မင်းမကြည့်လို့ ( အပိုင်း...၁၉)
***************************
ဆံပင်....ပုခုံးနှင့် ရင်ဘက်တလျှောက် တွဲလွဲခိုနေသည့်ရေသီးလေးတွေကိုပင်..
သူ..မနာလိုဖြစ်မိသည်
ပိုင်ဆိုင်နေရပြီဆိုမှ....
ဘာကြောင့်ပိုပို သဝန်တိုမိနေသလဲ....
အချစ်ကဆန်းကြယ်သားရယ်ပါ...
သဘက်အဖြူကလေးနှင့်ထွက်လာသည့်သူမကို အနားဆွဲယူကာ..
ဆံပင်တွေကိုရော... ခန္ဓာကိုယ်ပေါ်ကရေတွေကိုပါသုတ်ချပစ်လိုက်သည်
" ယောကျာ်း ယူပြီးမှပဲ ပိုဇိမ်ကျနေသလိုပဲ "
ရေစစ်သွားတဲ့ဆံပင်တွေကို..Dryer မှုတ်ပေးဖို့ပြင်နေရင်း..
သူမ စကားကြောင့်မှန်ထဲကတဆင့်သူမမျက်နှာလေးကိုလှမ်းကြည့်လိုက်သည်...
" မမလေး ဇိမ်ကျတယ်ဆိုလို့ ကျွန်တော်မျိူးကျေနပ်ပါတယ်ခင်ဗျာ..."
ကျေနပ်သွားသည့် မျက်နှာထားလေးကိုမြတ်နိုးစွာငေးကြည့်ရင်း..
'' တသက်လူံး ပိုဇိမ်ကျသထက်ဇိမ်ကျအောင်ထားနိုင်ဖို့ ကိုကိုကြိုးစားပါ့မယ် "
''အာ့လောက်ကြီးအလိုမလိုက်ပါနဲ့ နွယ်ဘာမှမလုပ်တက်မကိုင်တက်ဖြစ်ပြီး ကိုကို့ ကိုပဲမှီခိုချင်သွားရင်ဘယ်လိုလုပ်မလဲ "
'' အာ့လိုမမှီခိုလို့ခက်နေတာပေါ့...တကယ်သာမှီခိုကြည့် ကိုကို သေပျော်ပြီ "
''ကိုကိုကနွယ်လေးအခုလိုအမှီခိုကင်းကင်းရပ်တည်နေတာကိုမကြိုက်ဘူးလား အိမ်မှာပဲ အိမ်ရှင်မလုပ်စေချင်တာလား "
'' တခါတလေတော့လဲ ကိုကိုရှာတာတွေထိုင်ဖြုန်းတဲ့ဇနီးလိုချင်တာပေါ့...
ဒါပေမဲ့ ဒီလိုအမှီခိုကင်းရပ်တည်နိုင်တာလဲတမျိူးသဘောကျရတာပါပဲ ကို့ဇနီးထက်မြက်တာမကြိုက်ဘူးရှိပါ့မလား ကိုကိုစကားမှားသွားရင်တောင်းပန်ပါတယ်နော် နွယ်လေး "
စိတ်ထဲတမျိူးဖြစ်သွားပေမဲ့....
သူ့ရဲ့အလျော့ပေးတောင်းပန်သံတွေကြားမှာပဲ...ကတောက်ကဆ ဆိုတာဘာမှန်းမသိရပ်တန့်သွားမြဲပါပဲ....
တခါတလေကျရင်...
သူဟာ အစွမ်းကုန်အလိုလိုက်နိုင်ဖို့ကြိုးစားလုပ်ယူနေရသလိုလိုပါပဲ...ဘယ်အချိန်အတိုင်းအတာထိ သူ..သည်းခံနိုင်ပါ့မလဲ
တချိူ့ကိစ္စတွေဟာ...
ဇွတ်ညှိယူစရာမလိုပါဘူး....
ရန်ဖြစ်ရင်း နားလည်မှု့တွေပိုယူရတာပဲမဟုတ်လား...
သူစိမ်းနှစ်ယောက်ပေါင်းဖက်ကာ ဖြစ်တည်လာသည့်အိမ်ထောင်ရေးကို လိုတိုးပိုလျှော့... နားလည်မှု့ဖြင့်ရပ်တည်ရမည်မဟုတ်လား...
သူ...တကယ်ပဲ
မှီခိုခြင်း....မမှီခိုခြင်းအပေါ်...စိတ်ခံစားချက်ရှိနေသလား...
" ကိုကို..စိတ်ထဲရှိတဲ့အတိုင်းပြောပြကြည့်ပေးပါလား "
'' ဘာကိုလဲ ကလေးရဲ့ "
'' နွယ်လေးကို ဘယ်လိုပုံစံနဲ့ဇနီးမျိူးဖြစ်စေချင်လဲဆိုတာမျိူးပေါ့ "
'' အာ့လိုမရှိပါဘူး ဒီတိုင်း နွယ်လေးကနွယ်လေးပုံစံအတိုင်းပဲနေပါ "
" မှီခိုစေချင်တာမျိူးရှိရင်...."
'' နွယ်လေး...ကိုကို ဘာရယ်မဟုတ် ပြောလိုက်တဲ့စကားပါ စိတ်ထဲမထားပါနဲ့လို့တောင်းပန်ပါရစေ..
စိတ်ထဲ မခုပါနဲ့နောိ ..''
'' မဟုတ်တာ... ကိုကို ဘာလို့နွယ်လေးစကားကိုဆုံးအောင်နားမထောင်ရတာလဲ "
'' ကိုကို နွယ်လေးကို အဆုံးရှုံးမခံနိုင်လို့ပါကလေးရယ်..
ကျေးဇူးပြုပြီး စိတ်ထဲကထုတ်ပေးပါ.."
ရင်ခွင်ထဲ ဆွဲသွင်းကာ...
ဇွတ်တောင်းပန်လာသည့်သူ့စကားသံတွေကြား...
သူမ ငြိမ်နေလိုက်ရတော့သည်...
မွန်းကြပ်လိုက်တာ
သူ့ခါးကိုအလိုက်သင့်ပြန်ဖက်ရင်း ရင်ခွင်ထဲမျက်နှာအပ်လိုက်သော်ကာ
'' အင်းပါ ကိုကို "
ဒီလိုနဲ့ပဲ ပြေလည်လိုက်ရသည်တဲ့လား...
စိတ်လဲမခုပါ...စိတ်လဲမဆိုးပါ..
သူမက ပွင့်ပွင့်လင်းလင်းဆွေးနွေးချင်ခဲ့ယုံလေးပါပဲ...
........................
ရန်ကုန်ပြန်ရောက်သည်နှင့်...
အလုပ်ကြွေးတွေရယ်...
ကမ်းလှမ်းမှု့အသစ်တွေရယ်ကြားမှာ
ေခါင်းစိူက်ရင်း... လူပင်ပန်းရသော်လည်းသူမပျော်နေမိသည်...
မိုးသားဖြူနဲ့မင်းတိမ်လွှာ လက်ထပ်ကြတော့မယ်
မိုးသားရဲ့ထွက်စာနှင့်အတူ...
မင်းတိမ်လွှာရဲ့ လက်ထောက်လား...
ဆရာဝန်လားမိသားစုလား
ခေါင်းစဥ်တပ်လို့မရသည့်ခေါင်းစဥ်တွေအောက်က Skycastle ရဲ့တထောင့်တနေရာကအရေးပါသူ...
သူရိန်ဆိုသည့်လူကိုယ်တိုင် ဖိတ်စာနှင့်အတူရောက်လာခဲ့သည်..
ရိုးသားသလို...အလုပ်ကြိုးစာသည့်မိုးသားဖြူဆိုသည့်ကောင်မလေးအကြောင်းတွေးမိတော့...
တကယ်ကို ဝမ်းသာရပါတယ်....
မင်းတိမ်လွှာဟာ သူမလေးအပေါ်ကောင်းသူမဟုတ်လား....
'' ကျွန်တော့ကိုခွင့်ပြုပါအုန်း "
ပြတ်သားသော်လည်းချိူသာသည့်အသံကြားမှ...အတွေးတွေက ရပ်တန့်လေသည်...
အရပ်ရှည်ရှည် အသားဖြူသလိုလိုရှိကာရှင်းသန့်နေသည့် သူရိန်ဟာ.လူချောပဲဟု အခုမှသေချာကြည့်ကာတွေးမိသေးသည်..
သူရိန်...
King Company ဘက်မှခက်သုတ်သုတ်ထွက်လာရင်း..
အဝေးတနေရာမှ လမ်းလျှောက်လာသည့်အမျိူးသမီးထံ အကြည့်ရောက်သည်...
သစ္စာရှင်ဆိုသည့်နာမည်နှင့်မှမလိုက်...
ချောမောလှပလွန်းသည့်ရုပ်ကလေးနှင့်မှမလိုက်အောင်....
ငွေမက်လွန်းသည့် မိန်းမ
သူစိတ်ဝင်စားသည့်ရုပ်ရည်....အရည်အချင်းတွေရှိနေပါသော်လည်း
သူမ စိတ်ထားဟာထင်သလောက်မရိုးရှင်းတာမို့...
သူ တက်နိုင်သလောက်ရှောင်သည်....
သူ့အနားကို ရောက်လာတော့...
သူ့မျက်နှာကို ပြုံးစစနှင့်စိုက်ကြည့်ကာ...
ပြုံးပြနေသေးသည်....
အဲ့ဒီအပြုံးတွေ မုန်းပါတယ်ဆို...
သူသာမျက်နှာမွဲဆို သူမခုလိုနှုတ်ဆက်မည်မဟုတ်တာသေချာသည်...
ငွေမက်သည့်အမျိူးသမီး...
သူ့ကို တခုခုပြောဖို့ ဟန်ပြင်နေသည့်သူမကို ခပ်တည်တည်တချက်သာလှမ်းကြည့်ကာ..
ဖြတ်လျှောက်သွားလိုက်သည်...
Personal အရ ဆက်ဆံခေါ်ပြောလုပ်လို့ကောင်းသည့်အနေအထားမဟုတ်သလို...
မင်းတိမ်လွှာ နှင့်သြဇာဂုဏ်တို့ရဲ့..
ကောင်းမွန်လှသည့်ဆက်ဆံရေးကြောင့်...
D khit Group နှင့် အလုပ်ကိစ္စတွေရှိသည်မို့...
သူမနှင့်မဖြစ်မနေဆက်ဆံရသည့်ကိစ္စတွေရှိသော်လည်း...
လမ်းမှာပြုံးပြနှုတ်ဆက်ရအောင်အထိရင်းနှီးသည်မှမဟုတ်ပဲ...
ခင်ဗျားဟာ သိပ်လှတဲ့ပန်းကလေးပေမဲ့ အန္တာရယ် ရှိတဲ့ ပန်းမို့ ဘိန်းပန်းလိုပဲ