မင်းမကြည့်လို့ ( အပိုင်း...၃)
**************************
Laguagge ထဲကို ပစ္စည်းပေါင်းစုံထည့်ရင်း...
ဘာလိုအပ်အုန်းမလဲလို့ သူမ စဥ်းစားနေမိသည်..
''ဘာတွေအများကြီးသယ်အုန်းမလို့လဲ အခုတောင် Laguagge ကြီးတခု ပြည့်လုလုပဲ "
အသံနှင့်အတူ...
သူမ အခန်းထဲ ဝင်လာသည့် သြဇာဂုဏ်..
'' ကိုကို "
သူမ...ကိုကို့ဆီပြေးကပ်ကာ..
ကိုကိုလက်ကို မှီတွယ်ရင်း....
''ဒါနဲ့...ဒါ ဘယ်ဟာလှလဲ ''
သူမရော ကိုကိုရော စာမေးပွဲတွေပြီးသည့် နွေရာသီမို့..
နှစ်စဥ် မိသားစုလိုက် ခရီးထွက်နေကြဖြစ်သည် ဒီနှစ်တော့ ဖေဖေဟာ..မေမေ့ရောဂါ ဆေးကုဖို့အတွက် ဘန်ကောက်သွားကြရမှာမို့..
သူမ သာ ကိုကိုတို့မိသားစုနှင့် လိုက်မည်...
'' အဝတ်အစားတွေအများကြီးမသယ်နဲ့ ပုဂံရောက်ရင် ကိုကိုနဲ့ အမှတ်တရ ချည်ထည်ကလေးတွေ ဝယ်ဝတ်ကြမယ်လေ ''
'' တကယ်နော် "
ကလေးတယောက်လို ပျော်နေသည့် သူမ ကိုကြည့်ရင်း...
သူပါရောပျော်လာသည်...
သူငယ်ချင်းတွေနဲ့ ခရီးသွားဖို့ တိုက်နေတာတောင် မိသားစုနဲ့ပဲ သွားဖို့ရွေးချယ်လိုက်တာ..ဒီကောင်မလေးကြောင့်...
သူမပျော်နေတာလေးကြည့်ပြီး....
မနက်က ဖေဖေတို့ပြောတာ သတိရမိသည်...
စိတ်ကစားတက်သည့်အရွယ်ရောက်လာသည့် သူ့ကို မိဘတွေက ရည်းစားရမှာစိုးရိမ်သည်..
အကြောင်းက... နွယ်လေးကို သာ တသက်လုံးစောင့်ရှောက်စေချင်တာကြောင့်ဖြစ်သည်...
အချိန်တန်ရင်...... နွယ်လေးနဲ့ပဲ လက်ထပ်ရမည်ထင်ပါရဲ့ အခုထိတော့ မိဘတွေဘက်က စကားမဟပါ...
သူတို့ သမီးလေး ငယ်သေးတယ်တဲ့...
သူ့ကို သာ ရည်းစားမထားဖို့ အသိပေးနေပေမဲ့ သူမကိုကျ ကလေးလိုမြင်နေပြီး ဘာစကားမှမဟ....
သူမဟာ အချစ်ခံဖို့မွေးဖွားလာတယ်ထင်ပါရဲ့......
..,......................
" သမီးငယ် ကားမူးနေတာလား "
သူ့ဖေဖေရဲ့ နွေးထွေးခြင်းနဲ့ စိုးရိမ်ခြင်းပြည့်နေသည့် အသံ...
ဟုတ်သည်...
၉ တန်း ဆယ်တန်း နှစ် နှစ်ဆက်တိုက် စာတွေနဲ့ပိနေသည့် သူမ ခရီးဝေး မသွားဖြစ်ကြတာ ထိုနှစ်နှစ်လုံးပင်..
" ရတယ် ဖေဖေ ငယ် ''
ကားမောင်းရင်း...
ဦးထွန်းငယ် က သူမကိုမကြာမကြာလှမ်းကြည့်သည်...
သူမဟာ...
သူမိဘတွေကို မေမေဇာ...ဖေဖေငယ် ဟု ခေါ်တက်သည်..
သူကလဲ သူမ မိဘတွေကို မေမေမွန်... ဖေဖေထူး ဟုခေါ်ကြသည်..
နှစ်အိမ်တအိမ် ... ရင်းနှီးတာထက်ပိုခဲ့သည်မို့..
သူမိဘတွေဟာ သူမကိုအရိပ်တကြည့်ကြည့်..
" ကိုကို ပခုံးတွေပေါ်မှီထား နွယ်လေး "
ကားမူးသလို နွမ်းနယ်နေပုံပေါက်သည့် သူမ ခေါင်းလေးကိူ ဆွဲကာ သူပခုံးတွေပေါ်မှီစေသည်..
အိပ်ပျော်သွားလျှင်...
ပြုတ်ကျမည်စိုးသောကြောင့် သူမ ပခုံးကို အသာဖတ်ထားရသည်...
'' ကလေးတွေကို ကားမမူးအောင်ဆေးမတိုက်ခဲ့ဘူးလား ဇာ ''
'' တိုက်ခဲ့ပါတယ် ကို ရယ် "
အရှေ့ခန်းမှာ..
ကားမောင်းရင်း ဖေဖေက မေမေကို ဆူသည်...
ကားမူးနေသည့်ပုံပေါက်သော်လည်း..
အရမ်းမဆိုးပါ...
"ကိုကို "
'' အင်း နွယ်လေး ပြော ''
'' ကိုကို့ပခုံးတွေ ညောင်းနေပါ့မယ် "
'' အမလေးဗျာ ပူမနေနဲ့ မျက်လုံးတွေမှိတ်ထား အိပ်ပြီး လိုက်ခဲ့ ကိုကို နွယ်လေးကို ပြုတ်မကျအောင်ထိန်းထားပေးမယ် ဟုတ်ပြီလား "
'' ဟုတ် "
သူမ တိတ်တိတ်ကလေး လိုက်လာသည်ကို ကြည့်ရင်း..
ဖေဖေနဲ့မေမေက ရယ်သည်....
သူ.... သူမကို ဂရုတစိုက်ရှိတာကိုသဘောကျနေကြတာဖြစ်ကာ..
သူမ .. သူ့စကားနားထောင်တာကို ကျေနပ်နေကြတာမှန်း သူသိသည်...
ပုဂံကို ဦးတည်နေသည့်...
သူတို့ကားလေးဟာ ပျော်ရွှင်စရာတွေ..
မေတ္တာတွေအပြည့်နှင့်ပါ.
အပျော်ခရီးမှာ...
သူမလေး အခုလို ေနမကောင်းတာကို သူစိတ်မကောင်း...
တလမ်းလုံး သူမ လိုအပ်သမျှ ဖြည့်စည်းပေးရင်း ဂရုတစိုက်ရှိခဲ့တာအခုမှမဟုတ်...
ကလေးဘဝထဲက ဖြစ်သည်...
သို့သော် ဒီတခေါက် အိပ်ပျော်နေသည့်..
သူမ နဖူးလေးတွေကို သူ ခိုးနမ်းမိတာ တော့ ဘယ်သူမှ သိမည်မထင်ပါ
......
ပုဂံမြို့အဝင်...
အညာမြေရနံတွေရယ်...
တိုက်ခတ်လာတဲ့ ခပ်နွေးနွေးလေပူလေးတွေရယ်..
ကြိုဆိုပုံကနွေးထွေးသည်......
ရှေးဟောင်းယဉ်ကျေးမှူ့ နယ်မြေမို့ထင်ပါရဲ့...
ခြေချသည်နှင့်....ယဥ်ကျေးမှု့အငွေ့အသက်တွေ..
ရှေးဘုရင်တွေရဲ့ မင်းနေပြည်တော်ဖြစ်သည်ဆိုသော အတွေးတွေးနှင့် ကြက်သီးထမိသည့်အထိ..
ဘယ်နှခေါက်ရောက်ရောက်...
.ကျယ်ဝန်းလှသည့် ပုဂံမြေဟာ...လည်စရာပတ်စရာမကုန်ပါ...
" Hotel ကို အရင်ဝင်မယ် ငါ့သမီး ခရီးပန်းလာတာနဲ့ ဒီနေ့ အေးဆေးနားပြီး ကိုယ်တို့နောက်နေ့မှ စ လည်ကြတာပေါ့ "
ဖေဖေ့သဘောကို မေမေက ထောက်ခံသည်မို့...
Hotel ကို အရင်မောင်းဝင်ခဲ့ကြသည်...
ရှေးဟောင်း ရဲတိုက်ကြီးပုံစံအပြင်အဆင်နှင့်.
Castle Hotel ဟာ စီးကြိုနေသည်...
'' နွယ်လေး "
'' ဟင်..အင် ရောက်ပြီလား ကိုကို "
အိပ်ချင်မူးတူးနှင့်သူမကို...
သူ လက်တွေချိတ်ကာ... လဲကျမှာစိုး၍ သေချာ ဂရုစိုက်ရသေးသည်...
VIP Family Room ရဲ့ အပြင်အဆင်ဟာ..
နှစ်ယောက်အိပ်ကုတင် နှစ်လုံးရယ် တယောက်အိပ် ကုတင် တလုံးနှင့်...
ကျယ်ကျယ်ဝန်းဝန်းရှိလှသည်..
အခန်းထဲ ရောက်ရောက်ခြင်း...
နီးရာ ကုတင်ပေါ်ပစ်လှဲချကာ မျက်လုံးတွေမှိတ်ထားသည့် သူမကို ဖေဖေနှင့် မေမေဟာ သဘောကျစွာရယ်သည်..
ငယ်ငယ်ကအတိုင်း....
ပြောင်းလဲသွားတာ.. ဘာမှမရှိတဲ့ကောင်မလေးဟာ.
အခုထိ ကလေးလိုပါပဲလား......
" သမီးငယ် နေကောင်းရဲ့လား "
မေမေမေးတော့...
သူဟာ...သူမ နဖူးလေးတွေ အသာစမ်းရင်း..
'' ကိုယ်တော့မပူဘူးမေမေ "
သူမ ပစ္စည်းတွေရော...
သူ့ ပစွည်းတွေ ရော နေရာချသည့်အလုပ်ကို သူပဲလုပ်ရကာ..
သူမအနီးက တယောက်အိပ်ကုတင်တွင် နေရာယူလိုက်သည်....
"ဇာကလဲကွာ ရောက်တာနဲ့ တန်းရေချိူးဖို့လုပ်နေတယ် နားပါအုန်း "
'' ဇာ ဖုန်တွေ နဲ့ ဘယ်လိုနားမလဲကိုယ်ရယ် "
'' ကလေးလိုပဲကွာ နေပူပူနဲ့ ရေမချိူးရဘူးလေ "
အစထဲက ချစ်လို့ယူခဲ့ကြသူတွေပီပီ...
မိသားစုတင်မက...
သွေးမတော်သည့် ကလေးမလေးကိုပါ..
သမီးအရင်းလို ပြုစုယုယ ချစ်ခင်တက်သည့်ဖေဖေဟာ..
သူ့ဇန်ီး အပေါ် ပြောစရာမလိုအောင်သဲသဲလှုပ်ချစ်သည်..
မေမေ ဒါဆို ဒါ....
ဂရုစိုက်တက်လိုက်တာလဲ နှစ်ယောက်မရှိပါ...
သူတစ်သက်မက အတူနေလာကြပေမဲ့...
ဆယ်ကျော်သက်စုံတွဲတွေလိုပင်...
ရိုသည်...ချစ်သည်....
မေမေဟာ ဖေဖေနှင့်ဆို ကလေးဆိုးလိုပင်...
ဖေဖေဆူလို့ နှုတ်ခမ်းဆူသွားသည့်မေမေ့ကိုချော့ရင်း..
" သားရေ ဖေဖေတော့ သမီးငယ်လေးကနှစ်ယောက်ပါတာထင်တယ်ကွ "
ဟု ရယ်ကျဲကျဲနှင့် စစ်ကူခေါ်သည်....
သားလူပျိူရှိသည်ကိုပင် ဂရုမစိုက်အားပါ..
ဖေဖေတို့ကို သူ သိပ်အားကျသည်..
ဖေဖေလို ယောက်ျားမျိူး သူဖြစ်ချင်သည်....
ဒီလိုတွေးမိတော့ ကုတင်ပေါ်က သူမကို မျက်လုံး တွေက အလိုလိုကြည့်မိသည်...
ခရီးထွက်လာပြီး အိပ်ပျော်နေတဲ့ သောက်ကလေး
ဒီလို အိပ်ပုပ်ညီမလေးတယောက်ရထားတာလဲမဆိုးပါဘူးလေ....
၁၅၀၀နဲ့ချစ်ကြည့်လို့မရပေမဲ့....
အကိုတယောက်ရဲ့ မေတ္တာမျိူးနှင့် တသက်လုံးစောင့်ရှောက်သွားချင်သည်...