ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၄)
**********************************
''Hello အကို "
''ချာတိတ် စိတ်တော့မကောင်းဘူး မင်းဆုတောင်းမပြည့်ဘူးကွာ...အရှုပ်ထုပ်တွေအိမ်မှာရောက်နေပြီ "
'' ဟိုသားအမိတွေလား...မြန်လိုက်တာ "
'' မမြန်ပါဘူး ကိုယ်တို့မင်္ဂလာသတင်းကြားထဲကဆိုရင် ဒါနောက်တောင်ကျသေးတယ်..
ကိုယ်အခု ပြန်လာနေပြီ See you ချာတိတ် "
သူမ စိတ်ညစ်သွားသည်...
သူ့ကိုယ်သူကလွဲရင်...ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲလုပ်ချင်ရာလုပ်နေတက်တဲ့ ရေခဲလူသားနဲ့ အရှုပ်ထုပ်မိသားစု...
ဒီအိမ်ကြီးရဲ့ ရာသီဥတုက အမြဲ ဆောင်းရာသီဖြစ်နေတော့မှာလား...အေးစက်စက်ပေါ့..မုန်းလိုက်တာ..
" ဒေါက်ဒေါက် "
'' ဘယ်သူလဲ "
'' သခင်မလေး...ဆရာခေါ်ခိုင်းလိုက်လို့ရှင့် "
ဟင်...ဆရာဆို သူ့ဦးလေးပေါ့...
အရှုပ်ထုပ်တွေ ခေါ်ပြ အုန်းမလို့လား..
စိတ်ညစ်ပါတယ်ဆို....
သူကလဲ ပြန်လာမယ်ပဲပြောသွားတာ....
ခေါ်ရင်သွားရမှာလား.
မသွားရဘူးလား...
အို...အမြဲရှောင်နေလို့မှမရတာပဲလေ...သူတောင်တလေးတစားသွားသေးတာ.
သူမ ရှောင်နေမှ ပြသာနာ ကြီးမလား....
" ဟုတ်ကဲ့ လာခဲ့မယ် "
သူမ ပုံစံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အနည်းငယ် ပြင်ဆင်ပြီး....
လာခေါ်တဲ့ အမ နောက်ကနေ ကပ်လိုက်လာခဲ့တယ်....
ဆံပင်ကို သေသေချာချာ ပုံကျကျ ကောက်ထားပုံရတဲ့ လှိုင်းတွန့်ပုံစံခွေခွေနဲ့...
ရုပ်ရည်က အပြစ်ပြောစရာမရှိအောင်...ရက်ရက်စက်စက် လှတယ်
နှုတ်ခမ်းကို ရဲနေအောင်ဆိုးထားပြီး...အတော်ကို မလုံမခြုံဖြစ်နေတဲ့ ခေတ်ဆန်လွန်းနေတဲ့ ဒီဇိုင်းနဲ့...သူမ ကို မြင်တော့ နှုတ်ခမ်းကို မဲ့ရွဲ့ကာ
" သူလား "
ဆိုတဲ့ အသံချိူချိူထွက်လာတယ်...
သူမက ညီမနှစ်ယောက်ထဲ အကြီး ဖြစ်ပုံရတယ်...
နောက်တယောက်က...
မျက်မှန်လေးနဲ့..... ကျောလယ်လောက်ဆံပင်ကို စင်းနေအောင် ပြုပြင်ထားသလား... သဘာဝလား..ခွဲမရအောင် ဖြောင့်စင်းနေတယ်..
ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းကိုခြယ်သထားပြီး..
ဟိုတစ်ယောက်လောက်...မိတ်ကပ်မများ..
ဝတ်စားပုံကရိုးရိုးလေးနဲ့ ဖက်ရှင်ကျတယ်..အေးချမ်းတဲ့အလှပိုင်ရှင်မျိူး...လှတာ ဟိုဘက်တယောက်ထက်ပိုလှနေတယ်လို့ မြင်မိတယ်
သူမ ကတော့အေးမဲ့ပုံ...
ဒါကြောင့်လဲ....မင်းတိမ်လွှာနဲ့ ပြသာနာဖြစ်ဖူးတာ ဟိုဘက်က မိန်းကလေးသာဖြစ်လိမ့်မည်....
ဒါဆို ခေတ်ဆန်ဆန်တယောက်က အကြီးဖြစ်မည်..
ကို့ဘာကို ကောက်ချက်ချရင်းး...
" အန်ကယ် ခေါ်တယ်ဆိူလို့ "
''ဒါငါ့သမီးတွေပဲ "
ဆံပင်အကောက်နဲ့တယောက်ကို လက်ညိုးထိုးပြကာ
"သူက နေရောင်ခြယ် "
နာမည်နဲ့လိုက်ပါ့ ပူလောင်နေရောပဲ
" သူက လရောင်ခြယ် "
ထင်တဲ့အတိုင်း...နာမည်နဲ့လူ လိုက်ပါပေ့ အေးချမ်းတဲ့ပုံလေးနဲ့
'' ဒီဖက်က ငါ့ဇနီး မြိုင်
သူတို့ ဒီမှာ နေမယ် ဒီအိမ်မှာ အားနေတာ မင်းပဲရှိတော့ သူတို့လိုအပ်တာ အကုန် လုပ်ပေးလိုက် "
" ဟုတ်ကဲ့ပါ အန်ကယ် "
'' အာရုံနောက်တယ် ကို မြိုင်နားတော့မယ် "
တည်တည်ငြိမ်ငြိမ် နဲ့ ထည်ဝါပုံရှိတဲ့ လှပနေဆဲ အမျိူးသမီးကြီးဆီက ခပ်ချွဲချွဲအသံကြားတော့..မိုးသားဖြူ အံ့သြမိတယ်...
ဦးနေလထွန်းတို့လင်မယားဝင်သွားတော့...
" ယူက မင်းတိမ်လွှာ ယူထားတာ တယောက်ဆို "
နေရောင်ခြယ်ထံမှ အသံထွက်လာသည်..
''ဟုတ်ပါတယ် တို့က မင်းတိမ်လွှာ ဇနီးပါ "
'' ရိုင်းတယ်နော် ယူက ၃ နှစ်လောက်ငယ်တယ်နော်..သိရဲ့လား ယဥ်ယဥ်ကျေးကျေးပြောစမ်း.."
'' သြော် ဟုတ် မသိလိုက်လို့ပါရှင့်..."
'' ရွဲ့တာပေါ့.."
'' အာ...မဟုတ်တာ အမ ရယ် မိုးသား မရည်ရွယ်ပါဘူး "
'' ဘယ်နှစ်လ စာချူပ်လဲ....တလဘယ်လောက်ပေးလဲ မင်းတိမ်လွှာက "
" ရှင်..ဘာကိုလဲ အမ ''
'' အဟွန်း...တို့မသိဘူးထင်နေလား...
မင်းက ကိုကို့ အကြိုက်မဟုတ်ဘူး ...တလ ဘယ်လောက်နဲ့ ဘယ်နှစ်လစာ စာချူပ်လုပ်ပြီး သူ့ဇနီး လုပ်ခိုင်းထားတာလဲ "
'' မဟုတ်ပါဘူး အာ့လိုမျိူးတွေလဲမရှိပါဘူး..
သူနဲ့ မိုးသားနဲ့က နှစ်နှစ်လောက်တွဲပြီးမှ လက်ထက်ခဲ့ကြတာပါ "
'' အမလေး အနုပါးစပ်နဲ့ပြောရဲလိုက်တာ ဘယ်လောက်တောင်ပေးထားလို့လဲ ...
အင်းပေါ့...ကိုကို့ ကြွယ်ဝမှု့နဲ့ဆို ယူ့ကိုလဲ နင့်နေအောင်ပေးထားမှာပေါ့ အဟွန်း...သွား ရေခပ်ပေးစမ်း..ငါရေဆာတယ် "
''ဟုတ်ကဲ့ "
မိုးသားဖြူ သူမနဲ့ ပြိုင်ပြောမနေချင်တာကြောင့်...ရေယူပေးဖို့ထွက်လာခဲ့တယ်
သူပြောတာမှန်နေသားပဲ...မိုးသားဖြူ နဲ့ သူ ရဲ့ လက်ထပ်ခြင်းကို အလိမ်ညာလို့ ယုံကြည်နေကြတာ..
သူတို့လဲ မမှားပါဘူးလေ...ကိုယ်တိုင်တောင် ခုထိ မယုံရဲသေးဘူးကိုး...
ခုန လာခေါ်တဲ့ ကောင်မလေး ယူလာပေးတဲ့ရေကို...
" မိုးသားကိုပေး ညီမ ကျေးဇူးနော် မိုးသားယူသွားပေးလိုက်မယ် "
'' ဟို ကျမ ယူသွားပေးလိုက်ပါ့မယ် သခင်မလေး...သခင်လေးက "'
''ရပါတယ် မိုးသား ယူသွားပေးလိုက်မယ် ပေးနော် ကျေးဇူး ''
သူမ ပြောင်းယူလာခဲ့ပြီး...
ဟို ညီအမ နားအရောက်...
တခုခုကို ခလုပ်တိုက်က ရေခွက်က နေရောင်ခြယ် ပေါ် မှောက်ကျ ကုန်ရဲ့...
" ဟင် ယူ......ယူ..."
နေရောင်ခြယ်မျက်နှာ ဒေါသကြောင့် ချက်ချင်း ရဲတက်လာသလို မျက်နှာခက်ထန်လာတာ ချက်ချင်း..
" Sorry မိုးသား တမင်လုပ်တာမဟုတ်ပါဘူး "
'' ဘာတမင်လုပ်တာ မဟုတ်ရမှာလဲ ကြေးစားမ "
'' အမ မရိုင်းပါနဲ့..."
'' ကြေးစားမ မို့ကြေးစားမ ပြောတာလေ...လခစားနဲ့ ကိုကို့မယားယောင်ဆောင် လာလုပ်နေတဲ့ အိမ်ဖော်သာသာ ကောင်မကများ ငါ့အပေါ်တမင် ရေနဲ့ပက်ချတယ် "
မိုးသားဖြူ အစော်ကားခံနေရတဲ့ စကားသံတွေကြောင့် ပြန်တုန့်ပြန်နိုင်စွမ်းမရှိတော့....
လူက ထိုနေရာတွင် ပြိုလဲ ချင်အောင်အထိ ရင့်သီးတဲ့ အပြောဆိုတွေဟာ နာကျင်ဖွယ်ကောင်းလှသည်...
သူမ လက်ကို ဒေါသတွေနဲ့ ရောပြီး ကျစ်နေအောင်ကိုင်ထားတဲ့ နေရောင်ခြယ်ကြောင့် နာကျင်လာသည်...
နေရောင်ခြယ်ရဲ့ လက်တွေကို အတင်းခါးထုတ်လိုက်တော့
" ဖြောင်း "
မထင်မှတ်ပဲ သူမပါးကို အားနဲ့ ရိုက်ချလိုက်တဲ့ အန်တီမြိုင်
" အဆင့်မရှိတဲ့ မိန်းကလေးကများ ရာရာစစ လူပါးဝ လို့ ငါ့သမီးနဲ့ ပြိုင်ပြောရဲရသလား "
နာကျင်မှု့က ပြင်းတယ်.....
ရင်ထဲမှာရော..ပါးပြင်မှာရော...
.........................................................................
မင်းတိမ်လွှာ ပြန်ရောက်ရောက်ချင်း တိတ်ဆိတ်နေတဲ့ အခြေနေကြောင့် တစုံတခု မကောင်းတဲ့ အငွေ့သက်ခံစားရတယ်...
တခုခုပဲ ပုံမှန်ဆို ဒီအရှုပ်ထုပ်တွေ ရှိနေတဲ့အချိန်တိုင်း..ဒီအိမ်ဟာ တိတ်ဆိတ်နေလေ့မရှိ....
အိမ်မှာများမရှိကြဘူးလား...
မိုးသားဖြူများ ဘာဖြစ်နေလဲ...
အခန်းထဲ တန်းဝင်သွားလိုက်တော့.
'' ချာတိတ်မ က အိပ်ပျော်နေတာလား "
သူမ နားကို အနီးကပ် သွားလိုက်မိတယ်....
နေများမကောင်းလို့လား...တခုခုတော့ဖြစ်ထားပြီ....
" ချာတိတ် "
သူ ခပ်တိုးတိုး ခေါ်လိုက်ပေမဲ့....
သူမ မျက်လုံးလေးတွေ ပွင့်လာတယ်....
ထိန်းနေတဲ့ ကြားက သူ့ကို မြင်တော့ မျက်ရည် ဝဲ သလိုလို...
မျက်ရည် လဲ့ သယောင်ရှိတဲ့ မျက်လုံး လေးတွေ ကြည့်ရင်း. သူမ ကို အတင်းဆွဲထူလိုက်တော့...
နီရဲ ယောင်ကိုင်းနေတဲ့ ပါး တဖက်...
သူ သိတယ်...သူမ အသားနုနုလေးတွေဆိုတာ..
အရင်ထဲက ဒဏ်ရာတခုခုရရင် ပုံမှန်ထက် နာကျင်တက်ပြီး အသားမှာထင်ကျန်နေတက်တာ...
လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်မိရင်တောင် ဒဏ်ရာပေါ်တယ်..
သူမ မိဘတွေက အချမ်းသာကြီး မဟုတ်ပေမဲ့..
သူမကို မင်းသမီးလေး တပါးလိုထားခဲ့ကြတာ..
အသက်ကြီးမှ ရတဲ့ ကလေးခက်ခက်ခဲခဲ မွေးထားကြရတာမို့...
ရွှေလိုဥ ထားတယ်ပဲပြောရမလား...
အပင်ပန်းလဲမခံနိုင်......စိတ်အဆင်းရဲလဲမခံနိုင်အောင် နုလွန်းသူ
ဒါတွေ သူ သိနေတာမို့.....
သူမ နာကျင်နေမှာ ခံစားမိတယ်....
ဒေါသက ထောင်းကနဲထွက်လာကာ...
မင်းတိမ်လွှာရဲ့ ဇနီးကိုများ ဘယ်လိုလူက လာထိရဲသလဲ...
သူမ ဒဏ်ရာမရအောင် သူကိုယ်တိုင် အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ရတာ....အကြိမ်ကြိမ်
အရင်လို အခြေနေဆိုရင်တော့...
စိတ်တိုယုံ စိတ်မကောင်းယုံသာ ဖြစ်မှာပေမဲ့..
အခုက သူ့ဂုဏ်သိက္ခာနဲ့လဲဆိုတယ်မဟုတ်လား..
သူမအပေါ်ချစ်တာ မချစ်တာထက်..
လူသိရှင်ကြား တရားဝင်လက်ထပ်ထားတဲ့ ဇနီးရဲ့ သိက္ခာဟာ သူ့သိက္ခာပဲ...သူကာကွယ်ဖို့ တာဝန်အပြည့်ရှိတယ်..
သူ့အသက်ရှိနေသရွေ့ သူ့ဇနီးကို ဘယ်သူမှ လက်ညိုးတောင် မထိုးနိုင်စေရဘူး..
" ဘယ်သူလဲ...လေးငယ်လား သူ့မိန်းမလား ဟိုညီအမတွေလား "
'' သူ့ဇနီး "
'' တောက် "
" မျက်ရည် မကျလာစေနဲ့...သူတို့ဆီမှာ ပြန်မတုန့်ပြန်ပဲ ငြိမ်ခံလာပြီးရင် ကိုယ့်ရှေ့မှာ ငိုခွင့်မရှိဘူး ချာတိတ် "
" ဟုတ် "
'' မင်းသိလား....မင်းနောက်မှာ မင်းတိမ်လွှာ ရှိတယ်..
မင်းတိမ်လွှာဆိုတဲ့ ငါ့ဆီမှာ ငွေကြေးရော အာဏာရောရှိတယ်..
မင်း အဲ့ဒီအာဏာတွေကို ကြိုက်သလို အသုံးပြုနိုင်တယ် တကယ်ဆို ဒီနေ့ဟာ မင်းကသာ ရိုက်လိုက်သူ အဖြစ် ရှိသင့်တာ "
'' ဒါပေမဲ့..သူက အကို ဦးလေးရဲ့မိန်းမလေ "
'' ဘာအရေးလဲ မင်းက ငါ့ဇနီးလေ...စော်ကားလာရင် ငါ့ဦးလေးတောင် မင်းရိုက်လိုက်လို့ရတယ် အသုံးချစမ်းပါ အာဏာတွေ ကို မင်းလုပ်သမျှ ငါလိုက်ရှင်းနိုင်တယ်..
ရင်ဆိုင်....ရဲရဲဝံ့ဝံရင်ဆိုင် မင်းဟာ ဒီအိမ်ရဲ့သခင်မ SKY Castle ရဲ့ သခင်မ... နားလည်လား "
''ညီမ က အကို့မိသားစုကြားထဲမှာမို့....အဆင်ပြေပြေအေးအေးချမ်းချမ်းပဲနေချင်တာအကို "
'' ကိုယ့်ကို ကျ အမြဲ တခွန်းမခံပြန်ပြောတယ်...သူများနဲ့ဆို ဘယ်သူနဲ့ ဖြစ်ဖြစ်ခံလာတယ်.. နောက်ဆို ဘယ်သူနဲ့ ဘာဖြစ်ဖြစ် ခံမလာရစေနဲ့ အဆိုးဆုံးကွာ ရန်စလာတာနဲ့ ခေါင်းသာရိုက်ခွဲလာခဲ့...
လူမသေရင်ပြီးရော...ကျန်တာကိုယ်နောက်က ဂုဏ်ယူစွာနဲ့ လိုက်ရှင်းပေးမယ် အဲ့ဒါ အမိန့်ပဲ "
စကားတွေ ပြောနေရင်း နဲ့ပင်..
ဒဏ်ရာအတွက် ရေခဲအိတ်... ဆေးတချိူ့နဲ့ ရေတခွက်...
သူထွက်သွားတော့ အဆင်သင့် ကျန်နေခဲ့တယ်... လှုပ်ရှားမှု့က မြန်ဆန်လွန်းရဲ့...
ဒီပစ္စည်းတွေ အဆင်သင့် ဘယ်လိုများရှိနေပါလိမ့်...