book

Index 17

(အပိုင်း...၁၇)

မင်းမကြည့်လို့ ( အပိုင်း...၁၇)

****************************


" တကယ်ဆို ကိုကို ကဟန်းနီးမွန်းကိုတင်အကြာကြီးထွက်ပြစ်ချင်တာ "


ကားမောင်းနေရင်း...ကလေးဆန်ဆန်ပြောနေသည့်ကိုကို့ ကိုကြည့်ရင်းပြုံးလိုက်မိသည်...


" တော်ပါပြီကိုကိုရယ် နွယ်လေးတို့မှာ အလုပ်တွေထားသွားရတာကိုး "


'' အလုပ်တွေထားရလဲ ဘာဖြစ်လဲ မိန်းမရယ် ကိုကိုတို့အသက်တွေလဲမငယ်တော့ဘူးရှာသင့်သလောက်လဲရှာဖွေစုဆောင်းခဲ့ကြပြီးပြီ "


သူမကသာ အရင်လို ကိုကို နွယ်လေးဟုသုံးသော်လည်း..

သူကတော့ မိန်းမ ဟုပြောင်းခေါ်တက်လာတာလေးသတိထားလာမိသည်..


" ကျမ သိတဲ့ ဦးသြဇာဂုဏ် မှဟုတ်ရဲ့လား "


'' မဟုတ်လောက်တော့ဘူးထင်တယ် အခုက လူပျိူကြီး သြဇာဂုဏ် မဟုတ်တော့ဘူးလေ မိန်းမနဲ့ဗျ "


ခပ်နောက်နောက်ပြောရင်း


သူမပါးလေးလာဆွဲသည့် သူ့ကို မျက်စောင်းထိုးလိုက်သော်လည်းပဲနှစ်ယောက်စလုံးကြည်နူးစွာရယ်မိကြသည်ပင်.....


သူကတော့ Group of company ကြီးဖြစ်သည်အထိအောင်မြင်ပြီးပြီမဟုတ်လား....


သို့သော်..


သူမ စီးပွားရေးဟာအခုမှခေါင်းထောင်ကာစ...

အောင်မြင်ကာစ...

အရှိန်ရကာစလေးဖြစ်သည်မဟုတ်လား....


ဒါကြောင့် ဟန်းနီးမွန်း​ ကို နိုင်ငံခြားထိမလည်အောင်မနည်းစည်းရုံးရသည်...


ပုဂံကိုသွားချင်ကြောင်းဇွတ်ပူဆာရသည်.


သူဟာ သူမအလိုလိုက်ခဲ့ရသော်လည်းသိပ်ကျေနပ်ပုံမရပါ...


သူမ..သဘောဆိုလျှင် ဟန်းနီးမွန်း​ ပင်သိပ်မသွားချင် အလုပ်တွေပုံနေမှာကိုပစ်မထားခဲ့ချင်ပါ..


တပတ်ဆိုသည့်အချိန်အတွင်းမှာ.....


သူမအလုပ်တွေဘယ်လောက်တောင်ပုံနေမလဲ...


ခေါင်းထဲအလုပ်အကြောင်း...ဟိုဟို ဒီဒီအတွေးတွေရွေ့လျှားလာတော့ လက်ကအလိုလိုဖုန်းကိုကြည့်မိသည်...


mail တွေဝင်ကြည့်မိသည်...


" စိတ်မဖြောင့်ဘူးလား "


ပြတ်တောင်းတောင်း သူ့အသံကြားမှ အချိန်တွေဘယ်လောက်ကြာအောင်ဖုန်းကိုကြည့်နေမိသည်မသိ...


'' မဟုတ်ပါဘူး ကိုကိုရ "


''ဟုတ်ပါတယ် ကို့မိန်းမကို ကလေးဘဝထဲက ကြည့်လာတဲ့ကောင်ပါကွာ ''


ထို့နောက်...

ကားကိုလမ်းဘေးချရပ်ပစ်လိုက်သည်မို့...


စိတ်ခုသွားလေသလား....


" ဘာလို့လဲကိုကို စိတ်ဆိုးလို့လား "


သူက လှစ်ခနဲပြုံးကာသူမခေါင်းကိုခပ်ဖွဖွလေးပွတ်ပေးရင်း...


" ဆိုးစရာ မိန်းမရယ် ကလေးကလားကွာတွေးမှတွေးတက်ပါလေ့ "


'' မသိဘူးလေ ကားရပ်ပစ်လိုက်တာကိုး "


'' ခင်ဗျားလေးက အရင်ထဲကအာရုံကြောအားနည်းတာလေ ကားပေါ်မှာဖုန်းကြည့်နေရင်မူးမှာစိုးလို့ ရပ်ပေးတာပါ mail ပို့စရာ စစ်စရာရှိရင် လုပ်နော် ''


သိတက်လွန်းတဲ့ သူ့အပြူအမူဟာ ရင်ထဲမှာအေးငြိမ်းသွားသလို နွေးထွေးရသလို...

ရင်တွေလဲခုန်ရပါသည်....


သူ့ပခုံးလေးပေါ်မှ်ိီနွဲ့ရင်း...


'' စိတ်ဆိုးသွားပြီထင်နေတာ "


သူမနဖူးလေးကိုနမ်းလိုက်ကာ


'' ဆိုးစရာလားကွာ ထားစရာမရှိအောင်ချစ်ရတဲ့ဇနီးချောလေးကို "


ခပ်ချောချောမျက်နှာကို ချစ်မြတ်နိုးစွာကြည့်လိုက်ပြီးမှ..

သူ့ပါးပြင်ဆီသို့ အနမ်းတွေပုံအပ်မိလေသည်..


သူမ ...သူ့ပါးကိုနမ်းပြီး ပြန်အလှည့် သူမလက်ကနေဆွဲကာ သူ့အနားပြန်ကပ်ပစ်လိုက်သည်မို့ လူက သူ့ရင်ခွင်ထဲအရောက်မှာ...


နွေးထွေးတဲ့အနမ်းတွေဟာ...


သူမနှုတ်ခမ်းပေါ်အဆက်မပြတ်ကျရောင်လာလေတော့သည်...


နီးကပ်နေသည်မို့ ခပ်ကျယ်ကျယ်ကြားနေရသည့် ရင်ခုန်သံတွေဟာစည်းချက်ကျလို့ပါပဲ.......


.................................................................


ကို့ကားနှင့်ကိုယ်ဆင်းလာသည်မို့...


ညဘက်အမြန်လမ်းကိုမမောင်းစေချင်တာကြောင့်မနက်စောစောထ ထွက်လာပေမဲ့..

နားနားပြီး အေးဆေးမောင်းလာတာကြောင့်ထင်ရဲ့....


ညနေစောင်းမှ ပုဂံသို့ရောက်လေရဲ့....


လွန်ခဲ့သောနှစ်တွေကကားမူးလို့ခွေခွေကလေးပါလာခဲ့သည့်ကောင်မလေးဟာ...


အခုတော့ တက်ကြွစွာဖြင့် သူ့လက်ကိုချိတ်ကာ လန်းဆန်းနေလေသည်...


လွန်ခဲ့တဲ့နှစ်တွေက ညီမလေးတယောက်လိုစောင့်ရှောက်ရင်းပုဂံမြေပေါ်အတူခြေချခဲ့ကြသော်လည်း...


အခုတော့ အကြင်လင်မယားအဖြစ် အတူတကွရောက်ရှိလာခဲကြလေသည်...


" ပုဂံရဲ့နေဝင်ချိန်တွေဟာ သိပ်လှတာပဲ "


ဝရံတာကနေ အပြင်ဘက်ကိုငေးနေသည့်သူမက သဘောကျစွာပြောလာရဲ့...

သူမခါးသွယိသွယ်ကလေးတွေကိုနောက်ကနေသိုင်းဖတ်ထားရင်း...


'' ကို့ဇနီးလေး လောက်လှပါ့မလား "


'' ကိုကိုနော် စကားတွေ အရမ်းတက်နေတာ "


''ခံစားချက်တွေပါကွာ "


သိုင်းဖက်ထားရင်း..သူမပါးလေးကိုနမ်းလိုက်သည်...


ပိုင်ဆိုင်ခွင့်ရထားသည့် ဒီကောင်မလေးဟာ...


သူ သဲသဲလှုပ်ချစ်မိတာထက်ပိုပြီးချစ်ဖို့ကောင်းသူမဟုတ်လား...

အပြုံးချိူချိူလေးတွေနဲ့ မျက်နှာလေးကို ချစ်မဝဖြစ်ရသည်ပင်


ညီမလေးလိုစောင့်ရှောက်ရင်း ရင်နာစွာပဲ တချိူ့စည်းတွေကျော်ဖို့မရဲတာကြောင့်ရပ်ကြည့်နေခဲ့ရသည့် သူမလေးဟာ...

သူ့ဇနီး အဖြစ်...


သူ့ရင်ခွင်ထဲမှာရှိနေသည်ကိုပင်....


ယုံရခက်နေသလိုပါပဲလား....


ပိုင်ဆိုင်ရပြီးမှပိုပိုအချစ်တိုးလာလေ ဆုံးရှုံးရမှာကြောက်လေပါပဲ...


ချစ်တက်လာတဲ့အခါ ဒီရင်ဟာ နာကျင်ရမှာကြောက်လာသည်....


" မင်းကို ကိုကို သိပ်ချစ်တယ် နွယ်လေး "


သူ့ဘက်ကိုလှည့်လာကာ...


သူ့ရင်ခွင်ထဲတိူးဝင်လာတဲ့သူမကိုခပ်တင်းတင်းဖတ်ထားမိရင်း...


သူမဆီက ပြန်ဖြေသံတွေထက်မလာခင်...

အနမ်းတွေဖလှယ်သည်...


သူမနှုတ်ခမ်းနုနုကလေးတွေဟာသူ့အတွက်မက်မောဖွယ်အတိပင် ကြမ်းရှသည့်အနမ်းတွေနှင့်အတူ...


နောက်ထပ်ထိန်းချူပ်နိုင်စွမ်းမဲ့လာသည့် ရင်ခုန်သံတွေကြောင့်...

သူ့ရင်ခွင်ထဲမြှပ်နေသည့် သူ့မကိုယ်လေးကိုပွေ့ချီကာ အခန်းထဲ ဝင်လာခဲ့သည်...


ကုတင်ပေါ်ဖြေးညင်းစွာချပေးရင်း....


အကြင်နာတွေကို အနမ်းတွေနှင့်တဖန်ပြန်ဆက်သည်...သူတို့နှစ်ဦးရဲ့ အချစ်ကမ္ဘာဟာ ကြင်နာခြင်းတွေ ရင်ခုန်ခြင်းတွေအပြည့်နှင့်ပါပဲ...


rate now: