မင်းမကြည့်လို့
*****************************
အမြဲလိုလိုရင်ခုန်ခဲ့ရတဲ့....
ရင်အုပ်ကျယ်ကျယ်တွေထဲကနေနိုးထခွင့်ရလိမ့်မယ်လို့...
စိတ်တောင်မကူးရဲခဲ့ဖူးပါ...
အခုထိ အိမ်မက်လိုလိုထင်နေမိဆဲပါ.....
" ခနလေး "
သူ့ရင်ခွင်နွေးနွေးထဲကနေ...မနည်းအားယူထဖို့ကြိုးစားသော်လည်းသူ့ရဲ့တားဆီးသံကြောင့်မဝင့်မရဲမော့ကြည့်မိသည်....
" ကို..မေးစရာရှိလို့ ကို့ဇနီးလေးက အမှန်တိုင်းပြောပြပေးလို့ရမလား "
သူမအသာအယာခေါင်းညိမ့်ပြလိုက်တော့...
သူဟာ အောင်နိုင်သူတစ်ဦးနှယ်ပြုံးသည်...
" နေရီ..နွေဦးနွယ်ဘယ်မှာရှိနေလဲ သိလား"
သူမ..ထင်ထားခဲ့တာ....
သူဟာအာကာအကြောင်းမေးလိမ့်မယ်လို့ပေါ့....
အထင်နဲ့အမြင်တက်တက်စင်အောင်လွဲသွားခဲ့သလို..... လူဟာအိမ်မက်ကနိုးလာသူလို
သူ့ရင်ခွင်ထဲကထလာခဲ့ပြီး...
ကုတင်နံဘေးခစားနေသည့်သူမ Night dress လေးကိုကောက်စွပ်လိုက်သည်...
ရင်ထဲကဆစ်ခနဲနာကျင်မှု့ဟာ....
လည်တိုင်ပေါ်ကအနီစက်ကလေးရဲ့နာကျင်မှု့ထက်ပိုတယ်....
ကြင်နာမှု့တွေပေးခဲ့တာ....
အတွင်းရေးတွေအစ်မေးချင်လို့တဲ့လား...
ပေါက်ကနဲကျသွားတဲ့မျက်ရည်စက်တွေကိုတော့သူမြင်မယ်မထင်ပါဘူး.....
စိတ်ကူးယဥ်ကမ္ဘာထဲကနေ...သူမလက်တွေ့ကမ္ဘာထဲပြန်ရောက်လာခဲ့ပြီထင်ပါရဲ့
စိတ်ကူးယဥ်ကမ္ဘာထဲပို့ပေးခဲ့တာလဲသူဖြစ်ပြီး..လက်တွေ့ကမ္ဘာထဲပြန်ခေါ်ခဲ့တာလဲသူပဲတဲ့လားကွယ်...
"နေရီပြောပြလိမ့်မယ်လို့ ကို...ထင်သလား"
" ကို...ဝန်ခံပါတယ် မင်းပြောကိုပြောလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး.....ဒါပေမဲ့နေရီ....တကယ်ချစ်ကြတဲ့လူနှစ်ယောက်တကယ်ကြီးဝေးမသွားဖို့ပြောပြပေးဖို့ကိုတောင်းဆိုပါတယ် "
"အချစ်...."
အချစ်ကိုခုတုံးလုပ်ပြီး...ရှင့်တာဝန်တွေပြီးမြောက်ဖို့ကြိုးစားနေတာမဟုတ်ဘူးလားလို့...သူမ မမေးဖြစ်ခဲ့ပါ
" အာ့.."
ကုတင်ပေါ်ကအားယူထလိုက်ပေမဲ့...ဘယ်ကဘယ်လိုနာကျင်နေမှန်းမသိနိုင်တော့ပါ...
လူက ဟန်ချက်ပျက်ချင်သည်...
နောက်ကထိန်းလာသည့်သူ့လက်အစုံဟာ...
မနေ့ကလောက်ရင်ခုန်စရာမကောင်းတော့ပါလား...
စိုးရိမ်နေသယောင်ရှိသလို...
နူးည့ံနေတဲ့မျက်ဝန်းတွေကိုလဲ မနေ့ကလောက်ရင်မခုန်မိတော့ပါဘူး....
ဒါတွေဟာဟန်ဆောင်ယုံသက်သက်ပဲမဟုတ်လား....
"ဘာဖြစ်လို့လဲ....နေရီအဆင်ပြေရဲ့လား "
" ဂရုမစိုက်လဲရပါတယ် ကိုသူရိန်......ဂရုမစိုက်လဲကိုသူရိန်မေးသမျှဖြေပေးမှာပါ ချစ်သူနှစ်ဦးအတွက်ဆိုတဲ့တပါးသူတွေရဲ့ခေါင်းစဥ်ကြောင့်မဟုတ်ပါဘူး...
နေရီ... ကိုသူရိန်ကိုချစ်နေတာမို့လို့ ရှင်ဘာမေးမေးအမှန်တိုင်းဖြေမှာပါ "
" နေရီ...ကို ဂရုစိုက်တာ မင်းဆီက....."
" ဒါပေမဲ့လေ နေရီတကယ်စိတ်မကောင်းပါဘူး ကိုသူရိန် အမဘယ်မှာရှိနေလဲ နေရ်ိီတကယ်မသိတာပါ....
နေရီကူညီပေးနိုင်တာ အမဆီအခု နေရီဆက်သွယ်နေတဲ့ Email လိပ်စာလေးတခုပဲနေရီပေးနိုင်ပါတယ် ....နေရီဟာအမ အရာရာတိုင်ပင်တက်တဲ့ ဝန်ထမ်းမဟုတ်ပါဘူး
အမမိုးသားဖြူလို အမအားကိုးတိုင်ပင်တဲ့ဝန်ထမ်းဖြစ်မနေတဲ့အတွက် နေရီတောင်းပန်ပါတယ် "
သူ့ဘက်ကစကားသံတွေထပ်မကြားရခင်....
သူမ ထထွက်ချင်ခဲ့သော်လည်း...သူမတွေးသလိုမဖြစ်လိုက်ပုံက စိတ်သွားတိုင်းတောင်ကိုယ်မပါခဲ့ဘူးပဲ....
နာနာကျင်ကျင်ပြုံးတက်ခဲ့ပြီး....
မချစ်တက်ဖို့ကြိုးစားရအုန်းမည်.....
သူဆီကဘာမှမမျှော်ပဲနေတက်ဖို့ကြိုးစားရအုန်းမည်...
" ကို...တွဲပေးရမလား "
" နေရီခနလောက်နားချင်တယ် "
" မျက်နှာကအားမရှိသလိုပဲနေရီရာ...နားလိုက်ကောင်မလေး ကို ရှိနေပေးမယ် "
" မဟုတ်ဘူး...ခနလောက်ဖြစ်ဖြစ်တစ်ယောက်ထဲပေးနေပါလား "
နေရီသက်ဝေဆိုတာသူပိုင်ဆိုင်တဲ့အရုပ်ကလေးသာသာပဲမဟုတ်လား...
သူထွက်မသွားရင်တောင်ပြောခွင့်မရှိတဲ့သူရယ်ပါ....
သူရှိနေသလား...မရှိနေသလား
မသိချင်တော့ပါ...အိပ်ယာပေါ်ပြန်လှဲပါမျက်လုံးတွေပိတ်ချပစ်လိုက်သည်...တကယ်ဆိုရေပန်းအောက်ပြေးအော်ငိုချင်နေတာပေမဲ့....
မျက်ရည်တောင်မကျမိအောင်တင်းခံရင်း...
ပိတ်ထားတဲ့မျက်လုံးတွေတသက်လုံးပြန်မပွင့်လာချင်တော့ပါ....ဒီနေရာကိုနောက်ထပ်ပြန်မလာချင်တော့ပါ
ဒီအမျိူးသားကိုနောက်ထပ်ထပ်မချစ်ချင်တော့ပါ
မျက်ရည်လေးတော့လွတ်လပ်စွာကျခွင့်ရချင်မိပါရဲ့လေ.....
.....,.....
ဆုံးရှုံးရတဲ့ခံစားချက်ကိုခံစားခဲ့ဖူးတာမို့...
နောက်တကြိမ်နွယ်လေးကိုဆုံးရှုံးရသည့်အခါလူဟာရူးမတက်ဖြစ်ရသည်.....
သူ့ဘေးကနေရာလွတ်ကလေးဟာအိပ်ယာဝင်တိုင်းလစ်ဟာနေသည်...
ဝေးရပြီဆိုမှ....ရှိနေတုန်းဒီထက်ပိုပြီးချစ်မပေးနိုင်ခဲ့တာကိုနောက်တရပြန်တယ်
နေ့နေ့ညည....
သူမကိုရှာနေခဲ့သော်လည်း ရက်စက်တဲ့သူ့ဇနီးလေးဟာလုံအောင်ပုန်းနိုင်ခဲ့လေသည်
ကိုကိုတောင်းပန်ပါတယ် ကျေးဇူးပြုပြီးပြန်လာပေးပါလားကွာ....
ငိုသံတွေကိုသူမ...ကြားရင်ဘာပြောမလဲ
သူမရင်ထဲမှာရောသူ့ကြောင့်ဘယ်လောက်များငိုရပြီးပြီလဲ....
အရက်ပုလင်းတွေကြားခေါင်းစိုက်ရင်း...
နွယ်လေးမရှိတဲ့နေရာလွတ်ဒီအိပ်ယာပေါ်မှာအိပ်ပျော်ဖို့မလွယ်ကူပါ
မင်းသာရှိရင်ဆူနေမလားနွယ်လေး....
ညတွေဟာ ငိုဖို့လုံလောက်တယ်...
သြဇာဂုဏ်ဆိုတဲ့နာမည်နဲ့မလိုက်ဖက်အောင်အငိုသန်လာတယ်ထင်ပါရဲ့...
မနက်ဆိုသူမကိုရှာတယ်...
ညဆိုသူမကိုလွမ်းလို့ငိုတယ်....
အဆင်ပြေပါတယ်လေ......
မင်းရောအဆင်ပြေနေရဲ့လားနွယ်လေး....
မဖြစ်နိုင်ဘူးဆိုတာသိပေမဲ့...
ငိုမနေဖို့မျှော်လင့်တယ်.....
ငိုနေရတာသိပ်ပင်ပန်းတယ်မင်းကိုတော့မပင်ပန်းနေစေချင်ဘူးကွာ
" Hello....."
"......."
" သိရပြီလား...."
ဖုန်းချသွားတဲ့အခါ...ပျော်စရာသတင်းဆိုပေမဲ့သူဘာဆက်လုပ်ရမလဲ
နွယ်လေးကိုရှာတွေ့ပြီတဲ့.....