book

Index 21

(အပိုင်း...၂၁)

မင်းမကြည့်လို. 

*****************************


" မိုးသားတို့ လင်မယားကြားမှာနွယ်လေးတော့ ဗျာများပြီကိုကို ''


Laptopတလုံးနှင့် အလုပ်တွေကုပ်ပြီးလုပ်နေသည့်...

သူမဆီက အသံကြောင့် သူမရှိရာလှမ်းကြည့်လိုက်မိသည်...


" ဘာဖြစ်လို့လဲ "


" မိန်းမကအလုပ်ပြန်ဝင်ဖို့ပြော...ယောက်ျားကထွက်စာလာတင်ပစ်နဲ့ ဘယ်သူ့စကားအတည်ယူရမှန်းမသိဘူး "


'' တိမ်လွှာက သူဖြစ်ချင်တာကိုဖြစ်အောင်လုပ်တက်တဲ့ဉာဥ်ရှိတယ်နော် ကလေးမ "


''မိုးသားက လဲ နွယ်လက်မလွှတ်ချင်လောက်အောင်နှမြောဖို့ကောင်းလွန်းတယ်..

အရည်အချင်းတွေရောကြိုးစားချင်စိတ်ရောရှိတဲ့အမျိူးသမီးလေးကို ပိတ်လှောင်တော့မှာလို့ခံစားရပြီးပိုနှမြော......''


'' Hello သစ္စာ "


သူမ စကားပြောနေတုန်း...


ဖုန်းကို ကောက်ကိုင်လိုက်သလိုတိုက်ဆိုင်စွာပင်သစ္စာရှင်ဆီကဖြစ်နေသည်မို့...သူမအလိုမကျဖြစ်သွားသော်လည်း...


ခနဆိုသည့်ပုံစံနှင့်လက်ကာပြကာ...


ထ ထွက်သွားလေသည်...


စာဖတ်ခန်းဆီဦးတည်ကာဝင်သွားသည်မို့...

အလုပ်ကိစ္စနေမှာပါဟုဖြေတွေးသော်လည်းသဝန်တိုစိတ်တွေကဘယ်လိုမှလက်မခံနိုင်....


" ok သစ္စာ ကိုယ့်ကို မနက်ဖန် မနက်အမှီတချက်ကူညီပါအုန်း...."


''......''


'' ဟားးးး ok Thank နော်သစ္စာ See you "


ph ဝင်လာသည်မို့ထ ထွက်သွားသည်ထင်ခဲ့တာ...

သူ့အသံကြောင့်တံခါးခေါက်ရန်ဟန်ပြင်ထားသည့်လက်တွေရပ်တန့်သွားခဲ့လေသည်...


" ph ဝင်လာလို့ လို့ထင်နေတာ...ကိုကို ခေါ်လိုက်တာလား "


''အလုပ်ကိစ္စပေါ်လာလို့ပါ နွယ်လေးရဲ့ "


'' နွယ်လေး စကားပြောနေတယ်လေ တကယ်ဆို ကိုကို ခနနော်ဖြစ်ဖြစ် ပြောသင့်တာပေါ့ အခုကိုကိုလုပ်ပုံက.... "


'' ကျစ် နွယ်လေးရာ အလုပ်ကိစ္စမို့ခေါ်လိုက်တာပါကွာ ကိုယ်တောင်းပန်ပါတယ် ဟုတ်ပြီလား..."


" ကိုကို..... ''


အသံခပ်ကျယ်ကျယ်အော်လိုက်ပြီးမှ..

မေမေကြားမှာလဲစိတ်ပူမိကာ...ပြန်လျော့လိုက်ရသည်


" နွယ်... သဝန်တိုလို့ပြောနေတာမဟုတ်ဘူးနော် နွယ်စကားပြောနေတယ်လေ နွယ့်ကိုအလေးမထားသလိုမျိူးနဲ့အခုကိုကိုလုပ်ပုံက respect မရှိလို့ပြောနေတာ "


"အလုပ်ကိစ္စ mail ရောက်လို့ပါကွာ "


" inn ဟုတ်တာပေါ့ ကျမစကားတွေက ရှင့်အလုပ်လိုတန်ဖိုးရှိတဲ့အကြောင်းအရာတွေမှမဟုတ်တာ ကျေးဇူး ''


ရင်ထဲအောင့်သက်သက်နှင့်....

သူမအပေါ် သူ့ရဲ့အပြုအမူဟာ Respect မရှိပါ..


တကယ်ဆို ကိုကိုအလုပ်ကိစ္စပေါ်လာလို့ခနနော်ဆိုရငိသူမဘာပြောမှာမို့လို့လဲ...

သစ္စာရှင်နဲ့ဖုန်းပြောနေတော့ကျချိူအီနေလို့ပါပဲ...


နာကျင်ရသည်.....


သိမ်ငယ်မိသည်....ဒီနေရာက ကွယ်ပျောက်သွားချင်သည်..


ကားသော့တခုကောက်ဆွဲကာ...

ဦးတည်ချက်မဲ့ကားမောင်းထွက်ခဲ့လိုက်သည်.....သူကတော့အလုပ်တွေရှုပ်ရင်းကျန်ခဲ့တယ်ထင်ပါရဲ့...

မျက်ဝန်းအိမ်ဆီပြည့်တက်လာသည့်မျက်ရည်တွေကိုပုတ်ခတ်ချပစ်ရင်း....


" မငိုနဲ့... မငိုနဲ့ နွေဦးနွယ်....ငိုတယ်ဆိုတာအရှုံးပေးတာပဲ..အရှုံးမပေးဘူး ငါဘယ်တော့မှရှုံးလို့မဖြစ်ဘူး..."


စိတ်ရှုပ်စွာနှင့် ဦးတည်ချက်မဲ့ထွက်ခဲ့သည်မို့...


ဖုန်းရော... ပိုက်ဆံအိပ်ရော ပါမလာ..


ပိုဆိုးသည်က...

သူမတက်မောင်းလာတာ သူ့ကားဖြစ်နေသည်...


မုန်းဖို့ကောင်းတဲ့လူ....


ဘာမဟုတ်တာနဲ့ စိတ်ဆိုးသွားတယ်လို့ထင်နေမှာသေချာတယ်...သူမအတွက်တော့အလေးမထားခံရတာ ခံရခက်သည်..

ပိုဆိုးသည်က သူအားကိုးတကြီးဆက်ပြီး


ချိူသာစွာဖုန်းပြောနေတာက သူမ မုန်းသည့်အမျိူးသမီးနှင့်တဲ့....


ကားကို လမ်းဘေးချရပ်လိုက်သည်...


ဒီပုံအတိုင်းဆက်မောင်းသွားရင် ..ရှုပ်ထွေးနေသည့်စိတ်တွေကြောင့် တခုခုဖြစ်သွားနိုင်သည်...

စိတ်တွေတည်ငြိမ်အောင်ထိန်းရင်း...

စိတ်ညစ်ရင်သွားလေ့ရှိသည့် ကမ်းနားဘက်ကို ဆက်မောင်းဖို့ပြင်နေစဥ်..


" ဒေါက်ဒေါက် "


ရုတ်တရက်ထွင်လာသည့်ကားမှန်ခေါက်သံကြောင့်အသံလာရာဘက်လှည့်ကြည့်မိတော့...

စိုးရိမ်နေသည့်မျက်နှာထားနှင့်...


" ကိုကို "


lock ဖွင့်လိုက်သည်နှင့်ကားပေါ်တက်လာကာ...


" နွယ်လေး..ကွာ ကိုကို့ ကိုစိတ်ပူရအောင် "


'' ဒီမှာရှိနေတာဘယ်လိုသိလဲ "


'' ဒါ ကိုကို့ကားလေ "


''GPS တပ်ထားတယိပေါ့ "


''inn "


သူမခပ်အက်အက်ထရယ်လိုက်မိသည်...


" ဘာလိုက်လုပ်တာလဲ GPS ရှိနေတာပဲ အိမ်ကနေကြည့်နေလို့ရရဲ့သားနဲ့ "


'' ဖြစ်မလားကွာ ကို့မိန်းမတယောက်လုံးညဘက်ကြီး စိတ်ဆိုးပြီးထွက်သွားတာကိုး ''


'' ဘာဖြစ်လဲ အရေးကြီးတဲ့အလုပ်ကိစ္စတွေကို အတွင်းရေးမှူးမလေးနဲ့ချိူချိူလေးစကားတွေပြောရင်းကျန်ခဲ့ပေါ့...

ပြီးတော့ ကျမ စိတ်မဆိုးတာမဟုတ်ဘူး''


'' ဒါဖြင့်စိတ်နာသွားတာလား "


" စိတ်ရှုပ်သွားလို့ကားခနထွက်မောင်းတာ "


'' ကိုက ငိုနေမယ်ထင်တာ မျက်ရည်တောင်မကျတော့ စိတ်များနာသွားသလားလို့ တော်သေးတာပေါ့ကွာ စိတ်ကောက်ယုံလေးပဲမို့လို့ "


'' မကောက်ပါဘူးလို့ဆို ကလေးကလားကောက်စရာလား "


သူမ မျက်စောင်းထိုးကာပြောလိုက်တော့...


သူမကိုယ်လေးကိုရုတ်တရက်ရင်ခွင်ထဲဆွဲသွင်းကာ...


'' ဒီနေရာမှာ အကြာကြီးရပ်နေတော့ကားရပ်ပြီးငိုနေပြီမှတ်လို့ကိုယ်ဘယ်လောက်ရင်နာရတယ်မှတ်လဲ..

ကို့ကြောင့်မျက်ရည်မကျစေရဘူးလို့တွေးထားပြီး ကို့ကြောင့်နွယ်လေးမျက်ရည်ကျနေရပြီထင်လို့ လန့်လဲလန့်သွားတာကွာ "


သူ့ရင်ခွင်ထဲကနေမော့ကြည့်ရင်း....

ဘာစကားတခွန်းမှထွက်မလာခဲ့ ရင်ထဲအစာမကြေပါ..


'' ကိုယ်ကလေ တဘဝလုံးအလုပ်သရဲဖြစ်ခဲ့တော့..နွယ်လေးကိုအချိန်ပေးဖို့ကြိုးစားနေပေမဲ့အလုပ်ဝင်လာရင်အရာရာမေ့ပြီးအလုပ်ထလုပ်တဲ့အကျင့်က ကျန်နေသေးတယ်ကွာ...

ကိုကိုတောင်းပန်ပါတယ် ကလေးရယ်...နော် "


'' အင်း...ရပါတယ် "


''အသံကသိပ်တော့မကြည်သေးဘူးထင်တယ် ကဲပြောထွက်လာလက်စနဲ့ မုန့်စားပြီးမှပြန်ကြမလား Bar သွားမလား ဒါမှမဟုတ် Night Out ကြမလား ကိုကိုတို့ "


'' ကမ်းနားမှာ ခနသွားထိုင်မယ်..အာ့နားကဆိုင်မှာတခုခုစားပြီးခနနေရင်ပြန်မယ်လေ..

နွယ်နဲနဲစိတ်ရှုပ်နေသေးလို့ "


''ok ကိုကိုမောင်းပေးမယ် "


'' ကိုကိုစီးလာတဲ့ကားကရော "


'' ဒီနားက ကို့တပည့်တယောက်လာယူလိမ့်မယ် "


''aww ok နွယ်လေးပဲမောင်းပါ့မယိ သွားကြမယ် "

မုန်းစရာကောင်းတဲ့အမျိူးသားကို...ကလေးဆန်ဆန်ရန်မလုပ်ချင်တော့ပါ

စိတ်ထဲသိပ်မကြည်နေသော်လည်း....


တကူးတကလိုက်လာပြီး...တောင်းပန်ချော့မောသလို

သူ့ဘက်ကအရင်အလျှော့ပေးလာသည်မို့..


မကျေနပ်သော်လည်းပြေလည်ပေးဖို့ဆန္ဒရှိနေသည်မဟုတ်လား...

အလိုလိုက်ချင်းတွေဟာ...


တခါတရံစိတ်ရင်းမှန်ရဲ့လားမသိသော်လည်း

သူမကျေနပ်စွာပျော်ဝင်သည်မဟုတ်လား....


ဒီလိုနဲ့ပဲအစတောင်မပျိူးလိုက်ရပါပဲရန်ပွဲတွေဟာကြေလည်သွားခဲ့ကြသည်...သို့သော်.....


rate now: