book

Index 2

အပိုင်း....၂

မင်းမကြည့်လို့ ( အပိုင်း....၂)

****************************


'' သမီးလေး ဘာဖြစ်သွားသေးလဲ ထိခိုက်မိတာရှိလား ကလေး "


ဂုဏ်မေမေ့ရဲ့ စိုးရိမ်သံတွေဟာ...နွယ်လေးပေါ်မှာသာ အကဲပိုနေကာ

ခြေထောက်တဖက်အဆစ်လွဲပြီး...

တံတောင်ဆစ်ပွန်းလားသည့် သူ့အပေါ်..


တစက်ကလေးမှ စိတ်မဝင်စား....


'' မေမေတို့က မေမေသမီးကိုပဲ စိတ်ဝင်စားနော် ဟောဒီက ဒဏ်ရာတွေနဲ့ သားကိုကျတော့ မေးဖော်တောင်မရဘူး "


သူ...ရယ်ရယ်မောမောနှင့် ဝင်ပြောတော့ 

ပကတိ ကြည်လင်နေတဲ့ မေမေဟာ ပြုံးသည်


" သားက ဘယ်အချိန်ထိ ညီမလေးကို မနာလိုဖြစ်နေမှာလဲ ညီမလေးက ကလေးလေသားရဲ့ "


မေ့မေ ကလေးက ရည်းစားတောင်ထားတက်နေပြီဆိုတာများသိရင်..

မေမေတို့ဘယ်လိုနေမလဲမသိ....

ငယ်သူငယ်ချင်းတွေ ဖြစ်ကြသည့် မေမေတို့ကြောင့်....

သူနဲ့နွယ်လေး ငယ်စဥ်ကထဲကဘအတူကြီးလာကြတာဖြစ်သလိူ..


သမီးလေး  ထပ်ပြီးလိုချင်ခဲ့သည့်..


ဂုဏ်ဖေဖေနဲ့မေမေ လက်ပေါ်တွင်ပင် ဒီကလေးမ ကြီးပြင်းလာသည်မို့..

သမီးအရင်း နှင့်မခြား အချစ်ခံရသည်...

ဒါကြောင့်...

လိုတာမရလျှင် မေမေတို့နှင့်အမြဲပြေးတိုင်တက်သေးသည်..


သူမက အမြဲတမ်းဖော်ကောင်လုပ်ပေမဲ့...


သူကျတော့ သူမ ဘာလုပ်လုပ် လိုက်ဖုံးကွယ်ကူညီရမြဲ..


'' မမေဇော သမီး ဗျိုကျဆာတယျ "


'' ငါ့သမီးလေး ဗိုက်ဆာလို့တဲ့ အထွေးရေ ကလေးအတွက် တခုခုပြင်ပေးပါအုန်း ''


'' ဟုတ်ကဲ့ အန်တီလေး "


မေ့မေ့လက်ကိုချိတ်ကာ ထမင်းစားခန်းဆီ ပါသွားသည့်သူမက သူ့ကို လှစ်ခနဲ ပြုံးပြခဲ့သေးရဲ့..

ဒီအိမ်ဟာ...

သူမအတွက် တော့ သူမ အိမ်လိုပင် သူမအလိုလိုက်အကြိုက်ဆောင်ကြသည်...


သူ့ထက်..သူမကို ပိုချစ်ကြသယောင်ရှိသည်ကိုလဲ..

သူတခါမှ မနာလိုမဖြစ်ခဲ့ပါ...


ဒီကောင်မလေးဟာ သူ့ ညီမလေးဟု မှတ်ယူထားသည်မို့ထင်ပါရဲ့...


..............


"သျှံထွန်း သေချာတယ်ဖေဖေ သားသူ့ကို မြင်လိုက်တဲ့အပြင်..

ကားနံပတ်ပါ မှတ်မိလိုက်တယ် သူတို့အိမ်က ကားပဲ "


'' အင်း.... ဒီကောင်လေးနဲ့ခက်ပါတယ် ကိုထွန်းက အလိုလိုက်လွန်းတော့ ဆိုးတယ် ကိုထွန်းကိုတော့ အသိပေးထားမှပါ..

ကဲ သားလဲနားတော့ "


'' ဟုတ်ကဲ့ "


အခန်းထဲက လှည့်ထွက်သွားရင်းးး သူ့နှုတ်ခမ်းက မဲ့ပြုံးတချက်ပြုံးလိုက်မိသည်..

သူ...အတိုင်တောထူတဲ့ကောင်မဟုတ်ပေမဲ့..


ဒီတခါ ထိခိုက်တာ....


နွယ်လေးမဟုတ်လား...


Sorry ပဲ ငလျှံ မင်းရမ်းကားနေတာတွေ နွယ်လေးကို မထိခိုက်သရွေ့ ငါမမြင်ချင်ယောင်ဆောင်နိုင်ပေမဲ့....


သူမကို ကာကွယ်ပါမယ်လို့...


မကြာမကြာ ကတိပေးခဲ့ဖူးသည်မဟုတ်လား..


သူ ဒယ်ဒီ စီးပွားရေးကို စိတ်ဝင်တစား သင်ယူလိုသည်..

မိဘတွေထက်ပိုပြီးအောင်မြင်သည့် လုပ်ငန်းရှင်ဖြစ်ချင်သည်...နွယ်လေးကို ကာကွယ်ပေးချင်သည်..


ငွေဟာ ဒုတိယဘုရားသခင်မို့...


သူ ကြိုးစားရအုန်းမယ်...


D khit Company လေးကနေ...


D khit Group ကြီးအထိ အောင်မြင်ချင်သည်....


အခုတလော သူ့နားသိပ်မကပ် အပျိူကြီး စတိုင်လ်ဖမ်းနေသည့် ကောင်မလေးကို..

သူဘယ်လိုမှ အပျိူပေါက်လို မြင်ကြည့်လို့မရ...


ဂါဝန်ကားကားကလေးရယ်...


မုန့်တွေပေပွအောင်စားနေတက်ပြီး 

မျက်လုံးလေးတွေဝိုင်းလဲ့နေအောင် ငေးကြည့်နေတက်သည်...

၅ နှစ်အရွယ် ကလေးမလေး မျက်နှာသာ မြင်ယောင်နေမိသည်...


သူမလေးဟာ...


သူ့အတွက် နှစ်ယောက်မရှိအောင် သွေးသားအရင်းညီမလေးလိုချစ်ရသည့် ကလေး..

ဒါကြောင့်မို့ သူဟာ. အကိုတယောက်အနေနဲ့စောင့်ရှောက်ဖို့တာဝန်ရှိသည်..


မဖြစ်သင့်တာမဖြစ်ဖို့ ထိန်းကျောင်းပေးချင်သည်...


လင်းထက်သူ နဲ့ ဆယ်ကျော်သက်မို့ စိတ်ကစားတာပဲ ဖြစ်စေချင်ပါရဲ့..

တကယ်ဆို ရည်းစားထားဖို့ ငယ်သေးတဲ့အရွယ်သာရှိသေးတာ...


အားကိုးတကြီး လာတိုင်ပင်ကတည်းက..


သူတားလိုက်သင့်တာ....


ဘာတွေများ မာနခံနေခဲ့မိသလဲ.....

တခါတရံ သွေးသားအရင်းချာမဟုတ်လို့ နေရာတကာလိုက်ပြောဖို့မသင့်ဘူးဆိုတဲ့..

စည်းတွေ ခေါင်းထဲ ဝင်လာတက်တဲ့ သူ့စိတ်ကိုပဲ...အပြစ်တင်ရမလား..

နေ့လည်က သူမအနားနီးကပ်သွားတုန်း..

ပါးကလေးတွေအပေါ်မရိုးသားသလို ဖြတ်ကနဲတွေးမိသေးသည်..


သိပ်ကို မိုက်မဲတဲ့ကောင်....


နွယ်လေးကတော့ သူ့အပေါ် အကိုကြီးလို မိသားစု လိုတွယ်တာ ချစ်ခင်ရှာတာကို..


သူမို့လို့......


............


ညဘက်တွေမှာ အတော်နှင့်အိပ်မပျော်ပါ....


ကိုကိုဟာ နွယ်လေးကို တကယ်ပဲမချစ်ဘူးလား


နေ့လည်က ပုံရိပ်တွေမြင်လာတော​့လဲ..


မဟုတ်လောက်ဘူးထင်တယ်...

သူမကို ချစ်လောက်ပါတယ်...


ရည်းစားစာပေးတာပဲ ယူလိုက်ပေါ့


တကယ်ဆို သူမမျှော်လင့်ခဲ့တာ ဒီလိုစကားမျိူးမဟုတ်ပါ...


ကိုကိုက သဝန်မတိုဘူးတဲ့လား....


ဘယ်အချိန်ထိမတိုပဲနေနိုင်မလဲ...

ဒါကြောင့်လဲ..

လင်းထက်သူကို သူမအဖြေပေးမလိုလို တမင်အနားဆွဲထားတာဖြစ်သည်..


ကိုကိုကတော့....


အဖြေပေးလိုက်ပြီထင်နေပုံရရဲ့...

ဒါပေမဲ့ သဝန်တိုဟန်မပြပါ..


တကယ်မချစ်ဘူးဆိုရင်လဲ....

ရင်ခုန်အောင်မလုပ်ပါနဲ့လား....


ရင်ခုန်တက်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတယောက်ကို.. 

မျှော်လင့်ချက်တွေပေးတာတော့ လွန်တာပေါ့..


သူမရဲ့ ရင်ခုန်သံတွေဟာ...


ကိုကို့အပေါ်မှာ အရင်လို ရိုးရှင်းမနေတော့တာ သူမသာ အသိဆုံး..

တဖြေးဖြေး သဘောကျသည်ထက် ပိုပို သဘောကျလာသည့် သူမကိုယ်သူမလဲ သဘောမကျပါ..


သူမကို ကလေးလိုပဲ မြင်ပြီး.....


၅၂၈ ချစ်ခြင်းတွေနဲ့... ချစ်ခင်ပေးသူအပေါ်မှ မရိုးမသား ခံစားရ တာကိုလဲ ရှက်မိသည်..


ဒါကြောင့်...

သူမ ကိုကို ကိုရှောင်လာမိတာပင်....


သူမကိုယ်သူမ မှန်ထဲ ကြည့်မိသည်....


မျက်မှန်နဲ့ သူမပုံဟာ...


ရုပ်ဆိုးမလေးနှင့်တူလှသည်....


ကိုကို့ အိမ်မက်ဟာ အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တဲ့....


ကိုကိုသဘောကျသည့်...


စီးပွားရေးလုပ်ငန်းတွေအကြောင်း....သူမလဲ စိတ်ဝင်စားအောင်ကြိုးစားမိလာသည်..

ထက်မြက်တဲ့...

Business Woman ဖြစ်ချင်လာမိသည်..


ဒါမှလဲ ကိုကိုနှင့်လိုက်ဖက်မည်မဟုတ်လား..


အတွေးတွေနယ်လွန်ပြီးမှ...


ကြည့်..


သြဇာဂုဏ် ကို အာ့သလောက်ပဲ သဘောကျရသလား နွေဦးနွယ်ရယ်...


တစုံတယောက်အပေါ် အရမ်းကို တွယ်ချင်လာတာကို သူမ မကြိုက်ပါ.

ကိုယ်ကပိုချစ်လေ ကိုယ်ပဲပိုခံစားရလေမဟုတ်ပါလား...


သူနဲ့အဝေးဆုံးကိုလဲ ထွက်သွားချင်တယ်..


ဒါပေမဲ့.... သူနဲ့လဲမခွဲနိုင်ဘူး


မသိဘူး လိုချင်တာကို ရအောင်ယူဖို့ သူမတာဝန်ပဲ 


ငယ်သံယောဇဥ်တွေ ရှိပြီးသားမို့.....


မကြိုက်သေးရင် ကြိုက်အောင်လုပ်မယ်

ကြိုက်နေရဲ့သားနဲ့ ဟန်ဆောင်နေတာဆို ဟန်မဆောင်နိုင်တော့အောင်လုပ်မယ်..


လွတ်အောင်ပြေးထား ကိုကို.....

နွယ်လေးဘဝမှာ လိုချင်လာရင် ရအောင်ယူချင်တယ်...


သူနဲ့ နီးကပ်သွားတဲ့ ပုံရိပ်တွေ ပြန်မြင်ယောင်ပြီး ရင်တွေခုန်လာမိတယ်..


rate now: