book

Index 11

အပိုင်း...၁၁

မင်းမကြည့်လို့ ( အပိုင်း...၁၁)

****************************


ကိုကို ဟာနွယ်လေး အတွက်အရင်းနှီးဆုံး အကိုလို အဖေလိုလူမို့ ကိုကိုနဲ့ဆို ငြင်းစရာမရှိပါဘူး..


သူမ ထိုသို့ပြောပြီး စေ့စပ်ပွဲကို သဘောတူခဲ့တာမဟုတ်လား...

တဖက်ကုတင်မှာ အိပ်မောကျနေသည့်..


သူမ မျက်နှာလေးကို ကြည့်ရင်း အတွေးတွေက ဟိုရောက် ဒီရောက် ..


သိပ်ကို မြတ်နိုးမိနေတဲ့အကြောင်း...


သူမလေးကို နှိုးပြီး ပြောချင်လာသည်အထိ..


မာနခဲလေး အိပ်မောကျနေပုံက လွန်ခဲ့သောနှစ်တွေက ကျောင်းသူလေးအတိုင်း..

ပြောင်းလဲ သွားတာမရှိပါ...


သူမ အနီးသို့ ​ဖြေးဖြေးထကာ တိုးသွားမိသည်... ဘာ ကာလာမှမရှိ..

ပကတိ ကြည်လင်ရှင်းသန့်နေသည်မျက်နှာလေးကို သူ မြတ်နိုးရပါရဲ့...


ချစ်ဖို့ကောင်းလိုက်တာကွာ


သူမ မျက်နှာကလေးကို ကြည့်ရင်း နဖူးလေးကို ခပ်ဖွဖွနမ်းမိသည်...

ထိုနောက် သူ့နှုတ်ခမ်းတွေက ပါးကလေးဆီ ရောက်သည်...

နိုးသွားမှာလဲစိုးကာ...


သူမ နှုတ်ခမ်းတွေဆီ အကြည့်အရောက်...


ရင်ခုန်သံတွေဟာ ဝုန်းဒိုင်းကျဲ ကာ..

သူလဲ အသွေးအသားနဲ့ ယောက်ျားတဦးမဟုတ်လား...


စိတ်ဆန္ဒတွေ ကြမ်းတမ်းလာသည့်အခါ...


ချိူးနှိမ်ရသည်....


သူ့ကို စိတ်ချလက်ချ အိပ်ပျော်နေသည့်မိန်းကလေးအပေါ်...

အခွင့်ရေးယူရာ ကျမည်....


သူ့နေရာဆီပြန်သွားကာ...အိပ်ယာထက်လှဲချရင်း

ဒီလို စိတ်ချလက်ချအိပ်နေပုံဟာ...

အကိုလို အဖေလို တွယ်တာမှူ့ကြောင့် ဖြစ်နိုင်သည်မဟုတ်လား..

တခါတလေကျတော့လဲ...


ယောက်ျားတယောက်အနေနဲ့ မမြင်တော့မှာ စိတ်ပူမိသေးသည်...


မျက်လုံးတွေကို ကြိုးစားမှိတ်ရင်း.... အိပ်ပျော်ဖို့ ကြိုးစားရပြန်သည် ဒီနေ့ကျမှ ညတညတွေဟာ တိုလွန်းလှပါလားအချစ်ရယ်...


......


မနက် သူနိုးသည်အထိ သူမ မနိုးသေးတာမို့ သူ Laptop ဖွင့်ရင်း အလုပ်တွေ ရှာကြံလုပ်နေမိသည်..

မဟုတ်လျှင်....


သူ.... သူမကို ပြေးဖက်နမ်းမိမလားမသိ


'' ကိုကို "


'' နိုးလာပြီလား နွယ်လေး "


မျက်လုံးတွေကို ပွတ်သပ်ရင်း နွေဦးနွယ် အိပ်ချင်မပြေသေးတာကြောင့်..ခေါင်းသာငြိမ့်ပြလိုက်သည်..


'' မျက်လုံးတွေတောင်မပွင့်ပဲနဲ့ နိုးတာတဲ့လား ဒီကောင်မလေးနှယ့် "


ရယ်ကျဲကျဲ အသံနှင့် ဦသြဇာဂုဏ် သူမ ပုံစံကို သဘောကျနေသယောင်ယောင်...


'' ခနလောက်မှေးချင်မှေးအုန်း....ကိုကို နောက်နာရီဝက်လောက်နေရင် နှိူးပေးမယ် "


အိပ်ချင်မူးတူးရုပ်နှင့် ခေါင်းခါပြရင်း


'' အလှပြင်ရအုန်းမယ် ဆိုင်ခွဲအသစ်ဆီသွားရမှာ "


အလုပ်တွေ လုပ်နေရင်သာ လူကြီးလိုလို ခပ်ထန်နေတဲ့ မျက်နှာထားနှင့် သူမ....


ရည်းစားတွေထား အကြောတင်းရင်း လုပ်ချင်တာလုပ်တက်တဲ့ သူမဟာ


တခါတရံ စိတ်လိုလက်ရရှိလျှင် သူ့အပေါ် ကလေးတယောက်လိုပြုမူတက်ကာ ဆိုးနွဲ့တက်သေးသည်...


ရေချိူးခန်းထဲ ဝင်သွားသော သူမကို ကြည့်ရင်း နှုတ်ခမ်းတွေက ပြုံးနေမိတာ..


ရေနဲ့ထိလိုက်မှ...အိပ်ချင်စိတ်တို့ပြေလွင့်စပြုကာ

ဒီတခေါက်...မင်းတိမ်လွှာနဲ့ သူမတွဲပစ်လိုက်တာ ထိရောက်တယ် ဆိုတာထက်ကို ပိုထိရောက်တယ်

ရေခဲတုံးလို အေးစက်မာကြောနေတဲ့...


ကိုကိုရဲ့အပြူမူတွေ အတော်ကို ပြောင်းလဲ သွားသည်


သဝန်တိုမှု့တွေ မမြင်ချင်မှအဆုံး.....


အရင်ကလဲ ဂရုစိုက်တက်ပေမဲ့...


အကိုတစ်ယောက်လိုသာ အမြဲ ပြုမူနေတက်ကာ အခုတော့...

ကြွေလောက်မဲ့စကားတွေ ပြောတက်လာသည်


နောက်ဆုံးတော့ သူမကို စိတ်ဝင်စားလာခဲ့ပြီပေါ့...


ဒီတခါတော့ အောင်မြင်ပြီထင်ရဲ့...


တကယ်ဆို သူမ ချောမောလွန်းတဲ့ မင်းတိမ်လွှာ ကို စိတ်ဝင်စားပါသည်..

အပျော်တမ်းတွဲတာမို့ တီတီတာတာ စကားသံတွေ ကြားချင်သည်..

ကိုကို ထက်ပင် အေးတိအေးစက် နိုင်လွန်းသည်မို့ လုံးဝ ဆက်ချစ်ကြည့်လို့မရ


အစကတော့ ကိုကို ကိုမေ့နိုင်လောက်သည်အထိ ချစ်မိပြီ ထင်ခဲ့သေးသည်......


ကိုကို သူမနှင့် မင်းတိမ်လွှာ ကို မသင်္ကါဖြစ်ကာ အသည်းသန် စုံစမ်းလာတော့...

သူမ လန့်မိကာ.....

ကိုကိုဘက်မှ ခါတိုင်းထက် ပို Serious ဖြစ် စုံစမ်းနေသည်မို့..


သူမ အင်မတန် ထိတ်လန့်လာသည်........


ကိုကိုနဲ့ ယှဥ်ရွေးရအောင်ထိ သူမ မလဲရဲ....


ဒေါသပေါက်ကွဲနေတဲ့ ကိုကို ကို...

အရင်တည်တည်ငြိမ်ငြိမ်နဲ့ မေးတုန်းကတွေလို


ဟုတ်ပါတယ် ကျမတို့ကြိုက်နေတယ် ဘာဖြစ်လို့လဲ ဆိုတဲ့ စကားမျိူး.... ပြောမထွက်ရဲတော့....


ကိုကို.....ကို ဆုံးရှုံးရနိုင်သလား...


ဒီအတွေးမျိူးဝင်လာတော့.....


အကြံဉာဏ်ထုတ်ရသည်....


သူမ ကိုကိုနဲ့ဝေးလို့မဖြစ်.....


မင်းတိမ်လွှာ ကိုယ်တိုင်ကလဲ သူမထက် မိုးသားဖြူဆီကိုသာ .....ပို အာရုံစိုက်တက်သည်မို့


မင်းတိမ်လွှာ နှင့် ပွင့်ပွင့်လင်းလင်းပဲ ပြောဖြစ်သည်....

သူကိုယ်တိုင်လဲ....မိုးသားဖြူ အနားရောက်လာဖို့ သူမကို အသုံးချခဲ့ကြောင်း ဝန်ခံခဲ့ကာ....

အချင်းချင်း..

အပြန်လှန်..... ကူညီကြဖို့ တိုင်ပင်လိုက်ကြခြင်းဖြစ်သည်


သူမ ကို ပြုံးကြည့်ရင်း ..ကျန်ခဲ့တဲ့ ကိုကို နှုတ်ခမ်းပေါ်က အပြုံးတွေကို.... သူမ ကျေနပ်နေမိရဲ့......

ဒီအပြုံးတွေကို သူမ ချစ်သည်......


'' နွယ်လေးရေ....ရေချိူးတာ ကြာရန်ကောကွယ် ဖျားမယ်နော် မြန်မြန်လုပ် "


'' ဟုတ် ပြီးပြီ "


ကိုကို့ အသံကြားမှ ရေချိူးခြင်းကို အဆုံးသတ်ကာ ပြီးနေပြီမို့ အမြန်ထွက်ခဲ့သည်...


သူမ အလှပြင် နေတုန်း....


ကိုကို ရေချိူးခန်းထဲ ဝင်သွားကာ...


ချထားခဲ့သော Laptop ကို ခိုးကြည့်မိတော့...


ရုံးချူပ်မှာ ကျန်ခဲ့သည့် အလုပ် mail တွေ စစ်နေသည်ပဲ


တကယ့်ကို အလုပ်သရဲပါ....


'' ဘာမွှေနေလဲ ကောင်မလေး "


သူ့ Laptop ကို သူမ ခိုးစစ်နေသည်မို့.....


သူမနံဘေး နံရံကို မှီရင်း လက်ပိုက်ထားသည့်သူ ဘယ်အချိန်က...အနားရောက်လာသလဲ..

ရေချိူးပြီး ထွက်လာသည်မို့....


သဘက်ပိုင်း တခုသာ ပတ်ထားပြီး


အပေါ်ပိုင်း ဗလာကျင်း....ေရစိုနေသေးသည် ကျစ်ကျစ်လစ် ခန္ဓာကိုယ်က ဆွဲဆောင်မှု့အပြည့်..


Hotel wifi နဲ့ ချိတ်ထားသည်မို့....


သူ့ Laptop မှာ Log in ဝင်ထားသည့် Social media acc တွေ ဝင်စစ်နေတာကြောင့်....

သူ့ အသံကြားတော့ လန့်သွားကာ...


'' ကိုကို "


'' စိတ်ချပါ ညည်းကိုကိုက အရှုပ်ရှင်းကင်းတယ် "


ထိုစကားက သူ နံဘေးမှာ အမြဲ ကပ်နေသည့်...သစ္စာဆိုတဲ့..ခပ်ငယ်ငယ်ကောင်မလေးကိူ မြင်ယောင်လာတော့.....


သူမ မဲ့ရွဲ့ ပစ်လိုက်ကာ


'' ဟုတ်လိမ့်အုန်းမယ် သစ္စာရှင်က ပြုံးပြနေတယ် မြင်ရလား "


သူမ ခပ်တိုးတိုးပြောတာ ပေမဲ့...


သူက ကြားဖြစ်အောင်ကြားလိုက်ကာ...


ထ ထွက်သွားတဲ့ သူမ လက်တွေကို လှမ်းဆွဲသည်...

သူမ ခန္ဓာကိုယ်ကို နံရံနှင့် ကပ်ထားလိုက်ကာ

သူ့ လက်တဖက်က နံရံကိုထောက်သည်..


သူတဖက်က သူမ ပါးလေးကို ဆွဲကာ...


'' ကိုကို ကြားတယ်နော် ကောင်မလေး "


'' ကြားရင် ကြားတယ်မှတ်ပေါ့ "


သူ့လက်က ပါးကို လိမ်ဆွဲလာသည်မို့


'' အား....နာတယ် ကိုကိုကလဲ မိတ်ကပ်တွေ ပျက်ကုန်တော့မှာပဲ "


'' Sorry နားသွားလား အုံဖွ ''


ပြောလဲ ပြော သူမ ပါးတွေကို ခပ်ဖွဖွ နမ်းပစ်လိုက်ပြီး...


ထိုမှ တဆင့်....


သူမ နှုတ်ခမ်းတွေဆီ သူနှုတ်ခမ်းတွေနှင့် ထိကပ် ဆွဲယူ နမ်းရှိုက်ပစ်သည်...


အတင်းဖိကပ်နမ်းနေသည်မှာ သူမ အသက်ရှုကြပ် လာသည်အထိ.... ကြမ်းလာပြီးမှ


ရပ်တန့်လိုက်ကာ...

သူ့နှုတ်ခမ်းကို လက်နှင့် ထိတွေ့လိုက်ပြီး...


သူမကို ပြုံးကြည့်ကာ.....


'' ဟောဒီနှုတ်ခမ်းတွေက စွာချင်အုန်း "


သူမ မျက်နှာလေး ရဲတက်သွားပြီး....


'' ကိုကို နော် ''


ရှက်ရှက်နှင့်အော်ပစ်လိုက်သည်....


သွားတွေပေါ်အောင် သူမကို ပြုံးပြပြီး သူမနားနားကပ်ကာ လေသံနှင့်


'' ကိုကို ကို့ မငြင်းတဲ့အတွက် Thank babe lay "


သူမထိုနေရာတင် မှင်သက်ကျန်ခဲ့ကာ....


တဒိတ် ဒိတ်နှင့် ခုန်နေတဲ့ ရင်ခုန်သံတွေဟာ ပေါက်ထွက်မတက်...


ထိုအမျိူးသားဟာ....


သူမ သိတဲ့ သူမ ကိုကို...


ဦးသြဇာဂုဏ် မှ ဟုတ်ပါလေ စ.....


စိတ်နဲ့ ကိုယ်နဲ့ မကပ်ချင်သလိုလိုဖြစ်သွားကာ...


ချိူမြိန်တဲ့ အနမ်းတွေဟာ.....


သူမ မက်မောတဲ့ အမျိူးသားဆီကနေ...


သူမတကယ်ပဲ ရလိုက်တာလား...


ဒါဟာ...အိမ်မက်များလား


အိမ်မက်ဆိုရင်တောင် မနိုးထချင်ပါဘူး ကိုကို 


.............( ရွှေအိမ်စံရဲ့ ချစ်အိမ်မက် အပိုင်ူ ၂၄ ထဲက အခန်းလေး ဆက်စပ်မိအောင် ပြန်ထည့်ထားတာပါနော် 😘😘😘)


ဟန်ဆောင်ပြီးသာ လှည့်ထွက်လာရပေမဲ့ ခြေလှမ်းတွေက မမှန်ချင်တော့...

ဆိုင်သစ်ဖွင့်ပွဲဆီရောက်နေသော်လည်း...


စိတ်က သူမ နှုတ်ခမ်းတွေဆီကိုသာ တဝဲလည်လည်....


ညနေ အခန်းထဲ ပြန်ရောက်သည်အထိ ရင်ခုန်သံတွေမပြေချင်သေးသလို...


သူတို့နှစ်ယောက်ရဲ့အခန်းအခြေနေဟာ တိတ်ဆိတ်နေခဲ့သည်...


'' ကိုကို နေ့လည်က လျှံထွန်းကို သွားထိလိုက်ပြန်ပြီဆို "


သူတို့နှစ်ဦးကြားက တိတ်ဆိတ်မှု့ကို စတင်ဖြိုခွင်းလိုက်သူက သူမပင်...

မနက်ဖန် ပြန်ရမည်မို့...

အဝတ်အစားတွေ သိမ်းဆည်းနေသည့်ပုံလေးက အိမ်ရှင်မလေး လိုလို.....


သျှံထွန်းနှင့် မိုးသားဖြူကြား...


သူ တမင်တကာ ဝင်ပါလိုက်တာကို သူမ မြင်သွားဟန်ရှိသည်...


ဝင်မပါလို့လဲမရပါ.....


ပိုက်ဆံရှိရင် စော်ကြည်မည်ဟု ထင်နေတက်သည့်လျှံထွန်းရဲ့ အပြူမူတွေဟာ...

သူ့ညီမသာဆို ဆွဲထိုးချင်စရာပင်..


နွယ်လေး သဝန်မတိုရအောင်....


ဝင်မပါတော့ဘူးဆုံဖြတ်ထားကာမှ မျက်စိရှေ့မှာ မြင်နေရတော့လဲ သူ မနေနိုင် မင်းတိမ်လွှာ ကို တမင်သဝန်တိုအောင်လုပ်တာ ဖြစ်သော်လည်း....


နွယ်လေး သဝန်တိုနိုင်တာကို သူသိသော်လည်း...

သဝန်မတိုသည့်အတွက် ထပ်မံကျေးဇူးတင်ရပြန်သည်...


'' ကိုကို နဲ့မတူလို့ "


'' ဟောဗျာ ဘယ်နားကမတူတာလဲ ကလေးမရဲ့ "


''အကုန်လုံးပဲ....အရင်က ကိုကိုဆို ဝင်ပါရင်တောင် ဒီလောက်အခြေအတင်ထိ ပါမယ်မထင်ဘူး..

အရင်က ကိုကို ဆို နွယ် ဘာလုပ်လုပ် စိတ်ဝင်စားမှာမဟုတ်ဘူး..

ဒီလို မလိုအပ်တဲ့ ခရီးတွေကိုလဲ ကိုယ်တိုင်ဆင်းမှာမဟုတ်ဘူး "


'' ဟုတ်လား.. ကိုယ် အာ့လောက်ပဲဆိုးလို့လား "


'' အဲ့ဒီထက်ပိုတယ် "


'' ကိုကို...နွယ်လေးကို ချစ်တယ် "


''ဟင်..."


မဆီမဆိုင် ထ ပြောလိုက်တာမို့....


သူမ ကြောင်အမ်းအမ်းနဲ့ မော့ကြည့်လာသည်..


'' တကယ်ပြောတာ... ကိုယ် နွယ်လေးကို ချစ်နေတာ ကြာခဲ့ပြီ နွယ်လေးက ကို့အပေါ် အကိုလို ဖြူဖြူစင်စင်နဲ့ တွယ်တာနေတာထင်လို့..

ကိုယ် အဝေးကပဲ ချစ်နေခဲ့တာ..

ကိုယ့်အချစ်က ရယူလိုခြင်းကင်းပါတယ် ကလေးရယ်....

ဒါပေမဲ့လေ ကိုအခု နွယ်လေးကို အဆုံးရှုံးမခံနိုင်တော့ဘူး ''


''နွယ် ပဲများနေရတာမျိူး မကြိုက်ဘူး ကိုကို..

နွယ် ကိုကို ကိုချစ်တယ် နွယ်ရည်းစားတွေရှုပ်ခဲ့တာလဲ ကိုက်ု ကြောင့်ပဲ "


သူမကို ရင်ခွင်ထဲ ဆွဲသွင်းထားမိသည်...


'' ကိုကို သိပါတယ်နွယ်လေးရယ် "


သူ့အချစ်ကို လက်ခံပေးခဲ့တာကိုပင် ကျေးဇူးတင်မဆုံးပါ....


" ကိုကို သိရဲ့လား နွယ်လေး ရည်းစားတွေလို ကိုကိုထင်ခဲ့သမျှ အမျိူးသားတွေကို နွယ်လေး တခါမှ အဖြေမပေးဖူးဘူး "


'' ဟင် ''


'' တကယ်ပြောတာ အစထဲက နွယ်လေး အချစ်က ကိုကို အတွက် ပဲ "


'' နွယ်လေးရယ် ကိုကို.... ကိုကို ဘာပြောရမှန်းတောင်မသိတော့ဘူးကွာ...ကိုကိုတောင်းပန်ပါတယ် အစထဲက နွယ်လေး အချစ်တွေကို မြင်အောင်မကြည့်ခဲ့မိပဲ နာကျင်ရအောင်လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်''


သူမဆီက မထင်မှတ်ထားသည့် စကားတွေ ဆက်တိုက်ကြားရသည်...

ရင်ထဲ ကြည်နူးရတာရော ဝမ်းနည်း မိတာရော.... 


သူမ မျက်နှာ အနှံ့ ထိတွေ့နေမိတဲ့ အနမ်းတွေဟာလဲ ပင်လယ်ရေလို ပါပဲ....


နောင်ဘယ်တော့မှ နီးရက်နဲ့ မဝေးစေရတော့ဘူး....


rate now: