ရွှေစံအိမ်ရဲ့ ချစ်အိမ်မက် ( အပိုင်း...၉)
***********************************
'' ဒါက ဘယ်လဲ "
အသံစူးစူး လာရာ ဘက်လှည့်ကြည့်မိတော့ လရောင်..
'' aww ဘယ်သူများလဲလို့ ခြေထိုးခံတဲ့အမပဲ အဟွန်း "
'' ဘာ "
ဒီကောင်မလေး မျက်နှာထားက ဟိုနေ့ကနဲ့မတူ..
ကိုမင်းကလဲ သူမကိုဆို အရိပ်တကြည့်ကြည့်နဲ့..
မနေ့ကတင်ပဲ သူ့ဇနီးဆီ ပေးတဲ့လက်ဆောင်ပြန်လာပို့တာဆိုပြီး အငယ်မ ပို့လိုက်တဲ့ လက်အတုနဲ့ သူမကို ပြန်လာပစ်ပေါက်သွားခဲ့သေးသည်မဟုတ်လား..
ဒါကြောင့်လဲ ဒင်း လေသံက မာကြောနေတာ..
'' လေသံတွေပြောင်းလို့ပါလား သဋ္ဌေးကိုရတယ်ဆိုပြီး အကြောက်လန့်မရှိ ဘဝမေ့လာပြ်ိီပေါ့ ''
'' ဟုတ် မေ့ခါနီးပဲ အမ တချိူ့တွေ လိုချင်လွန်းလို့ ခက်ခက်ခဲခဲ ဖြစ်နေတဲ့သူကို မိုးသားက ရလိုက်တာကိုး အမရဲ့ ခ်ခ် "
'' ကိုကိုက တို့နဲ့မင်းနဲ့ ယှဥ်ရင်ဘယ်သူ့ကိုရွေးမယ်ထင်လဲ မင်းလေသံလျှော့စမ်း ''
စိတ်ရှုပ်ဖို့ကောင်းတဲ့ ညီအမတွေပါပဲ...
သူမက အေးဆေးနေချင်ပေမဲ့....သူတို့ကအမျိူးမျိူးရန်စကြတယ်..
ငြိမ်ခံလာပြန်ရင်လဲ...သူ က ပြောဆိုပြန်အုန်းမယ်
အမလေး ဆိုးလိုက်တဲ့ ငါ့ဘဝ..
ရုတ်တရပ် သူ့ကို လှမ်းတွေ့လိုက်တာမို့...
သူမကတော့ လူဆိုးမကြီးအဖြစ်မခံနိုင်..
လရောင် လက်ထဲက အအေးဘူးကိုဆွဲယူပြီး..
သူမ ကိုယ် သူမ ပက်လိုက်ကာ ဘူးကို သူမလက်ထဲ ပြန်ထဲ့ပေးလိုက်ရင်း..
'' စနိုက်ကြော်အကွက်တွေ အမတို့ပဲတက်တာမဟုတ်ဘူး ဘယ်သူ့ကိုရွေးမလဲ ကြည့်လိုက် ''
လေရဲ့အရှိန်နှုန်းနဲ့ သူတို့အနားရောက်ချလာတဲ့ မင်းတိမ်လွှာကို..သူမ မော့ကြည့်ပြီး..
'' ကိုကို ....အမက ကလေးကို....."
'' လရောင်ခြယ်... ငါ့ဇနီးကို ထိတာ ငါ့ကိုထိတာပဲလို့ ပြောပြီးပြီမဟုတ်လား ....ဒီအိမ်ပေါ်က ခေါင်းနဲ့မဆင်းချင်ရင် ငါ့ကလေးနဲ့ဝေးဝေးနေပါ "
သူ့ဒေါသ သံနဲ့ စောင့်တွန်းပြီး အော်ပြောလိုက်တာမို့ လရောင် လန့်သွားကာ...
'' လ..လရောင်..သူ့ကိုဘာမှမလုပ်ဘူး ကိုကို ''
လဲ ကျနေတဲ့ သူမ အနားကို ကပ်လာကာ ကြင်ကြင်နာနာ ဆွဲထူပေးလိုက်ပြီး
'' ရရဲ့လား ကိုကို့ကလေးလေး နာသွားသေးလားဟင် ''
ကြောင်အမ်းအမ်းနဲ့ လရောင်ခြယ်သာ ကျန်ခဲ့ပြီး သူတို့ကတော့ သူမကို အနားရှိတယ်လို့ပင်ထင်ပုံမရ...
ဒါ သူမသိတဲ့ မင်းတိမ်လွှာ မှာဟုတ်ရဲ့လား......
ဒီမိန်းကလေးကိုမှ ဂရုစိုက်ခံလွန်းသည်...
ဒယ်ဒီတို့ပြောတော့ သူတို့ တကယ်ချစ်ကြပုံမပေါ်ဘူးဆို...
ဒီမိန်းကလေးကို အေးစက်စက် မျက်နှာဖုံးအောက်ကနေ ဂရုစိုက်နေလိုက်တာမှ သဲသဲလှုပ်...
မိုးသားဖြူရဲ့ပခုံးလေးကို ကြင်ကြင်နာနာ ပွေ့ဖက်ရင်း...
သူမ ကို ရှိတယ်လို့ မထင် ကျောခိုင်းပြီး ထွက်သွားတဲ့ မင်းတိမ်လွှာရဲ့ ကျောပြင်ကို ငေးကြည့်ရင်း..
ဘာလို့ သူမ အပေါ်ကျ ဒီလောက် မနွေးထွေးပေးနိုင်ရတာလဲ ကိုကို...
" ဘာဖြစ်လာတာလဲ မမ "
သူမ ရဲ့ စူပုပ်ပုပ်မျက်နှာထားကို ကြည့်ပြီး နေရောင်မေးလိုက်ခြင်းဖြစ်သည်..
'' ကိုကိုက ဟိုကောင်မလေး အပေါ် အရမ်းကို အလိုလိုက်လွန်းတယ် နေနေ "
'' နေတို့ရှေ့မို့ ဟန်ဆောင်နေတာနေမှာပါ မမ ရာ ''
'' မဟုတ်ဘူး..ကိုကို မျက်လုံးတွေရဲ့အရောင်က တခြားမိန်းကလေးတွေကို ကြည့်တဲ့အကြည့်နဲ့မတူဘူး နေနေ ဒီ...ဒီလိုနဲ့ပဲ မမ... မမ သူ့ကို ဆုံးရှုံးရတော့မှာလား "
သူမ ငိုရှိုက်လိုက်မိတယ်...
ရေခဲတုံးကြီးမှာ အချစ်တွေ ရှိနေမှန်း ကြိုသိခဲ့ရင်ဖြင့်.. မရ ရအောင်ယူခဲ့မှာ...
......................................................................
လှေကားထိပ်ရောက်တာနဲ့ သူမ ကို ချက်ချင်းလွှတ်ချလိုက်တဲ့ မင်းတိမ်လွှာ..
'' ချာတိတ်မ...ကစားလို့မှ ဝရဲ့လား "
'' ဟင်..အကိုသိနေတယ် "
'' ကိုကို ဆို..."
'' အာ..အကိုကလဲ "
'' မင်းလဲ မင်းသမီးလုပ်လို့တောင်ရပြီ မထင်ရဘူးပဲ...သိရဲ့လား ကိုယ်အစထဲက တံခါးနောက်မှာရှိနေခဲ့တာ အစအဆုံး အကုန်မြင်တယ် "
'' အကိုပဲ ငြိမ်မခံနဲ့ဆိုလို့ "
'' ဒါနဲ့ပဲ အတက်ကောင်းတွေတက်နေတယ်ပေါ့ "
'' ညီမ မလုပ်ရင် သူ လုပ်မှာပေါ့ ဟွန်း.."
သူမ ပြောပြီး အခန်းထဲ လှမ်းဝင်လိုက်ကာ..
အပြင်သွားဖို့ ပြင်ထားတာတွေ အစ အဆုံး ပြန်ပြင်ရတော့မည်...
" ဒီနေ့ မင်းတော်တယ် "
သူမ ခေါင်းလေးကို ပုတ်ပြီး ပြောသွားသေးရဲ့...
သူက ချီးကျူးစကားလဲ ပြောတက်သေး တယ်ပေါ့
သူမကိုကျ သရုပ်ဆောင်ကောင်းတယ်တဲ့...သူကျတော့ ငါ့ကလေး ဆိုပဲ...
အန်ချင်စရာလေး....
သူမ ကို့အတွေးနဲ့ကိုယ် လုပ်စရာရှိတာလုပ်ကာ အမြန်ထွက်ခဲ့သည်...
ဟို အရှုပ်တွေနဲ့... ရန်ဖြစ်ရတာ အချိန်တွေ ကုန်တာပဲအဖက်တင်ကာ အခုတော့ သူမ နောက်ကျနေပြီ..
လိုအပ်တာတွေ ဝယ်ဖို့......အေးအေးဆေးဆေး မုန့်စားဖို့တောင် အချိန်ကမရချင်တော့..
အိမ်ပြန်လမ်းဟာ လူပြတ်သလို မှောင်မဲမဲ မို့ နေဝင်ချိန်ဆို မဖြတ်ချင်..
Shopping ထွက်ရင်း ဟိုကြည့် ဒီကြည့်နဲ့.
အချိန်ဘယ်လိုကုန်သွားမှန်းမသိ
ကားကို ခပ်မြန်မြန်မောင်းရင်း...
မှောင်မဲနေတဲ့ လမ်းထဲအရောက် တစုံတခု နဲ့ တိုက်မိသံကြားကာ ကားက ထိုးရပ်သွားသည်...
သူမ ဆင်းကြည့်တော့....ဦးထုပ် ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူတစ်ဦး
" Sorry ပါရှင် မိုးသား..."
သူမ တောင်းပန်ဖို့ အနားကပ်သွားပြီးမှ ထိုသူ ဆွဲထုပ်လိုက်တဲ့ လက်ခနဲ့မြင်လိုက်ရတဲ့အရာကြောင့်နောက်ဆုတ်မိကာ..ကားပေါ်တက်ပြေးဖို့ ကြိုးစားသော်လည်း..
မြန်ဆန်လွန်းတဲ့ တိုက်ခိုက်မှု့နဲ့ အလျှင်အမြန်ဝင်ရောက်လာတဲ့ ဓားချက်..
မသိစိတ်ရဲ့ အလိုအလျှောက်တုန့်ပြန်မှု့က မျက်လုံးစုံမှိတ် ဓားရဲ့လာရာဆီ လက်နဲ့ကာကွယ်ယုံသာ..
" အမေ့ "
သူမ ထင်သလို နာကျင်မှု့မခံစားရ...
စုံမှိတ်ထားတဲ့ မျက်ဝန်းတွေကို ဖွင့်ကြည့်တော့ လက်ဖျံတလျှောက် သွေးတွေနဲ့ ဒဏ်ရာ..
" အကို.."
''မကြောက်နဲ့တော့ ကိုယ်ရှိတယ်..."
'' ခုနက လူရော.. "
''ကိုယ့်ကို မြင်ကထဲက ပြေးပြီးပေါ့ မဟုတ်ရင် ခုချိန်အလောင်းဖြစ်နေလောက်ပြီ "
''အကို့ ဒဏ်ရာ "
'' တော်သေးတာပေါ့ကွာ ဒဏ်ရာရထာတာ သတိရသေးလို့..မင်းကားမောင်းလို့ဖြစ်သေးလား "
''ဟုတ် "
'' ok အိမ်ကိုပဲမောင်း.....ကိုယ့်ဖုန်းထဲကိုယူပြီး သူရိန်ကို ဖုန်းဆက်ပေး "
သူမ ...သူညွန်ကြားတဲ့အတိုင်း သူရိန်ကိုဖုန်းဆက်လိုက်ပြီး အိမ်ကိုတန်းမောင်းလာလိုက်သည်...
သူမတို့အိမ်ရောက်ပြီး မကြာခင်..
သူရိန်ဆိုသူရောက်လာကာ သူ့ဒဏ်ရာကို သေချာကုသပေနေကာ....ထိုလူ ဘယ်လို ကုသပေးလိုက်သလဲ သူမ မသိ
'' ဒဏ်ရာက တအားနက်တယ်...ကျနော် အားလုံးလုပ်ပေးခဲ့ပြီးပါပြီ...အနာအရှိန်ကြောင့် ဖျားနာတာမျိူးရှိခဲ့ရင် ဂရုစိုက်ပေးပါ "
ကိုသူရိန်က သူပြောချင်တာဒါပြောပြီး ထွက်သွားလေရဲ့......
'' မင်း သိချင်တာတွေ အများကြီးရှိနေမယ်ဆိုတာကိုယ်သိတယ် ..ကိုယ်သိပ်နေမကောင်းလို့ကွာ နောက်မှ အေးဆေးပြောပြမယ်နော်.."
ပြောချင်ရာပြောပြီး တဖက်လူရဲ့ စကားပြန်ကိုမစောင့်တက်တာ သူတင်မဟုတ်ပဲ သူနဲ့ပေါင်းတဲ့ သူ့သူငယ်ချင်းပါ တစ်ပုံစံထဲရယ်..
ဒါတွေက သူမအတွက် ကျင့်သား ရနေခဲ့ပြီးပါပြီလေ..
'' အကို သက်သာရဲ့လား အဆင်ပြေရဲ့လား "
မျက်လုံးတွေ မှိတ်ထားရင်း ခေါင်းကိုသာ ခပ်ဆက်ဆက် ညိမ့်ပြသည်..
ဒီနေ့ သူသာ ရောက်မလာလျှင် သူမ တော့ မတွေးရဲစရာ...
အသက်အန္တရာယ်အထိ ခြိမ်းခြောက်ရအောင် သူမမှာရန်သူလဲမရှိ
သူ့ရန်သူတွေလား......
အတွေးတွေထဲ ဝေ့လည်ရင်း......
..အကိုပြောတာမှန်နေသားပဲ ငါ သန်မာမှဖြစ်မယ်ဆိုတာ.ဟူးးးး
ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းချင်တဲ့ သူမ...
သူ့ကမ္ဘာထဲက ထွက်ပြေးဖို့ ကြိုးစားသင့်နေပြီလား.......