book

Index 26

(အပိုင်း...၂၆ )

မင်းမကြည့်လို့ 

*****************************


" နေရီ "


"ဟုတ်ကဲ့အမ "


" အစ်မ မဖြစ်မနေလုပ်ရမဲ့...ကိစ္စတွေကို တစ်ပတ်အတွင်းအပြီးလုပ်မယ်..."


" ဟုတ် "


" အဲ့တာတွေပြီးရင်....အစ်မ မရှိလဲ နေရီတာဝန်ယူလို့ရမဲ့တချိူ့အပိုင်းတွေကို စိတ်ချမယ်နော်...အမကို မေးလ်ပို့ပေါ့ အမ အနည်းဆုံး တစ်လ လောက်တော့ခရီးထွက်ရဖို့ရှိနေတယ် "


" ဟုတ် အမ နေရီလုပ်ထားလိုက်ပါ့မယ် "


ခရီးထွက်ရသည့်ကိစ္စတွေဟာ...နဂိုထဲကရှိသည်မို့ အဆင်ပြေမှာသေချာပါသည်....

ဒီရက်တွေမှာ...

သူမအလုပ်တွေဖြတ်ရသည်မို့ မအားပါ.....


ကိုကိုနဲ့မျက်နှာချင်းမဆိုင်ဖြစ်အောင်နေရသည်မှာသိပ်တော့မလွယ်လှ...

မင်းတိမ်လွှာ နဲ့တွေ့ပြီးသွားသည့်ထိုနေ့ကသူနဲ့ကိုကို အကြီးအကျယ်ရန်ဖြစ်ကြသည်ပင်....ရန်ဖြသ်သည်ဆိုတာသူမဘက်ကခေါင်းစဥ်လေးတခုသာ.....

တကယ်ကစစ်အေးတိုက်ပွဲ သာသာပဲမဟုတ်လား....


ကိုကိုအကြောင်းခေါင်းထဲပေါ်လာတော့...

အတွေးတွေကထိုနေ့ဆီပြန်လည်ကူးခက်လာသည်....


ပထမဆုံးအကြိမ်....

အခန်းတံခါးကိုခပ်ကြမ်းကြမ်းဖွင့်ရင်း...တနေလုံးသူမြိုသိပ်ခဲ့ရသည့်မာနတွေကိုတံခါးဆီပုံချနေပုံရတာသူမသိသည်...


"နွေဦးနွယ် "


ကြိုတွေးထားပြီးသားပြသာနာမို့.....

သူမရင်မခုန်တော့ပါ...


"နာမည်အပြည့်အစုံတွေခေါ်လို့ပါလားကိုကိုရယ် အဟွန်း "


" ထေ့မနေနဲ့နွယ် မင်းလုပ်ထားတာတွေအဓိပ္ပါယ်မရှိတာတော့မင်းသိတယ်မဟုတ်လား "


" ဘာကိုလဲ "


" မဆိုင်တဲ့သူတွေကိုပတ်ရမ်းပြီးဘယ်အချိန်ထိ..ကိုယ့်ကိုမျက်နှာမဖော်ရဲအောင်လုပ်နေအုန်းမှာလဲကွာ "


" ကိုကို...ကရော...."


" မင်း.ကို့companyကိုလာတယ် ကိုယ်ကျေနပ်နေခဲ့တာနော် ကို့ပိုင်ဆိုင်မှု့ဟာမင်းပိုင်ဆိုင်မှု့ပဲလို့ကိုယ်တွေးခဲ့လို့....ကိုယ်ပြုံးပြုံးကြီး Dkhit မှာနေရာပေးခဲ့တယ်...

မလုပ်သင့်တဲ့အပြောင်းအရွေ့ထိမင်းလုပ်တယ်ကိုယ်ပြုံးပြုံးကြီးနေပေးခဲ့တယ် "


" အင်း...သိပ်နစ်နာသွားတယိပေါ့ "


"စည်းစိမ်တွေဆုံးရှုံးတာကိုယ်ပြန်ရှာနိုင်တယ် နွယ်လေးရဲ့ အခုကို့သိက္ခာ....ဒီမိန်းကလေးသိပ်တော်ပါတယ် စာရိတ္တကောင်းပါတယ်ဆိုကိုယ့်အာမခံပေးခဲ့ပေမဲ့...

မင်းရဲ့နောက်ကွယ်ကအဆုံးထိဖြုတ်ချရေးရည်မှန်းချက်ကြောင့်....

ဒီကောင်ကသောက်ပေါကြီးဖြစ်ရပြီပေါ့ "


"အဟွန်း...အစထဲကမလိုတာတွေမလုပ်ပဲနေခဲ့မှပေါ့ဘယ်သူကအာမခံခိုင်းလို့လဲ "


"ဘာလို့အာမခံ ရလဲမင်းမေးဖူးလား "


" မကြိုက် မှန်းသိရက်နဲ့ပတ်သတ်နေတာဘယ်သူလဲ "


" အခု....မင်းဖြစ်စေချင်သလို သစ္စာရှင်ကိုလဲဘယ်Companyကမှလက်မခံတော့ဘူး....အေး မင်းယောက်ျားငါကိုလဲ ဘယ်သူကိုမှထောက်ခံပေးလို့မရအောင်အထိအယုံကြည်မဲ့ကုန်ပြီ "


" ကိုကို့ကောင်မက Sky castle ကို သွားထိတာလေ နွယ်လေးနဲ့အလွတ်ကြီး....

Sky Castle ရဲ့ခြံဝန်းထဲထိဝင်ပြီး..မင်းတိမ်လွှာ သဲသဲလှုပ်နေတဲ့...သူ့ဇနီးကိုတက်စော်ကားထားတာ မင်းတိမ်လွှာရဲ့မာနနဲ့အင်အားအကြောင်းသိရက်နဲ့...

ဓားခုတ်ရာလက်မလျိူသင့်ကြောင်းကြိုတွေးထားသင့်တာ "


" တော်ပါတော့ကွာဟုတ်ပါပြီ.....ကိုကိုတို့သွေးပူနေတုန်းဆက်မပြောကြရအောင်...ကိုကိုကပဲတောင်းပန်ပါတယ်....

လောလောဆယ်တော့ Dkhit ဘက်ကိုဝင်မပါပဲခနလောက်နေပေးပါလို့တောင်းပန်ပါတယ် ကိုကို.....ခန နားအုန်းမယ် နွယ် တအားစိတ်ပင်ပန်းသွားရလို့ပါ "


နင်တလုံးငါတလုံးနဲ့ပြောနေပြီးမှ....

တောင်းပန်ခြင်းနဲ့လျောချသွားပြန်တယ်...

Dkhit ဘက်ကိုဝင်မပါ..ပါနဲ့တဲ့လား....


မာနက စူးကနဲ့ရင်ကိုစောင့်တက်သည်...


လှည့်တောင်မကြည့်ပဲထွက်သွားပုံက...

တကယ်ပဲ...အဲ့မိန်းမအတွက်နဲ့နွယ်လေးတို့ရန်ဖြသ်ဖို့အထိတန်တယ်ထင်ခဲ့တယ်ပေါ့....

စိတ်အခုခံဖို့အထိတန်တယ်ထင်တယ်ပေါ့....


အဟွန်း.....


Dkiht ဘက်ကိုဝင်မပါနဲ့တဲ့လား....


အဆင့်အတန်းတွေနဲ့စည်းခွဲချပစ်လိုက်ပြီပေါ့...တကယ်ဆိုသူ့စည်းစိမ်တွေမက်မောလို့ဝင်ပါခဲ့တာမှမဟုတ်ပဲ....

company သေးသေးလေးပဲပိုင်တဲ့သူမက...

Group ကြီးတခုရဲ့ကိစ္စတွေဝင်မပါနဲ့ပေါ့နော်...


အတားအဆီးမဲ့ကျလာတဲ့မျက်ရည်တွေကိုကျမ မုန်းလိုက်တာ...

လှည့်တောင်မကြည့်ပဲကျောခိုင်းသွားတဲ့ကိုကို့ကျောပြင်တွေလိုပဲကျမမုန်းတယ်....


" အစ်မ "


နေရီအသံကြားမှ ဘယ်အချိန်ထဲက ကျလာမိလဲမသိသည့်မျက်ရည်တွေကိုအမြန်သုတ်ရသည်.....

အခုဝင်လာတာမိုးသားဆိုရင်သိပ်ကောင်းမယ် အရာရာတိုင်ပင်ဖွင့်ဟလို့ရသည်


************************************


"ကိုသူရိန်...စားဖို့တခုခု လုပ်ပေးရမလား "


" ရတယ်နေ ကိုယ်စားခဲ့ပြီးပြီ မင်းရော "


"ကိုသူရိန်ပဲ..ညစာအပြင်မှာစားခဲ့မယ်ဆိုလို့ နေရီလဲ ရုံးကသူငယ်ချင်းတွေနဲ့......"


"inn စားခဲ့ပြီးရင်ပြီးရော "


မနက်ကနှင့်မတူ...မျက်နှာမကောင်းဖြစ်နေတာမို့ တခုခူဖြစ်နေပြီဆိုတာသူမသိသည်


နေ့လည်ထဲက...အမလဲမျက်နှာမကောင်းသလို ညနေလာကြိုနေကြ ဦးသြဇာဂုဏ်လဲပေါ်မလာသည်မို့...

တခုခုဆက်စပ်နေပြီဆိုတာသူမသိသည်


သစ္စာရှင်ပဲ ဖြစ်ပါလိမ့်မည်...


ထို့ကြောင့်သူမဘာမှဆကိမမေးဖြစ်တော့ပါ

မေးဖို့လဲမလိုအပ်ဘူးမဟုတ်လား....

ဘောင်ကျော်လွန်းသည်အထင်ခံရမှာကြောက်ပါသည်...

သူ့အတွက်ကိုယ်က....တိတ်တိတ်ပုန်းဇနီးသာသာ..ခေါင်းစဥ်ရှာမရသည်ဖြစ်တည်မှု့လေးတခုသာဖြစ်တာမမေ့ဖို့လိုသည်. 


" ကို့ရင်ခွင်ထဲခနလာခဲ့ပါလား "


ကုတင်ပေါ်မှာလူးလွန့်နေရင်းသည့်သူက

ရေချိူးပြီးကာစမို့ မှန်တင်ခုံရှေ့ကသူမကိုလက်နှစ်ဖက်ဆန့်တန်းရင်းလှမ်းခေါ်သည်

သူ့နံဘေးဝင်လှဲရင်း ရင်ခွင်ထဲတိုးဝင်လိုက်တော့ခပ်တင်းတင်းပွေ့ဖက်လာသည်...


ဘယ်လိုစိတ်နဲ့ များ...

မချစ်တဲ့သူကိုရင်ခွင်ထဲထည့်ပြီး....

ချစ်တဲ့သူအတွက်ကြေကွဲနေနိုင်ရတာလဲ.....


သိပ်တည်ငြိမ်လွန်းသည်.....


တခြားမိန်းမတယောက်ကိုတွေးရင်း...သူမနဖူးလေးကိုနမ်းလိုက်သေးရဲ့...


သူ့ရင်ခွင်ထဲမှာရှိုက်သံမထွက်ပဲကျခဲ့သည့်မျက်ရည်တွေကိုတော့သူဘယ်တော့မှသိမည်မြင်မည်မဟုတ်ချေ.......


ဒါဟာအစားထိုးခံမိန်းမတယောက်ရဲ့နာကျင်မှု့လို့များပြောရင်သူလှောင်ရယ်နေမှာသေချာပါတယ်...


သူမကိုယ်တိုင်ကိုကလိုလိုလားလားနဲ့...

အစားထိုးခံခဲ့တာမဟုတ်လား....

သူမကိုကလိုလိုလားလားနဲ့သူ့ရင်ခွင်ထဲပြေးဝင်ခဲ့တာမဟုတ်လား....


မျက်ရည်တွေကိုသူမသိအောင်သုတ်ပစ်လိုက်ပြီးနောက်ထပ်ထပ်မကျမောင်ထိန်းလိုက်သည်....ငိုချင်ရင်တောင်ရင်ထဲမှာပဲတိတ်တိတ်ကလေးငိုပါ.....


နဖူးကတဆင့်...


ရုတ်တရက်ကျူးကျော်လာသည့်နှုတ်ခမ်းသားတွေဟာ...သူမနှုတ်ခမ်းတွေကိုမက်မောစွာ

ဖိကပ်နမ်းရှိုက်နေလေရဲ့....


ခပ်ကြမ်းကြမ်းနှင့်အရိုင်းဆန်သည့်အနမ်းတွေဆီမှာ....


အချစ်မပါဘူး

နွေးထွေးမှု့မပါဘူး...

ကြင်နာခြင်းမပါဘူး.....


သို့သော်နာကျင်ခြင်းတွေနဲ့တဖက်သတ်ရင်ခုန်သံတွေကပ်ပါလာသည်.....


အချိန်အတော်ကြာကြမ်းတမ်းစွားနမ်းရှိုက်ပြီးနောက်...


" နေရီကိုကျေးဇူးတင်ပါတယ် Good Night "


မျက်လုံးတွေမှိပ်လိုက်သည့်သူ....


ဘာကိုကျေးဇူးတင်တာလဲ...

နှစ်သိမ့်မှု့ဖြစ်စေလို့လား...


ဒါမှမဟုတ်....အချစ်မပါပဲခပ်ကြမ်းကြမ်းနမ်းခွင့်ရသည့်နှုတ်ခမ်းတွေအတွက်လား....


rate now: