စကားတွေအရဲစွန့်ပြီးပြောလိုက်သော်လည်း....

သူဘက်ကတိတ်ဆိတ်သွားခဲ့သည်

တင်းမာသွားသည့်မျက်နှာထားကြောင့်ပြောလိုက်ပြီးမှနောင်တရချင်သွားရဲ့


တစ်လမ်းလုံးခပ်တင်းတင်းမျက်နှာထားနဲ့သူဟာ

သူမလက်တွေကိုဆွဲပြီးကုတင်ပေါ်တွန်းလှဲပစ်သည်...


သူမနှုတ်ခမ်းတွေကို ဆွဲယူနမ်းရှိုက်ပစ်သည်

ငြင်းပစ်လိုက်သင့်တဲ့အနမ်းတွေပေမဲ့လဲသူမနှစ်သက်နေသေးတာတော့...သူမရဲ့ရူးမိုက်မှု့ရယ်ပါပဲလေ...


သူ့နှုတ်ခမ်းတွေဟာ...ကြမ်းရှရှအနမ်းတွေချွေချရင်းလည်တိုင်ဆီဆင်းကာ..ကိုက်ချပစ်လိုက်သည်ထင်ရဲ့...


" အား.....အကို....နေရီ...."


တဖန်အနမ်းတွေနဲ့နှုတ်ခမ်းကိုပိတ်ချပစ်သည်...


"မင်းကိုငါပိုင်တယ် "


အသက်ဟဟရှူနေသည့်နှုတ်ခမ်းတွေဆီသူ့အနမ်းတွေကတိုးဝင်လာပြန်သည်


သူမငြင်းဆန်ဖို့ကြိုးစားကာမှ အခြေနေဟာအဆိုးဘက်ရောက်သည်ထင်ရဲ့.....

ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေအကုန်ဆွဲဖြဲပစ်ခြင်းခံရသည်ကသူပိုင်သည့်အရုပ်တရုပ်လိုပင်...


သာယာမှု့နှင့်နာကျင်မှု့ကိုတပြိုင်နက်တည်းခံစားရစေသော်လည်း...

ရင်ထဲက....လှိုက်ခနဲဝမ်းနည်းမှု့ကိုတော့မမှီပါ


နာကျင်မှု့တွေ.....

သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားတဲ့အခါ....


ချစ်ခြင်းမေတ္တာတွေ ဟာအဆုံးသတ်မသွားရင်တောင်မှ....မျိူသိပ်ကွယ်ဝှက်လိုက်နိုင်ပြီထင်ပါရဲ့...


ဒီနေ့ကစလို့....


သူမအပေါ်အရုပ်တရုပ်လိုဆက်ဆံပြီးသူပိုင်တဲ့ပစ္စည်းသာသာမြင်နေသည့်...


သူရိန်ဆိုသည့်ထိုအမျိူးသားကိုဆက်မချစ်တော့ပါ....

မဟုတ်ဘူး.....


ထိုအမျိူးသားပေါ်ရှိတဲ့ကျမရဲ့ချစ်ခြင်းမေတ္တာတွေရဲ့....ရင်ထဲအနက်ရှိုင်းဆုံးတစ်နေရာမှာသိမ်းဆည်းမြှပ်နှံပစ်လိုက်တော့မည်....


rate now: