မင်းမကြည့်လို
***************************
" ထိုင်ပါ ကိုမင်းတိမ်လွှာ "
သူမရုံးခန်းထဲ ဝင်လာသည့်တိမ်လွှာကိုဖိတ်ခေါ်ရင်း...
နှုတ်ခမ်းတွေကအလိုကျတာစွာပြုံးလိုက်မိသည်...
မိုးသားကို သစ္စာရှင်လာတွေ့သည့်နေ့ကဘာတွေပြောခဲ့သလဲသိလားဆိုသည့်စကားတခွန်းထဲနှင့်သူမရုံးခန်းထိအပြေးလာသည့်...မင်းတိမ်လွှာ..
" ကျွန်တော် တကယ်သိချင်ပါတယ် မိုးသားဟာ သစ္စာရှင်ပြန်သွားပြီးထဲကမျက်နှာမကောင်းတာ...အစ်မတို့မလာခင်အထိပဲ"
" Sky အထိမကြောက်မလန့်ဝင်လာပြီး...မင်းရဲ့ဇနီးကိုအထိစော်ကားသွားတဲ့အမျိူးသမီးကို ဒီတိုင်းလွှတ်ထားမှာလား...
တို့...သူ့ကို ကိုကိုနားမှာရှိမနေစေချင်တဲ့အပြင်အဆုံးစွန်ထိနင်းခြေပစ်ချင်တယ်...
မင်းဟာ သူစွန့်ပစ်လိုက်လို့ မိုးသားကရတာပါလို့ သူပြောသွားခဲ့တယ်...
မင်းသိလား တို့သာ မင်းတို့ဆီအလည်မလာဖြစ်ခဲ့ရင် မင်းအချစ်ဆုံးအမျိူးသမီးဟာသစ္စာရှင်ပါလို့တွေးပြီးမိုးသားတသက်လုံးသိမ်ငယ်သွားမှာ... "
" တောက်..."
" မင်းသိပြီးလောက်မှာပါ နယ်ပို့လိုက်တာ တို့ဆိုတာ...ဒါပေမဲ့အဲ့မိန်းကလေးထွက်စာတင်သွားတယ် "
" ဘာလုပ်သင့်သလဲ ကျွန်တော်သဘောပေါက်ပြီ "
နှုတ်ဆက်ပြီး...ထွက်သွားသည့်မင်းတိမ်လွှာကိုကြည့်ရင်းသူမခပ်မဲ့မဲ့ပြုံးပြစ်လိုက်သည်
ရင်ထဲတကယ်ဆိုတည်ငြိမ်မနေပါ...
အလုပ်ထွက်သွားသည့်...သစ္စာရှင်ကို ကိုကိုဟာ မိတ်ဆွေ company တချိူ့ဆီမှာ ထောက်ခံပေးသတဲ့လား...
သိပ်ကိုလွန်နေပြီမဟုတ်လား...
တကယ်ဆိုသူမ ဒီလောက်ထိနင်းခြေဖို့စိတ်မကူးမိပါ..
ရှင်သာဒီမိန်းမကိုသိပ်အဖြစ်မသည်းနေရင်ပေါ့...
ပေါက်ကနဲကျလာသည့်မျက်ရည်တွေကိုနာနာကျင်ကျင်သုတ်ပစ်လိုက်သည်...
သစ္စာရှင်နဲ့ပတ်သတ်လျှင်သူမနာကျင်ရတာများပြီ...
သူကြောင့် သူမအရာရာပြောင်းလဲပြီး...
သူသဘောကျသည့်ထက်မြက်သောအမျိူးသမီးဖြစ်ဖို့ကြိုးစားခဲ့သော်လည်း...
သစ္စာရှင်ကိုမမှီဘူးလားဆိုသည့်သိမ်ငယ်ခြင်းတွေပထမဆုံးအကြိမ်ဝင်လာမိသည်..
အရမ်းကိုဖေးမကူညီချင်နေတယ်ပေါ့လို့အရွဲ့တိုက်တွေးမိရဲ့.....
ဒီမိန်းမကိုမှ သူမကင်းရှင်းနိုင်ဖြစ်နေသည်..
သံသယတွေရှင်းဖို့သူမ...အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့..တောင်းပန်ပါတယ်နောက်မဖြစ်စေရပါဘူးဆိုတာအပြင်ဘာမှပြတ်ပြတ်သားသားဆွေးနွေးခွင့်မရပါ...
ကျမတို့အိမ်ထောင်ရေး...အရမ်းကို Toxic ဆန်နေပြီလား...
............................................................
အချစ်မပါတဲ့...
အထူးသဖြင့်ကိုယ့်ကိုမချစ်တဲ့ယောက်ျားတစ်ယောက်ကိုလက်ထပ်ဖို့...ဦးနှောက်ကလက်မခံသော်လည်း
မိုက်ရူးရဲ ဆန်စွာနှလုံးသားက လက်ခံလိုက်မိသည်....
သူရိန်ပေးခဲ့သည့်သော့နှင့်အိမ်ထဲထိဖွင့်ဝင်ပြီးမှ...
နောင်တရချင်ချင်ဖြစ်သွားသည်....
ရူးလိုက်လေ...နေရီသက်ဝေရယ်
အထူးသဖြင့် ဧည့်ခန်းမှာထည်ဝါစွာနေရာယူထားသည့်...အမသစ္စာရဲ့ပုံတူပန်းချီဟာသူမကိုလှောင်ပြုံးပြုံးနေသလိုပါပဲလား....
" အခုချိန်မှပြန်လှည့်ခွင့်မရှိတော့ဘူးနေရီသက်ဝေ "
အာဏာသံအပြည့်နှင့်...
တံခါးပေါက်ကိုမှိီရပ်ရင်းလက်ပိုက်ကြည့်နေသည့်သူရိန်...ဘယ်အချိန်ထဲကအိမ်မှာရှိနေသလဲသူမ...မသိပါ...
" နေရီသိပါတယ် "
ရင်ထဲသိမ်ငယ်စွာပြန်ဖြေမိသည်....
မွေးစားသမီးပီပီ အရောင်းစားခံလိုက်ရပြီလို့တွေးရမလား..
ကျေးဇူးရှင်မိသားစုကို..ကျေးဇူးဆပ်လိုက်ရပြီလို့တွေးရမလား...သူမ..သေချာမသိပါ..
ခိုင်မာမှု့မရှိသေးသည့် ကုမ္ပဏီငယ်လေးတခုရဲ့ပိုင်ရှင်ဖေဖေဟာသေဆုံးသွားသည့်သူ့သူငယ်ချင်းသမီးနေရီကို...
ခေါ်ယူမွေးစားခဲ့ပြီး သူ့နာမည်သက်ဝေကိုထည့်ကာ...
နေရီသက်ဝေ ဆိုသည့်ဘဝကိုပေးခဲ့သည်...
ငယ်စဥ်ဘဝမှာအစစအရာရာအဆင်ပြေခဲ့သလို..
ဦးသက်ဝေတို့လင်မယားဟာ..သားသမီးမရှိသည်မို့သူမအပေါ်အချစ်ပိုခဲ့ကြသည်..
သူမ၁၃နှစ်ပြည့်သည့်နေ့မှာပင်...
မေမေဟာတသက်လုံးတောင့်တခဲ့သည့်ရင်သွေးလေးရခဲ့သည်မို့သူမပျော်ရွှင်ခဲ့ရသော်လည်း....
ညီမလေး ကြင်နာသက်ဝေ...ရှိလာသည့်နောက်ပိုင်း...သူစိမ်းဖြစ်သည့်သူမအပေါ်မကြင်နာနိုင်ကြတော့ပါ....
အမွေခံသမီးမဟုတ်ကြောင်းမြင်သာစေဖို့အရွယ်ရောက်လာသည့်အခါ...
ဒါကျမတို့မွေးစားထားတဲ့သမီးလေးနေရီသက်ဝေပါ လို့ထည့်သွင်းမိတ်ဆက်လေ့ရှိတဲ့မေမေ...
ဘွဲ့ရပြီးထဲက...ရရာအလုပ်ဝင်ပြီးထိုအိမ်မှထွက်ခဲ့သည်ပတ်ဝန်းကျင်မှာမွေးစားသမီးပေမဲ့အချစ်ခံရပါတယ်လို့မြင်ကြသော်လည်း...
သူမအိမ်ခွဲထွက်သွားသည့်နေ့ကအပျော်ဆုံးသူဟာမေမေပါ..ကိုသူရိန်လက်ထပ်ခွင့်တောင်းသည်ကိုငြင်းလိုက်ပြီမကြာပါဖေဖေကဆက်သွယ်လာသည်....
ကိုသူရိန်နဲ့လက်ထပ်ဖို့ရယ်...အကြွေးတွေပတ်လည်ဝိုင်းနေသည့်သူတို့မိသားစုအနာဂတ်ဟာသူမလက်ထဲသာရှိကြောင်းရယ်...
သို့သော်....
သူမလက်ခံလိုက်သည်ကနှလုံးသားးအလိုကျရယ်သာဖြစ်သည်ကိုတော့ဘယ်သူတွေနားလည်နိုင်ပါ့မလဲကွယ်...
" နေရီ..ဘယ်မှနေရမှာလဲ "
" ပွဲမလုပ်ရသေးပေမဲ့...ကိုယ်တို့လက်မှတ်ထိုးထားပြီးပြီလေ ကို့အခန်းထဲမှာပဲနေရမှာပေါ့ "
သူမကိုဦးဆောင်ခေါ်သွားပြီး....
သူ့အခန်းဆီဦးတည်သည်...သူပြောတာဟုတ်သည်မို့သူမဘာမှမပြောငြိမ်၍သာလိုက်ခဲ့မိသည်...
သူလက်မှတ်ထိုးယူထားသည့်သူ့မိန်းမ...
တိတ်တိတ်ပုန်းမိန်းမလား...
ဘယ်လိုခေါင်းစဥ်တက်ရမလဲသူမသေချာမသိသော်လဲပေါ့လေ..ကျေနပ်လို့လက်ခံခဲ့ပြီးသားမို့နာကျင်မနေချင်တော့ပါ....
တကယ်လို့သူမမှာသာမိဘတွေရှိနေသေးရင်.......ဒီလိုလက်လွတ်စပါယ်လွှတ်ပါ့မလား
တကယ်လို့ သူမသာသူတို့သမီးအရင်းဆိုရင်......
မတွေးပါနဲ့နေရီ...ဖေဖေနဲ့မေမေရဲ့ကျေးဇူးတွေဟာ ကျမအပေါ်မှာဆပ်မကုန်အောင်ရှိနေတာ ကျမမေ့လိုက်လို့မရဘူး..
.
ကို့ကိုယ်ကို...အကြိမ်ကြိမ် သတိပေးရင်း...
သူရိန်ရဲ့အခန်းကျယ်ကြီးထဲကိုအားတင်းဝင်လိုက်သည်...
ဘာပစ္စည်းမှ ယူမလာဖို့မှာသည်မို့အဝတ်အစားအနည်းငယ်သာယူခဲ့တာ.မို့နေရာချဖို့အချိန်သိပ်မကုန်ပါ....
" ကိုယ့်ကို ဧည့်ခန်းထဲက ပန်းချီအကြောင်းမမေးဘူးနော် "
" နေရီ..သိနေပြီးသာကိစ္စတွေကိုနောက်တကြိမ်ဘာအတွက်မေးရမလဲ...နေရီနောက်တကြိမ်နာကျင်ဖို့အတွက်လား "
" အင်း...ဒီလိုနေတက်ရင်တော့ကိုယ်မပင်ပန်းရတော့ဘူးပေါ့...တခုတော့မမေ့နဲ့နော်..မင်းကကိုယ်လက်ထက်ခွင့်တောင်းပြီးလက်ထပ်ထားတဲ့သူမဟုတ်ေတာ့ဘူး...
အကြွေးနဲ့သိမ်းထားတဲ့သူ "
" အဟွန်း...နေရီသိတဲ့ကိုသူရိန်နဲ့မတူတော့သလိုပဲ "
" မင်းသိတဲ့သူရိန်အတိုင်းမြင်ချင်ရင်အစထဲက..လက်ထပ်ခွင့်တောင်းတုန်းလက်ခံခဲ့မှပေါ့ကွာ "
ကိုသူရိန်ဟာ အေးဆေးနေတက်သူ..
မိန်းမတွေနဲ့အရှုပ်ရှင်းကင်းသူဖြစ်သော်လည်း...
လူချမ်းသာဆိုသည့်မာန်တော့ရှိပုံရရဲ့....
SKY Castle ရဲ့သခင် မဟုတ်သော်လည်း...
သခင်နီးနီးအာဏာရှိသည်မဟုတ်လား......
သူမကံကြမ္မာဒီထက်ဆိုးမသွားဖို့သာမျှော်လင့်ရင်း...