မင်းမကြည့်လို့
***************************
ဘာမှမဖြစ်ခဲ့သလိုကားကိုတည်တည်ငြိမ်ငြိမ်မောင်းနေသည့်သူရိန်ကြောင့်...
နေရီစိတ်လှုပ်ရှားနေမိသည့်အခိုက်အတန့်တွေဟာဘယ်ဆီလွင့်ပြယ်သည်မသိ...
သူဟာတကယ်ပဲ.....
သူမကိုစိတ်မဝင်စားကြောင်းပြသပေးလိုက်သည်ထင်ပါရဲ့
" ကိုသူရိန်..ဖိတ်စာတွေဘယ်အချိန်ထဲက ပြင်နေတာလဲ "
" လက်မှတ်တောင်ထိုးထားပြီးပြီဆိုတော့..ပွဲတော့လုပ်ပေးရမှာပေါ့....
မင်းအသက်ဘယ်လောက်ရှိပြီလဲ "
မေးလိမ့်မလားမျှော်လင့်တာတခုပေမဲ့....
တကယ်တမ်းမေးလာသည်က တခုမို့....သူ့မျက်နှာကိုခနငေးကြည့်မိသည့်အထိပင်...
"22 "
" ကိုယ်က 30 "
"နေရီသိပါတယ်..."
" ကို....လို့ပဲခေါ် "
ချစ်စနိုးခေါ်တဲ့နာမ်စားတွေဆိုတာ....
ဒီတိုင်းထွက်လာတဲ့အရာတွေမှမဟုတ်ပဲနဲ့...
တိတ်ဆိတ်ခြင်းကိုဖြိုခွင်းလိုက်တာသူမဖြစ်သလို...
ပြန်လည်တိတ်ဆိတ်သွားတာလဲသူမပဲ ဖြစ်သည် ချစ်ခြင်းမေတ္တာဆိုတာပေါပေါပဲပဲအလကားရသည့်အရာတွေမှမဟုတ်ပဲ....
ကိုယ်ကချည်းလိုက်လျောနေရတဲ့....
ချစ်နေမှန်းသိလို့အနိုင်ကျင့်ချင်တဲ့ အခြေနေတွေဟာသိပ်ကိုပင်ပန်းရပါတယ်....
ကိုယ်နဲ့လက်ထပ်ပွဲကျင်းပဖို့ ကိုယ့်ကိုတိုင်ပင်ခြင်းမရှ်ိစီစဥ်နေတဲ့အမျိူးသားဟာ...
ကိုယ့်ကို ရင်ခွင်ထဲ ထည့်ထားရင်း သူချစ်တဲ့အမျိူးသမီးလေးကို လွမ်းဆွတ်နေတဲ့သူမဟုတ်လား....
တချိူ့တွေအတွက်အိမ်ဆိုတာ...
အေးချမ်းခြင်းနဲ့အမောပြေစေတယ်တဲ့....
သူမအတွက်အိမ်ဆိုတာ....
ဧည့်ခန်းမှာ လှပတဲ့အပြုံးတွေနဲ့နေရာယူထားတဲ့ပန်းချီကားလေးကြောင့်...
အိမ်ထဲဝင်တိုင်းနာကျင်နေရတာမျိူး.....
" နေရီသက်ဝေ "
" မမ "
တိုက်ဆိုင်လှစွာ......ကားပေါ်ကဆင်းဆင်းခြင်း တန်းတိုးလာသည့် သစ္စာရှင်...
သူမခါးပေါ်အလိုက်သင့်စွာရောက်လာသည့်သူ့ရဲ့လက်....
အရာရာဟာ...နာကျင်စရာအပြည့်နဲ့ပါပဲ
" နေရီက ဒီမှာနေတာလား "
" ဟိုလေ.....ဟုတ် "
"ကိုသူရိန်က.... "
" ကိုယ်တို့ကလက်ထပ်ထားတာလေ...ပွဲလုပ်ဖို့ စီစဥ်နေတုန်းပေမဲ့ လက်မှတ်ထိုးထားပြီးသားမို့လို့ ဒီကလေးမလေးနဲ့နီးဖို့မစောင့်နိုင်တော့လို့အပိုင်သိမ်းထားလိုက်တာ "
မချိူမချဥ်မျက်နှာထားနဲ့....သူ့အပြုံးတွေကိုသူမ မုန်းတယ်...
အသုံးချခံသူမကိုသူမလဲမုန်းမိတယ်....
သစ္စာရဲ့မျက်ဝန်းတွေဟာ.....
နားမလည်နိုင်ဟန်အပြည့်ပါနေတယ်....
အင်းလေ..... ဘေးလူဖြစ်တဲ့သူမကတောင်ရိပ်မိနေခဲ့ရင်ကာယကံရှင်မိန်းကလေးဟာ...
သူရိန်ရဲ့အချစ်တွေကိုမသိပဲနေပါ့မလား.....
"ရှင်လေး..."
ခေါ်သံနှင့်အတူ...နောက်ထပ်ထွက်လာသည့်အမျိူးသားဟာ TUN Group က သျှံထွန်းမဟုတ်လား...
သူမအလုပ်ဝင်ကာစအချိန်က.....
သျှံထွန်နှင့် Tun group အကြောင်းနားနှင့်မဆံအောင်ကြားခဲ့ရဖူးသည်မို့ ရီသဲ့သဲ့မျက်နှာဘေးနှင့်...
ထိုအမျိူးသားကိုသူမကောင်းကောင်းမှတ်မိသည်...
"ကိုယ်တို့...သွားရအောင် နေရီ "
နှုတ်ဆက်ချိန်မရလိုက်အောင်...သူရိန်ရဲ့ဆွဲခေါ်ခြင်းခံလိုက်ရသည်...သစ္စာရှင်ဟာသျှံထွန်းနဲ့တွဲနေတာလား
အလိုမကျခြင်းအပြည့်နှင့်သူ့မျက်နှာဟာသုန်မှုန်နေတာကလွဲရင်ထူးပြီးတော့အံ့သြပုံမရပါ...
Sky Castle နဲ့မကြာမကြာပြသာနာတက်ဖူးသည့်ရန်သူနှင့်မှတွဲရတယ်လို့....
ဒါကြောင့်....သူဟာ...သူမကိုချက်ချင်းလက်ထက်ခဲ့တာလား
ရင်ထဲကနာကျင်မှု့တွေဟာ...ဆူးလိုပါပဲလား
ဝဲတက်လာတဲ့မျက်ရည်စတွေသူမသိအောင်သုတ်ပစ်ရင်း....
သူလက်ထပ်ခဲ့တာ....
သစ္စာရှင်နဲ့ဝေးချင်လို့မဟုတ်ပဲ.....
အရွဲ့တိုက်ချင်လို့လား
သူမကိုယ်လေးကိုနံရံနဲ့ထိကပ်လိုက်သည်....
ရုတ်တရက်ခပ်ကြမ်းကြမ်းအပြုမူတွေကြောင့်.....
" ကိုသူရိန် "
" ကို...လို့ခေါ်ပါလို့ပြောထားတယ်မဟုတ်လား နေရီသက်ဝေ "
သူမဘက်ကနောက်ထပ်တုံပြန်စကားတွေမစတင်ရခင်...
နှုတ်ခမ်းတွေပေါ်ကျရောက်လာသည့် အနမ်းတွေ အချစ်နဲ့ပတ်သတ်လာရင်မိန်းကလေးတွေဟာရူးမိုက်တက်ကြတယ်ဆိုတာသိပ်မှန်တာပဲ....
သူမ တဖတ်သတ်ချစ်ခဲ့ရသူဆီက မိုးကျလာသည့်အနမ်းတွေကို....နာကျင်ရမှန်းမသိရင်ခုန်နေမိသည်
ကြမ်းရှရှအနမ်းတွေအောက်မှာ.....
ဝုန်းဒိုင်းကျဲရင်ခုန်မိရင်း...သူ့ဆီကရတဲ့ကိုယ်သင့်ရနံ့လေးတွေကြားရစ်မူးရင်း...
သူမ ဘာမှမသိပါရင်ခုန်တာပဲသိတေယ့သည်အထိရူးရူးမူးမူးချစ်နေမိသည်.....
''အာ့..."
သူ့ဘက်ကအချစ်မပါရင်ခုန်သံမရှိပဲချွေချနေသည့်အနမ်းကြမ်းကြမ်းတွေကြားပျော်ဝင်နေခဲ့တာ....
နာကျင်လာမှအသိဝင်သည်....
" နမ်းချင်လာလို့ကွာ "
တခွန်းထဲပြောပြီးလှည့်ထွက်သွားသည့်သူဟာသူမကိုခုနကလိုကြင်နာစွာတွဲကိုင်ထားခြင်းမရှိတော့ခြေလှမ်းကျဲတွေနှင့်ရှေ့ကနေခပ်သုတ်သုတ်လျှောက်သည်.....
ရိပ်ခနဲ မြင်လိုက်သည့် ပုံရိပ်လေးတခုကြောင့်...
ရင်ခုန်သံမဲ့အနမ်းတွေဘာကြောင့်ချွေချခဲ့သလဲသဘောပေါက်တော့သည်....
သစ္စာရှင်ကိုမြင်လိုက်လို့ သူမကိုအသုံးချတာပေမဲ့...သူမရဲ့ရင်ခုန်သံတွေကတော့အိမ်ထဲရောက်သည်အထိမရပ်တန့်နိုင်သေးပါ....
အသုံးချခံသက်သက်ဖြစ်နေရင်တောင်...
ရင်ခုန်နေဆဲပဲ အကို...
ရှက်သွေးဖြာတဲ့ အပြုံးစကလေးတွေနှင့်ကြည်နူးမဆုံးဖြစ်နေသည့်သူမရှိရာဆီပြန်လှည့်လာရင်း....
" ဘာတွေငေးနေတာလဲ လာ "
သူမလက်ဖဝါးတွေဆီထိတွေ့လာတဲ့...
သူ့လက်ဖဝါးတွေဟာ နူးညံ့လွန်းလှသည်....
ခပ်ကျယ်ကျယ်ရင်အုံတွေဟာ...မှီတွယ်ချင်စဖွယ်ရင်ခုန်ရသလို
အသက်ရွယ်နဲ့မလိုက်အောင်ဖြူပြီးစိုပြေနေတဲ့အသားအရည်တွေဟာကြည့်လိုက်တာနဲ့..လက်ဖဝါးနုနုလေးပိုင်ဆိုင်မယ်မှန်းကြိုသိပြီးသားတောင်မှ...
ရင်တွေခုန်နေရသတဲ့.....
တခဏတာဂရုစိုက်မှု့လေးနဲ့တင်လုံလောက်တဲ့အထိချစ်ရပါသော....
ကြည်နူးပီတိဖြစ်ချင်းတွေနဲ့အတူ.....
ရေချိူးခန်းထဲရောက်သည်အထိတိမ်တွေပေါ်ရောက်သလိုပျော်နေခဲ့သည်...
ဒါဟာ...အချစ်ရဲ့ပျော်ရွှင်မှု့ပဲမဟုတ်လား....
" အကို "
ကုတင်ပေါ်လှဲနေသည့် သူ့နံဘေးမှာရပ်ရင်း...
ခေါ်လိုက်သည့်အသံကြောင့်မော့ကြည့်ကာ...
" ကို... လို့ခေါ်ဖို့သင်ပေးမှထင်တယ် "
''အမေ့..."
သူမလက်ကိုဆွဲလိုက်သည်မို့...
သူရင်ခွင်ကျယ်တွေဆီ ပြုတ်ကျသည့်သူမကို ခပ်တင်းတင်းဖက်ကာ...
အိပ်ယာပေါ်လှဲချပစ်ကာ...သူမပေါ်မှအုပ်မိုးသည့်အနေအထားနှင့်...
သူ့မျက်ဝန်းတွေဟာခါတိုင်းထက်ပိုနူးညံ့နေသည်ကိုသတိထားမိသည်...
ဆက်တိုက်ဆိုသလိုကျလာတဲ့ခပ်နွေးနွေးအနမ်းတွေရဲ့အထိအတွေ့ဟာလူကိုခပ်ရှိန်းရှိန်းနဲ့....
ရစ်မူးနေစေသေးသတဲ့.....
" ကို...ရှေ့ဆက်သွားလို့ဖြစ်တယ်မဟုတ်လား "
ခပ်အေးအေးပြောတက်တဲ့...ချိူမြမြအသံသြသြလေးတွေမှာ နာခံတက်စေတဲ့အစွမ်းတွေအပြည့်ရှိနေတက်သေးတာ....
သူမ....
သူ့အပေါ်ပထမဆုံးသတိထားမိစေခဲ့တဲ့အချက်ပါပဲ....
ခွင့်တောင်းတာမဟုတ်မှန်းသိသလို....
ပြန်ဖြေဖို့မလိုမှန်းလဲသိနေခဲ့တာတော့အံ့သြဖို့မကောင်းဘူးလားအကိုရယ်...
သူနဲ့အတူ...ငြင်းဆန်ခြင်းမရှိလိုက်ပါခဲ့မိတဲ့ကမ္ဘာလေးမှာအချစ်တွေရှိမရှိသူမ...မသိသော်လည်းပဲ..
ရင်ခုန်စရာတွေရှိနေခဲ့တာကိုတော့....
ဒီနေ့.....ပထမဆုံးနေ့
အတည်တကျမင်္ဂလာပွဲအထိပြုလုပ်ပေး
ဖို့သူ့ဘက်ကဆန္ဒရှိနေမှန်းသိရတဲ့နေ့....
သူ့ဆီကနူးညံတဲ့အကြည့်တွေနဲ့နူးညံ့တဲ့သူ့လက်ဖဝါးကလေးကိုပထမဆုံးအကြိမ်ထိတွေ့ခွင့်ရတဲ့နေ့...
ပြီးတော့......
သူနဲ့သူမအတွက်ပထမဆုံးအကြိမ်ဖြတ်သန်းကြတဲ့မင်္ဂလာဦးညလေးရှိလာတဲ့နေ့....