book

Index 22

(အပိုင်း..၂၂)

မင်းမကြည့်လို့ 

***************************


တဖက်က အရမ်းအလျှော့ပေးလွန်းသည့်အခါ...

သူမ ဆိုးနွဲ့ပစ်လိုက်ဖို့မဝံ့ရဲပါ...

ပြောစရာစကားတွေရင်နှင့်မဆန့်ဖြစ်လာသော်လည့်တဖက်သတ်အလျှော့ပေးတောင်းပန်မည့်အသံကို....

ခါးခါးသီးသီး မုန်းစပြုလာသည်မို့....


မြိုသိပ်ထားလိုက်မိလေသည်.....


တိုင်ပင်လို့မရ...

ဆွေးနွေးလို့မဖြစ်သည့် အခြေအနေဟာ သိပ်ကိုဆိုးရွားသည်...


သို့သော်....

သူမ ....သူ့ကိုချစ်သည်..

သူရဲ့နွေးထွေးမှု့ကြင်နာမှု့တွေကို မစွန့်ခွာနိုင်သေးပါ...


"ကိုကို့နားလာပါအုန်း "


ပြောလဲပြော လက်ကိုလဲ လှမ်းဆွဲကာ...


"ကိုကို့ ကိုစိတ်ဆိုးနေတုန်းလား..."


'' မဆိုးပါဘူး..ကိုကိုရယ် "


'' ဒါဖြင့်မျက်နှာလေးကသုန်မှုန်ပြီး ဟိုနေ့ကရန်ဖြစ်ပြီးထဲက ကိုကိုနားမကပ်တော့တာဘာသဘောလဲပြော "


သူမ...လက်ကိုအတင်းဆွဲနေတာရယ်..


စိတ်ဆိုးတယ်ထင်နေတာရယ်ကြောင့်..

ကလေးတယောက်လို့သူ့ပေါင်ပေါ်ထိုင်ရင်လည်တိုင်တွေကိုသိုင်းဖတ်လိုက်သည်...


သူက သူမခါးတွေကိုပြန်လည်ပွေ့ဖက်လာသည်...


" ကလေးဆိုးကြီးလိုပဲကိုကိုရယ်...နွယ်လေးတို့က ဆယ်ကျော်သက်ကလေးတွေမှမဟုတ်တာ အမြဲတီတီတာတာဘယ်ပြောဖြစ်ကြပါတော့မလဲ...

နွယ်လေးအလုပ်တွေရှုပ်နေတာကိုကိုလဲသိသားနဲ့ "


'' နွယ်လေး သိလား...တိမ်လွှာတို့တောင် ကလေးရတော့မယ် မိုးသားဖြူမှာကိုယ်ဝန်ရှိနေပြီတဲ့ "


'' အင်း ....ဝမ်းသာစရာပဲ နွယ်လေးလဲအသက်အရွယ်အရဆို ဒီထက်နောက်ကျမှကိုယ်ဝန်ဆောင်လို့မကောင်းဘူး...

ကိုကို... နွယ်လေးတို့ရော ကလေးယူကြမလား ''


'' ကိုယ်ဝန်ဆောင်လို့မကောင်းတော့ရင်လဲ မဆောင်ပါနဲ့ ကိုကို့ဘဝမှာနွယ်လေးနဲ့တင်လုံလောက်ပါတယ်...အခုတောင်ကိုယ့်နားအမြဲမကပ်နိုင်တာ ဒီကလေးတွေရမှ ပိုဆိုးနေမယ် ကို မလိုချင်ဘူး " 


ခပ်တည်တည်မျက်နှာထားဟာ...

စနေတာမဟုတ်မှန်း သူမသိသည်...


'' အင်း..."


သူနဲ့အငြင်းအခုန်တွေမပြောချင်ပါ...

သူ့နဖူးကိုအသာနမ်းလိုက်ပြီး...


" မိုးသားအတွက် လက်ဆောင်သွားရွေးရင်း နွယ်တို့ Date ကြမလား ကိုကို "


''ok "


တက်ကြွသွားသည့် သူ့မျက်နှာကိုကြည့်ရင်းပဲသူမကျေနပ်လိုက်ပါသည်...


တကယ်ဆို ကလေးချစ်တက်တဲ့သူမ...

ကလေးလိုချင်သည်...

သို့သော်..........


....................................................................


မြင်လိုက်ရသည့် မြင်ကွင်းဟာ....သူမရင်ထဲနာကျင်စေသည်.

ပြုံးရယ်ရင်း စကားပြောကာလမ်းယှဥ်လျှောက်နေသည့်မြင်ကွင်းကပင်သူမအတွက်နာကျင်စေသည်..


Office wear နဲ့ ဆံပင်ကိုခပ်မြင့်မြင့်စီးထားသည့်သစ္စာရှင်ဟာ..

ငေးယူရလောက်အောင်လှသည်...


အရည်အချင်းရှိသည့်မိန်းကလေးဟု ကိုကိုမကြာမကြာထုတ်ပြောတက်သည်ကိုပင်သဝန်တိုတက်သည့်သူမ...

သူ..မြှောက်စားနေတာကိုသူမ မုန်းသည်..


အခုလိုယှဥ်တွဲမြင်လိုက်ရတော့အမုန်းရေချိန်မှာပိုမိုမြင့်တက်လာသည်...

ဒီမိန်းကလေး က ငါ့ထက်ဘာများသာမှာမို့လို့လဲလို့စိတ်တင်းနေခဲ့တာတွေပျော့ကျချင်အောင်ထိ...

ကိုကိုနဲ့လိုက်ဖက်ညီနေသလို...


အလုပ်လုပ်ပုံတွေဟာလဲ...

ကိုကိုချီးကျူးလဲချီးကျူးချင်စရာကောင်းလောက်အောင်တော်တာသူမသိသည်...

ပြန်စဥ်းစားကြည့်တော့

ဒီရက်တွေမှ သူမ... သူ့ကိုပစ်ထားမိတယ်ထင်ပါရဲ့...


ရယ်ရယ်မောမောအခုလိုပြုံးရယ်နေတာပင်သူမ...မမြင်မိသည်အထိအလုပ်ရှုပ်နေခဲ့မိသည် လင်မယားနှစ်ယောက်အချိန်မပေးနိုင်သည်မှာ...

Skinship တောင်ဒီရက်ထဲသိပ်မရှိပါ.....

အတွေးတွေချာချာလည်ဝင်ရောက်လာပြီး...

သစ္စာရှင်နှင့်ကိုကို့ ကိုတွဲထားလို့မဖြစ်တော့ပါဆိုသည့်အတွေးခိုင်မာသွားသည်...


သစ္စာရှင်ဟာ ငယ်ရွယ်သည်...ထက်မြက်သည်...ထိုသို့သောအမျိူးသမီးကိုအတောင်တပ်ပေးဖို့ကိုကိုကကြံနေသည်...

အတောင်တပ်ပေးလျှင်အမြင့်ဆုံးသို့အလှပဆုံးပျံတက်သွားမည်လူမျိူးကို...


အတောင်ချိူးပစ်ရမည်....


သူမထက်သာလွန်မသွားစေဖို့ ထိုအမျိူးသမီးကိုအခုထဲကအတောင်ချိူးပစ်ရမည်...


ဒါဟာ တရားသလား....


သူမ...မသိပါ

ကြင်နာခြင်းကိုအတ္တကအနိုင်ယူသည်....


" မမ... ဆရာ့ကို နှုတ်ဆက်လိုက်ရမလား "


" နေပါစေ နေရီ သူအလုပ်ရှုပ်နေတယ်ထင်တယ် အစ်မတို့သွားရအောင် ဒီနေ့တနေ့လုံးလုပ်စရာတွေအရမ်းများနေတယ်လို့ပြောတယ်အစ်မတို့ကိုမြင်မှသူ့အချိန်တွေဖဲ့ပေးနေရမယ်အလုပ်လုပ်ပါစေ အိမ်မှာလဲတွေ့နေရတာပဲဟာ...လာ သွားရအောင် ''


အားကျသလို...သဘောကျသလိုလို အဓိပ္ပါယ်ပါသည့်မျက်ဝန်းတွေနှင့်နေရီကခေါင်းညိမ့်သည်...

အများအမြင်မှာသဘောထားပြည့်သည့်...

လှပထက်မြက်လွန်းသည့်မိန်းမသာ သူမ 

ကိုမြင်စေလိုသည်..


သို့သော်စိတ်ထဲမှာတော့....


သစ္စာရှင်နှင့်ကိုကို့ ကိုအမြန်ဆုံးခွဲထုတ်ဖို့အချက်ပေးနေလေရဲ့....


"အဟွန်း "


သူမသဘောကျစွာခပ်ထေ့ထေ့ပြုံးမိသည်....

သစ္စာရှင်ကိုအချစ်ရိပ်မျက်ဝန်းတွေနှင့်လှမ်းကြည့်နေသူ သူရိန်ကိုမြင်လိုက်ရခြင်းကြောင့်ဖြစ်သည်....


သူမ သတိထားမိနေတာ ကြာချေပြီ....


"Sorry ကိုသူရိန် ကျမနောက်များကျသွားသလား "


" ကျွန်တော်ကစောရောက်နေတာပါ.."


သူရိန်နှင့်ချိန်းထားသည့် ဂိုထောင်နားရောက်တော့..

ကိုကိုနှင်သစ္စာရှင်ဟာ...တဖက်လမ်းကနေကားမောင်းထွက်သွားကြပြီဖြစ်သည်...


ဒီလမ်းထဲက ကိုကို့အထည်ချူပ်ဆီလာကြတာနေမယ်...


Sky Castle ရဲ့ ဂိုထောင်ကို သူမကိုအသုံးပြုခွင့်ပေးလိုက်သည်မို့လိုအပ်နေသည့်နေရာကိစ္စအဆင်ပြေပြီမို့ အခုမှစိတ်အေးလက်အေးနေနိုင်တော့သည်...

စျေးသက်သက်သာသာနှင့်ငှားရမ်းပေးသည်မို့လဲသူမအသက်ရှူချောင်ရသည်ပင်....


ဘာပဲလုပ်လုပ် SC group နှင့်ပတ်သတ်တိုင်း..သူရိန်နှင့်သာဆက်သွယ်ရသည်ကများသည်မို့...

သူရိန်နှင့်အတော်ပင်ရင်းနှီနေချေပြီ....

မင်းတိမ်လွှာ နဲ့ထက်စကားပြောရပိုအဆင်ပြေသည်မို့....


သူမကသူရိန်ကိုလဲခင်သည်....


" ကိုသူရိန်သိလား...မချစ်သင့်ဘူးလို့ထင်နေရင် စိတ်ဖြတ်ပစ်နိုင်တာကောင်းတယ်...ဦးနှောက်နဲ့နှလုံးသားလွန်ဆွဲနေပြီဆိုထဲက ဒီလူဟာမချစ်သင့်သူဆိုတာသေချာနေလို့ပေါ့..

နှလုံးသားရွေးချယ်ရာကိုလိုက်ဆုံးဖြတ်တာထက် ဦးနှောက်နဲ့ရွေးချယ်သင့်တယ် "


'' ကျွန်တော်သဘောပေါက်ပါတယ် ဘေးလူတွေတောင်သတိထားမိတဲ့အထိရုပ်ပျက်သွားတယ်ထင်ပါရဲ့ "


'' မျက်နှာပျက်စရာတွေ မရှိစေချင်ယုံပါ ကျမဘောင်ကျော်သွားရင်....''


'' မဟုတ်တာ အမျိူးသမီးမိတ်ဆွေမရှိတဲ့အတွက် အမျိူးသမီးတွေရဲ့ထက်မြက်တဲ့အကြံပေးချက်တွေကိုကျွန်တော်အမြဲသိချင်နေခဲ့တာပါ ''


သူရိန်ရဲ့အပြုံးတွေဟာ တကယ်ကိုရိုးရှင်းသည်...အကြည်ဓာတ်ရှိကာရုပ်ချောသည့်ထိုအမျိူးသားဟာ...

ဟိုအမျိူးသမီးနဲ့ မထိုက်တန်ပါဘူး...

တကယ်ဆိုလူလူခြင်းမတူတာမတန်တာမရှိပါဘူးလို့အမြဲတွေးခဲ့တဲ့သူမပါ...

သို့သော်သစ္စာရှင်ကိုတော့ခြွင်းချက်အနေနဲ့မုန်းမိသည်....


သူမ အရမ်းလွန်သွားရင်တောင်မှ....

ကျေနပ်သည်အထိကြည့်မရဖြစ်နေမိတာ....

ဘာကြောင့်လဲ...သူမထပ်ပြီးမတွေးချင်တော့ပေ....


rate now: