မင်းမကြည့်လို့ ( အပိုင်း...၁၄)
***************************
ခရမ်းရောင် Aster ပန်းတွေအပြည့်နဲ့ အလှဆင်ထားတဲ့ မြို့ပြင်က ခြံဝန်းကျယ်ကျယ်ကြီးဟာ ဝင်လိုက်တာနဲ့ သူမအတွက်အထူးအဆန်းဖြစ်ရလေသည်...
နွယ်လေး ကိုကို ခြံသွားကြည့်တာ တခါထဲငွေချေခဲ့မလို့ ဖေဖေ့ဆီကပိုက်ဆံဝင်ယူပြီးလာပို့ပေးပါလား...
ကိုကို...ခြံသွားကြည့်မယ်ဆိုပြီး အစောကြီးထွက်သွားတော့..
ရုပ်ရှင်ကြည့်မဲ့ကတိဖျက်သွားတာမို့စိတ်ကောက်နေတာပေမဲ့...
အလောတကြီးအသံနဲ့အကူညီတောင်းနေသည့်မို့..
ချက်ချင်းထလာခဲ့တာပင်....
အပြန်ရုပ်ရှင်ကြည့်ရင်း date ကြမယ်နော်
ဆိုသည့်စကားတခွန်းနဲ့တင်...စိတ်ဆိုးသမျှပြေရသည့်အပြင်..
ရင်ခုန်စွာဖြင့် အလှတွေပြင်လာခဲ့တာ...
Aster ခရမ်းရောင်ပန်းတွေဟာ...
သူမသိပ်ကြိုက်တဲ့ပန်းတွေမို့ စိတ်ထဲပျော်လာမိသည်....
ကိုကို...
ဒါကြောင့်ဒီခြံကို အသည်းအသန်လိုချင်နေတာများလား....
ကြယ်တာရာပန်း လို့ခေါ်ကြတဲ့....
Aster ပန်း လေးတွေဟာ အရောင်ပေါ်မူတည်ပြီး အဓိပ္ပါယ် လေးတွေအများကြီးဏှိသည်မဟုတ်လား....
ကိုယ့်ရဲ့အချစ်နဲ့အသက်ကို...မင်းပဲပိုင်တယ်
ဖြူလွှလွှဆိုင်းပုဒ်ပေါ်မှာ ရေးထားသည့်စာ...
ဟုတ်သည်...ဒါခရမ်းရောင်Aster ပန်းကလေးတွေရဲ့အဓိပ္ပါယ်ပင်...
မူလခြံရှင်ဟာဒီပန်းတွေကြိုက်တယ်ထင်ပါရဲ့...
တခြံလုံးအပြည့်စိုက်ထားလိုက်ပုံမှာသဘောကျဖွယ်...
'' နွယ်လေး "
ကိုကိုအသံကြောင့်....
ပန်းတွေကြားမှာ မေ့နေခဲ့သည့် သူမတာဝန်တွေဆီသတိကပြန်ရောက်လာသည်....
အသံလာရာဆီလှည့်ကာကြည့်လိုက်တော့...
ကိုကိုဟာ လူငယ်ဆန်ဆန်အပြာနုရောင် ရှပ်အကျီလက်ရှည်ကို...
သပ်ရပ်စတိုင်ကျစွာဝတ်ဆင်ထားပုံက ကြည့်ကောင်းနေပြန်ရဲ့..
" ကိုကို "
ခရမ်းရောင် Aster ပန်းစည်းနှင့်ကိုကိုဟာ....
သူမဆီပန်းစည်းပေးရင်း...
'' မနက်က ကိုကို date ကိုဖျက်မိတဲ့အတွက် တောင်းပန်လက်ဆောင်"
'' ဘယ်လိုလားထူးထူးဆန်းဆန်း ''
'' အင်း နွယ်လေးသာကိုကို့ချစ်သူဖြစ်ခဲ့ရင်ပေးဖို့ရည်ရွယ်ထားတဲ့လက်ဆောင် ဖွင့်ကြည့်လေ "
တခြံလုံးအပြည့်ပန်းတွေခြံရံကာ...
လျှောက်လမ်းတနေရာစာသာလွတ်သည်...
ဖြူလွှလွှဆိုင်းပုဒ်ရဲ့ရှေ့မှာ ဒန်းကလေးရှိကာ..
ဆိုင်းပုဒ်ရဲ့ အနောက်မလှမ်းမကမ်းတွင်
တိုက်အိမ်ပုပုကလေးလဲရှိသည်....
ကိုကိုဟာ ပန်းစည်းကိုင်ထားသည့်သူမကိုဆွဲခေါ်လာရင်း...ဒန်းပေါ်တွင်ထိုင်စေသည်မို့
သူပေးသည့်လက်ဆောင်ကို....
ထိုင်ရင်း ဖွင့်လိုက်တော့...
စာအုပ်ကလေးဖြစ်ကာအဖုံးတွင်...
အချစ်နှင့်အတူဟုရေးထားသည်...
စာအုပ်ကိုဖွင့်ဖွင့်ခြင်း...သူမနှုတ်ခမ်းတွေမလိုလိုပြုံးမိကာ
သူမမွေးသည့်နေ့က သူ..သူမကိုလာကြည့်ရင်းပါးလေးငုံနမ်းနေသည့်ပုံဖြစ်သည်...
မင်းနဲ့ပထမဆုံး...ဆုံသည့်နေ့
ဟု...ကိုကိုလက်ရေးသော့သော့တွေနှင့်ရေးထားသေးသည်...
မင်းနဲ့ပထမဆုံး...စက်ဘီးစီးသည့်နေ့
ကိုကို စက်ဘီးစီးတက်ပြီးသူမကိုနောက်ကတင်ကာစီးသည့်နေ့ကဖြစ်မည်...
အဲ့ဒီအချိန်ကသူမ ၅နှစ်..ကိုကိုက ၈နှစ်...
ထို့နောက်....
ပထမဆုံးကျောင်းသွားသည့်နေ့....
ပထမဆုံးခရီးထွက်သည့်နေ့.......
ငယ်ငယ်ကနေအခုထိ...
သူမနဲ့ပထမဆုံးအတူလုပ်ကြသည့်အမှတ်တရနေ့ကပုံတွေ တပုံပြီးတပုံထွက်လာကာ...
အရာရာအမှတ်တရတွေအပြည့်နှင့်ပါလား...
ဒါဖေဖေထူး..ရိုကိပေးခဲ့သည့်ပုံတွေပေမဲ့သူမ မြင်ဖူးထားသည့်ပုံတွေမဟုတ်ပါ...
မင်းကို...ပထမဆုံးချစ်မိသည့်နေ့
အောက်တွင်....သူမ ပုံလေးဖြစ်ကာ..
ကိုကိုသူငယ်ချင်းအကြောင်းအပြေးလာတိုင်သည့်နေ့က...
သူမ စိတ်ဆိုးပြီးစက်ဘီးနှင့်ပြန်အထွက်မှာဘယ်အချိန်လှမ်းရိုက်ထားသလဲ...
သူမ မသိပါ....
အဲဲဒီအချိန်ကစိတ်ပျက်ခဲ့ရပေမဲ့...
အခုတော့မျက်ရည်တွေ ကျဆင်းလာသည့်အထိစိတ်လှုပ်ရှားကာလှိုက်ကနဲပျော်မိသည်
မင်းကြောင့်ပထမဆုံးအသည်းကွဲသည့်နေ့
ကိုကိုရယ် လင်းထက်ရယ် သူမရယ် လျှောက်လည်သည့်နေ့ကပုံလေးကိုထည့်ထားသည်မို့...
သူမရည်းစားရပြီထင်သည့်နေ့က...
ကိုကိုတကယ်ပဲအသည်းကွဲခဲ့သလား....
သူမ ကိုကိုမျက်နှာကိုကြည့်လိုက်မိသည်...
'' ကိုကို ဘာမှမဖြစ်ဘူး "
သူမစိတ်ကိုဖတ်တက်သည့်အလား...
ကိုကိုဟာပြုံးကာပြသည်...
မင်းကြောင့်ပထမဆုံးဂုဏ်ယူရသည့်နေ့
သူမလုပ်ငန်းတွေကို ဦးစီးပြီးမကြာခင်မှာပင်..
ငယ်ရွယ်အောင်မြင်သည့်အမျိူးသမီးလုပ်ငန်းရှင်စာရင်းတွင်ဖော်ပြခဲ့ရသည့်နေ့ကမဂဇ္ဇင်းကပုံလေးဖြစ်သည်...
မင်းကိုပထမဆုံးအကြိမ်ချစ်ခွင့်ပန်သည့်နေ့
ခရီးသွားသည့်နေ့ကပုံလေးကိုမှ...
သူမအိပ်နေတုန်းရိုက်ထားသည့်ပုံလေးကြောင့်သူမရင်ထဲနွေးထွေးသွားရသည်....
စာအုပ်ကလေးရဲ့နောက်ဆုံးစာမျက်နှာကိုလှန်လိုက်တော့....
မင်းကို ပထမဆုံးလက်ထပ်ခွင့်တောင်းမည့်နေ့
ဒီနေ့ date ကိုချရေးထားကာ...
ကိုယ်ရဲ့အချစ်နဲ့အသက်ကို..မင်းပဲပိုင်တယ်
Will You Marry Me Nwe Lay???
please SAY YES
မထင်မှတ်ထားသည့်....
စကားလုံးတွေမို့ အံသြရသလို...
ကိုကိုဟာထိုင်နေသည့်သူမရှေ့မှာ ဒူးထောင်ထိုင်လိုက်ရင်း..
ဘယ်အချိန်ကပြင်ထားမှန်းမသိသည့်...
လက်စွပ်ဘူးလေးကို ကိုင်ထားသည်...
'' ကျေးဇူးပြုပြီးကိုယ့်ကိုမရက်စက်ဘူးမဟုတ်လားနွယ်လေး "
ကိုကို့မျက်နှာမှာစိတ်လှုပ်ရှားမှု့တွေ...
အတိုင်းသားမြင်နေရကာ..
ရင်ခုန်ရလွန်းလို့မျက်ရည်တွေကျနေမိသည့်သူမ...
ခြံကိုပြင်ဆင်ထားပုံက...
တကယ်ကို
လှပလွန်းနေသလို...
propose လုပ်မည်ဟုခန့်မှန်းမရသည့်အထိကွဲပြားသည်ပင်....
''နွယ်လေး..ကိုကိုနဲ့လက်ထပ်မယ် "
ရင်ခုန်သံတွေထပ်တူကျခဲ့သလို....
သူမကိုရင်ခွင်ထဲမြုပ်နေအောင်ဖတ်ထားသည့်ကိုကို့ နှလုံးခုန်သံတွေကိုသူမကြားနေရသည်အထိပင်...
ကျေးဇူးတင်ပါတယ် ကိုကို....
ရိုမန့်မဆန်တက်ဘူးလို့ပြောနေခဲ့ပေမဲ့အခုလို Propose အထိကြိုးစားပေးခဲ့လို့...
''ငါ့သမီးကို တသက်လုံးပျော်အောင်ထားရမှာနော် ''
'' စိတ်ချပါ ယောက္ခမကြီး "
ဖေဖေထူးရဲ့အသံနှင့်အတူ...
ဘယ်တုန်းတည်းကအတူရှိနေမှန်းမသိသည့်...မိဘတွေရယ် ကင်မရာသမားတွေရယ်...
ဒါကြောင့် ပိုက်ဆံဝင်ယူတော့ ေဖဖေထူးတို့မရှိကြတာကိုး....
'' ခွေးကောင်လေး...မနေ့ကငါ့ဆီကပုံတွေလာတောင်းတော့ဒီလိုမျက်နှာမဟုတ်ဘူးနော် မျက်နှာငယ်လေးနဲ့ "
ဖေဖေထူးစကားကြောင့်...အားလုံးပေါ့ပါးစွာရယ်ဖြစ်ခဲ့ကြသည်...
သူမ တကယ်ကို နည်းနည်းကလေးမှ....
သံသယမဝင်ခဲ့တာ...
'' မေမေ..မေမေဇာ "
" ဒါဆိုမေမေတို့ အရင်အတိုင်း wedding ကိုဆက်စီစဥ်လို့ရပြီပေါ့ "
သူမ ရှက်ပြုံးလေးပြုံးကာ...ခေါင်ညိမ့်လိုက်သည်
သူမအတွက်ဆိုအရာရာပြောင်းလဲဖို့ဝန်မလေးသည့်ကိုကိုနှင့်အတူ
တစ်ဘဝလုံးဖြတ်သန်းသွားချင်သည့်စိတ်တွေဟာ...
အခိုင်အမာသေချာခဲ့ချေပြီ....
သူမယုံကြည်လိုက်လို့ရမလား ကိုကိုနဲ့ဆိုရင်ထာဝရပျော်ရွှင်ရလိမ့်မည်လို့ပေါ့.....