မင်းမကြည့်လို့ ( အပိုင်း...၁၂)
***************************
နွယ်လေး နဲ့ သူဟာ ရိုးရှင်းစွာပဲ ချစ်သူတွေဖြစ်ခဲ့ကြသည်......
ပဲမများတက်တဲ့ ကောင်မလေးကို ဒီနေရာမှာ သူ သိပ်ကို ကျေးဇူးတင်မိပါတယ်...
ပွင့်လင်းပြီး ရဲရင့်သလို...
တခါတရံ ဖြူစင်ပြီး ချစ်ဖို့ကောင်းသည်....
ဒီထက်အချစ်ပိုရသည်က...
ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံလေးကို သူတစ်ယောက်သာ မြင်ခွင့်ရပြီး....
သူနဲ့ကျမှ ပေါ်လာတက်တာ...
သူ့အတွက် သီးသန့်မဟုတ်လား....
'' ခေါင်းလျှော်လိုက်ပြန်ပြီလား "
ရေချိုးခန်းထဲက ထွက်လာသည့် သူမက သူစကားကြောင့် ကလေးဆိုးလေးလိုပြုံးကာ...
" နွယ်လေး.. မနေတက်တော့လို့ပါ ကိုကိုရဲ့ "
'' ကောင်မလေးကွာ... ညမိုးချူပ်မှရေချိူးတာတောင် မလွှဲသာလို့ ခွင့်ပြုလိုက်ရတာကို ''
သူမ လက်ထဲက သဘက်ကလေး ယူကာ ခေါင်းပေါ်က ရေတွေကို ခပ်ဖွဖွသုတ်ပေးလိုက်သည်...
ငယ်ငယ်ကဆို သူမ ခေါင်းလျှော်သည့်နေ့တိုင်း အနားမှာရှိသည့်လူကို သဘက်ထိုးပေးကာ..
သုတ်ပေးခိုင်းတက်သေးသည်....
ဟိုတခေါက်ကဆို စိတ်တွေလှုပ်ရှားလွန်းပြီး ရင်ခုန်သံတွေ ထိန်းချူပ်နေရလို့သာ မသိချင်ယောင်ဆောင်ထွက်ခဲ့ရပေမဲ့...
သဘက်ယူပြီး သုတ်ပေးချင်စိတ်ကိုမနည်းထိန်းနေရသည်....
ဒါတောင် သူမ ဆံပင်သေချာသုတ်ပါ့မလားဆိုတဲ့စိတ်နဲ့ ပြီးမှနောင်တရမဆုံး.....
''အခုထဲက ချူပ်ချယ်မှု့တွေ စ လာပြီ "
'' ဘာပြောတယ် ဒီကောင်မလေး တော့ နာတော့မယ် "
ကလေးလေးလို နှုတ်ခမ်းဆူကာ.....
'' မဟုတ်လို့လား "
သူ ဂျစ်ကန်ကန် လုပ်နေသည့် သူမအမူအရာလေးတွေကို အသည်းယားမိတာ...
သူမနောက်ကျောကနေ ငုံမိုးပြီး...
အသည်းယားမိသော ဆူထော်ထားသည့် နှုတ်ခမ်း အေးစက်စက်ကလေးတွေကို..
ဆွဲနမ်းပစ်လိုက်ပြီမှ......
'' မင်း ကိုကို ကအခုမှမဟုတ်ဘူး အရင်ထဲက အရိပ်တကြည့်ကြည့်နဲ့ ချူပ်ချယ်လာခဲ့တဲ့ကောင်...
နောင်လဲ ချူပ်ချယ်အုန်းမှာပဲ ခင်ဗျားလေးကို ထိခိုက်နိုင်တဲ့အရာဆိုရင်ပေါ့ "
'' ဟွန့် လူလည်ကြီး "
ရှုံမဲ့သွားသည့် မျက်နှာလေးဟာ...
ရှက်သွားတာကြောင့် ရဲတက်လာတာကိုလဲ သူမြင်နေရသည်မို့...
ပြုံးလိုက်မိသည်.........
'' ရိုမန့်တစ် မဆန်တဲ့ ဒီလူကြီးကို ချူပ်ချယ်တယ်လို့ပါ မြင်နေပြီပေါ့ နောက်ဆို ဘိုးတော်ကြီးလို့ခေါ်ပြီး စိတ်မကုန်သွားဖို့ ကြိုးစားရအုန်းမှာပေါ့ကွာ "
'' အမယ် ကိုကိုနော် ဖြေးဖြေး ခြွေပါ ဒီမှာ ကြွေကျနေပါပြီ မရိုတက်တာကိုက နွယ်လေးအတွက် ကြွေချင်စရာဖြစ်နေတယ် ဘယ်လိုလုပ်ရပါ့''
ရေစစ်သွားတဲ့ ဆံပင်တွေကို dryer မှုတ်ပေးရင်း...မှန်ထဲမှာပေါ်နေသည့် မျက်နှာကလေးကို လှမ်းကြည့်ကာ
'' ဘယ်လိုမှ မလုပ်နဲ့ ဒီတိုင်းလေး ကြွေနေရင်ရပြီ "
ခါးကို ကိုင်းရင်း နူးညံလွန်းသည့် သူမပါးလေးကို တချက်နမ်းလိုက်ကာ..
'' ကိုကို လို ရိုမန့်မဆန်တဲ့လူကြီးကို ကြွေပေးတဲ့အတွက်ရော ဒီလူကြီးရဲ့ အချစ်တွေကို လက်ခံပေးတဲ့အတွက်ရော... ကျေးဇူးပါနွယ်လေး ကိုကို တန်ဖိုးထားချစ်သွားပါ့မယ် "
ရင်ခုန်ပြီး ရှက်သွေးဖြာနေတဲ့ သူမ မျက်နှာကလေးဟာ...
ခါတိုင်းထက်ပို ချစ်စရာကောင်းနေခဲ့သလို စက္ကန့်နဲ့အမျှ ပိုပိုချစ်လာရတာ သူမ သိမည်မထင်ပါ....
dryer မှုတ်လို့ပြီးတော့ ကျောခိုင်းထိုင်နေရင်း...သူမက သူ့ဘက်လှည့်ကာ ခါးတွေကိုဖက်ကာ..ခေါင်းလေးမှီလာသည်...
'' ကိုကို က နွယ်လေးကို မချစ်ခဲ့ဘူးလို့ထင်နေတာ "
'' ဘယ်လိုတောင်တွေးလိုက်တာလဲကွာ ''
ထိုင်နေရင်းကနေ ဖတ်တွယ်ထားတာမို့...
သူမ ခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးရင်း အသံလေးတွေမသိမသာတိမ်ဝင်သွားသည့်သူမကြောင့်...
သူ့ရင်ထဲငိုချင်လာမိသည်အထိ စိတ်မကောင်းဖြစ်ရသည်...
" မင်းမကြည့်လို့ပါ ကလေးရယ် ဒီရင်ထဲမှာမင်းအတွက်ချစ်ခြင်းမေတ္တာတွေကြီးပဲ...
ပြီးတော့ မင်းရင်ထဲကို မြင်အောင်မကြည့်တက်ခဲ့တဲ့ ကိုကို တောင်းပန်ပါတယ်နော် မမလေးကခွင့်လွှတ်ပေးမယ်မဟုတ်လား "
သူ့စကားကြားတော့ သွားလေးတွေပေါ်သည့်အထိ ရယ်လိုက်သည့်ကောင်မလေးဟာ သူ့အတွက်အဖိုးတန်ကလေးပါပဲ....
အရာအားလုံး အဆင်ပြေပြေပြီးဆုံးသွားတော့လဲ ပူလောင်ခဲ့ရတာတွေပျောက်လို့...
ငြိမ်းအေးလွန်းလှတယ်...
ထာဝရ ငြိမ်းအေးချင်ပါတယ် နွယ်လေးရေ..
........
အိပ်မောကျနေသည့် သူမ ကိုကြည့်ရင်း..
မြတ်နှိုးတန်ဖိုးထားရတဲ့ကောင်မလေးကို ချစ်မဝ..
အကြောင်းပြချက် ရေရေရာရာမရှိပေမဲ့ တော်တော်နှင့် အိပ်မပျော်.....
'' ကိုကို "
'' ဟင် ''
သူမဆီက ရုတ်တရက်ခေါ်သံကြောင့် လန့်သွားတာဖြစ်ကာ....
'' မအိပ်သေးဘူးလား "
အိပ်မှုန်စုံဖွားနဲ့ သူမ ထလာသည်...
" နွယ်လေး အိပ်ပျော်နေပြီထင်တာ အခုထိ....''
သူ့စကားမဆုံးခင်...သူ့နံဘေးဝင်လှဲချလိုက်သည်မို့ ကြောင်သွားမိသည်...
ဒီကောင်မလေး အိမ်မက်ယောက်ပြန်တာလား....
''အိမ်မက်ဆိုးတွေမက်လို့ "
ခပ်တိုးတိုးလေးပြောကာ...
ပြန်အိပ်ပျော်သွားသည့်ပုံက တကယ်ကိုအကြောက်အလန့်မရှိ...
သူနဲ့ဆို...
အရာရာစိတ်အေးလက်အေး နေထိုင်နိုင်သည့်ဘဝ မျိူး..
သူ့ကိုဆို ယုံကြည်စိတ်ချတဲ့ ဘဝမျိူး...
တသက်လုံးဖန်တီးပေးချင်သည်...
လှပတဲ့ဘဝလေး...
ပျော်ရွှင်ကျန်းမာတဲ့ဘဝလေး....
အပူပင်ကင်းတဲ့ ကောင်မလေးအဖြစ် တသက်လုံးနေရစေချင်တယ်...
ကိုကို တသက်လုံးတန်ဖိုးထားချစ်သွားမှာပါ
နေ့လည်လောက်ပြန်ရမည်...
သူမနဲ့တခေါက်လောက်တော့ ငယ်ငယ်ကလိုစိတ်အေးလက်အေးခရီးထွက်အုန်းမယ်...
ရင်ခွင်ထဲ တိုးဝင်အိပ်ပျော်နေသည့်ကောင်မလေးမနိုးစေရန် အသာထကာ
ရေမိုးချိူးခြင်းအလုပ်ကို ခပ်မြန်မြန်လုပ်ကာ...
အချိန်ရနေသေးသည်မို့...
mail ဖွင့်စစ်ရင်းအချိန်ဖြုန်းဖို့ဆုံးဖြတ်လိုက်သည်..
အခုချိန်ဆို လုပ်စရာအလုပ်တွေပုံနေလောက်ရောပေါ့...
အာရုံတွေက အလုပ်ထဲနှစ်လိုက်တော့...
အချိန်တွေကုန်မြန်နေသလိုပင်....
ထင်တဲ့အတိုင်း.....မင်းတိမ်လွှာဟာ background ကောင်းကောင်းရှိနေခဲ့ပါလား...
Skycastle.....
သူ့ကိုတောင်ဖြိုချလို့ရသည့်အနေအထားနှင့်ပါလား...
ဖုန်းမြည်သံကြောင့်....
ကြည့်လိုက်တော့ သျှံထွန်း...
သူ....ဖုန်းပြောနေတုန်း သူမနိုးလာခဲ့လေသည်...
'' ကိုကို''
ထိုင်နေတဲ့ သူ့ကို နောက်ကနေ သိုင်းဖက်မှီတွယ်ရင်း...
အိပ်ချင်မူးတူး ပုံနှင့် နွယ်လေး...
'' နိုးပြီလား ကောင်မလေး...ရေမိုးချိူး အလှပြင်တော့ "
'' ကိုကို ဘာတွေ သဘောကျပြီး ပြုံးနေတာလဲ "
''သျှံထွန်း ဖုန်းဆက်တယ် မနေ့က ကိစ္စ လာတောင်းပန်ချင်လို့တဲ့ "
'' အမလေး...တကယ်ကြီလား"
'' မပြောတက်ဘူး ကလေးရဲ့ ရောက်လာမှပဲ သိမယ် ''
သူ့ကို ငပျင်းမလေးလိုမှီတွယ်နေရင်းက ချက်ချင်း ထပြေးဖို့ပြင်သည်မို့..
'' ဒါကဘယ်တုန်း "
'' သျှံထွန်းဆိုတဲ့ အကြောတင်းကောင် လာတောင်းပန်မယ်ဆိုတော့....
ဒီပွဲက လွတ်လို့မဖြစ်ဘူးကိုကိုရဲ့ အမြန်သွားပြင်ပြီ စောင့်နေရမယ် ဒါမှ ဟိဟိ "
ကလေးလေးတစ်ယောက်လို.... ပြေးထွက်သွားတဲ့ သူမကြောင့် ပြုံးမိပြန်ပါရော..
ဒီကောင်မလေးရဲ့ ဖြူစင်ပုံေလးဟာ တကယ့်ကိုချစ်စဖွယ်.....
တကယ်ဆို သူမဟာ မိုးသားဖြူအပေါ်အတော်သံယောဇဥ်ရှိတာသိသာသည်ပင်....
သျှံထွန်း လာတောင်းပန်သည့်အပေါ်....
ကျေနပ်မဆုံးဖြစ်နေကာ...
သူ့တပည့်မတုန့်ပြန်ပုံကိုလဲကျေနပ်နေပုံရှိသေးသည်...
အိမ်အပြန်လမ်းဟာ သူမအတွက်ကျေနပ်ဖွယ်အတိနှင့်...
သူကတော့ မမျှော်လင့်ပါပဲ မင်းတိမ်လွှာနှင့်ရင်းနှ်ီးခဲ့သည်
မိုးသားဖြူအပေါ်ထားစရာမရှိအောင်ချစ်နေသော်လဲ...
သူချစ်နေတာတောင် သူ မသိလိုက်ပုံက တချိန်ကသြဇာဂုဏ်ကိုပြန်မြင်ယောင်ရသေးသည်...
ချစ်ရသူတွေကို မဝေးစေချင်ပါ....
အကူညီရလောက်ပါ့မလားမသိသော်လည်း...အကြံပေးစကားအချိူ့သူပြောဖြစ်သည်...
Skycastle နဲ့ D khit က လုပ်ငန်းရှင်တွေအနေနှင့်မဟုတ်ပဲ
ဒီအတိုင်း ချစ်တက်တဲ့လူသား နှစ်ဦးအနေဖြင့်ပေါ့...
အနာဂတ်တွေမှာ ဘာတွေလုပ်နေမယ် ဘာတွေဖြစ်နေမယ်ဆိုတာမသိပေမဲ့...
အနာဂတ်တွေကောင်းဖို့ လက်ရှိအချိန်မှာကြိုးစားသင့်တယ်မဟုတ်လား....