မင်းမကြည့်လို့( အပိုင်း..၁၀)
***************************
မင်းတိမ်လွှာ ပြောသည့်အတိုင်း...
တကယ်ဖြစ်လာခဲ့သည် ဒီလူဟာ အကြားအမြင်ရနေသည့်အတိုင်း ခန့်မှန်းတော်လွန်းနေသည်ပင်...
ထို့ကြောင့် သူပြောသည့်အတိုင်း သူနဲ့မိုးသားကို ခေါ်တွေ့ကာ အကူညီတောင်းရသည်...
သူမကိစ္စတွေထဲ ညီးညူခြင်းမရှိဝင်ပါပေးသော...
မိုးသားကိုပင် အားနာမိပေမဲ့.....
ဒါဟာ မိုးသားအတွက်လဲ အကျိူးယုတ်မည့်ကိစ္စမှ မဟုတ်ပဲလေးဟု သာဖြေတွေးရတော့သည်...
မင်းတိမ်လွှာ ဟာ မိုးသားဖြူ ရဲ့ ချစ်သူတဲ့လား...
သူ... မယုံကြည်နိုင်စွာ ရေရွတ်မိသည်...
ဘာကြောင့်...ဒီလိုပွဲထုတ်လာသလဲ
အဟွန်း နွယ်လေးဟာ ကစားဖို့ ဆန္ဒရှိရင် ကိုယ်ကစားပေးမှာပါ...
မင်းတိမ်လွှာ လဲ အဆင်ပြေသွားတာပေါ့..
သူ အတ္တကြီးစွာ ပေါ့လျော့နေမိတာ တွေ အခုမှ ပြန်မြင်လာမိသည် ထူးထူးခြားခြား မင်းတိမ်လွှာနှင့်မှ သူမကို တကယ်ဆုံးရှုံးရတော့မလားဆိုတဲ့ စိတ်အခံနှင့် လိုက်စုံစမ်းရင်းမှ..
သူမအကြောင်း......
လေးနက်စွာ စိတ်ဝင်တစားရှိလာမိသည်....
သူမ... သူ့ကို မချစ်ဘူးဆိုတဲ့အတွေးအစား ချစ်ခဲ့ဖူးတာရော မဖြစ်နိုင်ဘူးလား
မချစ်ခဲ့ဘူးဆိုရင်တောင်...
သူမကို သူ အချိန်အတိုင်းတာ တခုအထိ လွတ်လပ်ခွင့်တွေ ပေးခဲ့ ပြ်ိီးပါပြီ...
အဝေးကနေ Feel နေတာထက်
ကိုယ်ချစ်ကြောင်း ဖွင့်ပြောပြစ်လိုက်ဖို့စိတ်ကူးလိုက်သည်..
ဖွင့်မပြောလို့မရတော့ပါ...
သဘောထားကြ်ီးချင်ယောင်ဆောင်နေပေမဲ့..
သူ ပထမဆုံး သဝန်တိုလာတော့....
သူမကို လက်လွှတ်အဆုံးရှုံးမခံနိုင်တော့ပါ...
သူမ မချစ်ခဲ့ရင်တောင် သူချစ်လာအောင်ကြိုးစားမည်..
တကယ်ဆို... သူတို့အသက်တွေ မငယ်ကြတော့ဘူး မဟုတ်လား..
'' ပြသာနာရှိနေတဲ့ King နဲ့ ပူးပေါင်းဖွင့်မဲ့ ဆိုင်သစ်ဆီ သွားဖို့ ကျွန်တော်နဲ့အတူလိုက်ခ့ဲရမဲ့အကြောင်း King ဘက်ကို အကြောင်းကြားလိုက်ပါ "
'' ဟုတ်ကဲ့ ဆရာ "
နွယ်လေး.... မင်းရဲ့ကစားပွဲမှာ ကိုယ်တရားဝင်.. ဝင်ပါခွင့်ပြုနိုင်မလား...
ကိုယ်တို့ ၄ယောက် ခရီးတခု အတူ ထွက်ကြည့်ကြတာပေါ့..
အဲ့ဒီခရီးမှာပဲ... ကိုယ်မင်းကို ရအောင်လိုက်မယ်ကောင်မလေးရေ..
'' Hello မေမေလား သားနဲ့ နွယ်လေးတို့ မင်္ဂလာပွဲအတွက် ပြင်ဆင်ထားလိုက်တော့ "
ဖုန်းချသွားတဲ့ မေမေ့အသံက ပျော်ရွှင်တယ်ဆိုတာထက်ပိုပါတယ်...
သူ....
တကယ်နောက်ကျသွားတယ်...
ဒီနှစ်တွေမှာ စီးပွားရေး ကိုခေါင်းစိုက်ရင်း...
ချစ်နေရသူကို ဖွင့်ပြောဖို့အကြောင်းစဥ်းတောင်မစဥ်းစားဖူးပါ...
သူ့ကိုယ်သူတောင်...
မုန်းမိချင်ချင်ဖြစ်လာသည်
မင်းတိမ်လွှာ နဲ့နွယ်လေးအကြောင်း ရိပ်မိနေတော့ သူ....
သူမဆီပြေးကာ မေးမိသေးသည်....
ရဲနေအောင်ဆိုးထားသည့် နှုတ်ခမ်းလှလှလေးတွေ ညွန့်ကျသွားသည်အထိ မဲ့ရွဲ့ကာ ခွန်းတုန့်ပြန်နေပုံက နာကျင်မှု့တွေအပြည့်နဲ့ပါ...
သူ့ဆီက သဝန်တိုသည်ဆို့သည့်စကားထွက်လာမှ ကျေနပ်စွာ လှစ်ခနဲ ပြုံးလိုက်တာ...
( မှတ်မိကြသေးရဲ့လား...
ရွှေအိမ်စံရဲ့ ချစ်အိမ်မက် အပိုင်း ၂၀ မှာ ကိုကိုနဲ့နွယ်လေး အခြေအတင်ပြောကြတဲ့အပိုင်းကို 😘😘 )
တကယ်ပဲ.....
ကိုယ်တွေးချင်သလိုတွေးလိုက်လို့ဖြစ်ရဲ့လား ကောင်မလေး.....
........
သောကြာနေ့ ညနေမှာ စထွက်မဲ့ ခရီးအတွက်...
ရင်အခုန်ဆုံးဟာ သူများ ဖြစ်နေမလား ဆယ်ကျော်သက်လူငယ်လေးလို စိတ်လှုပ်ရှားနေကာ...
'' Vito ကားပဲ ပြင်ထားလိုက်တော့ လူနည်းပေမဲ့ နွယ်လေးကျယ်ကျယ်ဝန်းဝန်းသွားရအောင် ပြီးတော့ ဆိုင်နဲ့အနီးဆုံး Hotel မှာ booking လုပ်ထားပြီးပြီလား "
'' ဟုတ်ကဲ့ပြီးပါပြီဆရာ ''
'' ကိုယ်ပြောသလို နှစ်ယောက်ခန်း နှစ်ခန်း နော် တစ်ယောက်ခန်းက နှစ်ခန်း "
'' ဟုတ်ကဲ့ သေချာပြောထားပါတယ်ဆရာ "
တကယ်ဆို သူလိုက်ဖို့မလိုအပ်သည့် ခရီးဖြစ်သော်လည်း..
ကိုယ်တိုင်....
တိတိကျကျ ပြင်ဆင်နေမိကာ သူဝင်ခေါ်မည်ဟု နွယ်လေးဆီအကြောင်းကြားရသေးသည်...
၇ နာရီလောက်...
မောင်းရမည့် ခရီးမို့... driver တယောက် ခေါ်ခဲ့ရသည်
မင်းတိမ်လွှာ လဲပါသည်မို့ အဆင်မပြေလျှင် အလဲအလှယ်မောင်းလို့အဆင်ပြေသည်မဟုတ်လား....
သြော် နွယ်လေး အတွက် မုန့်တွေဝယ်ရအုန်းမယ်
သူ့ ဝန်ထမ်းတွေရှေ့မို့ မုန်ကုပ်ကုပ် ခပ်တည်တည် နေမှာသိနေသော်လည်း အကျင့်ဖြစ်နေသည့် အသေးစိတ်ပြင်ဆင်မှု့လေးတွေကို..
ပြင်ဆင်ရသေးသည်....
ဒီနေ့အတွက်အလုပ်တွေ လက်စသတ်ပြီး..
သစ္စာရှင်နှင့်အတူ...
နွယ်လေးတို့ဆီ ဝင်ခေါ်ရန် ထွက်ခဲ့ရသည်...
သစ္စာရှင်ကိုတွေ့တော့ သိသိသာသာ မျက်နှာပျက်သွားသည့် နွယ်လေး....
ဒါကို သဝန်တိုတာလို့ သူ မှတ်ယူသင့်မလား...
အမျိူးသမီး တွေအပေါ် ကြင်နာရမည်ဆိုပေမဲ့...
သူရဲ့ချစ်ရပါသော အမျိူးသမီးလေးသာ သဝန်တိုမည်ဆိုလျှင် တခြား မိန်းကလေးတွေအပေါ် သူ ရောနှောမနေဖို့ ဆုံးဖြတ်ထားသည်...
အရင်ကထဲက...
ဘာသိဘာသာ နေတက်သော်လည်း...
သစ္စာရှင်နဲ့ကျမှ တမင်ရင်းနှီးစွာနေခဲ့တာ...
ဒါပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ဖြစ်စေရပါမယ်နွယ်လေးရေ... စိတ်ချပါ
စိတ်ထဲက ကတိတွေ ပေးရင်း...
သူမရဲ့ကစားပွဲမှာ ဝင်ကစားပေးနေသည့် စုံတွဲကို မသိမသာ အကဲခတ်မိသည်...
မင်းတိမ်လွှာ က ဘာကိုမှ ဂရုမစိုက်သော်လည်း..
မိုးသားဖြူ က စိတ်ကျဥ်းကျယ်နေပုံရသည်.
"နေကောင်းရဲ့လားချာတိတ်ကားမူးလို့လား''
နွယ်လေးအတွက် ရေဘူး အဖုံးဖွင့်ပေးရင်း နောက်ကလာသည့်အသံကြောင့်..
သူရော နွယ်လေးပါ ပြိုင်တူလှည့်ကြည့်မိကြကာ.. ....
နွယ်လေးမျက်ဝန်းတွေထဲမှာ ဘာခံစားချက်မှ မရှိ ပကတိ ကြည်လင်နေသည်..
မိုးသားဖြူကတော့ အားနာဟန်ရှိကာ...
ခပ်တိုးတိုး စကားတွေပြောရင်း...
တကယ်ကို ကြင်နာမှုတွေအပြည့်နှင့်ပါ...
" နွယ်လေး "
သူမ.. သူ့ကို လှည့်ကြည့်လာသည်
'' ကိုယ်တို့ ဖြေးဖြေးခြင်းနားရင်း သွားကြမယ်နော် "
'' အင်း "
'' ငြိမ်လှချည်လား ကောင်မလေးရဲ့ "
'' အင်းတွေးစရာလေးတွေရှိလို့ပါ ကိုကို "
'' ကိုကိုတို့ မိသားစု ခရီးမထွက်ဖြစ်တာတောင် ကြာပြီနော် "
သူမဘက်က ခပ်ယဲ့ယဲ့ကလေးပြုံးကာ...
နာကျင်မှု့တွေ တစွန်းတဆတွေ့လိုက်မိရဲ့..
" ကိုကို D Khit ကို စဝင်သွားထဲကလေ "
ဟုတ်သည်....
သူဖြစ်ချင်သည့်လောဘတွေနှင့် အရာရာမေ့နေအောင်အထိ ကြိုးစားခဲ့တာ...
တကယ်ကို ဝေးကွာသွားကြတာ ကြာခဲ့ပြီပဲ...
'' အခုကစပြီး ကိုကို ကြိုးစားပါမယ် "
'' ဘာကိုလဲ "
''အရင်လို နွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးကို ပြန်ရဖို့ "
သူမ... ဘက်က တုံပြန်သံမကြားရပေမဲ့..
နှုတ်ခမ်းတွေက ပြုံးနေသည်...
အပြင်ဘက်ကို ခပ်ဆွေးဆွေးလေး ငေးနေကာ စ်ိတ်ထဲ ဘာတွေများတွေးနေမလဲ..
သူ မသိပါ....
အရင်လို လွယ်လွယ်ကူကူလဲ မခန့်မှန်းတက်တော့ပါ...
ည ဆယ်နာရီ မှ...
မြို့ထဲဝင်သဖြင့် သူ Hotel ကိုသာ တန်းမောင်းခိုင်းလိုက်တော့သည်...
ငယ်ငယ်က...
ကားမူးတက်သည့် ကလေးမလေးဟာ...
အရင်လိုကားမမူးတက်တော့တာ ဘယ်တုန်းထဲကပါလိမ့်...
သို့သော်လည်း...
အရောင်စုံ မိတ်ကပ်တွေအောက်မှာ မျက်နှာကလေးဟာ နွမ်းလျနေသည်...
'' နွယ်လေးက ခရီးသွားတိုင်း သူစိမ်းနဲ့ မနေတက်သလို တစ်ယောက်ထဲဆို တအားကြောက်တက်လို့ ကိုကိုနဲ့ တခန်း ထဲယူလိုက်တယ်.."
သူကမ်းပေးသည့် အခန်းသော့ကို လှမ်းယူသည့်စုံတွဲအခြေနေကိုလဲ..
သူအကဲမခတ်နိုင်တော့ပါ...
နွယ်လေးကိုသာ မကြာမကြာ ကြည့်နေမိတာ
ဒီကောင်မလေး.....
မာချင်ယောင်ဆောင်နေခဲ့ပေမဲ့ တအားပင်ပန်းနေတာ သူမြင်နေရသည်....
" ပင်ပန်းနေပြီလား နွယ်လေး "
'' နဲနဲပါ ကိုကို "
အခန်းထဲရောက်တော့ ကုတင်ပေါ် ခြေပစ်လက်ပစ်လှဲချလိုက်တာ ကလေးလေးလို...
အရင်ကဆို ခရီးသွားတိုင်း...
သူမ ပစ္စည်း တွေသူကပဲ သိမ်းဆည်းပေးရကာ...
အခုလဲ လှဲအိပ်နေသည့် သူမကို ပြုံးကြည့်ရင်း..
သူမ Luggage ကို ဆွဲယူလိုက်သည်...
'' ကိုကို ဘာလုပ်ဖို့လဲ နွယ်လေးကလေးမဟုတ်တော့ဘူး နွယ်လေး ဘာသာလုပ်မယ် "
'' ကောင်မလေး ကိုကို့ ကို ဘယ်အချိန်ထိ ပညာတွေပြ သူစိမ်းဆန်နေမှာလဲ "
'' ကိုကို ကလေးလို မထင်တော့တဲ့အထိ "
သူ မကြားအောင် နှုတ်ခမ်းလေးဆူပြီး...
တိုးတိူးလေးပြောတာပေမဲ့..
သူကြားလိုက်သည့်မို့ ပြုံးလိုက်မိသည်...
ကလေးလို့မထင်တော့လိုပဲ ရူးအောင်ချစ်နေရတာပေါ့...
ပစ္စည်းတွေ ထုတ်နေသည့်သူမကို...
" ဒါဖြင့်လဲ ကိုကို့ ပစ္စည်းတွေပါ ထုတ်ပေးထား ကိုကို ရေအရင်ချိူးလိုက်တော့မယ် "
'' ဘာလို့လုပ်ပေးရမှာလဲ "
ရန်တွေ့နေသည့်ကောင်မလေးကို အသည်းယားစွာ ပါးလေး ဖွဖွဆွဲရင်း..
" ခင်ဗျားလေး ကလေးဘဝက ဒီကကောင်ပဲ အကုန်လုပ်ပေးခဲ့ရတာလေ အခုကလေးမဟုတ်တော့ဘူးဆို ကိုယ့် ကိုကို ကိုလုပ်ပေးပေါ့ "
ဒေါသလေးတွေ ထွက်နေတာချစ်ဖို့ကောင်းနေလို့ သူတမင်ရန်စခဲ့ကာ...
ရေချိူးခန်းထဲ ပြေးဝင်လာခဲ့သည်...
တံခါးပိတ်ခါနီးမှ...
"လူကြီးလေးရေ ကိုကို့အတွက် အကျီလေးပါထုတ်ထားပေးနော် ရေချိူးပြီးရင် ဝတ်ဖို့ "
သူမရဲ့ မျက်စောင်းလှလှလေးတွေကို သဘောကျစွာရယ်နေမိတာ..
ရေချိူးခန်းထဲရောက်သည်အထိ ကြည်နူးမဆုံးပါ...
နောက်ထပ်...
နောက်ထပ်...
ဘယ်တော့မှ ဒီကောင်မလေးနဲ့ အနေဝေးဖို့မဖြစ်နိုင်တော့ပါ...