ရွှေစံအိမ်ရဲ့ ချစ်အိမ်မက် ( အပိုင်း...၈)
************************************
'' အားးးးးးး "
သူမ အသံကုန် အော်လိုက်မိတယ်....
ကြောက်သွားတာဖြစ်သလို လန့်သွားတာလဲ အတိုင်းထက်အလွန်..
ရင်တွေ တဒုန်းဒုန်း ခုန်လို့
ဒါ..လူ....လူ လက်ချောင်းလား
ဘယ်လိုလုပ် ..လဲ့လဲ့ လာပေးတဲ့ ပစ္စည်းတွေထဲကထွက်လာရတာလဲ..
'' ဘာလဲ..ဘာဖြစ်တာလဲ ....ဘာဖြစ်တာလဲ "
တနေကုန် ဘယ်ပျောက်နေမှန်းမသိ သူမ အပြင်တောင်သွားတယ်လို့ ထင်နေတဲ့သူက...
ဘယ်က ဘယ်လို.... ကြားပြီး ရောက်ချ လာတယ် မသိ..
သူမ ဘာမှပြန်မပြောနိုင် ပြစ်ချလိုက်တဲ့ ထိုအရာကိုသာ လက်ညိုး ထိုးပြလိုက်ပြီး
မျက်လုံးတွေသာမှိတ်ထားမိတယ်...
တော်ရုံကြောက်တက်တာမျိူးမရှိပေမဲ့... ဒါမျိူးကျ သူမ မခံနိုင်
ဟန်မဆောင်နိုင်အောင်ပင် တုန်လှုပ်မိရဲ့..
သူမ လက်ညိုးညွန်ပြရာနေရာကို ကြည့်ပြီး...
ဒေါသက... အလိုအလျှောက် ထွက်လာမိတယ်
သေချာပါတယ် ဒါ ဟိုအရှုပ်တွေပဲ...
သူမ ရှေ့က နေ အမြန်ရှင်းထုတ်လိုက်ရပြီး
'နေနှင့်အုန်းပေါ့ကွာ '
'' ချာတိတ် "
ခေါင်းကိုငုံ ကြောက်လန့်နေပုံရတဲ့ သူမ..
ပခုံးလေးကို ခပ်ဖွဖွ ကိုင်လိုက်ပြီး..
'' မျက်လုံးတွေ ဖွင့်ပါအုန်း...မကြောက်နဲ့တော့ ကိုယ်ရှင်းလိုက်ပြီ "
သူ့ကို မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ မော့ကြည့်ကာ
" အကို လက်...လက်ချောင်းမဟုတ်လား...လူ..လူ.လား..."
'' မဟုတ်ပါဘူးကွာ....ရုပ်ရှင်တွေထဲမှာ သုံးသလို အရုပ်ပါ... အတုကြီး ကြောက်စရာမှမဟုတ်ပဲ ''
''အတုလဲ ကြောက်မှာပဲ ကြောက်စရာမို့လို့ပေါ့ "
'' ပြန်ခံပြောနေပြီဆိုတော့ အကြောက်ပြေပြီပေါ့ "
'' ဘယ်ရောက်သွားတာလဲ လွှင့်ပစ်လိုက်တာလား "
'' လာ လမ်းအတိုင်း ပြန်ပို့မလို့ "
'' လာလမ်း..အကိုက လာလမ်းသိလို့လား "
'' မင်းဆီတကူးတက ပို့တာပဲကွာ ဟိုအရှုပ်တွေအပြင် ဘယ်သူရှိမှာလဲ "
'' ဟင်..ညီမဆီ ဘာ..လို့ "
'' ဒီအိမ်ကအမြန်ထွက်သွားအောင်လို့နေမှာပေါ့ ကိုယ်ဘယ်သိမလဲ "
သူမ လှစ်ခနဲ ပြုံးလိုက်ပေမဲ့ သူတွေ့ဖြစ်အောင်တွေ့လိုက်သည်.
'' ဘာပြုံးတာလဲ "
'' စိတ်ရှုပ်စရာကောင်းလို့လေ "
'' အဆန်းပါလား...စိတ်ရှုပ်ရင် ပြုံးရတယ်လို့ မတွေ့ဖူးပါဘူး "
'' ဒါဆို ညီမက ငိုရမလား ''
'' ကောင်းပါတယ် ဆက်ပဲပြုံးလိုက် ငိုနေရင် ငါပါ အာရုံနောက်ကုန်အုန်းမယ်..''
''ဟုတ် ..ဒါဆိုလဲ မငိုတော့ဘူးလေ အကိုပဲ ပွနေတာတွေ ဆက်ရှင်းလိုက်တော့ ဒါတွေ ဆက်မကိုင်ချင်တော့ဘူး "
ပြောပြီးတာနဲ့ ချာကနဲ လှည့်ထွက်သွားပြီး
သူ့ကို အမိန့်ပေးသွားသေးတယ်ပေါ့ အကြောက်လန့်မရှိ..ဘယ်လိုဟာလေးမှန်းကို မသိတာ..
ဒီဟင်းချက်စရာတွေအကြား....လက်ချောင်ပုံစံအတု ဘယ်လိုပါလာသလဲ ....
သူ CCTV ပြန်ကြည့်ဖို့ တံခါး အဖွင့်...
"အကို.."
''ဟင် "
ထူးလိုက်တာမျိူးမဟုတ်ပဲ..ရုတ်တရက်ပြန်ရောက်လာတဲ့ အသံရယ် သူ ဘာသူ အတွေးများနေချိန်ရယ်မို့ ယောင်သွားတာမျိူး.
တခုခုပြောဖို့လာပုံရပေမဲ့..သူဝင်ခါနီး ဆဲဆဲ ဖြစ်နေတဲ့ အခန်းထဲကို သာ စိတ်ဝင်စားနေပုံရကာ လှည့်ကြည့်နေတယ် ။
" ပြော ဘာပြောစရာရှိလို့လဲ "
'' ဒါ ဘာ အခန်းလဲဟင် လျိူ့ဝှက်လုပ်ထားတာလား "
''လာ ဝင် "
သူ့ဆီက ခွင့်ပြုချက်ရသည်နှင့် တန်းခနဲ့ဝင်သွားကာ..
မော်နီတာတွေမှာ အိမ်ရဲ့ နေရာလွတ်မကျန် မြင်နေရတဲ့ ပုံရိပ်တွေ
" CCTV တပ်ထားတာလား ''
'' အင်း... မင်းပြောစရာရှိတယ် ဆို "
'' ညီမလေ သူတို့နဲ့ အိမ်မှာရှိချိန်လဲနည့းအောင် အလုပ်ပြန်ဝင်ချင်တယ် ခွင့်ကလဲ...."
'' မင်းက ခွင့်တင်ထားတာလား..မင်းကိုယ့်ကိုပြောတော့ အလုပ်ထွက်တော့မလို့ဆို "
'' အဲ့တာ အကိုနဲ့ လက်မထပ်ခင်ကလေ "
'' မဆိုင်တာ "
'' ညီမ အလုပ်ထွက်ချင်တာလဲ အကိုနဲ့ အကိုချစ်သူ ဟို..မသစ္စာရှင်အကြား ဝင်ရှုပ်နေရတယ်လို့ခံစားရလို့လေ "
'' ဒါဖြင့်အခုကကော "
'' အခုက ညီမ ရှုပ်တာမဟုတ်ဘူး အကို ရှုပ်တာ...အမေ့ "
သူမ ကိုယ်ဟန်အနေထား ပျက်သွားသည်ကို မြင်လိုက်သည်နှင့် သူ သဘောပေါက်သည်
နမော်နမဲ့နဲ့ သူမ တစုံတခုကို ခလုပ်တိုက် လဲ ပြီဆိုတာ...
ပြိုကျ လာတဲ့ ခန္ဓာကိုယ် ကို ထိန်းပြီး သူ့ဘက် ကို သူမခါးကနေ လှမ်းဆွဲ ထိန်းလိုက်ရကာ
အရှိန်ပါသည်မို့..
သူ့ခန္ဓာကိုယ်တွေ နံရံနှင့်ကပ်သွားပြီး သူမက သူ့ရင်ခွင်ထဲမှာ..
သူ့ခါးတွေကို လန့်ဖြန်ပြီး ဖက်လိုက်ပုံရကာ ခပ်တင်းတင်းဖက်ထား၏
သူတို့ အနေအထားက တယောက်ကို တယောက် မျက်နှာချင်းဆိုင်ပွေ့ဖက်ထားသည့်ပုံ..
ဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို မော့ကြည့်နေတဲ့ သူမ.....မချိူမချဥ်အပြုံးနဲ့ ပြုံးပြနေသေးရဲ့..
ဒီနေရာမှာ တခြားသူဆို ပွေ့ဖက်လျှက်အနေအထားမှာ ရင်တော့ အနည်းငယ်ခုန်သွားကြမှာမဟုတ်ဘူးလား...
သူက.....အာ့လောက်တောင်ပဲ ရင်ခုန်ချင်စရာ မကောင်းဘူးလား....
သူ ငုံမိုးကြည့်နေတုန်း...သူ့ရင်ခွင်ထဲက ထွက်ဖို့ ပြင်နေတဲ့ သူမကို ခါးကနေ ပြန်ဆွဲကာ သူ့ရင်ခွင်ထဲ ပြန်ကပ်ထားလိုက်တယ်..
သူ့အပြုအမူကို..နားမလည်ဟန်နဲ့
'' ဘာဖြစ်လို့လဲ အကို "
သူမ အမေးကို မဖြေပဲ.....သူမမျက်လုံးတွေထဲက ရင်ခုန်သံတွေကို ရှာဖွေနေမိတာ ဘာလို့ပါလိမ့်..
" အကို..."
သူမ နောက်တကြိမ်ခေါ်တော့ ပြော ဆိုတဲ့ သဘောနဲ့ မေးဆက်ပြရဲ့..
'' ဘာဖြစ်လို့လဲ လို့....ဘာမှမဟုတ်ရင်လဲ ညီမကိုလွှတ်အုန်း "
'' ရှာဖွေနေတာ "
သူမကို ပြန်ဖြေ ပုံမျိူးမဟုတ်ပဲ...
သူ့ဘာသူ ပြောလိုက်တာမျိူး..
" ဘာရှာတာလဲ "
သြရှရှ ပြတ်တောင်းတောင်းဖြေလိုက်သံက
" မင်းရဲ့ ရင်ခုန်သံ "
''ဘာလုပ်ဖို့လဲ..."
'' ကိုယ်က အဲ့လောက်တောင်ရင်ခုန်စရာမရှိဘူးလားလို့ "
'' အွန်း....သိရတော့ရော အကိုက ပြန်ရင်ခုန်ပေးနိုင်လား "
''. .....''
သူစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကို ခပ်ထေ့ထေ့အပြုံးလေးနဲ့ အလွတ်မပေးစတမ်း ပြန်စိုက်ကြည့်နေလေရဲ့...
'' ok အခုအတိုင်းပဲဆက်ထိန်းလား ချာတိတ်မ "
သူမကို လွတ်ပေးလိုက်ကာ...လပ်တော့ကိုဖွင့် အလုပ်ရှုပ်နေတဲ့ သူ့ကျောပြင်ကို ကြည့်ရင်း...
ချောမောနေတဲ့မျက်နှာနဲ့ အမျိူးသားကို ဘယ်သူကရင်မခုန်ပဲရှိပါ့မလဲ....
ဒါပေမဲ့ သွေးအေးလွန်းတယ်မဟုတ်လား...ရင်မခုန်တာမဟုတ်ပဲ ရင်မခုန်ရဲတာပါ..
နောက်ဆုံးသူမပဲ....ခံစားရမှာမဟုတ်ဘူးလား..
သူ့ဆီမှာကျ ကျောက်ရုပ်ကြီးလို ရင်ခုန်သံမရှိပါပဲ
သူမဆီက ရင်ခုန်သံကိုရှာဖွေနေပါသတဲ့..
" တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့လူ "
သူမ တကိုယ်တည်းရေရွတ်လိုက်တာပေမဲ့..
ကြားဖြစ်အောင်ကြားသွားသေးကာ..
" ဘာ...ဘာပြောတယ် "
'' ဘာမှ မဟုတ်ဘူး..ညီမသွားတော့မယ် "
ချာကနဲ လှည့်ထွက်လာတဲ့ သူမ ကိုကြည့်ပြီး ကြောင်အမ်းအမ်နဲ့ကျန်နေခဲ့တယ်
ထိုကဲ့သို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်မလေး.