ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၇)
***********************************
နန်းတော်သမျှ ခမ်းနားတဲ့အိမ်ကြီးထဲမှာ....
ပိုက်ဆံတွေ အပြည့်ထည့်ထားပေးပြီး....
လိုတိုင်းတ ရ နိုင်တဲ့ သခင်မလေး အဖြစ်နေထိုင်ရတာ...
သူမ မပျော်......
မိုးသားဖြူ အလုပ်ကို လွမ်းလာတယ်.....
အမ ကို ခွင့် ပေးဖို့တောင်းတော့....
အလုပ်ထွက်မယ်ထင်နေခဲ့တာတဲ့....
ခက်ခက်ခဲခဲရခဲ့တဲ့အလုပ်မို့ သံယောဇဥ် တွယ်နေတာမို့...
ခွင့်သာတင်ခဲ့တာ....
သူမ ဟာ ခွင့်ယူခဲသူမို့ တစ်လ ခွင့်ပေးလိုက်တဲ့ အမ......
ဒါကို သူ့ကို ပြောပြရအုန်းမှာပဲ....ဟိုတရက်က ပြောပြမလို့ပါပဲ...
အမက တကယ်ဆို သိပ်သဘောထားပြည့်ဝတယ်
သူမနဲ့ လက်ထပ်မှာ အမ ချစ်သူ ကိုမင်းတိမ်လွှာဆိုတာ သိတာတောင်..အပြုံးမပျက်..အမုန်းမရှိ
ဒါကြောင့် အမစိတ်ကို လေးစားစရာကောင်းတယ်လို့ မိုးသားဖြူ ထင်တယ်..
ဒါပေမဲ့ သူမ မသိလိုက်တာ....
ဒီလို အပြုံးမပျက်အခြေနေအတိုင်းပြန်ဖစ်စေဖို့ နောက်ကွယ်က မင်းတိမ်လွှာ ဖန်တီးခဲ့မှန်း..
သူမ ဘယ်တော့မှ သိမည်မထင်...
အရှုပ်ထုပ်တွေ ကို မင်းတိမ်လွှာ ရှင်းထုတ်ပေးခဲ့တာကိုလဲ...သူမ သိခဲ့တာမဟုတ်
အခုမှ မဟုတ် ဟိုးအရင်ထဲက...သူမ နောက်ကနေ ကာကွယ်ပေးခဲ့....
ရှင်းထုတ်ပေးခဲ့ရတာ...အကြိမ်ပေါင်းမနည်း
ပြသာနာဖြစ်ပြီးနောက်ပိုင်း..
အရှုပ်ထုပ်တွေ... ငြိမ်ချက်သားကောင်းသွားသလို
ပျောက်လဲပျောက်နေကြသည်...
မင်းတိမ်လွှာ သိသည်..ဒီလူတွေဟာ ဒီလိုလွယ်လွယ်နောက်ဆုပ်သွားမဲ့သူတွေမဟုတ်သလို..
သူ ခြိမ်းခြောက်ယုံလောက်နဲ့ ကြောက်သွားမဲ့သူတွေ မဟုတ်ချေ....
ခုလို တိတ်ဆိတ်နေတာကပင် ကျောချမ်းဖွယ်ဖြစ်နေသည်...
သူမ ကို သူစိုးရိမ်မိသည်...
ဒီတခါ မြှားဦးက သူမ ဘက်ကို လှည့်မှာ အသေအချာပင်...
သူ့အတွက်ရိုးနေပြီဆိုပေမဲ့....သူမက သေချာသိသေးတာမဟုတ်..
သူက ခံနိုင်ရည်ရှိသလို သူတို့ရဲ့ထောင်ချောက်ပေါင်းများစွာကို..
ရှောင်တိမ်းနိုင်ခဲ့သည်....
သူမ ကော...သူ့လို ရှောင်တိမ်းနိုင်ပါ့မလား...
ထုံးစံအတိုင်း...ကျဥ်းကျဥ်းကျူပ်ကျူပ်နေရာလေးမှာ အိပ်မောကျနေသည်...
ထိုနေ့က သူမ ဘာပြောစရာရှိလို့ပါလိမ့်...
သူ့နာမည် တပ်မခေါ်ပါနဲ့ ပြောထားရက် အကိုတိမ်လွှာ လို့ ခေါ်လာတာကြောင့်ပါလို့ ရောချလိုက်ပေမဲ့..
တကယ်တော့....သူမ နှုတ်ခမ်းရဲရဲလေးတွေကို မြင်ပြီး စိတ်မထိန်းနိုင်လို့ နမ်းချပစ်လိုက်တာ...
ဒါတောင် သူ အသိပြန်ဝင်လာပြီး ထိန်းချူပ်နိုင်ခဲ့လို့...
ဒီထက်တဆင့်တက်ပစ်လိုက်ရင် ဒီကောင်မလေး အတော်ကြောက်လန့်သွားနိုင်သည်...
သူလဲ..ယောက်ျားထဲက ယောက်ျားတစ်ယောက်ပဲလေ အခန်းတခန်းထဲ မိန်းကလေး တစ်ယောက်နဲ့ နှစ်ယောက်ထဲ ရှိနေတဲ့အပြင်..
မိုးသားဖြူဆိုတဲ့ ကောင်မလေးကလဲ...ထိရက်စရာမရှိအောင် နုနယ်ပြီး ချစ်ဖို့ကောင်းသူ..
သူတွေးနေတုန်း ခပ်ကျဥ်းကျဥ်း ကုတင်လေးကို သူမ လူးလွန့်နေတာမို့... ဒီဘက်ကို ပြုတ်ကျခါနီးဆဲဆဲ..
သူ အမြန်ပြေး ကုတင်ဘေး ထိုင်ချကာ ..
သူခန္ဓာကိုယ်နဲ့ ကာ ဖမ်းလိုက်ရသည်..
ဟူး တော်ပါသေးရဲ့ သူသာ အနားရှိမနေရင် ပြုတ်ကျ သွားလောက်ပြီ...
သူမ မျက်လုံးလေး အနည်းငယ် ပွင့်လာကာ...
'' အကိုတိမ်လွှာ "
" Sorry ပြုတ်ကျလာလို့ ကိုယ်ဖမ်းထားပေးတာပါ "
သူ့ရင်ခွင်ထဲရောက်နေတဲ့...သူမ
သူ့ လည်ပင်းကို သိုင်းဖက်တွယ်ထားလိုက်ကာ...ရင်ခွင်ထဲမျက်နှာအပ်သွားသည်..
သူမ အပြုမူကြောင့် အနည်းငယ် မှင်သက်သွားသော်လည်း..
" နိုးလာတယ်ထင်တာ...ထယောင်တာကိုး.."
သူမ ကို ပွေ့ချီကာ ကုတင်ပေါ် အသာချ စောင်ဆွဲ အုပ်ပေးလိုက်ပြီး...
လက်ထပ်ပြီးထဲက ကုတင်ပေါ် ပွေ့ချီခေါ်လာခဲ့ရတာ ယနေ့အထိ ပါပဲလား..
အလုပ်တခု လိုတောင်ဖြစ်နေပြီ...
နဖူးလေးကို နမ်းလိုက်ပြီး
" ဒါအကိုတိမ်လွှာ လို့ခေါ်လို့ အပြစ်ပေးတာ "
ဒီနေ့ သူ တကယ် တအား ပင်ပန်းလာတာ...
အခုတော့ ပင်ပန်းတာတွေ ဘယ်ပျောက်မှန်းမသိ..
'' မင်းကို မချစ်နိုင်သေးပေမဲ့...ကိုယ့်အတွက် အမောပြေဆေးလေး ဆိုတာ ကိုယ်ဝန်ခံပါတယ်.."
တကယ်တော့ အရင်ထဲက ထားစရာမရှိအောင် အရိပ်တကြည့်ကြည့်နဲ့ မသိစိတ်က ချစ်နေခဲ့တာ..
ဒါကို မင်းတိမ်လွှာ သူကိုယ်တိုင်တောင်မသိ....
သူမ ကလဲ...ဒီလောက် ဂရုတစိုက်ရှိလှတာတောင် မရိပ်မိတဲ့အပြင်..
အေးတိအေးစက်နဲ့ လို့ ထင်မြင်နေသေးရဲ့...
" နွေးလိုက်တာ..."
မိုးသားဖြူ တွေးလိုက်မိတယ်...
" နွေးထွေးလိုက်တာ...မနိုးထ ချင်သေးဘူး
သက်တောင့်သက်သာနဲ့ အိပ်ရတာ ...သိပ်ကောင်းတယ် "
ဘယ်အရာက ဒီလောက်နွေးထွေးစေတာလဲ....
သူမ တဖြေးဖြေး မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့..
" နိုးပြီလား..ကာလနဂါးချာတိတ်မ "
နီးကပ်နေတဲ့ မျက်နှာနှစ်ခုနဲ့....
သူ့ရင်ခွင်ထဲ ရောက်ပြီး သူ့ကို ဖက်တွယ်ထားတဲ့..သူမ..
" ညီမ ဘယ်လိုရောက်လာပြန်ပြီလဲမသိဘူး Sorry ပါအကိုရယ် "
ပြောလဲပြော... လူကလဲ ရှက်လွန်းလို့ ပူထူနေတာမို့ အမြန်ထွက်သွားဖို့ ပြင်လိုက်ပေမဲ့...
ရုန်းထဖို့ ပြင်နေတဲ့သူမကို သူ့ရင်ခွင်ထဲ ပြန်ဆွဲဖက်ထားလိုက်ပြီး...
" ကိုယ် ပွေ့ခေါ်လာတာလေ..မင်းဒီကိုစရောက်ထဲကနေ့တိုင်းမင်းကို ရွေ့ရွေ့ပေးရတာ အလုပ်တခုပဲ နောက်နေ့က စပြီး ဘာကိစ္စရှိရှိ ဒီကုတင်ပေါ်ပဲ လာအိပ်ကြားလား ''
'' ထားလိုက်ရောပေါ့ "
သူ့ကို တိုက်ရိုက်ပြောပုံမဟုတ်ပေမဲ့...မကြားတကြား ပြောလိုက်တာကိုပဲ ကြားဖြစ်အောင် ကြားလိုက်ကာ
" ရမလားကွာ ဒီတိုင်းထားခဲ့ရင် ပြုတ်ကျ ကျိူးကန်းကုန်မှာပေါ့ "
'' အာ့လောက်လဲ မဆိုးပဲနဲ့ "
''ခင်ဗျားလေးကလေ ကျူပ်ကိုဆို ပြန်ခံပြောရမှ ဖြစ်မှာလား.. ''
'' ဘယ်မှာပြန်ခံပြောလို့လဲ.."
'' ဟောကြည့် ငါဖက်နမ်းပစ်လိုက်ရ "
'' အာ အကိုနော်.. ဖယ် "
'' ဒီမှာ အမိ ခင်ဗျား လိုအပ်တုန်းက အတင်းဖက်ထားပြီး အခုမှ အတင်းရုန်းမနေနဲ့ ကျူပ်ကလိုသုံးမဟုတ်ဘူး မင်းလူးလွန့်နေလို့ ဘာဖစ်လဲ ထကြည့်တာ ခုမှ အစောကြီးရှိသေးလဲ ပြန်အိပ်အုန်းမယ်.. ငြိမ်ငြိမ်နေနော် အိပ်ရေးမဝအောင်လုပ်ရင် နာမယ်မှတ် "
မျက်လုံးတွေ မှိတ်ပြီး ပြောနေတဲ့ သူ့မျက်နှာကို မော့ကြည့်ရင်း..
သူမ ရင်တွေ တုန်လာကာ...လှုပ်လဲ မလှုပ်ရဲ..
ဒီယောက်ျားက နူးနူးညံညံရှိသူမဟုတ်..
တော်ကြာ စိတ်တိုသွားမှဖြင့်....
ပြောတဲ့အတိုင်း တကယ် လုပ်တက်တဲ့သူမို့...
သူမ ငြိမ်ကာ မအိပ်ချင်တော့ပေမဲ့ မျက်လုံးတွေ မှိတ်ကာ ကြိုးစားအိပ်လိုက်သည်..
သူလဲ......သူမတို့ရဲ့ အချစ်မပါတဲ့အိမ်ထောင်ရေးအတွက် စိမ်းမသွားအောင်ကြိုးစားနေတာပဲမဟုတ်လား...
....
သူမ မှာလိုက်တဲ့ တပတ်စာ ဟင်းချက်စရာတွေ...
အိမ်ထိန်းကောင်မလေး..ယူလာပေးတာမို့
သူမ ရေခဲသေတ္တာထဲ စနစ်တကျ အစီရီထည့်ဖို့ပြင်လိုက်တယ်..
စျေးဝယ်စရာရှိရင်...လဲ့လဲ့ ဆိုတဲ့ ထိုအိမ်ထိန်းကောင်မလေးသာ ဝယ်ပေးတက်သည်..
သူမ စျေးတခါမှမရောက်သလို စျေးလဲ သိပ်မဝယ်တက်..
အိမ်အကျယ်ကြီးမှာ...အိမ်ရဲ့ ဝေယျာဝစ္စ တွေကို လဲ့လဲ့ တယောက်ထဲ တာဝန်ယူရသည်..
သူရော သူ့ ဦးလေးပါ လူရှုပ်တာ မကြိုက်လို့တဲ့...
လဲ့လဲ့ကိုတောင် သူတို့ ဆွေမျိူးနီးစပ် ထဲက မို့ခေါ်ထားတာဖြစ်ကာ
သူမလုပ်တာကိုင်တာကလဲ သန့်ရှင်းသပ်ရပ်လှသည်...
အိမ်ကြီးတခုလုံးရဲ့ သန့်ရှင်းရေးကို...
သန့်ရှင်းရေး ကုမ္ပဏီ တခုကို အပ်ထားတာမို့ အပတ်တိုင်းလာလုပ်ပေးသည်...
ချက်ပြုတ်ရေးကတော့....ဒီတစ်ပတ်လုံး သူမ ဘာသာ ချက်ပြုတ်စားဖြစ်နေကာ...တခါတလေ လဲ Food delivery ကနေ မှာစားဖြစ်ကြသည်....
လဲ့လဲ့ လုပ်ရသည်က ဒီအိမ်ကြီးရဲ့ ကုန်ကျစားရိတ်တွေ...
စီမံခန့်ခွဲယုံနဲ့ လိုအပ်တာတွေ စီမံပေးယုံသာဖြစ်သည်..
တကယ်လဲ လဲ့လဲ့က တော်သည်... မင်းတိမ်လွှာတို့ တူအရီး အိမ်ကိုနောက်ဆံတင်းစရာမလို လှည့်ကြည့်စရာမလို....
ယောက်ျားလေးတွေကြီးပဲနေတာမို့....အိမ်လဲ သိပ်မကပ်ကြ.....
တကယ်ကို တိတ်ဆိတ်ခြောက်ကပ် အထီးကျန်လွန်းလှသည်....သူမ ရောက်စကတော့ အောက်ဆင်း လဲ့လဲ့နဲ့ စကားပြောတက်ပေမဲ့ ဟို သားအမိတွေနဲ့ ပြသာနာတက်ပြီးထဲက အခန်းထဲမှာသာ နေတော့သည်..
သူမ ဘယ်သူနဲ့မှ ရန်မဖြစ်ချင် အေးဆေးသာ နေလိုသည်...
အခန်းထဲ နေတယ်ဆိုပေမဲ့လဲ..သူ့အခန်းက ကွန်ဒို တခန်းစာ ကျယ်နေတာမို့လဲ သူမ အဆင်ပြေပါတယ်..
စာအုပ်ဖတ်လိုက်... Mini Garden လေး မှာ အချိန်ဖြုန်းလိုက်နဲ့...
တစ်ပတ် ပြည့်ခဲ့ပြီ...