book

Index 3

Lအပိုင်း...၃

ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၃)

***********************************

မိုးသားဖြူနဲ့ သူ လက်ထပ်ခဲ့တာ သူ့ဦးလေးအတွက် အဆိုးဝါးဆုံးသတင်းဆိုတာ သူ သိတယ်.....

ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် သူတို့ကို တလ အတွင်းကွဲသွားစေဖို့မျှော်လင့်နေမှာပဲ....


" ကိုယ်တို့ကို တလအတွင်း ခွဲဖို့ သူကြိုးစားလိမ့်မယ်...မင်း ဒီတလ အတွင်းမှာ ခံနိုင်ရည်ရှိဖို့ ကြိုးစားရလိမ့်မယ် "


'' တလ အတွင်း...... ဘာလို့လဲ "


'' မင်းသိထားလား....ကိုယ်က Sky Castle ရဲ့ အမွေဆက်ခံသူဆိုတာ "


'' မင်္ဂလာပွဲမတိုင်ခင်ကမှ သိထားတယ်အကို "


'' ဘာလို့အမွေဆက်ခံသူဖြစ်လဲ မင်းသိလား "


'' ဟင့်အင်း "


'' ကိုယ်တို့ မိသားစု မှာ အမွေဆက်ခံသူ မျိူးဆက် ကိုယ်တယောက်ပဲရှိတာမို့လို့ "


'' ဟင်...ဦးလေးရှိတယ်ဆို "


'' ဒါပေမဲ့...သူ့မှာ သားသမီးမျိူးဆက်မရှိဘူး

သူ့ဇနီးဘက်ကပါတဲ့ သမီးနှစ်ယောက်ပဲရှိတာ ဒါလဲ ကိုယ်တို့သွေးသားအရင်း မဟုတ်ဘူးလို့ ကိုယ့် အဖွားက လက်ခံထားတာမို့...

ကိုယ်တို့မိသားစုရဲ့ တစ်ဦးတည်းသော မျိူးဆက်ဖြစ်တဲ့ ကိုယ့်ဆီ အရာရာ အပ်ခဲ့တာ...

ဒါပေမဲ့...ဘယ်တော့မှ ဘက်လိုက်ဆုံးဖြတ်လေ့မရှိတဲ့ အဖွားက သူရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ကိုယ့် ဖေဖေနဲ့ ဦးလေး နှစ်ယောက်စလုံးကို သူပိုင်ဆိုင်တဲ့ အမွေတွေ အချိူးကျ ခွဲဝေပေးခဲ့ပြီးသားပါ...

အမွေတွေအချိူးကျ ပိုင်ဆိုင်ပေမဲ့...ကိုယ့်မေမေဟာလဲ ကိုယ့်ဖေဖေထပ်မနိမ့်တဲ့ ကြွယ်ဝတဲ့မိသားစုက တဦးတည်းသောသမီးဖြစ်တာမို့...ကိုယ့်မိဘတွေဆုံးတော့ ကိုယ်လွှဲပြောင်းရလိုက်တဲ့အမွေတွေက မင်းကြားထားသလို အနေအထားဖြစ်သွားခဲ့ရတာ....

ဒီအခြေနေထိ ကိုယ်နဲ့ လေးငယ် အဆင်ပြေပါသေးတယ်...ကိုယ့်အမွေတွေအကုန် သူပဲ ထိန်းသိမ်းပေးခဲ့သလို သူက မိသားစု ရှေ့နေလဲ ဖြစ်တာမို့ အစစ အရာရာ ဥပဒေကြောင်းအရပါ စီမံပေးခဲ့တယ်....ကို့အသက် ၂၅မှာအမွေတွေအကုန်လွှဲပြောင်းပေးခဲ့တယ် "


'' ညီမ အကို့ဦးလေးကို သိပါတယ်...KHA Group ရဲ့ ဥက္ကဋ္ဌ မဟုတ်ဘူးလား ဘယ်လိုလုပ်ရှေ့နေ့..."


'' ဟုတ်တယ် လေးငယ် Law နဲ့ ဘွဲ့ရခဲ့ပေမဲ့....ရှေ့နေမလုပ်ပဲ စီးပွားရေးလောကထဲ ဝင်ခဲ့ရတာ "


'' ဒါနဲ့များ Business ဘွဲ့တခုခု ယူခဲ့ရောပေါ့ "


'' လေးငယ်က ရှေ့နေပဲ ဖြစ်ချင်တာကွ..မိန်းမရမှ စီးပွားရေးလောကထဲ ပစ်ဝင်ပြီး သူ့အမွေတွေကို စိတ်ဝင်စားလာတာ.... ပြောရရင် သူ့မိန်းမ ကြောင့်ပေါ့ ဒါကိုသိတဲ့ ဖွားဖွားက ကိုယ်တို့ မိသားစုတွေရဲ့ ဥပဒေ ကိစ္စ မှန်သမျှ သူ့သားငယ်ဆီ အကုန် အပ်ခဲ့တာ..

လေးငယ်က သိပ်ကိုတော်တဲ့ ရှေ့နေပါ...

အခုတော့ ကိုယ်တို့မိသားစု အတွက်ပဲ သီးသန့်လုပ်ကိုင်ပေးတာပေါ​့ "


'' သြော် "


" ပြသာနာတွေက အဖွားဆုံးမှ စခဲ့တာပဲ...ကိုယ်က တဦးတည်းသောမျိူးဆက်မို့ ဒီအိမ်ကြီး အမွေပေးခဲ့တယ်....

မျိူးဆက်ထိန်းသိမ်းစေလိုတဲ့ အဖွားက ကိုယ်အိမ်ထောင်ပြုဖို့ ပြင်းပြတဲ့ ဆန္ဒ ရှိခဲ့တယ်...

ဒါကြောင့် သေတမ်းစာထဲမှာ..

ကိုယ်အိမ်ထောင်ကျမှ ပိုင်ဆိုင်ခွင့်ရှိမယ်...

ကိုယ့်ရဲ့ လက်ထပ်ခြင်းသည် သေတမ်းစာကြောင့်မဖြစ်စေရတဲ့.... "


'' အိမ်ပိုင်ဆိုင်ချင်လို့ လက်ထပ်တာမျိူးကိုပြောချင်တာလား "


'' အင်း..အဲ့လိုလက်ထပ်ခြင်းမျိူးလုပ်ခဲ့ရင်ဖြစ်ဖြစ် ကိုယ် အသက် ၃၅ နှစ်အတွင်း လက်မထပ်ခဲ့ရင် ဖြစ်ဖြစ် ကိုယ့်ဦးလေး သာပိုင်ဆိုင်ခွင့်ရှိမယ် "


'' ဒါကြောင့် ရှင် လက်ထပ်ခဲ့တာကိုး "


'' မဟုတ်တာ...ဒီအိမ်ပေါက်စျေးမနည်းပေမဲ့ ကိုယ့်ပိုင်ဆိုင်မှု့နဲ့ဆို ဒါမျိူးအိမ်တွေ အများကြီးဆောက်နိုင်တယ် ချာတိတ်မရဲ့..."


'' ဒါဖြင့် ဘာလို့ လက်ထပ်ခဲ့တာလဲ "


'' လေးငယ် သမီးတွေနဲ့ ညားမသွားချင်လို့ "


'' ဟင် "


'' ကို ဒီအိမ်ကြီးကို မမက်မောပေမဲ့..လေးငယ်က သူ့မိဘတွေခေါင်းချခဲ့တာမို့ လိုချင်တယ် သူ့မိန်းမကတော့ ပေါက်စျေးကြောင့်မက်မောတယ်....

သူ့မိန်းမရဲ့သွေးထိုးမှု့တွေကြောင့်...လေးငယ်ရဲ့စိတ်ထားဟာ အရင်လောက်မရိုးရှင်းဘူး....

ကိုယ့်အသက်အန္တရာယ် မကြာခန ခြိမ်းခြောက်ခံရတဲ့အထိ ရက်စက်တက်လာတယ် "


'' အကို..ဘာလို့ ရဲမတိုင်ခဲ့တာလဲ "


'' ချာတိတ်ရယ် မင်းတွေးသလောက်ရိုးရှင်းရင်လဲအကောင်းသားကွာ ကိုယ် မပင်ပန်းတော့ဘူး "


'' ဘာလို့လဲ အကို "


'' သူတို့ လက်ချက်မှန်း ကိုယ်ရိပ်မိတာကလွဲရင်...ဘာသက်သေမှရှာမရဘူး....

ကိုယ်ရိပ်မိပြီး သက်သေရှာနေတာသိသွားတော့..

နောက်တမျိူး ပြောင်းလုပ်လာတယ်...

သူ့မယားပါသမီးတွေနဲ့ပေးစားဖို့..ကိုယ်ငြင်းတော့ နည်းအမျိူးမျိူးနဲ့ ကပ်တယ်...နောက်ဆုံး စိတ်ကြွဆေးတိုက်ပြီး အပိုင်ကိုင်ဖို့အထိ လုပ်လာတဲ့နေ့ကစပြီး ကိုယ်အိမ်မှာမနေပဲ လျှောက်လွင့်နေတော့တာပဲ..ဒီလိုနဲ့ မင်းပတ်ဝန်းကျင်နားရောက်လာတာပေါ့ "


'' မိသွားသေးလား "


'' စိတ်ကြွဆေးလား "


'' အင်း.."


''အင်းမိလိုက်တယ် "


သူ့ကို မျက်လုံးပြူးပြူးလေးနဲ့ မော့ကြည့်လာပြီး အကြည့်တွေထဲ အရိပ်တချိူ့ ဖြတ်ပြေးနေတာမို့


" ဘာလို့လဲ စိတ်ပူလို့လား...စိတ်ချ မင်းယောက်ျားက အခုထိ လူပျိူစစ်သေးတယ်နော် hkhk  "


'' အာ အကိုနော် ညီမသိချင်တာက ဘယ်လိုရှောင်လာလဲဆိုတာပါ "


'' မိသွားပေမဲ့...ကိုယ်ထိန်းလိုက်နိုင်ပါတယ်...သူ့သမီးအကြံကို သက်သေနဲ့တကွချပြနိုင်ခဲ့တယ် ..ကိုယ်အိမ်သိပ်မကပ်တော့တဲ့

နောက်ပိုင်း..သူတို့သားအမိလဲ နိုင်ငံခြားထွက်သွားကြတယ်.သူ့သမီးအငယ်မလေးကျောင်းတက်ဖို့ပေါ့...လေးငယ်ကတော့ တခါတလေ လိုက်သွားတက်တယ် "


'' အကိုနဲ့ပြသာနာဖြစ်တဲ့ သမီးက ဘယ်တယောက်လဲ "


'' အကြီး "


'' တော်ပါ​သေးတယ် နိုင်ငံခြားထွက်သွားကြတယ် ဆိုတော့ နောင်မတွေ့ရတော့ဘူးပေါ့ ..ညီမကို လက်ထပ်စရာတောင်မလိုပဲနဲ့ "


'' ကိုယ်ပြောပါတယ်ကွာ လိုအပ်လို့ လို့...မိသားစုဆိုတော့ တချိန်မဟုတ်တချိန် ဒီလိုကိစ္စတွေ ထပ်မဖြစ်လာဘူးလို့မပြောနိုင်ဘူးလေ...ပြီးတော့ ကိုယ်လဲ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီမှတ်လား..အိမ်အိမ်ထောင်ပြုလိုက်မှ အမွေကိစ္စရှင်းမယ် ဒါတွေရှင်းမှ လေးငယ် ထွက်သွားလိမ့်မယ်..

မင်းနဲ့တွေ့မှ...ကိုယ်အတွေးဝင်မိတယ် ပြသာနာတွေဟာရှောင်ဖို့မဟုတ်ဘူးရှင့်ဖို့လို့ မင်းပြောဖူးတယ် လေ......ဒါကြောင့် ရှင်းထုပ်ဖို့ဆုံးဖြတ်လိုက်တာ "


'' ဒါဆိုလဲ အကို ရည်းစားတွေထဲကတယောက်ရွေးလိုက်ရောပေါ့ အစ်မ ဆို လှလဲလှ အရည်ချင်းလဲရှိတယ် ဥစ္စာပေါ ရုပ်ချော "


'' ဥစ္စာပေါလို့ပဲ မလိုချင်တာ..စည်းစိမ်တွေက ကိုာ့်မှာ ပိုတောင်ပိုလျှံနေပြီပဲကိုး တော်ရောပေါ့.. မင်း အစ်မ ဆိုတဲ့ သဋ္ဌေးမက မောက်မာလွန်းတယ် ကိုယ်မကြိုက်ဘူး..

မင်းလဲ သိသားပဲ ကိုယ်ဘာလို့ သူ့နား ရောက်နေလဲ "


'' ဒါဆိုလဲ မောက်မာလွန်းလဲ အမနားထိ ကပ်ချင်လာအောင် တွန်းအားပေးခဲ့တဲ့...မ သစ္စာရှင် တစ်ယောက်လုံးရှိတာပဲလေ..အကိုလဲ သူ့ကို မြင်တိုင်း မျက်လုံးရွဲကြီးတွေနဲ့လိုက်ကြည့်နေတာ ညီမဖြင့်သနားလွန်းလို့..အကိုနဲ့ဟန်ဆောင်တွဲနေရတာတောင် သူများချစ်ခြင်းခွဲနေရသလို ခံစားရလို့ နေ့တိုင်းပူလောင်ရတယ် ..အာ့လောက်ချစ်ခဲ့တဲ့သူပဲ ရအောင်ယူလိုက်ရောပေါ့ "


'' မင်းက ကိုယ့်ကို အာ့လောက်တောင် မလိုချင်ဘူးလား "


'' ဟုတ်တယ် မလိုချင်ဘူး.....အရင်က အကိုမင်းတိမ်လွှာကိုပဲလိုချင်တာ ညီမယောက်ျားလို့အတင်းစိတ်သွင်းနေရတဲ့ မင်းတိမ်လွှာ ကို မလိုချင်ဘူး " 


'' အဲ့တာကြောင့်ပဲ ကိုယ်မင်းကိုရွေးခဲ့တာထင်တယ်...လောဘမရှိလို့ ဘယ်သူနဲ့မှ လိုက်ပေးစားမနေနဲ့ ကိုယ်လိုချင်မှဖြစ်တာမို့လို့ "


" လိုချင်လို့ လိုအပ်လို့နဲ့ ညီမကို အရှုပ်ထုပ်ကြား ဆွဲသွင်းလာပြီးတော့များ "


'' ဟားးဟားး မင်း​ပြောတဲ့အတိုင်းပဲ မကြာခင် အရှုပ်ထုပ်တွေပြန်လာလိမ့်မယ်..ကိုယ့်ကို ရရ မရရ အခုအချိန်က ကိုယ်နဲ့မင်းကွဲမှ သူတို့လိုချင်တာရမှာမို့လို့... ကိုယ်တို့ကိုခွဲဖို့ရတဲ့နည်းနဲ့ ရောက်လာလိမ့်မယ် မယုံမရှိနဲ့ "


'' ဟွန်း...မရောက်လာပါစေနဲ့ပဲဆုတောင်းတယ် "


'' ဆုတောင်းမနေနဲ့..အရှုပ်ထုပ်တွေက မင်းစီတန်းနေအောင်လာမှာ မင်း ရင်ဆိုင်ဖို့ပြင်ထား "


'' အကိုကလေ တကယ်အကျင့်ယုတ်တာ "


သူမ ပြောနေပေမဲ့ သူစိတ်မဝင်စားတော့.ာသူပြောချင်ရာပြော အပြီး ကားသော့တွေချိတ်ထားတဲ့ဆီသွားကာ သော့တခု လှမ်းယူလိုက်ပြီး...


" မင်းကားမောင်းတက်တယ်မှတ်လား "


'' အင်း...အမ ဆီမှာ အတွင်းရေးမှူးလုပ်ခဲ့တာပါနော် အမက မတက်တာမရှိအောင်အကုန်သင်ပေးပြီးမှ အနားခေါ်ထားတာ "


'' ဒီကားတွေထဲက ကြိုက်တာယူမောင်းလို့ရတယ်..ခြံထဲမှာကားဂိုဒေါင်ရှိတယ် သိပ်မကျယ်ပါဘူး ပတ်ရှာကြည့်လိုက် အများစုက ပြိုင်ကားတွေမို့လို့ မင်းမမောင်းချင်လဲ မင်းနဲ့လိုက်မဲ့ ကားပုပုသေးသေးလေးတွေ ထပ်ထည့်ထားပေးမယ်...

သြော်..ဟုတ်သားပဲ မင်းနဲ့လိုက်တဲ့ကားဆို ကလေးဆော့တဲ့ ကားနဲ့မှတွက်တိပဲ "


'' အကိုနော် အကိုနဲ့ မလိုက်အောင် တော်တော်ပျော်နေတယ်ပေါ့ "


'' ဒါပေါ့...မင်းနဲ့အရှုပ်ထုပ်တသိုက် ဘာဆက်ဖြစ်မလဲ တွေးတာနဲ့တင်ရယ်ချင်နေပြီ.."


'' အကို တကယ်အကျင့်ယုတ်တာနော် အာ့အပြုံးတွေ မြင်နေကျမဟုတ်လို့လားမသိ အကို့မျက်နှာနဲ့ မလိုက်ဘူး ဟွန်း "


'' ဟုတ်လား ကိုယ်က ဘယ်လိုပုံစံနဲ့လိုက်ဖက်တာတုန်း "


'' အရင်လိုလေ အေးတိအေးစက် မပြုံးမရယ် ခပ်တည်တည်ကြီးပဲ ကောင်းတယ် ပြုံးနေတာရုပ်ဆိုးတယ် "


'' ကိုယ်တကယ် အရင်က မပြုံးဖူးဘူးလား "


'' ဟင်အင်း...အေးစက်စက်နဲ့ စကားလဲပြောချင်မှပြောတာ ပြောနေလဲ နားထောင်ချင်မှနားထောင်တာ "


'' မင်းစကားတွေပြောနေရင်တော့ ကိုယ်နားထောင်ပါတယ်ကွာ..တခါတလေး နားကိုငြီးနေအောင်နားထောင်ရတာ "


'' အမလေး နားမထောင်ပါဘူးနော် ထတောင်ထွက်သွားသေးတာကို "


''အခုမှပဲ မိုးသားဖြူ သေချာတော့တယ်...ချာတိတ်မ ကိုယ်အပြင်သွားအုန်းမယ် ''


သူထွက်သွားတော့ သူမ သာ ရင်မောကျန်ခဲ့ရတယ်...

ဘယ်လိုဝဋ်ကြွေးတွေများပါလိမ့်.....

သူမ တကယ် သူအပေါ် အကြွေးရှိပုံရတယ်..

မင်းတိမ်လွှာဆိုတဲ့အမျိူးသား သူမ ဘဝထဲပေါ်လာတည်းက သူမ မငြင်းနိုင်တဲ့ အကူညီတွေ ပေးခဲ့ရတယ်....

Company dinner မှာ သူတို့အရှုပ်တွေကြား သူမ ညှပ်ပါပြီး..

အရှက်ကွဲခါနီးဆဲဆဲမှာမှ....SKY Castle ရဲ့ မင်းသားလေး မင်းတိမ်လွှာ အနေနဲ့ ...ပေါ်လာပြီး..သူမကို ထိုနေရာကနေ ဆွဲထုတ်သွားခဲ့တယ်...

သူမ ဒီအထိပဲ မှတ်မိခဲ့တယ်...

မိုးလင်းတော့... သူမဟာ မင်းတိမ်လွှာရဲ့ ဇနီးလောင်းဖြစ်နေခဲ့ပြီ...

ဇနီးလောင်းဆိုတာထက်...

ခိုးပြေးသွားကြတဲ့ ချစ်သူနှစ်ဦး..အဖြစ်...

သူ့ဇနီးအဖြစ်.

နိုးထလာခဲ့တယ်...


ငြင်းမရတဲ့ မင်္ဂလာပွဲမှာ...သူတိုးသမီးအဖြစ်


အခုတော့ သူ့ဇနီး အဖြစ် အိမ်မက်ဆန်ဆန်....


မယုံနိုင်ဖြစ်ခဲ့ရသလို...


ဒါဟာ အိမ်မက်ဖြစ်ရင်တောင် နိုးထရခက်....လိုက်ပါရခက်အနေထားမဟုတ်လား...


သူမက သင့်တော်လို့အရွေးခံခဲ့ရတာဖြစ်ပေမဲ့....

တသက်လုံး ကွာရှင်းမှာမဟုတ်ပဲ သူ့ဇနီးအဖြစ် အကောင်းဆုံးသူကြိုးစားသွားဖို့ပြောခဲ့သော်လည်း...


အရာရာ အေးစက်စက်နိုင်တဲ့..သူ့ကို


သူမ ခင်မင်ခဲ့သော်လည်း...သူမ ခင်ပွန်းအဖြစ်


ခုထိ... မြင်ကြည့်လိုမရခဲ့


rate now: