book

Index 20

(အပိုင်း...၂၀)

မင်းမကြည့်လို့ ( အပိုင်း...၂၀)

****************************


" မိုးသားနဲ့ တ်ိမ်လွှာ လက်ထပ်ကြတော့မယ် ကိုကို သိပြီးပြီလား "


'' ဖိတ်စာရောက်လာပြီလား "


'' အင်း "


သူမ ထမင်းစားခြင်းကို အဆုံးသတ်ကာ ပန်းကန်တွေကို သိမ်းလိုက်သည်...


" ပြီးပြီလား.. မိန်းမ အစားနည်းလိုက်တာကွာ စားမကောင်းဘူးလား ''


'' ဝပြီ ကိုကို နွယ်လေးသိပ်မဆာလို့  နွယ်စာကြည့်ခန်းထဲရှိမယ်နော် ကိုကို ''


သူမော့မကြည့်ပဲသိသည်...

ဒီကောင်မလေးအလုပ်တွေအိမ်ထိပါလာတာ...


အောင်မြင်မှု့အရှိန်ရကာစမို့...


သူမအလုပ်တွေရှုပ်နေတာ..သူသိသော်လည်း စိတ်ထဲသိပ်အလိုမကျချင်...

တကယ်ဆို သူတို့ဟာမင်္ဂလာဦးဇနီးမောင်နှံမဟုတ်လား...

ချစ်စခင်စကြင်နာစမှာတော့ အနားကပ်နေချငိသေးသည်...


သူ့ကို မမှီခို​တော့သည့်ကောင်မလေးကို....


ကလေးဘဝကလို ပြန်မြင်ချင်သေးသည်...


သို့သော် အတိတ်က ကလေးမလေးဟာ အတိတ်မှာကျန်နေခဲ့ပြီမဟုတ်လား...

အတူလက်ဆုံစားနေသည့်ထမင်းဝိုင်းမှာသူတစ်ယောက်ထဲခြောက်ကပ်စွာကျန်နေခဲ့လေသည်မို့..


အရသာရှိစွာစားသုံးနေသည့် ညစာတွေကို ဆက်မစားချင်တော့ပါ

သူ...စိတ်ထဲရှိနေတာတွေထုတ်မပြောဖြစ်တာ

သူမစိတ်ခုမသွားစေဖို့ဖြစ်သည်မဟုတ်လား..

ရင်ထဲကစကားတွေမြိုသိပ်ရင်း...


သူမကို လုံးဝအဆုံးရှုံးမခံနိုင်သည်မို့....


အရာရာသည်းခံရမည်

အတက်နိုင်ဆုံးအလျှော့ပေးရမည်....

တနေ့ထက်တနေ့ပိုပိုချစ်ပေးရမည်....


သူမအကြိုက်...ခါးစိမ့်စိမ့်ကော်ဖီတခွက်ဖျော်ရင်း သူ စာကြည့်ခန်းထဲဝင်ခဲ့သည်...


" ကိုကို "


'' နွယ်လေးအတွက်ကော်ဖီ...အရမ်းညနက်တဲ့ထိမလုပ်နဲ့နော် "


ကော်ဖီခွက်ကိုချပေးရင်း...

သူမနဖူးလေးခပ်ဖွဖွနမ်းကာ..အနှောက်ယှက်မဖြစ်ဖို့ သူပြန်ထွက်သွားပေးရန်စဥ်းစားလိုက်သော်လည်း...

လှည့်ထွက်သွားသည့်သူ့လက်ကိုဆွဲကာထိုင်နေရာကနေသူ့ခါးတွေကိုဖတ်ထားသည့်သူမက


"ကိုကို့ ကိုပစ်ထားမိတာတောင်းပန်ပါတယ်"


သူမဆီပြန်လှည့်ကာ သူမခေါင်းလေးကိုခပ်ဖွဖွပွတ်သတ်ပေးရင်း..


" ဘာကိုတောင်းပန်နေရပြန်တာလဲ ကလေးရယ် နွယ်လေးအခုလို ကြိုးစားနေတာလေးကိုပဲ ကိုကိုကသဘောကျပြီးသားပါကွာ...

အလုပ်တွေရှိလို့လုပ်နေရတာအပြစ်မှမဟုတ်လာကိုကိုလဲ အလုပ်တွေရှိတဲ့အခါ နွယ်လေးကိုပစ်ထားပြီးလုပ်ရမှာပဲလေ "


'' ဟုတ် "


အားနာနေဟန်ရှိသည့်ကောင်မလေးကြောင့်....

သူသဘောကျစွာပြုံးလိုက်မိသည်...


ဒီကောင်မလေးသာရှိရင်သူ့အတွက်ကျန်တာဘာမှမလိုအပ်ပါ....


အလုပ်တွေအားလုံးပြီးတော့ ၁၂နာရီထိုးခါနီးနေပြီ....

သူမ အခန်းထဲခပ်ဖွဖွဝင်လိုက်ကာ...

အိပ်ပျော်နေသည့် သူ့မျက်နှာချောချောကိုကြည့်ရင်း နဖူးကိုနမ်းလိုက်သည်...


" အချိန်အကြာကြီး ကို့ယောက်ျားကိုပစ်ထားတာ နဖူးပဲလား နှုတ်ခမ်းတွေကိုရောမနမ်းချင်ဘူးလား "


မျက်လုံးတွေမှိတ်ရင်း ပြောလိုကိသည့် သူ့အသံကြောင့် သူမလန့်သွားသလို...

သူ့နံဘေးထိုင်နေသည့်သူမကိုယ်လေးကိုသူ့ရင်ခွင်ထဲဆွဲချထွေးပွေ့ပစ်လိုက်သည်မို့...


" အာ..ကိုကိုနော်...အွန့် "


သူမနှုတ်ခမ်းတွေကို..ခပ်ကြမ်းကြမ်းနမ်းပစ်လိုက်ပြီး...


" ကိုကို့ ကိုပစ်ထားလို့ အပြစ်ပေးတာ "


'' အပြစ်မဟုတ်ဘဲ ဆုချနေသလိုပဲ "


ရယ်ကျဲကျဲနဲ့ ပြောလာသည့်သူမကို အသည်းယားစွာ ရင်ခွင်ထဲထွေးပွေ့ထားလိုက်မိသည်....


ဒီကောင်မလေးသာရှိနေမယ်ဆိုရင်....


ဘာပဲရင်ဆိုင်ရ...ရင်ဆိုင်ရသူရင်ဆိုင်နိုင်သည်ထင်ရဲ့...


" သိရဲ့လား ကို့ဘဝမှာနွယ်လေးမရှိလို့မဖြစ်ဘူး "


နောက်ထပ်ဖလှယ်လာသည့်အနမ်းတွေကြားမှာ..

နှစ်ဦးစလုံးပျော်ဝင်ရင်း....


အတူဖြတ်သန်းကြတဲ့ ချစ်ခရီးလမ်းဟာ...

အမြဲချောမွေ့နေစေချင်သည်....


..........


" ကိုကို ပုံစံအတိုင်းပဲ နေလို့မရဘူးလား "


" ဘာကိုလဲ နွယ်လေးရဲ့ "


'' မသိဘူးဒီတိုင်းပဲ စိတ်ရင်းကိုမခံစားရလို့ "


စကားအဆုံးမှာ အခန်းတံခါးကို အသံမြည်အောင်ပိတ်ပစ်လိုက်ပြီး...

Lock ချပစ်လိုက်မိသည်....


အမြဲအလျှော့ပေးနေတာမျိူးမဟုတ်ပဲ...

မှားတာရှိရင်ဆူမည့်...သူ

လမ်းလွဲနေရင်လမ်းပြပေးမည့်သူ...


မကျေနပ်တာမျိူသိပ်မထားပဲ.. ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ရင်း..

ညှိနှိုင်းရင်းနေသွားချင်သည်....

အရင်က..... ကိုကိုဘယ်မှာများရောက်သွားပါလိမ့်


အချိန်ပြည့်တောင်းပန်ပါသည်ဆိုသည့်စကားတွေပဲ ကြားနေရတာ...

ရင်ထဲမခံစားနိုင်တော့ပါ...

သူ...ဘာတွေကိုများတချိန်လုံးတောင်းပန်နေခဲ့ပါလိမ့်..

သူမဟာ...သူ့အတွက် သင်တောင့်သက်သာဖြစ်စေတဲ့ လူ မဟုတ်ခဲ့ဘူးလား...


မင်းတိမ်လွှာတို့မင်္ဂလာပွဲကပြန်ရောက်ထဲကအခန်းတံခါးပိတ် ဝင်နေပစ်လိုက်သည်..လူကြီးတွေနှင့်အတူနေသည်မို့တခါတရံအသံမကျယ်စေဖို့ထိန်းရတာလဲမွန်းကြပ်ဖွယ်ဖြစ်နေပြန်သည်...

သူမ ကိုယ်သူမလဲ နားမလည်နိုင်တော့ပါဘာကြောင့်....သူမ အရာရာအလိုမကျဖြစ်နေရတာပါလိမ့်...


'' ကိုကို "


တံခါးဖွင့်ချလိုက်သည်နှင့်....


အခန်းဝမှာတံခါးကိုမှီကာထိုင်နေသောသူ့ကိုမြင်လိုက်ရသည်...


ကလေးတွေလဲမဟုတ်တော့ပဲ.....


ဒီလိုပုံစံမြင်ရတော့စိတ်ဆိုးရခက်ပျော်ရခက်ပါလားကိုကိုရာ


" ဘာထိုင်လုပ်နေတာလဲ "


'' နွယ်လေးက စိတ်ဆိုးနေတော့ ကိုကိုဝင်မလာရဲလို့ "


မဝံမရဲမျက်နှာလေးနဲ့....မို့သူမပြုံးလိုက်မိတော့မှသူပါပြုံးလာနိုင်ရှာသည်...


" ဘာလို့ကလေးဆန်နေတာလဲ ကိုကိုကတော့"


" စိတ်ဆိုးပြေပြီလား..."


"စိတ်မဆိုးပါဘူး..ဒါပေမဲ့ကို့ဘာကိုယ်ဘာမှားလဲရောသိရဲ့လား "


" ကိုယ်....."


"တောင်းပန်ပါတယ်လို့ပြောဦးမလို့မှတ်လား "


''ကိုယ်ဘာမှားလဲမသိပေမဲ့...နွယ်လေးအပေါ်ထားသမျှခံစားချက်ပြောသမျှစကား...အပြုအမူအကုန်လုံး စိတ်ရင်းတွေဆိုတာတော့ယုံပေးပါကွာ ''


'' နွယ်လေးတောင်းပန်ပါတယ်ကိုကို "


သူ့ရင်ခွင်ထဲပြေးဝင်ဖက်တွယ်ရင်း....

သူမစိတ်မကောင်း......


သူမ လုပ်ရပ်ကတအားကိုလွန်သွားသလားမသိပါ...

သူမချစ်ရတဲ့သူ့ကိုအဆုံးရှုံးမခံနိုင်တာသူမကိုယ်သူမသိေသာ်လည်း...

သူကြောင့်...

သူမကိုယ်တိုင်ကြိုးစားပြောင်းလဲလိုက်သည့်ဘဝမှာသူမပျော်ဝင်နေပြီထင်ပါရဲ့.....


rate now: