book

Index 27

(အပိုင်း...၂၇)

မင်းမကြည့်လို့

****************************


အချစ်ဆုံးတွေပါလို့ထင်ခဲ့တဲ့ချစ်သူနှစ်ဦးဟာလဲနောက်ဆုံးတော့ကျောခိုင်းအိပ်ယာဝင်ရတဲ့နေ့ရက်တွေရောက်လာခဲ့တာပါပဲလား ကိုကိုရယ်....

မွန်းကြပ်လာတဲ့ဒဏ်တွေသူမ...မခံစားနိုင်တော့ပါ..


" မိုးချူပ်နေပြီဘယ်လဲ "


" အလုပ်ပေါ်လာလို့ "


သူ့ဘက်ကနောက်ထပ်တစုံတရာထွက်မလာတော့သလိုသူမ ဟာလဲအိပ်ရာကိုကျောခိုင်းထွက်သွားခဲ့လေပြီ....

တသက်လုံးရှင်သန်လာခဲ့သည့်မာနတွေကို

သူသည်းခံခုနှိမ်ရင်း...သူမကိုမဆုံးရှုံးရဖို့ကြိုးပမ်းခဲ့သော်လည်းဒီတခါမာနတွေက...


အောက်ကျိူ့ကာပြန်ချော့လိုက်ဖို့တွန့်ဆုပ်နေမိသည်...ပြန်ချော့လိုက်ဖို့စိတ်ကူးသော်လည်း

မျက်နှာပျက်ရသည့်အကြောင်းခေါင်းထဲရောက်လာတော့ မာနတွေကတင်းခံလာသည်...


ငါမှ...မမှားဘဲလို့တစ်ကိုယ်ကောင်းဆန်စွာ

တွေးမိသေးတာ


" ကိုကို "


သူဘယ်လောက်ထိ အိပ်ပျော်သွားသလဲ..ဘာ်အချိန်က အိပ်ပျော်သွားသလဲ မသိပါ.....

မို့အစ်နေသည့်မျက်ခွံဖောင်းဖောင်းတွေရယ်..နွမ်းလျလျမျက်နှာထားရယ်ကြောင့်


တညလုံးမအိပ်ပဲငိုထားတာလား....


ဆိုသည့်မေးခွန်းဟာနှုတ်ဖျားကထွက်မလာခဲ့ပါ


" နွယ်လေး..ခနလောက်စကားပြောချင်လို့ "


ခပ်တိုးတိုးအသံလေးဟာ...

အားမပါလှပါ...


" အင်း "


" ကိုကိုနဲ့နွယ်လေးဟာ ဘဝတလျှောက်လုံးတွေ့လာခဲ့ကြပေမဲ့ တကယ်ကိုအတွေးမတူ Type မတူကြဘူး....ညှိယူဖို့ကြိုးစားပေမဲ့နွယ်လေးလက်လျော့လိုက်ပြီ "


သူမလှမ်းပေးသည့်စာရွက်အချိူ့ကိုယူလိုက်ရင်းဆွံအနေမိသည့်အဖြစ်...

သူ့ရင်ထဲတောင်အစိုင်အခဲတွေရှိနေရင်....

သူမကရော.....


မဟုတ်တာ ဒီလောက်အလိုလိုက်အကြိုက်ဆောင်နေခဲ့တာကိုသူမအတွက်ဘာတွေများနစ်နာရလို့လဲ...

သူကသာမိတ်ဆွေတွေကြားနာမည်ပျက်ရပြီးပြီ ဒီလိုအချိန်မှာမှသူမကပါထားခဲ့ချင်သေးတယ်တဲ့လား....


မနက်ခင်းဝေလီဝေလင်းချမ်းစိမ့်စိမ့်မှာ.....


တံခါးပိတ်သံမတ်ိုးမကျယ်နှင့်သူမထွက်သွားသည်အထိကွာရှင်းစာချူပ်ကိုသာတွေတွေကြီးငေးကြည့်ရင်း...

ကျန်ရစ်ခဲ့သည်....


တကယ်ဆိုသူတို့နေနေတာသူမအိမ်ပါ....

လူကြီးတွေခရီးကပြန်လာသည့်အခါသူဘာပြောရမလဲ....

ဘယ်လိုပြောရမလဲ....

လိုက်ဆွဲထားသင့်သလား......


အသိဝင်လာသည့်အချိန်မှာ....သူမကားလေးမောင်းထွက်သွားလေပြီ.

ကားမှာ GPS တပ်ထားတာပဲ....

နောက်မှပြန်ချော့ကာလိုက်ခေါ်မည်...လောလောဆယ်အလျော့ပေးနိုင်သည့်စိတ်အခြေနေမဟူတ်သေးသည်မို့... 


***********************************


နွယ်လေးရဲ့လက်မှတ်ကလေးနေရာယူထားသည့်ကွာရှင်းစာချူပ်လေးကိုထုတ်ကြည့်မိတိုင်း...ရင်ထဲမကောင်းပါ

သူဒီလောက်ချစ်ပေးခဲ့ရဲ့သားနဲ့ကွာဆိုသည့်အတွေးနှင့်အတူ...သူမထွက်သွားပြီးကထဲကနေ့နေ့ညည ပေတေကာ

အရက်ပုလင်းတွေထဲခေါင်းနှစ်မိသည်.....


သူတို့ဘာတွေကများစပြီး...

ဘယ်နေရာကများစပြီးမှားယွင်းခဲ့သလဲ....

သူ့ဘက်ကတခြမ်းလက်မှတ်မထိုးရသေးသည့်စာချူပ်လေးကို တကယ်ပဲလက်မှတ်ထိုးပေးပြီးလွတ်လပ်ခွင့်ပေးလိုက်ရင်....


တကယ်ပဲမင်းပျော်ရွှင်မှာလားနွယ်......


သံယောဇဉ် တွေနှစ်အတော်ကြာခိုင်မာစွာရစ်နှောင်နွယ်လာပြီးမှ....

Type မတူဘူးတဲ့လား........


လက်မှတ်ထိုးပေးလိုက်တော့မည်ဟု....


တွေးပြီကာမှလူကသူမကိုပြင်းပြင်ူထန်ထန်သတိရလာသည်....သူဘယ်လောက်တောင်ခက်ခက်ခဲခဲရယူထားရတဲ့လူလဲသူသာအသိဆုံးမဟုတ်လား...

ကွဲရမဲ့ဇာတာပါလာရင်.....

ကွဲကိုကွဲရမှာလား....


လက်တွေက GPS ဆီအလိုလိုကြည့်မိသည်....သူ့ဇနီးလေးဟာကလေးမလေးမဟုတ်တော့ကြောင်းထက်မြက်တဲ့အမျိူးသမီးဖြစ်ကြောင်းကိုသူ...နောက်ထပ်မမေ့ရဲအောင်သူမပညာပြခဲ့ချေပြီ...


သူမကားဟာ....


သူမရုံးထဲမှာတင်ရှိနေသည်.......


သူအပြေးကြည့်မိသော်လည်းကားသာရှိသည်...သူမရှိမနေပါထွက်သွားသည့်ညထဲကရုံးမှာဝင်ထားသွားပြီးကားလဲသွားပုံရသည်...


မင်းသိပ်တော်ပါတယ်နွယ်လေးရာ....


ဦးတည်ရာခြေလှမ်းတွေကမင်းတိမ်လွှာဆီသို့.......


သူ့ကိုမြင်တော့အတော်ကိုအံသြနေသည့်ရုပ်ဖြင့်မော့ကြည့်လာသည့်မင်းတိမ်လွှာပင်...

အံသြလဲအံ့သြချင်စရာပါပဲလေ....အမြဲသပ်သပ်ရပ်ရပ်နေတက်သည့်သူဟာအခုတော့....

သြဇာဂုဏ် ပါလို့မမှတ်မိနိုင်လောက်အောင်ပြောင်းလဲနေသည်မဟုတ်လား...


'' ကွဲကွာရမဲ့ ဇာတာပါရင် ကိုယ်တို့ ကွဲကို ကွဲရမယ်ထင်တယ် တိမ်လွှာ "


'' ကိုဂုဏ် နွယ်ကို မရှာဘူးလား "


''ကိုယ် ....ကိုယ်မရှာတော့ဘူး သူ သွားပါစေ..

ကိုယ့်အနားမှာနေရတာ သူ့ဘဝအတွက် အချူပ်အနှောင်ပဲတဲ့ "


'' ကျွန်တော် စုံစမ်းကြည့်ပါအုန်းမယ် ကိုဂုဏ် ''


'' ကိုယ်တို့ဘယ်လိုရှောင်လွှဲရှောင်လွှဲ မရဘူးထင်တယ် တိမ်လွှာ ကံတရားတွေဟာ ပြင်မရဘူးထင်တယ် "


သူဆောက်တည်ရာမဲ့အပြေးအလွှာသွားခဲ့တာဖြစ်သော်လည်း....

သူတို့သတင်းကြားပြီး စိုးရိမ်မှု့တွေများလာသည့်မျက်နှာနှင့်မင်းတိမ်လွှာရှေ့မှာ....

သူ့ခံစားချက်တွေကိုထိန်းလာခဲ့သည်


မရှာတော့ဘူးလို့ပြောခဲ့သော်လည်း......


ပိတ်ထားသည့်ဖုန်းကိုဆက်တိုက်ခေါ်နေမိကာ...ခြေလှမ်းတွေကသူမ..သွားနိုင်လောက်သည့်နေရာအချိူ့ဆီသို့ပြေးလွှားရင်း......


************************************


နေရီ..ထိုလူ့ကိုမြင်သည်နှင့်.ခြေလှမ်းတွေကိုခပ်သွက်သွက်လျှောက်လိုက်မိသည်....


" နေရီ "


ခပ်သွက်သွက်ခြေလှမ်းတွေနောက်ကနေ အာကာဟာထက်ကြပ်မကွာခြေလှမ်းကျဲတွေနှင့်လိုက်သည်.....


" ကိုယ့်ကိုမြင်တာကိုဘာလို့ပြေးတာလဲကွာ ချော်လဲမှဖြင့်.. "


''နေရီအလုပ်ကိစ္စလေးရှိသေးလို့ပါ "


"ဒါရုံးဆင်းချိန်မဟုတ်ဘူးလား "


သူမကိုဆိုရင်...အမြဲလိုလိုအရိပ်တကြည့်ကြည့်နှင့် ဘာလိုအပ်သလဲ...ဘာဖြစ်နေလဲကအစနားလည်နိုင်လွန်းသူမို့သူမလိမ်ရန်ခက်တာသိသော်လည်း...

ဘယ်လိုရှောင်ရမလဲ....


လက်မှတ်ထိုးပြီးလူမသိသူမသိယူထားသည့်ယောက်ျားအကြောင်းပြောပြရမလား....


"နေရီသက်ဝေ "


မတိုးမကျယ်နှင့်ပုံမှန်ထက်ကျယ်လွန်းသည်အသံ...

ဒီအသံကိုကြားထဲကအသံပိုင်ရှင်ရဲ့မျက်နှာပါတွဲမြင်နေအောင်ထိမှတ်မိနေတက်တာမျိူး....


Malibu...ကားဖြူဖြူကလေးပေါ်က ဆင်းလာသည်သူရိန်...


" ကားပေါ်တက် "


" နေရီ...... သူကဘယ်သူလဲ "


သူရိန်ဆီခြေဦးလှည့်သွားနေသည့်သူမလက်ကိုဆွဲကာ အာကာ က စိုးရိမ်သောအကြည့်တွေနှင့်မေးသည်....


" ဒါ ကိုယ်တို့ဖိတ်စာ date ဝေးနေသေးလို့ ဘယ်သူမှမဖိတ်ရသေးဘူး...ကိုယ်ကသူ့ခင်ပွန်းပါ "


" နေရီ..ဟုတ်သလား "


သူမ...မထင်မှတ်ထားသည်မို့သူရိန်ကိုတအံတသြကြည့်နေမိကာ...အာကာရဲ့မေးခွန်းကိုပြန်ဖြေရန်စကားထွက်မလာခဲ့...

မျက်လုံးစိမ်းတွေနှင့်သူရိန်ကိုမြင်မှအသိဝင်လာခဲ့ကာ...


" အင်း..."


နောက်ထပ်ဘာမှထပ်မပြောဖြစ်ခဲ့ပါ....

သူတံခါးဖွင့်ပေးသည့်ကားထဲဝင်ထိုင်လိုက်သွားခဲ့သည်...

အာကာဟာ...သူမ အချစ်ဦးဖြစ်ခဲ့သလို ရည်းစားဦးလဲ ဖြစ်ခဲ့သည်ပင်...အကြောင်းမတိုက်ဆိုင်စွာ လမ်းခွဲခဲ့ကြပေမဲ့....

သူမအပေါ်အမြဲကောင်းခဲ့သူပင်....


နာကျင်အောင်ရော...ရင်နာအောင်ရောဘာမှမလုပ်ခဲ့ဖူးသလိုသိပ်ကောင်းတဲ့ရည်းစားဖြစ်ခဲ့သည်.....

သူ့ကို စတွေ့တော့....

သူဟာ အာကာနှင့်ဆင်တူသည်ဟုသူမထင်ခဲ့ဖူးသည်...သို့သော်အစားထိုးဖို့မကြိုးစားခဲ့ဖူးပါ...


rate now: