book

Index 18

(အပိုင်း...၁၈)

မင်းမကြည့်လို့ ( အပိုင်း...၁၈)

****************************


Bagan...


ပုဂံဆိုတာ...မြန်မာလူမျိူးတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ရတနာ...


ရှေးဟောင်းယဥ်ကျေးမှု့အမွေအနှစ်တွေ..တန်ဖိုးမဖြတ်နိုင်အောင်ရှိသည့်နေရာ...


အခေါက်ပေါင်းမရေတွက်နိုင်အောင်ရောက်ခဲ့ဖူးပါသော်လည်းမရိုးနိုင်သည့်ပုဂံမြေပင်...


ယူနက်စကို(UNESCO) အသိအမှတ်ပြု ကမ္ဘာယဥ်ကျေးမှု့အမွေအနှစ်စာရင်းဝင်..

ပုဂံရှေးဟောင်းနယ်မြေ....သည် 

တချိန်က တမ္မဒီပ ဟုရှေးမြန်မာမင်းများလက်ထက်ကအမည်တွင်ခဲ့သည်...


ပုဂံမှာ ကြည်နူးဖွယ်...ဝမ်းနည်းဖွယ် ဇာတ်လမ်းများစွာနှင့်အတူ....

ရှေးမြန်မာမင်း...မိဖုရား တို့တည်ထားခဲ့ကြသော စေတီပုထိုးများစွာရှိသလို..


ပုဂံဘုရားတွေဆီရောက်တိုင်း ရှေးခေတ်အငွေအသက်တွေရသလို...

တခါတရံ...ထိုခေတ်ထဲသိုပြန်ရောက်သွားသလိုပင်ခံစားရသည်မို့..သူမသဘောကျသည်...


ပုဂံမြေကိုခြေချသည်နှင့်....


ပူပူနွေးနွေးအညာလေနွေးတွေကတိုက်ခတ်ကြည်စယ်ကာကြိုဆိုတက်သေးသည်....


ပုဂံသို့လာရာလမ်းတလျှောက်တွေ့ရသည့်..ထန်းပင်တွေ....


သစ်ရိပ်ဝါးရိပ်တွေကိုလဲ သဘောကျသလို..


အညာဒေသရဲ့သ​​ေင်္ကတဖြစ်သလိုခံစားရသည်..

ဒါကြောင့်လဲ ဟန်းနီးမွန်းကို...နိုင်ငံခြားအလည်ထွက်ဖို့ထက်ပုဂံကိုသာသွားဖို့ မကြာမကြာရောက်ဖူးခဲ့ပြီးတာတောင်...ထပ်မံရွှေချယ်မိသည်ထင်ပါရဲ့....


ကျွန်မချစ်သောပုဂံမြေ..အေးချမ်းပါစေ


ထိုသို့ပြောကာပျော်ရွှင်နေသည့်..သူမကို ကြည့်ရင်း...သူဟာကျေနပ်နေပုံရသည်

အစကတော့ပုဂံကိုရွေးလို့

ရောက်ဖူးနေပြီးသားပဲဟုပြောခဲ့သေးသည်မဟုတ်လား


" ရွှေဆံတော်စေတီဟာ..အနော်ရထာမင်းတည်ထားကိုးကွယ်ခဲ့တဲ့စေတီဆိုတဲ့အတွေးနဲ့တင် အနော်ရထာမင်းရဲ့အငွေ့အသက်တွေခံစားရသလိုပဲနော်ကိုကို "


'' အနော်ရထာမင်းတည်ထားကိုးကွယ်ခဲ့တဲ့ စေတီတွေအထဲမှာရှေးအကျဆုံးလို့ ဖတ်ခဲ့ရဖူးတယ်..ရွှေစည်းခုံထက်ပိုရှေးကျတယ် "


''ကိုကိုက ဒါတွေလဲသိသားပဲ "


'' ဟားးးးး အလုပ်တွေထဲခေါင်းစိုက်ခဲ့သလို တခြားဗဟုသုတတွေလဲကိုကိုလေ့လာခဲ့ပါတယ်နွယ်လေးရယ် အထူးသဖြင့်ပုဂံဆိုတာ ကိုကိုတို့မြန်မာလူမျိူးတွေအတွက် နှလုံးသာပဲမဟုတ်လား...

ပြီးတော့ ပုဂံလိုပဲ ယူနက်စကိုဝင်ဖို့ကြိုးစားနေ

တဲ့ မြောက်ဦးကဘုရားတွေဆီလဲ တချိန်နွယ်လေးကိုရောက်အောင်ပို့အုန်းမယ် "


ကျည်သင့်ခဲ့တဲ့မြောက်ဦး...


ကျည်သင့်ခဲ့ရတဲ့ရှေးဟောင်းစေတီပုထိုးတွေအကြောင်းတော့မပြောဖြစ်ခဲ့တော့ပါ...

သိပ်နှမြောဖို့ကောင်းတဲ့...


မြောက်ဦးရှေးဟောင်းယဥ်ကျေးမှု့ဒေသ


မင်းဆက်ပေါင်း၄၀ကေျာ်အုပ်စိုးခဲ့တဲ့ရှေးဟောင်းမင်းနေပြည်တော်လဲ ဖြစ်ခဲ့တဲ့ မြောက်ဦး...

မြန်မာနိုင်ငံမှာနန်းသက်အရှည်ကြာဆုံးရှေးဟောင်းမြို့တော်တခုဖြစ်သည်


ပျက်စီးမှု့တွေ ဒီထက်ပိုမများလာခင်..


ထိန်းသိမ်းမှု့တွေလိုအပ်နေတဲ့ မြို့တော်လေးသာ...


ယူနက်စကိုဝင်ခဲ့ရင်...ပိုမိုတိုးတက်လာနိုင်သလို

ပုဂံလိုပဲနိုင်ငံခြားသားခရီးသွားတွေကိုသိပ်ကိုဆွဲဆောင်နိုင်မှာပသေချာပါပဲ...


တနေ့တော့...

သူချစ်တဲ့သူမနဲ့အတူလှပတဲ့မြောက်ဦးရယ်...


လှပလွန်းတဲ့ ရခိုင်ပြည်နယ် ကိုအလည်အပတ်သွားချင်သေးရဲ့....


" ကိုကို "


'' အင်းနွယ်လေး "


'' မြောက်ဦးက သိပ်လှတယ်မဟုတ်လား ပုဂံလိုပဲ နွယ်လေးတို့တန်ဖိုးထားရမဲ့ ရှေးဟောင်းယဥ်ကျေးမှု့အမွေအနှစ်နယ်မြေမဟုတ်လား "


'' နွယ်လေးသဘောကျမှာသေချာပါတယ် ကိုကိုတို့ထင်ထားတာထက်ကိုပိုလှတယ် "


'' တကယ်ဆို ကို့နိုင်ငံထဲတင်လည်စရာအလှအပတွေတပုံကြီးကိုကိုရ...ချင်းပြည်နယ်ဆိုလဲ တအားလှတာ ဒီမောဆိုမြို့လေးဆို တအားသွားချင်တာ ရှမ်းပြည်နယ်ဆိုလဲ အင်းလေးကလောလောက်ရောက်ဖူးတာ လူသိနည်းပြီးလှပတဲ့နေရာတွေမှလည်မကုန်ဘူး "


'' ဟုတ်ပါပြီဗျာ နောက်ဆို Anniversary တိုင်း မြန်မာပြည်အနှံ့ခရီးထွက်ကြမယ်လေ "


'' ဖေဖေထူးတို့ကိုအားကျလို့လား "


'' ဟုတ်ပဗျာ "


သူတို့နှစ်ဦးပြိုင်တူရယ်မိကြကာ....


သူမလေးပြောသလိုပါပဲ... အလှအပတွေရတနာတွေအပြည့်နဲ့ကို့တိုင်းပြည်လေးထဲလည်ပတ်ရင်း


နိုင်ငံခြားခရီးစဥ်တွေခြေဆန့်ရင်း...


ချစ်သူလက်ကိုဆွဲ ဘဝအချိန်တွေကုန်ဆုံးချင်သေးရဲ့.....


ပုဂံရဲ့နေဝင်ဆည်းဆာဟာ သိပ်ကိုလှပသလိုလွမ်းဆွေးဖွယ်ရာအငွေ့အသက်တွေပြည့်လှသလို..

ကြည်နူးဖွယ်ရာလဲကောင်းပြန်ရဲ့.....


တနေကုန်လည်ပတ်ပြီးတဲ့အခါ....

တည်းသည့် Hotel ပြန်ရောက်တော့လဲ လှပတဲ့ Hotel အပြင်အဆင်ကြောင့်အမောပြေရပြန်ရဲ့...


Bagan Umbra Hotel


ဟာ...ကျယ်ဝန်းတဲ့ ခြံအကျယ်မှာစိမ်းလန်းစိုပြေလှသည့် ရှုခင်းအပြင်အဆင်တွေဟာမျက်စိအေးစေကာ..

အမောပြေစေသည်ပင်.....

ရေကူးကန်နှစ်ခုနှင့်မို့


သူအတော်သဘောကျမိသလို....


ကျယ်ဝန်းပြီးလှပအောင်ပြုလုပ်ထားသည့် Hotel ခြံဝန်းရဲ့ Landscaping ကြောင့်..

ဓာတ်ပုံရိုက်ရကြိုက်သည့်သူမဟာ...

Hotel ထဲတင်ပုံအတော်ရနေပြီးဖြစ်သည်....


" မောသွားပြီလား "


'' နဲနဲညောင်းသွားတာပေမဲ့ မောပါဘူး "


မမောပါဘူးသာပြောသည်...

ကုတင်ပေါ်ပစ်လှဲချလိုက်သည့်ပုံကခြေပစ်လိုက်ပစ်...


"ကိုကို ခန​ေနရေသွားကူးအုန်းမယ် "


'' နွယ်လေးလဲ လိုက်မှာနော် "


'' ပြောတော့ရေကူးရတာမကြိုက်ဘူးဆို "


'' မခေါ်ချင်ဘူးလား "


နှုတ်ခမ်းတွေက သိသိသာသာမဲ့ပစ်လိုက်တာမို့သူပြုံးလိုက်မိသည်....

သူမ...ရေကူးဖို့ဆိုဘယ်တုန်းကမှခေါ်မရခဲ့တာငယ်ငယ်ကတည်းကမဟုတ်လား...


" မဟုတ်ရပါဘူး ချစ်ဇနီးလေးရယ် "


'' သိသားပဲ မနေတည်းက တယောက်ထဲရေသွားကူးပြီးဘယ်ကောင်မကိုပဲကျွေးလာလဲမသိဘူး ဟွန်း "


'' ဟောဗျာ..ပေါက်ကရ "


''honey moon ပဲရှိသေးတယ်နော်ယွမယ်မစဥ်းစားနဲ့ အနားမှာကပ်နေမှာပဲ "


'' ဘယ်တုန်းကသဝန်တိုတက်သွားတာလဲ "


'' မွေးတည်းကပဲ "


မျက်စောင်းတွေထိုးနေသည့်..သူမကိုအသည်းတွေယားစွာပါးလေးတွေဖိနမ်းပစ်လိုက်သည်....


သဝန်တွေတိုပါသည်ဟုပြောပြီးလိုက်လာသည့်သူမက...

တကယ်တမ်းရေကူးကန်ရောက်သည့်အခါ...


ထိုင်ခုံမှာထိုင်ပြီး...ဖုန်းတလုံးနှင့်ရှုပ်နေလိုက်တာ သူ့ကိုစိတ်ပင်မဝင်စား....

စိတ်ချလက်ချရေကူးနေရင်းမှ...


သူမထိုင်နေသည့်ဆီအကြည့်အရောက်...


သူမနှင့်မလှမ်းမကမ်းမှာခပ်ငယ်ငယ်လူငယ်တစ်စု...

ထိုလူငယ်လေးတွေထဲမှ...

ခပ်ချောချောလူငယ်လေးရဲ့မျက်ဝန်းတွေဟာသူမဆီမှာပဲရစ်ဝဲနေကာ.


ရေမကူးပဲ...ရေကူးဝတ်စုံနှင့်ရှိုးလိုက်ထုတ်သည့်ကောင်မလေးဟာ...

အလှပတွေဟာ ဒီနေ့မှထင်းကနဲပိုပြီးပေါ်လွင်​နေသလိုလို...


သဝန်တိုတယ်ဆိုပြီးလိုက်လာတဲ့သူမကို...


သူကပဲပြန်ပြီး သဝန်တိုရပြီထင်ပါရဲ့...


'' မိန်းမရေ "


တမင်တကာခပ်ကျယ်ကျယ်အော်ခေါ်လိုက်တော့ သူမ လှမ်းကြည့်သည်...


ပြန်မထူးပဲ...


ဘာလဲဟုမေးဆက်ပြသည်မို့သူအနည်းငယ်တင်းသွားကာ...

ချက်ချင်းအပေါ်တက်သည်...

ဘေးမှာပုံရက်ချွတ်ထားသည့်သူမအပေါ်ထပ်နှင့် သူမကိုပတ်ပြစ်လိုက်ပြီး...


" ပြန်ကြမယ် ကိုကိုတော်ပြီ "


ပွေ့ချီပစ်လိုက်သည်မို့...


မျက်လုံးအဝိုင်းသားနှင့်ကြည့်ကာ...


" လူတွေ အများကြီးပဲ ကိုကိုရှက်စရာကြီး ချပေးကွာ "


'' ဘာလဲ..ဘေးဝိုင်းက ဘဲလေးတွေရှိလို့ပေါ့ဟုတ်လား ပဲကျွေးနေတာပေါ့ "


သူ့အသံခပ်မာမာနှင့်ပြောမှ...


ယောင်ရမ်းကာလိုက်ကြည့်သည်...


အစက သူမသတိထားမိပုံမရတာခုမှရိပ်မိသည်မို့ပြောလိုက်မိပြီးမှနောင်တရချင်သွားသည်...


" သဝန်တိုတာပေါ့ "


မျက်နှာထားခပ်တည်တည်ဖြင့်...

သူမကိုလုံးဝမလွှတ်ပေးပဲအခန်းထဲထိပွေ့ခေါ်လာခဲ့သည်...


သဝန်မတိုပဲနေမလား....


ထားစရာမရှိအောင်ချစ်ရတာ...


ဖွက်ထားချင်လောက်အောင်လှလွန်းတာ...


ရေချိူးခန်းထဲထိတန်းခေါ်သွားပြီး...

bath tube ထဲ ချပစ်ကာ...

ရေပန်းနှင့်ဖြန်းချပစ်လိုက်သည်....


" မိတ်ကပ်တပိသာဖို့ပြီး ပဲကျွေးနေလိုက်တာရုပ်ကိုက "


ရေတွေဖြန်းနေသည့်ကြားက သဘောကျသလိုပြုံးကာ...သူ့ကိုပါ

bath tube ထဲဆွဲချပစ်သည်....


နီးကပ်သွားသည့်ခန္ဓာကိုယ်နှစ်ခုမှာ...


သူ့ရင်ခွင်ထဲတိုးဝင်ရင်း...


'' ကိုကိုက နွယ်လေးကိုအနိုင်ကျင့်တယ် "


ငိုသံကလေးနှောပြောမှသူမကိုငုံကြည့်တော့ ရေဖြန်းချလိုက်တာလွန်းသွားလေသလား....လူကပြာပြာသလဲဖြစ်သွားသလို...


စချင်လို့လုပ်လိုက်တာပေမဲ့....

နှိပ်စက်သလိုဖြစ်သွားသလားဆိုသည့်အတွေးကြောင့်...


" Sorry မိန်းမ ကိုကိုတောင်းပန်ပါတယ် နော်.. နော် ကိုကိုက.."


သူ့စကားတွေမဆုံးခင်ရင်ခွင်ထဲကကောင်မလေးဟာ..

သူ့နှုတ်ခမ်းတွေကိုဆွဲယူသိမ်းပိုက်ပြစ်လိုက်သည်....


ရေတွေကြားကနွေးထွေးတဲ့အနမ်းတွေရယ်...


နူးညံ့တဲ့ချစ်ခြင်းမေတ္တာတွေရယ်....


ထာဝရထပ်တူကျစေချင်မိသည်...

ရင်ခုန်သံတွေခေါ်ဆောင်ရာနောက်မှာ...

ဘဝတလျှောက်လုံး ဒီနေ့ရက်တွေလို..

ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနဲ့အတူတကွအိုမင်းသွားချင်တော့သည်...


A/N


ဒါသာသာ ထည့်ရေးထားတဲ့  မြောက်ဦးဘုရားတွေအကြောင်းပါ...တကယ်ကိုအရမ်းလှတာသာသာလဲခုမှသေချာသိတယ်ရယ်...


ယူနက်စကိုဝင်ပြီးထိန်းသိမ်းသင့်တဲ့မြို့လေးပါအခုတောင်ပျက်စီးနေတာတွေ့တွေ့တော့ရင်နာရ😢😢😢


https://www.facebook.com/dmgnewsagency/videos/398308248534902/


rate now: