book

Index 15

(အပိုင်း...၁၅)

မင်းမကြည့်လို့ ( အပိုင်း...၁၅)

****************************


နွယ်လေး...သဘော


Wedding စ စီစဥ်ပြီဆိုတည်းက....

ဒီစကားတခွန်းနှင့်သာပြီးနေတော့သည်

အလျှော့ပေးလွန်းတာလား...

အလိုလိုက်တာလား...


ဒါမှမဟုတ် ကလေးလိုမြင်လွန်းတယ်ပြောလို့များ အရွဲ့တိုက်လေသလား...

သူမစီစဥ်သမျှတခုမှဝင်မပါ တခုမှတိုင်ပင်မရ ....

ပွဲတခုစ်ီစဥ်ရတာလွယ်သည်မဟုတ်

အဝတ်အစားအရောင်ကအစ မေးမရသည့် သတိုးသားလောင်းနှင့်သူမသာအရာရာ

စိတ်ရောလူပါ ပင်ပန်းရသည်...


ဒါတောင်...လူကြီးတွေရှိနေလို့သာပင်


'' ကိုကို "


မကြည်လင်သည့်စိတ်တွေနှင့်...


ကားပေါ်ကဆင်းတည်းက ကိုကို့ ကိုတောင်နှုတ်မဆက်ခဲ့တာ....


အေပရွန်ပန်းရောင်နှင့် မီးဖိုချောင်ဝင်ရှုပ်နေသည့်ကိုကို....


"ဘာလုပ်နေတာလဲ "


" အိမ်မှာနောက်ဆို အေပရွန်ကို အရောင်ရင့်ရင့်ကလေးတစ်ထည်ထပ်ဝယ်ထည့်ထားမှာပါကွာ "


ကိုကိုဟာ ယောက်ျားလေးဖြစ်သည့်အပြင် နှစ်ဖက်အိမ်ရဲ့အချစ်တော်မို့...

မီးဖိုချောင်ထဲ ဝင်ခဲ့ရဖူးသည်မဟုတ်ပါ...


သူမ..သိသည့် သြဇာဂုဏ်ရဲ့အသွင်ပြင်နှင့်တခြားစီ...


" ရေချိူးတာလဲ ကြာလိုက်တာ ခေါင်းလျှော်လာသေးလား "


သူမ..တအ့တသြနှင့် ခေါင်းခါပြတော့ ကိုကိုဟာပြုံးသည်..


" လိမ္မာတယ် လာထိုင် ညစာ စားရအောင် "


သူ ညွန်ပြသည့် ခုံတွင်ဝင်ထိုင်ရင်း...


" ဒါတွေအကုန် ကိုကိုချက်တာလား "


'' အင်း. "


သူမ နံဘေးကခုံတွင် ဝင်ထိုင်ရင်းဖြေသည်...


" နွယ်လေးကြိုက်တဲ့ ဂျူးဖူးကြော် "


သူမ ပန်းကန်ထဲ ကြိုက်တက်တာလေးတွေလာထည့်ပေးရင်း...

အရိုးကြောက်သည့်သူမအတွက် ငါးတွေကိုသေချာအရိုးနွှင်ကာပေးနေပြန်သည်..


" ကိုကိုရော မစားဘူးလား "


'' စားမှာပေါ့ စားနော် ဒီနေ့ကိုယ့်အချစ်ကလေး အများကြီး ပင်ပန်းထားတာ များများစားနော် နွယ်လေးသာ အဓိက "


'' စိတ်ကောက်သွားမှန်းသိလို့လာချော့တာပေါ့ "


'' အာ..ကိုကို့ ကလေးကစိတ်ကောက်သွားတာလား ဒါမှန်းသိရင် ပိုချော့ဖို့ကြိုးစားပါတယ်ကွာ "


စိတ်ထဲ မကြေမလည်ဖြစ်ပြီး...

ခုနေတာတွေ လဲ ဆက်မခုနိုင်တော့ပါ...


ငါးဟင်းကို တယုတယ အရိုးနွင်ပေးရင်း...


ပန်းရောင်အေပရွန်နှင့် ပြုံးပြနေသည့် ကိုကိုအပြုံးဟာ သူမ ဘဝတစ်လျှောက်မြင်ခဲ့ဖူးသမျှ သြဇာဂုဏ်ရဲ့အပြုံးတွေထဲမှာ...


အလှဆုံးနဲ့အခန့်ညားဆုံးအပြုံးပင်....


'' ဘာတွေ ကောက်နေသလဲရော သိသလား "


ခပ်တည်တည် နဲ့ဟောက်နေပေမဲ့ လူကမနေနိုင်ပါ ထမင်းကို လက်က အလိုလိုခွံနေလိုက်သေးသည်....

သူမခွံလာသည့် ထမင်းလုပ်ကို ပြုံးကြည့်ကာစားလိုက်တာကိုလဲ ကျေနပ်လိုက်သေးရဲ့...


'' နွယ်လေး မျက်နှာမကောင်းတာသိပေမဲ့ ဘာကြောင့်မှန်းတော့ကိုကိုတကယ်မသိတာပါ တုံးလွန်တဲ့ ဒီကောင်ကြီးကို ကောင်မလေးကပဲသည်းခံပြီး ပွင့်ပွင့်လင်းလင်းပြောပြပေးလို့ရမလား "


'' တခါတလေကျတော့လဲ ကိုကိုဘက်ကပြောမှမသိပဲ အလိုက်သိလာအောင်ကြိုးစားပေးမှပေါ့ "


'' အင်းပါ ကိုကိုကြိုးစားမယ်နော် "


ထမင်းဝိုင်းဟာ ဒီနေ့မှအရသာပိုရှိနေသလိုလို...


ပိုနွေးထွေးနေသလိုလို...


" မင်္ဂလာဆောင်ပါတယ်ဆိုမှပဲ ဘာမှတိုင်ပင်မရဘူး နွယ်လေးသဘော နွယ်လေးသဘောနဲ့ နေရာတကာလုပ်နေတာအဆင်မပြေဘူးကိုကို....နွယ်လေး ပိုပင်ပန်းတယ် "


'' ကိုကိုတောင်းပန်ပါတယ် အာ့လောက်ထိမတွေးမိဘူး တသက်မှာတစ်မင်္ဂလာနွယ်လေးစိတ်တိုင်းကျဖြစ်အောင် ဝင်မပါတာပါ "


ဒီလိုကျတော့လဲ သူတွေးတာ သိပ်တော့မမှားသည်မို့ ကလေးဆန်စွာဆက်ဂျစ်မနေချင်တော့ပါ...

အပြန်အလှန်...


ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ထမင်းဝိုင်းလေးကို စိတ်မညစ်စေချင်တော့...


'' ပြီးတာပဲ နောက်အလိုက်သိဖို့ကြိုးစားပါ နွယ်လေးလဲ ပွင့်ပွင့်လင်းလင်းပြောမယ်လေဟုတ်ပြီလား "


'' ဟုတ်ကဲ့ မမလေး "


သူမ ခွံပေးသည့်ထမင်းကို ကလေးလိုအားရပါးရစားနေသည့်ဒီအမျိူးသားရဲ့ ပေါ်တောင့်ပေါ်ခဲ

ကလေးဆန်ဆန် အပြုအမူလေးတွေကိုလဲ..

သူမ ချစ်မြတ်နိုးရတာပါပဲလေ....


'' ကိုကိုတို့လက်ထက်ပြီးရင် ဒီအိမ်မှာပဲနေကြမယ်နော် "


သူမ သူ့မျက်နှာကိုမော့ကြည့်မိသည်....


သူ့မိဘတွေ လက်ဖွဲ့သည့် အိမ်ကိုပြောင်းနေဖို့အစစစီစဥ်ထားခဲ့ကြသည်မဟုတ်လား..

အိမ်ကိုပင် သူ့စ်ိတ်တိုင်းကျ ပြင်နေခဲ့ပြီးမှ..


''မေမေမွန်က နွယ်လေးသာမရှိတော့ရင်တယောက်ထဲကျန်ခဲ့မှာ "


'' မေမေနဲ့နီးနေတာပဲ ကိုကိုရဲ့ မနေလဲ ဖြစ်ပါတယ် ဟိုအိမ်ကို ကိုကိုပဲအင်တိုက်အားတိုင်ပြင်နေတာကို "


'' ဒီနေ့ မေမေ့မွန်ကိုမြင်ပြီးမှ ကိုကို ခွဲမနေချင်တော့ဘူး မေမေနဲ့ဖေဖေကျတော့လင်မယားနှစ်ယောက် ဆိုတော့ အဖော်ရသေးတယ်မလား ကိုယ်မရှိလေပိုကောင်းလေတောင်တွေးနေကြမှာ မေမေမွန်ကျတော့ တယောက်ထဲရယ် နွယ်လေးမရှိရင်တအားသိသာသွားလိမ့်မယ် အိမ်ချင်းနီးပေမဲ့ ကိုယ်တို့အလုပ်ကိုယ်စီနဲ့တနေ့တခေါက်ရောက်ဖို့တောင်မသေချာလောက်ဘူးလေ "


လေးလေးနက်နက်ပြောနေသည့် သူ့ပုံဟာ..


အားနာလို့ဆိုတာထက် မေမေ့ကိုတကယ်စိတ်ပူစွာစီစဥ်နေတာလို့သူမ ယုံကြည်တယ်


တကယ်ဆို သူမလဲ မေမေနဲ့မခွဲချင်ပါ...


အိမ်ချင်းနီးတာပဲလို့တွေးပြီးသာအိမ်ခွဲနေဖို့ဆုံးဖြတ်ခဲ့တာပေမဲ့လဲ...

ကိုကိုတွေးသလိုမတွေးခဲ့မိ...


ဒါကြောင့်ထင်ပါရဲ့...


မေမေဟာအခုတလောလွမ်းလွမ်းဆွေးဆွေးရှိလှသည်...


ဖေဖေ့ကိုလဲ လွမ်းနေတာသိသာသည်


" ကျေးဇူးတင်ပါတယ် ကိုကို "


သူမ မျက်ရည်တွေဝဲလာကာအနားကသူ့ကိုဖက်ထားမိတော့


" လက်တွေပေနေလို့ ပြန်မဖတ်နိုင်တာတောင်းပန်ပါတယ်နော်ကောင်မလေး...

မေမွန်ဟာ ကိုကို့အတွက်အမေပါပဲကွာ ကို့အမေအတွက်ကိုယ်တွေးတာပါ နွယ်လေးကြောင့်မဟုတ်ဘူး "


လူကြီးဆန်တဲ့ အမျိူးသားကိုရထားတာဟာ

တခါတလေတော့အရမ်းကို အလိုက်မသိလွန်းတာတွေရှိနေတက်ပေမဲ့လဲ


အခုလို ရင့်ကျက်စွာမိသားစုဘဝအတွက်တွေးတာလေးတွေကျ သဘောကျရပြန်တာပါပဲ...


စားသောက်ပြီးတဲ့အခါ....


မီးဖိုချောင်ကို သန့်ရှင်းနေအောင်လုပ်သွားသလို

စားပြီးသားပန်းကန်တွေကိုလဲသူကသာဆေးကျောနေပြန်တယ်...


တကယ်ကို 

အိမ်အလုပ်တွေလုပ်နေတဲ့အမျိူးသားဟာသိပ်ကိုဆွဲဆောင်မှု့ရှိနေပါလား...


သူမကို ကျောပေးကာ ပန်းကန်တွေဆေးနေသည့်သူ့ခါးကို..

နောက်ကနေဖက်ထားရင်း...


" နွယ်လေးတော့ နောက်ဆို အိမ်အလုပ်မလုပ်ချင်တဲ့အခါစိတ်ကောက်မှထင်တယ် ''


'' ဟောဗျာ ကောက်တော့မကောက်ပါနဲ့.. လုပ်ဆိုလုပ်ပါ့မယ် "


သူမတို့ပြိုင်တူရယ်မိကာ.....


'' ကိုကိုကလဲ နွယ်လေးကိုပဲ အိမ်အလုပ်တွေစီမံခိုင်းဖို့စိတ်ကူးမရှိပါဘူး ကိုကိုတို့အတူ ထူထောင်ထားတဲ့မေတ္တာအိမ်ကလေးပဲဟာ...

ကိုကိုတို့အတူ အလုပ်တွေခွဲဝေလုပ်ကြရမှာပေါ့....

အိမ်အလုပ်ဟာ အမျိူးသမီးတွေပဲလုပ်ရမယ်ဆိုတဲ့အတွေးတွေကို ကိုကိုလက်မခံဘူး..ဒါကြောင့်အနာဂတ်မှာ နွယ်လေးတစ်ယောက်ထဲမပင်ပန်းစေရဘူး ''


''ကျေးဇူးပါကိုကို "


''ကျေးဇူးတင်ရင်အချိန်မဆွဲပဲ ကလေးလေးတွေမွေးပေးလေ ကိုကို ကလေးထိန်းဖို့ယုံကြည်ချက်ရှ်ိပါတယ် "


'' ကိုကိုနော် "


လုပ်လက်စအလုပ်တွေကို လက်စသတ်ကာ...

နောက်ကဖတ်ထားသည့်သူမလက်ကိုဆွဲရင်း 

သူမခါးကို ပွေ့သည်...


'' ကိုကိုကတော့..ကလေးတွေနဲ့သိုက်သိုက်ဝန်းဝန်းနေချင်ပေမဲ့ ကောင်မလေးက ဆန္ဒမရှိရင် အတင်းမတိုက်တွန်းပါဘူးကွာ "


ထို့နောက်...


သူမ နဖူးလေးတွေကို မြတ်နိုးစွာဖြင့် ခပ်ဖွဖွနမ်းသည်....


မတောင်းတဲ့ ကတိတွေ မကြာမကြာ ပေးတက်သလို....


ဒီကတိတွေကို...


တကယ်ပဲ တည်နိုင်ပါ့မလားကိုကို.....


rate now: