book

Index 6

အပိုင်း...၆

ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၆)

***********************************


" အိပ်တော့ ကိုယ် ရေသွားချိူးလိုက်အုန်းမယ် "


'' ဟုတ် "


ဘာတွေရေရွတ်နေမှန်းမသိ ပွစိပွစိနဲ့....ကျန်နေခဲ့တယ်..


တခါတလေ မိုးသားဖြူ ဆိုတဲ့ကောင်မလေးဟာလေ...သိပ်ကိုထူးဆန်းတယ်...ဘာတွေထူးဆန်းနေလဲမေးရင်...

သူ မဖြေတက်ဘူး....


ပထမဆုံး သူအာရုံစိုက်မိတဲ့ မိန်းကလေးပဲ....


လူပျိူ အပျိူ အာရုံစိုက်မိကြတာ ဘာဆန်းမလဲ လို့ပြောကြနိုင်တယ်..


မဟုတ်ဘူး....ရင်ခုန်တာ မရှိ...စိတျလှုပျရှားခွငျးမရျှိ....ချစ်ဖို့ဆို ဝေးလို့..

ဘာခံစားချက်မှ မရှိဘူး.... ဒီတိုင်း အာရုံစိုက်မနေတာမျိူး..

ထူးတော့ထူးဆန်းသား..........


သူ.....ရေချိူးရင်း သူမအကြောင်းတွေးမိနေတာ..ကိုယ်တိုင်တောင်သတိမထားမိ..


" ဟင်..မင်းမအိပ်သေးဘူးလား ချာတိတ် "


'' အကိုတိမ်လွှာ....ညီမ ပြောစရာ....အွတ် "


ရုတ်တရက် ထိတွေ့လာတဲ့ အနမ်းတွေကြောင့်...

သူမ စကားသံတွေ ရပ်ဆဲသွားတယ်....

သူမ နှုတ်ခမ်းတွေက ထိတွေ့နေတဲ့ ..ခပ်ရိုင်းရိုင်း သူ့ရဲ့အနမ်းတွေ...


သူမ ရုန်းမရအောင် ...ဇွတ်အတင်း ကျူးကျော်နေလေရဲ့....


'' နောက်တခါ ကိုယ့်နာမည် ထည့်ခေါ်ကြည့် ဒီထက်ဆိုးမယ် "


သူမ လန့်သွားတာမို့ထင်ရဲ့ ရင်ခုန်သံတွေ ပုံမှန်ထက်ပိုမြန်နေသလို...

မျက်ရည်တွေ ကျဆင်းလာတာ... အတားအဆီးမရှိ သူ့ရှေ့က လှည့်ထွက်ပြေးခဲ့ပေမဲ့

လျှင်မြန်တဲ့လှုပ်ရှားမှု့နဲ့....သူမလက်ကို သူဖမ်းဆွဲထားကာ...


" ပြောစရာရှိတယ်ဆို....ရပြီ ပြောတော့ ကိုယ်နောက်ထပ် ဘာမှ မလုပ်တော့ဘူး "


သူမ ခေါင်းသာ ခါယမ်းပြလိုက်ပြီး ပြန်ဖြေသံထွက်မလား..


မျက်ရည်တွေကို သူ...သေချာအောင် လိုက်ကြဘ့်ပြီး..


" ဟာကွာ ဘာလို့ငိုနေရပြန်တာလဲ...နမ်းယုံလေးပဲနမ်းတာလေကွာ...မိုးသားဖြူ ကိုယ်က မင်းယောက်ျားနော် တကယ်ဆို ဒီထက်ပိုတဲ့အဆင့်ထိလဲ တက်လို့ရတယ် မင်းဆက်ငိုနေရင် ငါအာမ မခံတော့ဘူး "


လက်တစ်ဖက်နဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း ဆွဲသုတ်ပစ်လိုက်တာ မြင်တော့ သူ တစ်ချက်ပြုံးလိုက်မိတယ်..


" ကဲ..ပြော ဘာလဲ ပြောစရာရှိတယ်ဆိုတာ "


'' အခုတော့ မပြောချင်တော့ဘူး "


'' ဒါဆို နောက်မှ ပြောမှာလား "


'' အင်း "


''အခုပြောတော့ ဘာဖြစ်လို့လဲ "


'' မပြောချင်တော့လို့ "


'' ဘာလဲ နမ်းလိုက်လို့လား "


သူမ ခေါင်းညိမ့်ပြလိုက်တာမို့...


" ဘာဖြစ်လဲကွာ နမ်းယုံလေး နမ်းတာကို သူစိမ်းလဲမဟုတ်ဘူး ကိုယ့်ယောက်ျားကနမ်းတာပဲ စိတ်ဆိုးစရာလား "


''အကိုက ညီမကို မချစ်ဘူးလေ "


'' ချစ်မှ နမ်းရမယ်လို့ ဘယ်သူပြောလဲ.... ဒါဆို ကိုယ်က မင်းကို ချစ်စေချင်တာလား ကိုယ့်အချစ်ကိုရချင်တယ်ပေါ့ "


'' အကို့အချစ်ကိုလဲ မလိုချင်ဘူး...ညီမလဲ မချစ်ဘူး.... ပြီးတော့ မချစ်ပဲ နမ်းတာ အနိုင်ကျင့်တာပဲလေ "


'' မှတ်သားစရာပဲ... မချစ်ပဲနမ်းရင် အနိုင်ကျင့်တာတဲ့ နောက်ဆို ခနခန အနိုင်ကျင့်ချင်သွားပြီ "


''အာ့လို အကျင့်ယုတ်လို့ စကားမပြောချင်တာ ဖယ်ပါ လွှတ် "


'' တသက်လုံးအကျင့်ယုတ်ဖို့ရှိတယ်ဆိုရင်ကော..တသက်လုံး ကိုယ့်ကို မခေါ်တော့ဘူးလား "


သူပြောလဲပြော ဆွဲထားတဲ့ လက်ကို သူမ ရုန်းနေတာမို့ ရုန်းမရအောင် ကိုင်လိုက်တော့...


" အားး "


နာကျင်သွားတဲ့ အသံနဲ့ထအော်တာမို့ လက်က ဒဏ်ရာကို သတိရသွားကာ အလိုလို လွှတ်ချလိုက်မိတယ်...

သူ လွှတ်လိုက်တယ်ဆိုတာနဲ့ သူမ လှစ်ကနဲ ထွက်ပြေးသွားရဲ့..

လူလည်မလေး သူ ကိုင်ထားတာ ဒဏ်ရာမရှိတဲ့လက်ဟာကို...


သူ ပြုံးပြီကျန်နေခဲ့တယ်..


စ လို့ကောင်းတဲ့ ကောင်မလေးတစ်ယောက် သူ့နားရောက်လာတာ သူ့ရဲ့ ခြောက်ကပ်ကပ်ဘဝကြီးက နဲနဲတော့ အပြင်းပြေတာပေါ့...


သူ့နှုတ်ခမ်းကို လက်မနဲ့ ဆွဲပွတ်လိုက်ရင်း..


' ချိူသားပဲ '


........................................................................


သူမ ထိုနေ့ကစပြီး..သူ့ကို သိသိသာသာရှောင်နေကာ...


ည ဆို သူ့နား လာမအိပ်ပဲ..


mini garden နားက စာဖတ်ဖို့လုပ်ထားတဲ့ နေရာလေးဟာ လူတစ်ယောက်ကောင်းကောင်းအိပ်လို့ရတာမို့....သူမ ထိုနေရာမှာသာ အိပ်လေရဲ့..


သူမ အိပ်ပျော်သွားမှ...


သူအသာထကာ...အိပ်မောကျနေတဲ့ သူမကို ပွေ့ချီလိုက်ပြီး ကုတင်ပေါ် ရွေ့တင်ပေးလိုက်သည်...


'' ဟူး..."


သူမ အိပ်ပျော်သွားမှ ထ ထ ရွေ့နေရတာ အလုပ်တစ်ခု...


ကုတင်အကျယ်ကြီးမှာတောင် လူးလှိမ့်နေအောင်အိပ်တက်တာ...

ဒီနေရာ ကျဥ်းကျဥ်းလေးကို ဘယ်လို ယုံကြည်ချက်နဲ့ အိပ်ရဲလဲမသိ...

ပြုတ်ကျသွားမှဖြင့်...လူကြည့်တော့ ပျော့ဖတ်ဖတ်နဲ့ နာတက်လိုက်တာလဲ သူ့အပြင်မရှိ


ဒီကောင်မလေးနဲ့တော့ ခက်ပါတယ်ကွာ


သူမ ဘေးမှာ အသာဝင်လှဲရင်း ထုံးစံအတိုင်း ရင်ခွင်ထဲရောက်လာတဲ့ သူမက်ို ထွေးပွေ့ထားမိကာ..


ချစ်တက်လာဖို့ သူကြိုးစားရတော့မယ်ထင်တယ်.....


ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးက သူ့အတွက်အသင့်တော်ဆုံးမဟုတ်လား...


သူမနဲ့ဆို အချစ်တွေ ရှိမနေတာတောင်...


တသက်လုံးအတူ ဖြတ်သန်းသွားလို့ရလိမ့်မယ်လို့....သူ ယုံကြည်တယ် 


သူမ ဘယ်လို အိပ်ပျော်သွားပြီး ဘယ်လောက်တောင် အိပ်မောကျနေလဲ မသိ...

နိုးလာတိုင်း ကုတင်ပေါ်အမြဲရောက်နေတက်တယ်...


' သူလား ပြောင်းတင်ပြီးရွေ့မဲ့သူ...ရေခဲတုံးလူသားပဲဟာ ကိုယ့်ဘာကိုယ် တရေးနိုး အိပ်ချင်မူးတူး နဲ့ လျှောက်လာမိတာနေမယ် သတိထားနေတဲ့ကြားက နောက်နေ့တွေ သတိထားရမယ် "


သူမ နိုးလာတိုင်း မင်းတိမ်လွှာ ရှိ မနေတော့လို့ တော်ပါသေးရဲ့...


ဖြစ်နိုင်ရင် သူ့ကို ရင်မဆိုင်ရဲသေးတာမို့ အတက်နိုင်ဆုံး မျက်နှာချင်းမဆိုင်ချင်..


သူနဲ့ ရင်းနှီးခဲ့တာမှန်သော်လည်း...


သူမ နှုတ်ခမ်းတွေကို အလိုလို ကိုင်မိရက်သားဖြစ်ကာ...


လန့်သလိုလို ရင်တုန်သလိုလိုပါပဲ......


တဇွတ်ထိုး လုပ်တက်တာ သိပေမဲ့လဲ....


သူ မချစ်တဲ့ သူမ ကို ဘာကြောင့်နမ်းပစ်လိုက်တာပါလိမ့်......


rate now: