မင်းမကြည့်လို့ ( အပိုင်း...၁၃)
****************************
'' ကိုကို လုံးဝမတရားဘူး "
သုန်မှုန်နေတဲ့ မျက်နှာထားနဲ့ ရုံးခန်းထဲရောက်တာနဲ့ ဒေါသ တကြီးအော်သည်...
'' ဘာလို့လဲနွယ်လေးရယ် "
တကယ်ဆို ဘာလို့လဲဆိုတာ သူသိသည်...
မသိချင်ယောင်ဆောင် မေးလိုက်သော်လည်း သူမ မသိအောင်ပြုံးလိုက်မိသေးသည်...
သူ့ရှေ့ကထိုင်ခုံမှာ...
တင်းမာနေသောမျက်နှာထားနှင့်သူမဝင်ထိုင်ကာ...
ခြေထောက်ကို ချိတ်ထိုင်လိုက်သေးသည်...
ရဲနေသည့်နှုတ်ခမ်းတွေမှာမာန်အပြည့်နှင့်တမျိူးလှပနေပြန်ရဲ့...
ဒါဟာ....
King ရဲ့ CEO မာနကြီးသည့် နွေဦးနွယ်ရဲ့သွင်ပြင်တွေမဟုတ်လား...
" နွယ် ဆန္ဒကိုတခွန်းမမေးပဲ လူကြီးတွေကို wedding စီစဥ်ခိုင်းရတာလဲ "
'' အင်း "
'' ဘာအင်းလဲ "
ဒေါသဖြစ်နေတဲ့ သူမ ပုံက ဘယ်လိုပဲတင်းမာပြီးနေပါစေ...
ကလေးမလေးလိုပဲ....
ပိုပို စချင်တာနေတာ ဘယ်လိုမှထိန်းမရ..
'' မသိဘူးလေ "
'' ကိုကို! !!! ''
''ဗျာ "
'' ကြည့် "
'' နွယ်လေးက ကိုကို့ ကိုမချစ်ဘူးလား "
'' ဘာဆိုင်လဲ ချစ်တာနဲ့ ညစ်သမျှခံရကြေးလားကိုကို "
'' ကိုကို က နွယ်လေးကိုသိပ်ချစ်တယ် ကိုကိုတို့အသက်တွေလဲမငယ်ကြတော့ဘူးလေကွာ နှစ်တွေအကြာကြီးချစ်ခဲ့ကြတာကို .. ကိုကိုကတော့ လက်ထပ်ချင်ပြီ "
''နွယ်လေးလဲတူတူပါပဲ...ဒါပေမဲ့ နွယ်လေးသဘောထားကိုမမေးပဲ အခုလိုကြီး...."
အသံတွေသိသိသာသာ တုန်ယင်နေခဲ့ကာ
ဒေါသတွေကို မြိုသိပ်နေရပုံပေါ်သည်မို့....
သူအနည်းငယ်တုန်လှုပ်မိသည်.......
'' ကိုကို နွယ်လေးအပေါ် Respect လုံးဝမရှိဘူးပဲ.. "
စိတ်ပျက်သလို...ဒီလေသံတွေကို သူမခံစားနိုင်ပါ...
စချင်သည့်စိတ်တွေပျောက်ရှကာ....
သူမ...သူ့ကိုမုန်းသွားမှာကို သူတကယ်မလိုလားပါ..
သူမို့လို့သာ...
သူမသည်းခံလိုက်ရသည်ဆိုသည့်အမူအယာတွေဟာ ရင်ကိုတည့်တည့်ထိသည်...
သူမ လက်ကလေးတွေကို လှမ်းကိုင်ဖို့လုပ်တော့ မသိမသာရှောင်ပစ်လိုက်သည်...
ဒီလောက်တောင်ပဲ နာကျင်သွားစေလေသလား...
'' ကိုကို...တောင်းပန်ပါတယ် "
'' လုပ်ပါ..ဆက်လုပ်ပါ ကိုကို့မျက်လုံးထဲမှာနွေဦးနွယ်ဆိုတာ အိမ်နီးချင်းချာတိတ်မအဆင့်ပဲမဟုတ်လား "
တင်းနေအောင်စေ့ထားသည့်နှုတ်ခမ်းတွေဟာ...
သိသိသာသာမဲ့သွားကာ...
အပြုံးတွေက မာကြောသည်.....
တကယ်ပဲ သူဟာ ကလေးမလေးအနေနဲ့ပဲ မြင်ခဲ့မိသလား...
'' မဟုတ်ပါဘူးကွာ...ကိုယ်တကယ်တောင်းပန်ပါတယ်.. ကိုကိုဘာလုပ်ပေးရမလဲ ''
'' အခုမှ ဘာလုပ်ပေးချင်လို့လဲ...အစထဲကနေရာချပေးချင်နေကြတဲ့လူကြီးတွေရဲ့ဖိအားဟာ ကျမဆီမှာပဲပိတယ် ကိုကို အဟွန့် ကျေနပ်တယ်မဟုတ်လား "
ကျမ.....ကျမတဲ့လား
မဲ့ပြုံးတွေနဲ့ သူ့ကိုကျောခိုင်းသွားကာ တချက်ကလေးမှလှည့်ကြည့်မသွား သူ့ကိုမုန်းများသွားပြီလား...
ပထမဆုံးအကြိမ်ရန်ပွဲဟာ....
သူမရင်ထဲအစိုင်ခဲသွားစေခဲ့လေသလား....
ဒါဟာ အစိုင်အခဲတွေရဲ့အစဆိုတာ သူ မသိခဲ့ပါ...
..........
မင်္ဂလာပွဲအတွက် စကားပြောရင်းဆိုတဲ့အကြောင်းပြချက်နဲ့....
မိသားစုနှစ်ခု ဆုံကြတဲ့အခါ...
စိတ်မပါသလိုအပြုံးတွေနဲ့ သူ့ရှေ့ရောက်လာခဲ့တယ်
သူအကြိမ်ကြိမ်တောင်းပန်ပေမဲ့....
သူမဟာ...စိတ်လဲမတိုစိတ်လဲမကြည် ခံစားချက်မဲ့တဲ့မျက်နှာထားနှင့်မေးလျှင်ထူးသည်ခေါ်လျှင်ပြောသည်....
" အနီးဆုံး date မှာ hotel ကို booking လုပ်ရမယ် ပြီးတော့ သမီးလေးက..."
သူတို့ပွဲအတွက်အပျော်ဆုံးနဲ့အတက်ကြွဆုံးမေမေဟာ ပွဲအတွက်စိတ်ပါလက်ပါစီစဥ်နေရှာသည်...
" မေမေ "
သူရဲ့ ခပ်ကျယ်ကျယ်အသံကြောင့်...
အားလုံးရဲ့အာရုံဟာ တချိန်လုံးငြိမ်နေသည့်သူထံရောက်ရှိလာသည်...
'' ကျွန်တော်တောင်းပန်ပါတယ် မင်္ဂလာပွဲကိစ္စမပြောခဲ့ဘူးလို့သဘောထားပေးပါ "
'' သြဇာဂုဏ် ''
ဖေဖေရဲ့အော်သံနှင့်.....
'' ကိုကို "
သိသာစွာပျက်ယွင်းသွားကြတဲ့လူကြီးတွေရဲ့မျက်နှာ...
သူမရဲ့ တားဆီး ခေါ်သံနှင့်အတူ သူ့လက်ကိုဆွဲကာလူကြီးတွေရှေ့က ဆွဲခေါ်ထုတ်ခံလိုက်ရသည်...
'' ဘာလုပ်ပြန်တာလဲ အဲ့တာ "
'' နွယ်လေးဆန္ဒကို သေချာမမေးပဲ တဖက်သတ်စီစဥ်မိလို့ ကိုကို ပြန်ဖျက်ပေးတာပါ "
'' ကျစ် "
ခြံထဲက ထိုင်ခုံတွေမှာ အားမရှိတော့သလိုသူခြေပစ်လက်ပစ် ဝင်ထိုင်လိုက်ပေမဲ့...
သူမ မျက်နှာဟာအေးသထက်အေးဆက်လာကာ အဝေးတနေရာကိုငေးရင်း......
" ကျမ...က လက်မထပ်ချင်ပါဘူးပြောခဲ့မိလို့လား ပွဲကိုဖျက်သိမ်းပေးဖို့ပြောခဲ့မိလို့လား....''
'' ဒါပေမဲ့ နွယ်လေးဆန္ဒမပါဘူးမဟုတ်လား "
'' အဟွန့် "
သူမဟာနှုတ်ခမ်းတွေကွေးယုံပြုံးလိုက်သော်လည်း အသက်မပါသလိုလို....
ဒီအပြုအမူတွေထိဖြစ်နေလို့....
သူမ ကို မမေးပဲ တဖက်သတ်စီစဥ်ခဲ့တဲ့ပွဲကိုဖျက်ပစ်လိုက်တာပေမဲ့ ကျေနပ်မလာသေတဲ့သူမကို သူနားမလည်တော့သလို...
သူမရဲ့ဆက်ဆံပုံတွေဟာရူးလောက်သည်.....
သူမ ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး...
" နွယ်လေး ဘာလုပ်ချင်သလဲ ဘာဖြစ်ချင်သလဲပြောရင်ကိုကိုဖြစ်အောင်လုပ်ပေးနိုင်ပါတယ် အာ့လိုဘာမှမပြောပဲနေတော့ ကိုကိုဘာလုပ်ရမလဲမသိတော့ဘူးနွယ်လေး "
သူမ မျက်လုံးတွေမှာ မျက်ရည်လေးတွေဝဲတက်လာတာလား....
'' တောက်..ကွာ မငိုပါနဲ့...အဲ့လို အေးစက်စက်ကြီးလုပ်နေတာ ကိုကိုခံနိုင်ရည်မရှိဘူးနွယ်လေး...ကိုကို မှားသွားတာမို့လို့ ပါးဖြစ်ဖြစ်ရိုက်ပစ်လိုက်ပါ ကျေးဇူးပြုပြီး ကိုကို့ကိုခံစားချက်မဲ့သွားတဲ့ပုံနဲ့မသတ်ပါနဲ့ကွာ "
'' ကိုကို ကရော နွယ်လေးခံစားချက်တွေ နားလည်ပေးလို့လား ''
မျက်ရည်တွေကို...အကျမခံပဲ ပွတ်သတ်ပစ်လိုက်ပြီးမှ....
" နွယ်လေးကိုဘယ်အချိန်ထိ ကလေးတစ်ယောက်လိုပဲမြင်နေအုန်းမှာလဲ...
မင်္ဂလာပွဲလုပ်ဖို့ တစ်ယောက်ထဲစိတ်တိုင်းကျပြောတယ်.။
အခု ပွဲကိုဖျက်ဖို့နောက်ထပ်လက်လွတ်စပယ်တစ်ယောက်ထဲစိတ်တိုင်းကျထပ်ပြောတယ် "
'' အဲ့ဒါက....".
'' နွယ်လေးကို ဘယ်အချိန်ထိ ကလေးတစ်ယောက်လိုမြင်နေအုန်းမှာလဲ ကိုကို...
အခု ကိုကို့ ကိုနွယ်လေးမမြင်ချင်ဘူးထွက်သွားပေး "
သူမပခုံးတွေကို ဆုပ်ကိုင်ထားသည့်လက်တွေကိုဖယ်ချကာ သူ့ကိုကျောခိုင်းပစ်သည်
'' ကိုကို တောင်းပန်ပါတယ် "..
''ထွက်သွား.."
အနားကနေတောင်းပန်သံတွေဟာ ရပ်တန့်သွားခဲ့သည်...
သူထွက်သွားပြီထင်ပါရဲ့.....
ထိန်းထားသည့်မျက်ရည်တွေကျဆင်းလာကာ...
နောက်သို့ပြန်အလှည့်....
ကျောခိုင်းထားသည့် သူမ ကိုတိတ်တိတ်ကလေးရပ်ကြည့်နေသည့် သူ...
ထွက်မသွားဘူးပဲ....
ထို့နောက်သူမကိုရင်ခွင်ထဲဆွဲသွင်းပြီး....
" ဒေါသထွက်နေတဲ့ နွယ်လေးကို တယောက်ထဲထားမသွားနိုင်လို့ပါ ကိုကို တောင်းပန်ပါတယ် မျက်ရည်မကျအောင်ထားချင်ခဲ့ပေမဲ့ ကိုကိုအသုံးမကျလို့နွယ်လေးမျက်ရည်ကျရရင်တောင် ကိုကိုရင်ခွင်ထဲမှာပဲ
အသုံးမကျတဲ့ ကိုကို့ကိုထုရိုက်ရင်းငိုပါနော် "
'' ကိုကိုသွားပြီထင်နေတာ ''
ပြောလဲပြော တကယ်လဲ သူ့ကို လက်သီးဆုပ်ကလေးနှင့်ထုရိုက်နေခဲ့ကာ..
ရှိုက်သံတွေလဲထွက်လာခဲ့သည်....
'' နောက်ဆို..ဘာပဲလုပ်လုပ်နွယ်လေးကိုတိုင်ပင်ပါ့မယ် ကိုကိုမှားသွားတယ် ကိုကိုစီစဥ်ရင်နွယ်လေးအရင်လိုလက်ခံမှာပဲလို့ထင်ခဲ့မိတာ ကလေးလေးလိုပဲ မြင်နေမိတာမှန်ပေမဲ့...respect မထားတာမဟုတ်ရပါဘူး..
နွယ်လေးနဲ့ပတ်သတ်ရင် ဟိုးအရင်ထဲက ကိုကိုပဲစီစဥ်ပေးခဲ့ပြီး ကိုကိုဘာလုပ်လုပ်နွယ်လေးကအမြဲလက်ခံပေးတော့ အကျင့်ပါသွားခဲ့တယ်ထင်ပါရဲ့ "
ရင်ခွင်ထဲကသူမလေးကိုဆွဲယူရင်း...
မျက်ရည်လေးတွေကိုသုတ်ပေးကာ...
'' ကိုကို နောက်မလုပ်တော့ဘူးနော် "
မျက်ရည်စတွေကြားကနေ...
အရင်လိုကြည်လင်တဲ့အပြုံးကလေးပြုံးပြသည်...
သူနားလည်လိုက်ပါသည်...
သူမဖြစ်စေချင်တာ လက်မထပ်ချင်လို့မဟုတ်ပါ...
သူမဆန္ဒတွေကို အလေးမထားခဲ့လို့ဆိုတာ...
သူသဘောပေါက်သွားခဲ့သည်...
" နွယ်လေး ဒီမှာခနနေခဲ့အုန်းနော် လူကြီးတွေကို ကိုကိုပဲရှင်းပြလိုက်မယ် "
'' ဘယ်လိုရှင်းပြမှာလဲ "
'' စိတ်ချပါ လူကြီးတွေလဲစိတ်မဆင်းရဲရအောင် နွယ်လေးရဲ့ဆန္ဒတွေကိုလဲအလေးမထားသလိုမဖြစ်အောင် ကိုကိုပြောပါ့မယ် ခင်ဗျားလေးကို သေသေချာချာ ချော့ပြီးမှ မင်္ဂလာပွဲအတွက်ဆက်စီစဥ်ကြမယ်လေနော် "
'' ဒါကတောင် နွယ်လေး လက်ထပ်ချင်သလားမထပ်ချင်သလားဆိုတာ ကိုကို့အပြုမူတွေပေါ်မူတည်တယ် "
'' ဟုတ်ကဲ့ပါ မမလေး "
သူအခုမှပြုံးနိုင်တော့သည်....
သူမဘာဖြစ်ချင်သလဲနားလည်အောင်မနည်းကြိုးစားပုံဖော်ရတာ စီးပွားရေးကိစ္စတွေထက်ခက်သည်ပင်....
သူ...သူမကိုခြံထဲထားခဲ့ပြီးခက်သွက်သွက်အိမ်ထဲဝင်ခဲ့သည်...
အမေနှစ်ယောက်ကတော့ မျက်နှာတွေပျက်ယွင်းနေသလိုစိတ်ပူနေကြပုံလဲရသည်...
ဖေဖေ.....
သူ့ဘဝမှာပထမဆုံးအကြိမ် ခက်ထန်နေသည့်ဖေဖေမျက်နှာကိုမြင်လိုက်ရသည်...
ဒီပုံအတိုင်းဆို သူ တချက်လောက်တော့အထိုးခံရနိုင်ချေရှိသည်ဟု ကြိုတွက်ထားလိုက်သည်....
''ပြောပါအုန်း သြဇာဂုဏ် "
'' ကျွန်တော်လူကြီးတွေကို မင်္ဂလာပွဲတန်းစီစဥ်ခိုင်းလိုက်ပေမဲ့ နွယ်လေးကို လက်ထပ်ခွင့်မတောင်းရသေးဘူးဖေဖေ "
အထိုးခံရနိုင်သည်ဟု ကြိုတွေးခဲ့သော်လည်...
ရုတ်တရက် ကျလာသည့် လက်သီးချက်ကိုတော့သူမရှောင်နိုင်ခဲ့ပါ...
'' မင်းဆန္ဒနဲ့မင်းစီစဥ်...မင်းဆန္ဒနဲ့မင်းဖျက်ချပစ်တယ်ပေါ့ ငါ့သမီးကအရုပ်မဟုတ်ဘူး သြဇာဂုဏ် ''
'' ဖေဖေကလဲမသိရင်ကျွန်တော်က အဖေ့သမက်ကျနေတာပဲ''
'' ဟေ့ကောင် အထိုးခံရတာတောင်မမှတ်သေးဘူးပေါ့ "
'' ကျွန်တော်မင်္ဂလာပွဲကိုမဖျက်ပါဘူးဖေဖေ ကျွန်တော်တို့ကမိဘပေးစားလို့ယူတာမဟုတ်ဘူး နွယ်လေးက ကျွန်တော် ချစ်သူပါ...
ဒါကြောင့်သူ့ကို Propose လုပ်မယ် သူလက်ခံလာအောင် လက်ထပ်ခွင့်တောင်းပြီးမှ မင်္ဂလာပွဲအတွက်ဆက်စီစဥ်မှာပါ "
သူ့စကားကြားမှ မျက်နှာမကောင်းသည့်အမေနှစ်ယောက်ကပြုံးရယ်လာနိုင်သည်...
သူမလေးကို....
လက်ထပ်ခွင့်တောင်းဖို့....
သူစီစဥ်ရအုန်းမည်...
တွေးတာနဲ့တင်ကြည်နူးရကာ...
ဒီလိုကြည်နူးဖွယ်အစီစဥ်ကိုကျော်ချပြီးဘာကြောင့် အဆင့်ကျော်မိသလဲ....
တုံးလိုက်တဲ့ကောင်.......