မင်းမကြည့်လို့
***************************
ကျယ်ဝန်းသည့် ကွန်ဒိုအခန်းရယ်...
လှပစွာဖွဲ့စည်းထားသည့် Decoration တွေရယ်ဖြင့်..
ကြွယ်ဝမှန်းသိသာနေစေသော်လည်း....
နွေးထွေးမှု့တို့ရှိမနေပါ...
" အချိန်တန်ရင်...ကိုယ်မင်းကိုချစ်လာနိုင်ပါတယ်နော် ?? "
" နေရီမသိဘူး ကိုသူရိန်... ဒါပေမဲ့ အကိုကျိန်းသေနေရီကိုချစ်နေဖို့မှမလိုအပ်ပဲ...နေရီချစ်နေရင်ရပါပြီ"
" မင်းလဲ မိုးသားဖြူလိုပဲနော် "
အိပ်ယာကျယ်တွေထက်မှာ...သူ့ကိုကျောပေးလှည့်အိပ်လိုက်ရင်း
" ကိုသူရိန်လဲ...မင်းတိမ်လွှာ နီးနီးပါပဲ "
" ဒါပေမဲ့..ကိုယ်ကသူ့လောက်ချစ်တက်မှာမဟုတ်ဘူး "
" သူ့ထက်ပိုချစ်တက်တယ်ဆိုတာ ဧည့်ခန်းကပန်းချီကားကသက်သေပဲထင်တယ် "
" မင်းသိရဲ့လား...မင်းသူဋ္ဌေးမနဲ့တိမ်လွှာပေါင်းပြီး ကိုချစ်ရတဲ့မိန်းကလေးကို နင်းခြေဖို့ပြင်နေကြတယ် "
သူဟာ မျက်နှာကြပ်တွေကိုအကြောင်းမဲ့ငေးမောရင်း...သက်ပြင်းချကာပြောသည်
ရှင်အဆင်ပြေရဲ့လားလို့မေးခြင်ပေမဲ့.....
သက်ပြင်းချနေသည့်သူ့ရဲ့ပင်ပန်းမှု့တွေကိုမြင်ရသည့်အခါ...
သူမတောင်အဆင်ပြေမနေခဲ့ပဲလေ....
သူလဲ သိပ်ချစ်ရတဲ့မိန်းကလေးရဲ့အဆင်မပြေမှု့ကိုမြင်ရတာ သေချာပေါက်နာကျင်နေမှာပေါ့...
" မင်းက ကိုယ့်ကိုချစ်တာပဲ...ကိုအချစ်ကိုရဖို့ကြိုးစားကြည့်ပါလား "
သူမ ...သူမျက်နှာကိုလှည့်ကြည့်ရင်း....
"မရဖို့သေချာနေတဲ့..အချစ်ကိုဘာလို့ကြိုးစားသင့်တယ်လို့ထင်သလဲ "
" မရနိုင်တာသေချာလို့လား... အခုပဲမင်းကိုယ့်ဘေးရောက်နေပြီပဲကို "
သူမကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်မို့ရင်ခုန်သံတွေဆူညံလာသည်...
" နေရီ... မသိဘူး "
" ဒီလိုအဖြေမျိူးကိုယ်မလိုချင်ဘူး "
အမိန့်ဆန့်ဆန့်ဖြစ်သွားသည့်..သူ့အသံကြောင့်..နိီးကပ်နေသည့်သူ့မျက်နှာကိုမော့ကြည့်မိတာအလိုလို
" ဒါဟာအမိန့်ဆိုရင်...နေရီ ကိုသူရိန်အချစ်ကိုရဖို့ကြိုးစားမှာပါ "
" အမိန့်ပေးရင်ဘာမဆိုလုပ်မယ်ပေါ့ "
"ကိုသူရိန်ပဲ.နေရီက.အကြွေးနဲ့သိမ်းထားတဲ့သူဆို"
" အဟွန်း....နောက်ဆုံးတော့ Power of money ပဲလားကွာ ဒီလိုပိုက်ဆံအတွက်သားသမီးကိုရောင်းစားတက်မိဘရှိနေတာထက်စာရင်..ကိုယ့်လို မိဘမဲ့ဖြသ်နေရတာကမှပိုကောင်းအုန်းမယ် "
တလောကလုံးကို...
မွေးစားသမီးဖြစ်ကြောင်းကြွေးကြော်ခဲ့တဲ့မေမေဟာ ဒီတခါတော့သူမအကြောင်း...
သူ့ကိုအသိမပေးလိုက်ဘူးလား.....
သူမကိုခပ်တင်းတင်းဖတ်ရင်း....သူ့မျက်လုံးတွေမှိတ်ချပစ်လိုက်သည်...
ရင်ခွင်ထဲမှာအတိုင်းသားကြားနေရသည့်သူ့ရင်ခုန်သံတွေဟာပုံမှန်ထက်မပိုခဲ့ပါ...
" မင်းကို ရင်ခွင်ထဲထည့်ထားပေမဲ့...ဘယ်လိုခံစားချက်မျ်ိူးမှရှိမနေတာဟာ ကိုယ်မင်းကိုလက်ထပ်ဖို့မှန်ကန်စွာရွေးချယ်မိကြောင်းသက်သေထင်ပါရဲ့..."
အတ္တကြီးစွာသူပြောလာပေမဲ့...
သူမရင်ခုန်သံတွေကိုလဲသူကြားနေမှာသေချာပါရဲ့...
" မင်းက...မင်းရည်ရွယ်ချက်အတိုင်း ကို့စည်းစိမ်တွေကို စိတ်တိုင်းကျသုံးပါ...ငွေမက်တဲ့မိန်းမတွေကို ကိုယ်မမုန်းဘူး "
ငွေကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာမဟုတ်ကြောင်း...သူဘယ်တော့မှသိမည်မဟုတ်ပါ
ပြီးတော့ နောင်ဘယ်တော့မှသူ့ကိုချစ်ကြောင်းမပြောမိဖို့ကြိုးစားရအုန်းမည်.......
***************************
" morning နေရီ "
မနေ့ကထက်ပိုမိုနွေးထွေးနေသလို...ပိုပြီးကြည်ကြည်လင်လင်ရှိလှသည့်သူရိန်သွင်ပြင်ဟာ...
မနက်ခင်း အိပ်ယာနိုးစအချိန်မှာတောင်ကြည့်ကောင်းနေသေးသည်...
" နေရီ..မနက်စာပြင်မလို့ "
မီးဖိုထဲမှာ...ဘာစကိုင်ရမှန်းမသိဖြစ်နေသည့်သူမကိုကြည့်ရင်း..ရယ်လိုက်သည့်ပုံက
ခါတိုင်းမြင်နေကြသူရိန်အဖြစ်ပြန်ရောက်လာသည်...
"မနက်စာကို မင်းစားနေကြအတိုင်းပြင်လို့ရတယ် အဆင်ပြေသလိုလုပ် ကိုယ်ရေချိူးအုန်းမယ် "
သူမအနားရောက်လာကာရေယူသောက်ပြီးနောက်...သူမပါးလေးကိုတချက်အနမ်းပေးပြီးလှည့်ထွက်သွားသည်မှာပုံမှန်ပြုမူနေကြချစ်သူတွေလိုပါပဲလား....
သူစိတ်ကို..သူမ နားလည်လှပြီထင်ထားသော်လည်း... ယခုနားမလည်နိုင်တော့ပါ
ဘယ်လိုစိတ်နဲ့များမချစ်နိုင်တဲ့သူမကို....
ပြုစားရက်ရသလဲ....
" မင်း..မနက်တိုင်း ဒီလိုပဲစားတာလား "
"မနက်စာကအမှန်တိုင်းပြောရရင်မစားဖြစ်ဘူး...အလုပ်သွားဖို့ပြင်ရဆင်ရနဲ့ တခါတလေ ကော်ဖီတခွက်မုန့်တချပ်နဲ့ပြီးတာများတယ် "
" ဒီနေ့ကျတော့ ထမင်းကြော်ရောကော်ဖီရော ဒါကဘာလေးလဲ "
" ကြာဇံထုတ်တွေ့လို့ သုတ်ပေးထားတာ...ရှင်ဘာကြိုက်မှန်းမသိလို့ပါ "
"အင်း...စားကောင်းသားပဲ "
အားရပါးရ စားနေသည့်သူ့ကိုကြည့်ရင်း...
သူမပြုံးနေမိသည်...အိမ်ရှင်မတယောက်ရဲ့ကြည်နူးခြင်းဆိုတာ ဒါမျိူးပဲထင်ပါရဲ့
" ထိတွေ့လိုက်တိုင်း...ဘာရင်ခုန်သံမှမရှိပဲစိတ်အေးလက်အေးရှိတာရယ်...
အခုနောက်ထပ်အစားအသောက်တွေအရသာရှိရှိစားကောင်းတာရယ်နဲ့တင် ကို့ဇနီးအဖြစ်ရွေးခဲ့တာမှန်သွားပြီပဲ "
စားနေရင်းမှသူမမျက်နှာကိုမော့ကြည့်ပြီး...
မျက်လုံးတွေဆီတည့်တည့်ကြည့်ကာပြုံးပြီပြောနေပုံက..
စိတ်ရင်းကိုတန်းကနဲ မြင်နိုင်သည်...
ကျမကတော့ရှင့်အတွက်မှတ်ချက်တခုတိုးသွားတယ်ကိုသူရိန်....ရက်စက်တက်တဲ့အမျိူးသားရယ်လို့ပေါ့ကွယ်
ရင်ထဲနာကျင်နေသည့်တစစ်စစ်ဟာ...
အသည်းကွဲသည်ဆိုသောအရသာများလား...
ဘာမှမျှော်လင့်မထားပဲ ဒီအိမ်ထဲဝင်ခဲ့တာမို့နာကျင်မှု့တွေနည့်လိမ့်မည်ဟု...
တွက်ထားခဲ့တာပေမဲ့.......
ထင်ထားတာထက်ပိုပြီး နာကျင်ရပါတယ်
အချစ်တခုမှာပိုချစ်ရလေပိုနာကျင်ရလေလေပဲမဟုတ်လား...
ကြင်နာခြင်းတွေကိုမမျှော်လင့်ထားခဲ့ပေမဲ့...ရက်စက်စွာနာကျင်ခြင်းတွေလဲပေးလိမ့်မည်ဟုတွေးတောင်မတွေးခဲ့မိပါ...
ထမင်းငတ်တဲ့ဝေဒနါထက်...
မေတ္တာငတ်တဲ့ဝေဒနါဟာပိုပြီးနာကျင်ဖို့ကောင်းတယ်ဆိုတာ...
ကျမတို့လိုလူတွေကပဲနားလည်နိုင်ပါလိမ့်မယ်.....
ကို့အနားမှာဘယ်သူမှမရှိတဲ့အခါ....
ကျမအတွက်ပဲကျမပိုပြီးအားတင်းတက်လာတယ်...အဆင်ပြေပါတယ်...
ဒီနာကျင်မှု့တွေနဲ့အသားကျပြီးသားပဲမဟုတ်လား....