ရွှေစံအိမ်ရဲ့ချစ်အိမ်မက်( အပိုင်း...၅)
**********************************
သူချပေးတဲ့...ဆေးကို ယူသောက်လိုက်ပြီး
သူ့ကိုမတွေ့တော့တာမို့ အပြင်ပြန်ထွက်သွားတယ် ထင်ခဲ့ပေမဲ့...သိပ်မကြာခင် စာအုပ်စင်တွေဘေးက အခန်းတခုထဲက ထွက်လာခဲ့တယ်...
ဟင်.... စာအုပ်စင်ဘေးမှာ အခန်းရှိသေးတာလား
သူ တံခါး ပြန်ပိတ်လိုက်တော့မှ သေချာလိုက်ကြည့်မိတယ်...
ဟုတ်သားပဲ.....တံခါးပေါ်မှာ စာအုပ်စင်နဲ့ စာအုပ်တွေ အပြည့် ထည့်ထားပုံက ရုတ်တရက် ကြည့်ရင်..
တံခါးနဲ့မတူ....
သူ ပေးတဲ့ဆေးက အကိုက်ခဲပျောက်ဆေးထင်ပါရဲ့...
မကြာခင် အိပ်ငိုက်လာမှာမို့....ရေချိူးခန်းဝင်ဖို့ပြင်လိုက်တယ်..
'' ဆေးက သောက်ချလိုက်ပြီလား...အစာရှိလို့လား "
'' ခေါက်ဆွဲတွေတွေ့လို့ ခေါက်ဆွဲပြုတ်စားထားတယ် အကို အသီးရွက်တွေ တွေ့ပေမဲ့ ဆန်ရှာမတွေ့လို့ ထမင်းတော့ချက်မထားဘူး...
အကို ဘာစားခဲ့လဲ... ညီမ ဘာချက်ပေးရမလဲ "
'' ရပြီ ကိုယ်ကမလိုဘူး ဗိုက်ဆာတဲ့အခါ Delivery နဲ့ မှာစားလိုက်မယ် ဒီဘက်က အကုန်ရတယ် "
တကယ်ဆို အေးတိအေးစက်နဲ့ မင်းတိမ်လွှာဟာ ဟိုးအရင်ထဲက သူမ အပေါ် ဂရုစိုက်တက်တယ်...
မသိမသာ နဲ့ လိုအပ်တာတွေကို ဂရုတစိုက်ဖြည့်စည်းပေးခဲ့ပေမဲ့...သူမ ကတော့ မသိ...
နောက်ကွယ်က နေ အရာရာ လိုက်ရှင်းပေးခဲ့ဖူးတာ သူမ တကယ် အစနလေးတောင် မရိပ်မိခဲ့ဖူးဘူး...
အခုလဲ သူရှုပ်နေတာ ဘာလဲ သူမ မသိသလို စိတ်လဲမဝင်စား
သူကတော့ အသိပေးမှာမဟုတ်သလို....
တမင်ဖုံးကွယ်ထားတာလဲ မဟုတ်......
ဒါ...သူ နေတက်တဲ့ ပုံစံသာ....
သူ အောက်ဆင်းလာတော့...
လေးငယ်နဲ့ သူ့ဇနီး အိမ်ထဲ ဝင်လာတာနဲ့ တန်းတိုးတယ်....
မင်းတိမ်လွှာ....အန်တီမြိုင်မျက်နှာကို ခပ်စူးစူး စိုက်ကြည့်ကာ
" အိမ်မှာ ကျနော်မရှိတုန်း...ကျနော် ဇနီးကို ဘယ်သူခွင့်ပြုချက်နဲ့ ရိုက်နှက်လိုက်ကြတာလဲ ''
'' ဘာလဲ ဘယ်လို ကူလီကူမာလုပ်ပြီး မိန်းမလည်မက တိုင်လိုက်တာလဲ...မင်းခေါ်ထားတဲ့ မိန်းကလေး အချိူးမပြေလို့ အန်တီက ဆုံးမ ပေးယုံပါကွယ် "
'' မိန်းမလည်မ ? ခေါ်ထားတဲ့ မိန်းကလေး? ဟုတ်လား ကျနော် ဇနီး မျက်နှာမကောင်းတာလဲ မပြောနဲ့...မင်းတိမ်လွှာရဲ့ရှေ့မှာတောင် ဒီလိုစကားတွေ ပြောထွက်ရဲနေတယ်ဆိုရင်..ကျနော်မရှိရင် ဘယ်လို စကားတွေပြောလိုက်မလဲ စဥ်းစားလို့တောင်မရဘူး "
'' မင်းမိန်းမက အချိူးမှမပြေတာ သမီးငယ်ကို ရေနဲ့ ပက်တယ်လေ...မင်းအန်တီ က အခြေနေဝင်ထိန်းယုံပါ "
'' ရေနဲ့ ပက်တယ် ဟုတ်လား "
သူ.... ခန ကူးယူလာတဲ့ CCTV File ကို ဖုန်းကနေဖွင့်ပြကာ...
'' တယောက်က ခြေထိုးခံတယ်...တယောက်က လက်ကို လိမ်ပြီး ပြောဆိုနေတယ် တယောက်က ပါးဝင်ရိုက်တယ် လေးငယ် မိန်းမနဲ့သမီးတွေ ကျနော် ဇနီးအပေါ် ထင်တိုင်းကျဲနေတုန်းက လေးငယ် ဘယ်နားပုန်းနေလဲ ''
'' ဟေ့ကောင် "
သူတို့အခြေတင် စကားသံတွေ ကြားလို့ထင်ရဲ့....အခန်းထဲကနေ..
နေရောင်ခြယ်နဲ့ လရောင်ခြယ်တို့ ညီအမ ထွက်လာကာ...
" ကိုကို တန်ဖိုးမရှိတဲ့ ကောင်မကြောင့် မေမေကို အော်စရာမလိုပါဘူး ''
ဝင်ပြောလိုက်တဲ့ နေရောင် အနားကို သူ လျှောက်သွားကာ....
" ဖြောင်း..."
အားကုန်သုံး ပါးကိုရိုက်ချလိုက်ကာ....
တကယ်ဆို သူ့ဘဝမှာ ဘယ်မိန်းကလေးကိုမှ ခုလို လုပ်တာ မရှိခဲ့ဖူး...
ရုတ်တရက်မို့....အားလုံးကြောင်သွားသလို..
သူရိုက်ချလိုက်တဲ့ အရှိန်ကြောင့် သူမ ပါးတဖက်ချက်ချင်းရဲတက်လာတယ်..
" ကိုယ့်ဇနီးရဲ့ပါးတဖက်အတွက် ေလျှာ်ကြေးပဲ
တစ်အချက်....ကိုကို လို့ ငါ့ကို ဘယ်တော့မှမခေါ်နဲ့ အရင်ကလဲ ခွင့်မပြုခဲ့သလို နောင်လဲ ခွင့်လွှတ်မှာမဟုတ်ဘူး..
နှစ်အချက်....ဒီအိမ်ရဲ့အရှင်သခင်ဟာ ငါ မို့လို့...ငါဇနီးဟာလဲ ဒီအိမ်ရဲ့ အရှင်သခင်မပဲ...
မင်းတို့ အဖွဲ့လိုက် အခုလို အနိုင်ကျင့်ဖို့ လက်ဖျားနဲ့ထိဖို့မပြောနဲ့ မျက်စောင်းတောင်ထိုးခွင့်မရှိဘူး
နောက်ထပ် အသံကြားကြည့်..."
သူတို့ဆီက ဘာစကားသံမှထွက်မလာခင်......
သူပဲ အကုန်ပြောချကာ....
သူပဲအရင် လှည့်ထွက်လာခဲ့တယ်....
တခါမှ ဒီလောက် မာမာထန်ထန် မဆက်ဆံဖူးတာမို့.. အံသြတဲ့အကြည့်နဲ့ ကြည့်နေတဲ့လေးငယ်...
သူ လှည့်အထွက်မှာ ကြားလိုက်ရတဲ့...
နေရောင်ခြယ် ရဲ့ ငိုသံ....
အဟွန်း...
သူနှုတ်ခမ်းကို ခပ်မဲ့မဲ့လုပ်ရင်း မဲ့ပြုံးပြုံးလိုက်မိတယ်....
ဒါ......လေးငယ်မျက်နှာကြောင့်မို့.. သူလျှော့ပေးခဲ့တာ....
သူအပေါ်ပြန်ရောက်တဲ့အထိ မိုးသားဖြူ ရေချိူးခန်းထဲက ထွက်မလာသေး
ရေချိူးခန်းထဲသွားငိုနေလားမသိ....
" မင်း သန်မာမှ ဖြစ်မယ် ချာတိတ်ရာ..''
သူ အခန်းထဲက ပြန်ထွက်လာကာ အံဆွဲထဲက ဆေးလိပ်ဘူးပါ ယူထွက်လာခဲ့လိုက်တယ်..
ဝရံတာမှာ...ဆေးလိပ်ကို ရှိုက်ဖွာရင်း...
သူ့အခန်းထဲက ဝရံတာ က တကယ်ကို သူ အရင်ကဆေးလိပ်သောက်နေကျနေရာ..
သူမ ရောက်လာမှာမို့....
mini garden ပုံစံပြောင်းလိုက်တာဖြစ်သလို...
လေးငယ်တို့မိသားစုနဲ့...ရင်ဆိုင်ရနည်းအောင်
မီးဖိုးချောင်နဲ့ ထမင်းစားစားပွဲပါ ထပ်ထည့်လိုက်တာ...
ပြီးတော့ အဝတ်လဲ ခန်းလေးရောပေါ့....
အခုတော့ သူဆေးလိပ်သောက်စရာ နေရာမရှိတော့ အပြင်က ဝရံတာ ထွက်လာရပြီ...
တကယ်ဆို သူက သူမအပေါ် မှာ သူနွေးထွေးခဲ့ပါတယ်...
အသေးစိတ်စဥ်းစားပေးတက်တာ....
ဒါတောင် သူမ အမြဲပြောလေ့ရှိတာ..
အကို ဟာ အေးတိ အေးစက်နိုင်လွန်းတယ်တဲ့....
သူမ မသိတာလဲ ကောင်းပါတယ်....
သူဒီလိုတွေ လုပ်ပေးခဲ့တာ သူမကို ချစ်လို့မှမဟုတ်ပဲ....
ရင်ခုန်တာ စိတ်လှုပ်ရှားတာမျိူး မဖြစ်ခဲ့ဖူး..
ဒါသေချာသည်....
ဘာကြောင့် နွေးထွေးနေပေးလဲ...သူ မသိဘူး.
တခါတရံ သူမဟာ သူ့ မေမေနဲ့ တူတယ်လို့...
သူ ထင်တယ်...ဒါကြောင့်ဖြစ်ပါလိမ့်မယ်....
သူမ ငိုလို့ပြီးတော့ ရေချိူးခြင်းကို အဆုံးသတ်ကာ...
ရေချိူးခန်းမှ ထွက်လာ ခဲ့ပြီး...
မွှေးနေတဲ့ အနံကြောင့် ထမင်းစားခန်းဘက် ကူးခဲ့ကာ စားပွဲပေါ်ကြည့်လိုက်တော့...
ခေါက်ဆွဲတွေကို ပြုတ်ထားတာပေမဲ့... Ready made အထုပ်လို မဟုတ်....အနံကမွှေးလွန်းတယ်..
အသားတွေရော အရွက်တွေရောအပြင်...
အသားလုံးတွေ ပါ ပါသေးရဲ့....
သူ..ပဲနေမယ်...
အကို ဘယ်တုန်းက ဒါတွေ ပြင်ထားတာပါလိမ့် မြန်လိုက်တာ
အခန်းထဲမှာ သူ့ကို မတွေ့ပေမဲ့....
ကားသော့တွေလဲ လျှော့မနေ....
ဖုန်းလဲ ရှိနေတာမို့....
အပြင်ထွက်လာတော့....
လက်ကြားထဲမှာ ဟန်ပါပါ ညှပ်ထားတဲ့ ဆေးလိပ်ရယ်....
နှုတ်ခမ် ထူထူ တွေကနေ မှုတ်ထုပ်လိုက်တဲ့...
ဆေးလိပ်ငွေ့တွေရယ်...
ပြီးတော့... ခွက်ထဲမှာ ထိုးချေထားတဲ့ သောက်ပြီးသားဆေးလိပ်တိုတွေ မနည်းလှ.....
ပုံမှန်ဆို သူ့ကို ဆေးလိပ်သောက်တာမျိူး မတွေ့ဖူးတာမို့....ဒီလောက်အများသောက်တက်မှန်းသူမ မသိ..
" အကို... "
ဘာလဲ ဆိုတဲ့ သဘော မေးဆက်ပြလိုက်ပေမဲ့...
စကားမပြောပဲ သူ့နားလျှောက်လာ နေတာကြောင့်
သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲ အမြန်ထိုးချေချပစ်လိုက်ပေမဲ့....
သူမ ကတော့ သတိထားမိပုံ မရ....
သူ့အနားသာ သဲသဲမဲမဲလျှောက်ကာလာနေလေရဲ့..
'' အကို သောက်လို့ ပြီးပြီလား "
'' အင်း "
" ခေါက်ဆွဲတွေက အကို လုပ်ပေးထားတာလား "
" အင်း "
'' အကို ရော စားပြီပြီလား "
'' အေးကုန်ပြီ ထင်တယ် အမြန်သွားစားစမ်းပါကွာ ကြာလှနေပြီ "
'' လာပါ အကိုရဲ့ အတူ စားမယ်လေ.."
သူ့ လက်ကို အတင်းလာဆွဲနေတာမို့...သူ ထ လိုက်လာခဲ့ရတယ်..
ပန်းကန် နှစ်ချပ် ခွဲထည့်ဖို့ ပြင်နေတဲ့ သူမ ကို လှမ်းကြည့်ပြီး...
" ပန်းကန်ခွဲထည့်မနေနဲ့တော့...ကို့အတွက် တူ တစ်စုံနဲ့ ဇွန်းတချောင်းသာပေး "
'' ဟင်..."
'' အရင်ကလဲ အတူစားနေကြပဲကို ဘာတွေ ကြောင်နေတာလဲ ချာတိတ် "
'' အက်ဒါ အရင်ကလေ အကိုရဲ့ အခုက.. "
'' တူနဲ့ ဇွန်းသာ ယူခဲ့စမ်းပါကွာ. ကိုယ်က သိပ်ဆာတာ မဟုတ်ဘူး မင်းက မလိုက်မချင်း ဇွတ် ဆွဲခေါ်နေမှာ သိလို့ "
သူ့ကို တူနဲ့ ဇွန်း ကမ်းပေးကာ...
နှစ်ယောက်အတူ တစ်ပန်းကန်ထဲ နှိက်စားရင်း....
" ဆာဆာ မဆာဆာ နဲနဲတော့ စားမှပေါ့အကိုရယ်...
ဆေးလိပ်တွေက ဗိုက်ဝ တာမှမဟုတ်ပဲ "
'' ဆရာကြီးလား မင်းက "
'' ကြောက်လိုက်တာ...အကိုက တကယ့်ရုပ်ချောသလောက် လူက ကြမ်းတယ် ဒီလိုအကျင့်နဲ့ အကိုမိန်းမ ရ ရင်တော့ မလွယ်လောက်ဘူး "
'' လွယ်လား မလွယ်လား မေးကြည့်ကြည့်ပါလား ကိုယ့်ရှေ့တင်ပဲ ကိုယ့်မိန်းမ ထိုင်နေတယ် လေ..ဘယ်မိန်းမကို ထပ်ရ ခိုင်းနေတာလဲ တော်ရောပေါ့ တယောက် "
'' အာ..."
'' ဘာလဲ မေ့သွားတာလား ခင်ဗျားလေးက ကျူပ်မိန်းမ ဆိုတာ "
'' ဟို.... အရင် ကလို.. ပြောနေကျမို့ အကျင့်ပါသွားလို့ပါ "
သူမ နှာခေါင်း ကို လက်ညိုးလေးနဲ့ လှမ်းခေါက်ကာ
" နမော်နမဲ့နဲ့ ယောက်ျားရှိနေတာ မေ့စရာလား
ကိုယ့်ယောက်ျားကိုယ် မိန်းမ ထပ်ယူခိုင်းနေသေးတယ်...
နာချင်နေပြီ "
စားနေရင်း သူမ မျက်နှာ ဆီ အကြည့်ရောက်တော့...
သိသိသာသာ ရဲတက်နေတဲ့ ပါးတစ်ဖက်...
နာကျင်နေအုန်းမှာ သူ သိနေတာမို့
သက်သာလား နာနေလား လို့ တကူးတက မမေးတော့... သူသိနေပြီသား အဖြေကို ဒဏ်ရာကိုမေ့နေတဲ့ သူမ ကို ထပ်မေးပြီး အသိမပေးချင်...
သူ စားတာ ရပ်လိုက်ပြီး..ထ ထွက်လာတယ် ဒီဒဏ်ရာကို မမြင်ချင်...
ကိုယ်ချစ်တဲ့သူ နာကျင်နေရတာမဟုတ်ပေမဲ့...
သူ့သိက္ခာတွေ စော်ကားခံရတာမဟုတ်လား..
သူ ထ ထွက်သွားတော့
" အကို တော်ပြီလား "
သူ ခေါင်းညိမ့်ပြလိုက်ကာ...
သူမအတွက်နောက်ထပ် ဆေး နဲ့ ရေတခွက် ကုတင်ဘေးက စားပွဲပေါ် တင်ပြီး..
သူ့နေရာမှာ ပစ်လှဲ ချလိုက်မိတယ်...
တကယ်ဆို နေရောင်ခြယ်ကို သူ နှစ်ချက်လောက်ရိုက်ခဲ့သင့်တာ...သူမ ဒဏ်ရာကို မြင်တော့ သိပ်မကျေနပ်..
သူ မျက်လုံးတွေ မှိတ်ထားလိုက်သော် လည်း အိပ်မပျော်..
သူ အသင့် ပြင်ပေးထားတဲ့ ဆေးကို ယူသောက်လိုက်ကာ..
" အိပ်ပြီလားအကို "
သူမ ခပ်တိုးတိုးမေးလိုက်ကာ ပြန်ဖြေသံမကြားတာမို့ သူ့ဘေးမှာ ဝင်လှဲရင်း ဟိုတွေး ဒီတွေး..သူ ရှိရာဘက် လှည့်လိုက်တော့ သူ့မျက်နှာ ခပ်ချောချောက သူမ အမြင်ထဲ တန်းဝင်လာသည်..
" ချောလိုက်တာမှ အကျင့်နဲ့ မလိုက် "
ရှည်လျှားတဲ့ မျက်တောင် တွေမြင်တော့....
သူမ မနေနိုင်....
ကိုင်လဲ ကိုင်ကြည့်ချင်ကာ...သူနိုးသွားမှာလဲ ကြောက်
" အကို "
နားနာကပ်ခေါ်လိုက်တာပေမဲ့...တွန့်လဲမသွား...ပြန်လဲမထူးတာမို့ အိပ်မောကျနေတယ်ထင်ပါရဲ့..
ရှည်လျှားပြီး ကော့ညွန့်နေတဲ့ မျက်တောင်လေးတွေ..
သူတစ်ကိုယ်လုံးမှာ သူမ အားအကျရဆုံးက သူ့ရဲ့မျက်တောင်ရှည်တွေ..
ဖြုတ်ပြီး လဲ တပ်ချင်မိရဲ့...
သူမ လက်ကို ရုပ်တရက် ဖမ်းကိုင်လိုက်ကာ သူ့မျက်လူံးတွေပွင့်လာပြီး..
" အငြိမ် မနေဘူးလား "
သူမ ဘက်ကို လှည့်ပြီး အပြော သူ့မျက်လုံးထဲ တန်းမြင်လိုက်တာ နီရဲနေတဲ့..သူမ လက်..
သူ ထပ်ထိမိတာမို့ထင်တယ်..မျက်နှာက အနည်းငယ် မဲ့ သွားပေမဲ့ အမူယာမပျက်အောင် ထိန်းလိုက်တဲ့ သူမ..
"ဒါက "
" ရပါတယ် မနာဘူး "
သူမ လက်ကို ပြန်ဆွဲ ယူလိုက်လေသည်..
" တကယ်မနာဘူးလား "
'' အင်း "
သူမြင်လိုက်တယ်...CCTV ထဲမှာ သူမ လက်ကို ဆုပ်ကိုင်ထားတဲ့ နေရောင်ခြယ်..
"အငယ်မ လက်ချက် မဟုတ်လား ဒါ "
'' မဟုတ်ပါဘူး အကြီးမ ကြောင့်ပါ နေရောင်ခြယ် "
သူမ လွှတ်ခနဲထွက်သွားပုံရကာ..အမြန်ပြန်ထိန်းလိုက်သည်..
" ဟုတ်တယ်လေ အငယ်မ မလား နေရောင်ခြယ် "
'' ဟင် သူက အငယ်လား အကြီးထင်နေတာ
ဒါဆို ခပ်အေးအေးပုံနဲ့က အကို ကို ေဆးခတ်တယ်ဆိုတဲ့ တယောက်ပေါ့ "
'' အင်း.. "
'' ဟယ် တကယ်မထင်ရဘူးတော့ လူတွေက ကြည့်တော့ ရိုးသလိုနဲ့ ဒီနေ့ရန်ပွဲထဲတောင် ဝင်မပါတဲ့သူက "
''ဘာလို့ဝင်မပါရမှာလဲ ပြသာနာ တွေရဲ့အစက သူပဲလေ မင်းကို ခြေထောက်ထိုးခံလိုက်တာ "
သူမ လက်ကို ဆေးလူးပေးရင်း ပြောနေတာမို့ တချက်တချက် နာလို့ထင်ရဲ့...သူ့လက်မောင်းကို ဆုပ်ကိုင်ထားတာ သူမ ကိုယ်တိုင်တောင် သိပုံမရ..
'' အေးလေ စိတ်ကြွဆေးတောင် ခပ်ရဲမှတော့ ကျန်တာဘာအရေးလဲ.. ရုပ်ကလေးချောသလောက်နီးနီးကြောက်ဖို့ကောင်းတယ် "
နာနေတာကို ဟန်မပျက်ဆက်ပြောနေတဲ့ သူမ ကိုကြည့်ရင်း
မင်းကမှ ရုပ်မလှသလို လူလဲကြောက်ဖို့ကောင်းတယ် တကယ်ပါပဲ စိတ်ကြွဆေးထက်ဆိုးချက်ပဲ..
သူ့ကို ကျန်းမာ သန်စွမ်းတဲ့ ယောက်ျားဆိုတာကို မေ့နေတာလားဘာလား...
သူမယောက်ျားဆိုတာလဲ မေ့နေပုံပါပဲ...
ဒီကောင်မလေးနဲ့တော့ ခက်ပြီ...