book

Index 16

(အပိုင်း...၁၆)

မင်းမကြည့်လို့ ( အပိုင်း...၁၆)

****************************


ခေါင်းတွေနောက်နေအောင်စီစဥ်ခဲ့ရတဲ့...မင်္ဂလာပွဲ


သူမ စိတ်ကြိုက်ရွေးချယ်ခဲ့သည့်...

အဖြူရောင် Wedding Dress ကို ဝတ်ဆင်ရင်း...

အတိုင်းအဆမရှိရင်ခုန်နေခဲ့သည်.....


ဒီပွဲလေးပြီးသည်နှင့်..ကိုကိုဟာသူမခင်ပွန်းအဖြစ်...သူမထာဝရပိုင်ဆိုင်ရတော့မည်ပေါ့..

ငယ်စဥ်ကတည်းက...


သူမကြိပ်ချစ်ခဲ့ရသူ


အခုသူမချစ်သူမှသည်...


တွေးမိတိုင်းကြည်နူးရသည်.ရင်ခုန်ရသည်


အားလုံးအဆင်သင့်ဖြစ်သည့်အခါ...


ခန်းမထဲလျှောက်လှမ်းရန်စောင့်နေသည့်ကိုကိုရှိရာဆီ လှမ်းလာခဲ့သည့်သူမကိုမြင်တော့...


" နွယ်လေး....အရမ်းလှနေတဲ့ကိုယ့်သတိုးသမီးလေး "


သူမကို...ပြုံးကာကြည့်နေသည့်ကိုကိုမျက်ဝန်းတွေဟာ

ကြည်နူးရိပ်တွေအပြင်....

မျက်ရည်တွေဝဲချင်ချင်...


"ကိုကို "


" ကိုယ့်ကောင်မလေးက အရမ်းကိုလှနေတာပါကွာ "


ပြုံးနေသည့်ကြားက....


ကိုကိုဟာမျက်ရည်တွေကျလာသလား...

သူမကိုပွေ့ဖက်လိုက်သည့်သူဟာ စိတ်တွေလဲလှုပ်ရှားနေပုံရ၏....


" အလှတွေပြင်ထားတာ ပျက်ကုန်မယ်လေကိုကိုရဲ့ ဖြေးဖြေး "


" Sorry ကိုကိုတအားကြည်နူးသွားလို့ပါ "


ဒါတောင်..သူမပါးပေါ်မထိတထိအနမ်းပါးပါးလေးကျလာသေးရဲ့...

ကိုကို့လက်ကိုချိတ်ပြီးတလောကလုံးရဲ့အလယ်ကိုလျှောက်လှမ်းရသည့်ခံစားချက်ဟာ...


သိပ်ကိုကြည်နူးရပါတယ်.....


အစားသောက်ကစလို့ Theme Colour အထိ သတိုးသမီးအရံတွေရဲ့ Dress တွေအဆုံး....

သူမစိတ်တိုင်းကျစီစဥ်ခဲ့သည့်အလျှောက်..


စိတ်ကျေနပ်မှု့တွေကအတိုင်းဆမဲ့ပါသည်.....


တချိန်လုံးစိတ်ချမ်းသာနေရသမျှ


သျှံထွန်းရဲ့ပေါက်ရစကားတွေတက်အော်လာသည့်အခါ

စိတ်က...ကွက်ခနဲပျက်သည်


မိုးသားဖြူရဲ့ဖုန်းလို့ဆိုကာဖွင့်ချပြသည့်အထဲတွင်

ကိုကို့ပုံတွေပါနေခဲ့လေသည်....


မိုးသားဖြူ က ကိုကို့ ကိုကြိုက်နေခဲ့သည်တဲ့လား...


ဘာကြောင့်မှန်းမသိပါ 

သိပ်သဝန်တိုတက်သည့်သူမဟာ အခြေအမြစ်မရှိပြောနေသည့်သျှံထွန်းထက်မိုးသားကိုပိုယုံကြည်သည်


တကယ်ဆို...မိုးသားနားမှာ မင်းသားရှုံးအောင်ချောလွန်းသည့်ခပ်ငယ်ငယ်ကောင်လေးရှိသည်မဟုတ်လား...

ကိုကိုထက်ငယ်ပြီးချောသည့်မင်းတိမ်လွှာကိုကျော်ပြီး...


သူမချစ်ရသူကိုကို့ ကိုမျက်စိကျမည်မထင်ပါ

မိုးသားမျက်နှာလေးငယ်နေတာကို


သူမစိတ်မကောင်း...


ဘယ်သူ့ဖုန်းထဲဘာပုံရှိရှိနင့်အပူပါလား လို့ဝင်ပြောကာ စည်းကျော်လာသည့်ကောင်ကိုအရှက်ပြန်ခွဲချင်လာပေမဲ့...


ဒီနေ့သူမဟာ အိန္ဒြေအပြည့်နှင့်နေနေရသည့်သတိုးသမီးဖြစ်နေပြန်သည်


ဟိုဟို ဒီဒီရှာနေပေမဲ့....


မောင်ရေခဲ...မင်းတိမ်လွှာကိုမတွေ့ပါ


'' အဲ့ဒါ ကိုယ့်ဖုန်းပါ "


လာပါပြီကယ်တင်ရှင်....

မင်းတိမ်လွှာအသံကြောင့်...သျှံထွန်းက လှည့်ကြည့်ကာ...


'' အကြောင်မရိုက်နဲ့ ဒီဖုန်းပိုင်ရှင်ဟာ မိန်းကလေး ဟိုနားက ဝိုင်းမှာရှိနေတယ် "


'' အဲဒါ ကိုယ့်ချစ်သူ "


အခြေအတင်ဖြစ်နေသည့်ကို ကိုကိုက ဝင်ထိန်းသည်..


'' မင်းတိမ်လွှာ ရောက်လာပြီလား "


စကားဝင်ဖြတ်သော်လည်းမရ..


'' ခင်ဗျားချစ်သူက ကိုဂုဏ်ကို ကြိုက်နေတာလား ''


''ကို့ဖုန်းပါလို့ ပြောပြီးပြီလေ "


'' ဒါဖြင့် ကိုဂုဏ်ပုံကဘာလို့ ခင်ဗျားဖုန်းထဲ.. "


'' မင်းသိပ်စကားများတယ်နော်...သူများ Privacy ကို သိပ်စပ်စုလွန်းနေတယ် "


'' ကျွန်တော်က အတည်ပြုယုံပါ "


'' ပြုလိုက်လေ... မင်းအတည်ပြုပြီးတာနဲ့ မင်းတို့မိသားစုရဲ့ TUN Co.ltd ကြီး ပြိုကျပြီးသား ဖြစ်နေလိမ့်မယ် "


သူမ ပြုံးလိုက်မိသည်


သျှံထွန်းဆိုရင်ကိုနဂိုစိတ်ခံကိုကမုန်းတာမဟုတ်လား

TUN Group ရဲ့အကြောဟာ သူတို့ထက်သာပြီး သူတို့ကိုဖြိုချနိုင်သည့်သူနှင့်မှသာရိုကျိူးသည်မဟုတ်လား...


ဦးထွန်းဦး ရဲ့ 


ဒါ Sky Castle ရဲ့ ဥက္ကဋ္ဌ ကွ 


ဆိုသည့်စကားဟာ...မင်္ဂလာပွဲကလုပ်ငန်းရှင်အချိူ့ရဲ့မျက်နှာတွေအရောင်ပြောင်းလဲခဲ့လေသည်


အားလုံးဟာ Sky Castle ဆို အထင်ကြီးကြသည်ပတ်သတ်ချင်ကြသည်မဟုတ်လား..


သူမ ကျေနပ်စွာပြုံးလိုက်သည်


သေချာသည်က SK ဥက္ကဋ္ဌ ကိုယ်တိုင်ပွဲတက်လာသည့်သူမတို့ wedding ကြောင့်...

သူမတို့ဟာ စီးပွားရေးလောကမှာလက်တွဲချင်သူပိုများလာပါလိမ့်မယ်....


သျှံထွန်းကိုတောင်ကျေးဇူးတင်မိသွားသည်


'' Sorry ကိုဂုဏ် ကျွန်တော်တို့ကြောင့် ကိုဂုဏ်တို့ Wedding မှာ ဂယက်ထကုန်ရပြီ ဖုန်းထဲက ပုံတွေက ကိုဂုဏ်တို့ D khit နဲ့ စာချူပ်မချူပ်ခင် ကျွန်တော် ကိုဂုဏ်အကြောင်း စုံစမ်းတုန်းကပါ ပြန်ဖျက်လိုက်မယ် "


'' မဟုတ်တာ ရပါတယ်ဗျ "


ကိုကို့ ကိုတောင်းပန်စကားဆိုရင်း..


လျှံထွန်းတို့နှင့်ဆက်ပြောနေပြီးသည့်အခါမိုးသားဖြူရဲ့လက်ကိုဆွဲကာ...

ပွဲထဲကချာကနဲလှည့်ထွက်သွားသည်....


ပြီးခါနီးဆဲဆဲပွဲဟာ နဂိုအတိုင်းအခက်ခဲမရှိလည်ပတ်ကာအပျော်တွေနှင့်ပြီးဆုံးခဲ့ရသလို


စီးပွားရေးသမားတွေကြား မျက်နှာပွင့်ခဲ့ရသည့်အတွက်သူမကတော့ကျေနပ်မဆုံးပါ...


အမြင့်တက်ဖို့လိုသည့်အခါ...


ဘယ်သူ့ကိုမဆိုလှေကားအဖြစ်အသုံးချကာတက်ရမည်မဟုတ်လား....


ကိုကိုကလွဲလို့ပေါ့....


ပွဲတခုလုံးပြီးသွားသည့်အခါလူကခြေကုန်လက်ပန်းကျသည်အထိပင်ပန်းသွားသည်....

Wedding ကျင်ူပသည့်Hotel ဟာ မင်းတိမ်လွှာပိုင်သည့် Hotel မို့..


အစစအရာရာ ဂရုစိုက်ကြသည်....


အိမ်ရောက်တော့လေးလံထိုင်းမှိုင်းနေပေမဲ့ ပစ်လှဲကာအနားယူလို့မရသေး


နားပေါ်မှာလေးလံစွာတွဲခိုနေသည့် နားကပ်တွေကိုချွတ်ရင်းပြုံးလိုက်မိသည်...


" ကို့ဇနီးလေး ဘာတွေသဘောကျနေသလဲ "


အနည်းငယ်သောက်ထားပုံရသည့်ကိုကိုဟာ


မှန်တင်ခုံရှေ့ထိုင်နေသည့်သူမပခုံးတွေကိုနောက်ကနေ ဖတ်ရင်းဆိုသည်...


" ကိုကို မူးနေတာလား "


'' နဲနဲပါ နွယ်လေးရယ် "


တနေကုန်ပူလောင်နေသည့်မိတ်ကပ်တွေကိုဖျက်ချပစ်ရင်း...

သူမ ပြုံးလိုက်သည်...


" ကိုကို ရေချိူးလိုက်အုန်းမယ်နော် "


'' ဟုတ် "


အာရုံက မျက်နှာပေါ်ကထူလပစ်မိတ်ကပ်တွေပေါ်သာရောက်နေသည်မို့....


Dress ကိုအရင်လဲလိုက်ဖို့မေ့နေခဲ့သည်....


နောက်ကဇစ်ကို ဘယ်လိုဖြုတ်ရပါ့...

ဘယ်လိုပဲ ကြိုးစားကြိုးစား မရ....


မထူးတော့လက်လျော့လိုက်ကာ..


ဆံထုံးတွေဖြေချရင်း လက်ဝတ်ရတနာတွေကိုအရင်ချွတ်ကာ  ဘူးတွေထဲအရင်ပြန်ထည့်ရသည်...


" နွယ်လေး  ခုထိ အဝတ်စားတွေမလဲရသေးဘူးလား "


'' ကိုကို ကူပါအုန်း အကျီက ဇစ်မမှီလို့ "


ရေချိူးပြီးကာစ အေးစက်သည့်လက်တွေနှင့် ဇစ်ကိုဖြုတ်ချသည်..

ပကတိချောမောနေသည့်မျက်နှာဟာရေစိုစိုဆံပင်တွေနှင့်ကြည့်ကောင်းနေသည်..


အတွေးတွေးက ကိုကိုမျက်နှာကိုသာအာရုံရနေခဲ့ကာ..


နောက်ကလည်တိုင်ပေါ်ကျလာသည့် အေးစက်စက်နှုတ်ခမ်းအထိတွေ့ကြားက ပူနွေးသည့်အနမ်းတွေထိတွေ့လာမှ

လူက လန့်ကာသွားသည်...


" ကိုကို "


သူမ အလန့်တကြားအော်လိုက်မိပေမဲ့...


အနမ်းတွေဟာ အနည်းငယ်မှရပ်တန့်မသွားတော့ပါ...


ပုံရက်ကျသွားသည့်အဖြူရောင် Dress လေးရယ်...


ခါးတွေကနေ ဖက်ကာ သူမကိုယ်လေးကို သူ့ရင်ခွင်ထဲထည့်ရင်းနှုတ်ခမ်းပေါ်ကချိူမြမြအနမ်းရယ်...


ရင်ခုန်သံတွေဟာထိန်းရခက်ဗြောင်းသတ်နေခဲ့လေတော့သည်...


ကိုယ်ပေါ်ကရှိသမျှအရာတွေအကုန်ပုံရက်ကျ ကုတင်ဘေးခစားကုန်ကာ..


သူမ ကိုယ်လေးကို ကုတင်ပေါ်လှဲချကာ...


ကိုကိုဟာ အပေါ်မှ အုပ်မိုးရင်း နောက်ထပ်အနမ်းတွေအဆက်မပြတ်ကျလာသည်..


လည်တိုင်တွေပေါ်ထိတွေ့လာသည့်...


စူးကနဲ့အထိတွေ့ကြောင့်...


" အာ့ "


" Sorry နာသွားလား "


'' အင်း "


'' ကိုကို့ဇနီးလေး မျက်လုံးတွေဖွင့်ပါအုန်း "


သူ့အသံကြောင့်သူမ မျက်ဝန်းတွေကို မရဲတရဲဖွင့်လိုက်တော့...

သူမကို ကိုကိုဟာအုပ်မိုးကြည့်ရင်းပြုံးပြီးကြည့်နေသည်...


သူမ သူ့ရင်ခွင်ထဲမျက်နှာကိုကွယ်ဝှက်လိုက်ကာ...


" မကြည့်နဲ့ "


" ကောင်မလေးက ရှက်တာလား အဲ့ဒါ "


" အင်း "


'' ဟောဗျာ...တသက်လုံးတွေ့လာတဲ့ ဒီကိုကို့ ကိုရှက်လို့လား "


'' ကိုကိုနော် "


ရှက်နေသည့် သူမကို အနမ်းတွေချွေရင်း.

အချစ်တွေနှင့်ရှေ့ဆက်သည်...

ရင်တုန်တာရော...

ရင်ခုန်တာရော ရောပြွန်နေသည့် မင်္ဂလာဦးည......


rate now: