book

Index 23

(အပိုင်း....၂၃)

မင်းမကြည့်လို့

*****************************


'' မနေရီသက်ဝေ ကျွန်တော့ကိုလက်ထပ်နိုင်မလား "


သူရိန်ဆီက ရုတ်တရက်ကြားရသည်မို့ထင်သည်...

နေရီဟာ...အံ့သြသလိုရှိသော်လည်း

သိပ်မထူးဆန်းသလိုစိုက်ကြည့်နေပြန်သည်...


" နောက်ဆုံးတော့ အစားထိုးဖို့တစုံတယောက်အဖြစ်နေရီကိုရွေးခြယ်လိုက်ပြီပေါ့ "

မထင်မှတ်စွာပွင့်အံ့လာသည့်စကားတွေကို..

သူအထူးအံသြမိသည်...


သူ့အနားကအမျိူးသမီးတွေဟာလျော့တွက်လို့မရဘူးပဲ...

ဒီအတွေးနဲ့အတူတပြိုင်နက်ရင်ထဲတိုးစောင့်လာသည်က....သစ္စာရှင်ရောသိနေလေမလား..


"ဘာကြောင့် နေရီ ကိုရွေးချယ်လိုက်တာလဲသိခွင့်ရှိမလား "


" ကျွန်တော်အတက်နိုင်ဆုံးဂရုစိုက်ပေးမှာပါ"


" သင့်တော်လို့ပေါ့နော် "


ဒီတခါ အံသွရတာ သူပါ....


"မနေရီ..."


" အခေါ်အဝေါ်တောင်စိမ်းသက်နေတဲ့အထိမရင်းနှီးတဲ့မိန်းမတယောက်နဲ့လက်ထပ်ရင်...ကိုသူရိန်ပျော်ရမယ်လို့ယုံကြည်ချက်ရှိသလား "


" ကြိုးစားကြည့်ရမှာပေါ့ "


" ကိုသူရိန်က စိန်ခေါ်မှု့တွေနဲ့အသားကျပြီး...စိန်ခေါ်မှု့တွေကိုသဘောကျတယ်ထင်ပါရဲ့...အိမ်ထောင်ရေးဟာအစမ်းသပ်ခံမဟုတ်ဘူး အကို ''


" ကျွန်တော် နေရီနဲ့ရင်းနှီးမှု့ရဖို့အရင်ကြိုးစားသင့်သလား "


"ကိုသူရိန်ဘယ်လိုထင်လဲ "


" နေရီက ကျွန်တော်ကိုသဘောကျတယ် ကျွန်တော်ကနေရီနဲ့လက်ထပ်ချင်တယ် ကျန်တာဘာလိုသေးလဲ "


" အဟွန်း ဒီလိုကျတော့လဲဟုတ်သလိုလိုရှိသားပဲ...ကိုသူရိန်အရည်အချင်းနဲ့အနေအထားဟာငြင်းစရာမရှိအောင်ပြည့်စုံလွန်းပါတယ် ဒါပေမဲ့တကယ်လို့ နေရီ ရှင့်ကိုမငြင်းဘူးဆိုရင်တောင်နေရီရှင့်ကိုချစ်တာတခုထဲကြောင့်ပါရှင့်နောက်ကဂုဏ်ဒြပ်တွေမပါဘူး....

ဒါပေမဲ့ရှင်သိရဲ့လား...ကျမဘယ်သူတစ်ဦးတစ်ယောက်ရဲ့မှအစားထိုးခံမဖြစ်ချင်ဘူး...သိပ်ကို ပင်ပန်းတယ် ကျမအချစ်ကရိုးရှင်းတယ် ငေးမောနေယုံလေးနဲ့ပဲကျေနပ်တာမို့ပါ "


တိကျပြတ်သားသည့်ဆုံးဖြတ်ချက်တွေနှင့်စကားဝိုင်းကလေးဟာအဆုံးသတ်သည်...

အရှုံးကိုမကြိုက်သည့်အကျင့်ကြောင့်...

အငြင်းခံလိုက်ရတော့ရင်ထဲအောက့်သက်သက်ဖြစ်ကျန်ခဲ့သည်....


သူ့စိတ်ထဲထိထိုးထွင်းမြင်တက်သည့်နေရီသာ...

သူနဲ့အသင့်တော်ဆုံးဖြစ်သည်မို့...နောက်ဆုပ်ရန်မရှိပါ...


အချစ်ရှိမနေတဲ့အတွက်တော့တောင်းပန်ပါရစေနေရီ...

တုံဆိုင်းခြင်းမရှိထွက်သွားသည့်သူမကိုအကြောင်းမဲ့ငေးကြည့်မိရင်း...


ချစ်သည်သို့သော်မလိုချင်ပါတဲ့လား......


..........................................................


" ကိုကိုနေ့လည်ကအတော်မှပျော်နေရဲ့လား "


" ဘာကိုလဲနွယ်လေးရဲ့"


" သစ္စာရှင်နဲ့လေ... မျက်နှာကြီးကိုပြုံးလို့ဖြီးလို့ "


" မဟုတ်တာကွာ နေ့လည်က ကိုယ်တို့ကိုတွေ့လိုက်တာများဘာလို့မခေါ်တာလဲ "


" အပျော်တွေပျက်သွားမှာစိုးလို့ "


" ကြည့်ဒီကောင်မလေး "


သူမ ရဲ့သိသိသာသာစူပုပ်နေတဲ့မျက်နှာလေးကို..သူတချက်လှမ်းကြည့်ပြီးပါးတွေကိုလညဆွဲသည်...


" ပေါက်ကရတွေလျှောက်တွေးမရအောင်..ကိုကိုတို့ကလေးယူကြမလား"


"အစကတော့ရှင့်ကို ဂရုမစိုက်မှာစိုးလို့မယူဘူးဆို "


သူမ စိတ်အချဥ်အတော်ကိုပေါက်သွားရသည်...


" အခုလိုချင်တယ်ဆိုရင်ကော..."


မင်းတိမ်လွှာကိုကြည့်ပြီးသူအားကျတက်လာတာဖြစ်သည်...

အစက အတ္တကြီးစွာသူမအချစ်တွေဘယ်သူ့ဆီမှခွဲမပေးလိုသော်လည်း..ကိုယ်ဝန်လေးနှင့်သူမကိုပြုစုဂရုစိုက်ပေးချင်သည်...


" နွယ်လေး..မလိုချင်တော့ဘူး နောက်ပိုင်းနွယ်လေး အားမှာမဟုတ်တော့ဘူးကိုကိုရဲ့အရှိန်ရလာတဲ့အလုပ်ကို...နွယ်လေးရပ်မပစ်ချင်ဘူး ကိုကိုပဲကလေးမရှိလဲရတယ်မလိုဘူးဆိုလို့နွယ်လေးကလုပ်ချင်တာတွေကိုနှစ်ဆတိုးပစ်လိုက်တာ "


" အင်းပါ ဟုတ်ပါပြီ ကို့ဇနီးလေးသဘောနော် "


သူ့စကားနှင့်သူမို့အလျော့ပေးလိုက်ရသည့်သူ့ကိုကြည့်ရင်း...

သူမကျေနပ်မိသည်...

တကယ်ဆို ကိုကို့မာန ကိုကို့အကျင့်နဲ့အိမ်ထောင်သက်တမ်းတလျှောက်ထူးဆန်းစွာအလျော့ပေးနေတာ...

သူမသိသည်မို့...

သိပ်ဆိုးလို့မဖြစ်ပါ....


ဂျစ်ပြီးကလေးမယူချင်ဘူးလို့ပြောခဲ့ပေမဲ့လဲ...


သူမ အတားဆီးတွေအကုန်ရပ်ထားပြီးပြီဖြစ်သည်...


အခုသူကိုယ်တိုင်လိုလိုလားလား လိုချင်ခဲ့တာကိုသူမဝမ်းသာရသည်..ညစ်တော့ညစ်ထားအုန်းမှ...

.....................


သဝန်တိုမှု့ Level တွေမြင့်တက်ပြီးနောက်...

မကြာမကြာ...

သူ့အပေါ်ချွဲနွဲ့နေမိရဲ့....


သူ့အလုပ်ရဲ့ HR department ကို ရည်ရွယ်ချက်ရှိရှိဝင်ကူယောက်ဆောင်ကာအကြံအစည်ကိုအကောင်ထည်ဖော်သည်...

Group of company တွေရဲ့ HR ပိုင်းသွားပုံကိုလေ့လာချင်လို့ပါဟုဆိုကာသူ့နောက်မကြာမကြာလိုက်ကာနေရာဝင်ယူတာကိုပင်.....


သူကကျေနပ်နေလေသည်......


နိုင်ငံခြားလွှတ်မည့် သစ္စာရှင်ကို နယ်မြို့ရုံးခွဲဆီရအောင်ပို့လိုက်နိုင်သည့်နေ့က...

သူမ အကျေနပ်ဆုံးနေဖြစ်သော်လည်း...

သူမရှာသည့်ပြသာနာဟာ...

မိုးသားတို့ဆီတိုက်ရိုက်ရောက်သွားသည်ကိုစိတ်မကောင်းပါ...


ကိုကိုနဲ့ကထုံးစံအတိုင်းသူမဘက်ကသာစကားအခြေတင်ပြောနေသော်လဲ...

သူကတော့အလျော့ပေးမြဲပင်....

တင်းခနဲ့ဖြစ်တက်သည့်ကိုကို့မာနတွေကိုသူမမြင်သည်မို့ချွဲနွဲ့ကာနေတက်သော်လည်း


သူကတော့....သူမရင်ထဲကအစိုင်အခဲတွေကိုမြင်နိုင်စွမ်းမရှိခဲ့သည်မို့...

တောင်းပန်းသံအပေါ်ယံစကားတွေသာနားဆင်ရင်း...


ဖြေသိမ့်ရတာမျိူး....


သိပ်တော့အဆင်မပြေလှဘူးကိုကို....


သက်ပြင်းတွေချရင်း..မေမေရှိနေတာကြောင့်ဖွင့်ဟခွင့်မရတဲ့မွန်းကြပ်မှု့...

စကားဟတာနဲ့တောင်းပန်စကားနဲ့အဆုံးသတ်ခံရသည်မွန်းကြပ်မှု့....


ဒီအိမ်ထောင်ရေးဟာ....သူမနဲ့သင့်မှသင့်တော်ရဲ့လား...


သူမပါးစပ်ကအရင်ကလေးယူဖို့အရဲစွန့်ပြောခဲ့တုန်းက...

​ခါးခါးသီးသီးငြင်းခဲ့ပြီးမှ....


မိုးသားတို့ဆီအလည်သွားသည့်အခါမှ...


သူမက.ကလေးယူဖို့ငြင်းနေခဲ့တာကိုသာအထူးတလည်ပြောခဲ့သည့်ကိုကိုဟာဘယ်လိုအတွေးတွေနဲ့ပါလိမ့်....


" ကလေးယူဖို့ကိုကိုကအရင်ငြင်းခဲ့ပြီးမှ...သူများတွေရှေ့ရောက်မှနွယ်လေးကပဲမလိုချင်သလိုပြောတာကောင်းရဲ့လားကိုကို "


မိုးသားတို့ဆီကိုအလည်သွားပြီးဝယ်ထားပြီးမပေးဖြစ်သေးသည့်လက်ဆောင်လေးပေးခဲ့ည်....

အပြန်လမ်းမှာအချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှသူမဘက်ကစကားသံထွက်ပေါ်လာခြင်းပင်.....


" ကိုကိုက ဒီတိုင်းစတာပါကွာ... ကိုကိုတောင်းပန်ပါတယ် နော် "


" တောင်းပန်တာကိုကြားချင်နေတယ်ထင်လို့လား"


''ကိုကို...."


" တော်ပြီကားသေချာကြည့်မောင်း...."


ဘာမှထပ်ပြောချင်စိတ်မရှိတော့ပါ....


Type မတူတဲ့အိမ်ထောင်ရေးကိုရှေ့ဆက်ဖို့ဖြစ်နိုင်သေးရဲ့လား


rate now: