book

Index 25

(အပိုင်း...၂၅)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၂၅)

*************************************


'' ဟို...ကျမ ရှေ့က ဖယ်ပေးပါ "


သူ့အနောက်မှ ထွက်ပေါ်လာတဲ့ မရဲတရဲ အသံကြောင့် ဦးသြဇာဂုဏ်  လှည့်ကြည့်လိုက်တော့...


မိုးသားဖြူ...


သူမရှေ့မှာ ပိတ်ရက်ပြီး ပြီတီတီ မျက်နှာထားနှင့်..


သျှံထွန်း.....


TUN co.ltd ဥက္ကဋ္ဌ ဦးထွန်းဦး ရဲ့ သားအငယ်ဆုံး...

သူတို့လောကတွင်မသိသူမရှ်ိ...

အဖေ့ဂုဏ်နဲ့ မိုက်ကမ်းနေသူ...


အငယ်ဆုံး အချစ်ဆုံးသားမို့ ဦးထွန်းဦးက အလိုလိုက်ကာ... သားဆိုးသမျှ ဒိုင်ခံ ငွေနှင့်ပေါက်လိုက်ရှင်းတက်သည်မို့..

သျှံထွန်းက ဆိုးသည်....


ရုပ်ဖြောင့်သည်မို့.....မိန်းမရှုပ်သည်


ဒီပွဲကို TUN co.ltd အနေဖြင့်တက်လာပုံရသည်...


ဟုတ်သားပဲ.....


ဒီမြို့က TUN company ခွဲဆီ သျှံထွန်း ရုံးထိုင်ဖို့ ရောက်နေသည်ဟု သူကြားထားသည်..


ဒီကောင်လေးနှင် ပတ်သတ်လို့မကောင်းသလို....TUN GP ဟာ သွားထိလို့လဲ မကောင်းတာမို့...မိုးသားဖြူကို သူ ခေါ်ထုပ်လာမှဖြစ်မည်..

သူဆုံးဖြတ်လိုက်ပြီး ပြန်အလှည့်....


သျှံထွန်းကို အေးစက်စက် မျက်ဝန်းတွေနဲ့ လှမ်းကြည့်နေသည်..


မင်းတိမ်လွှာ....


ဒီချာတိတ် ပုံက တကယ်ကို ပြတ်သားလွန်းသည်....အကြောက်အလန့်ကင်းသည်

အမြဲ ပခုံးတွေကို မတ်ပြီး... ခေါင်းမော့ရင်ကော ယုံကြည်မှု့ရှိရှိ သွားလာပြောဆိုတက်ပုံက.


နောက်ကွယ်မှာ တောင့်တင်းခိုင်မာတဲ့ background တခု ကျိန်းသေရှိနိုင်သည်...

ဒီချာတိတ် ကြောင့်...


သူ....နွယ်လေးကို တအားသဝန်တိုခဲ့ရဖူးသည်


သဝန်တိုတာ ဘယ်လိုမျိူးလဲ ခံစားကြည့်မလား ကောင်လေး 


သူ လှစ်ခနဲပြုံးလိုက်ကာ...


မိုးသားဖြူဆီ လျှောက်လာခဲ့ကာ...


'' သျှံ....Long Time no see နော် "


သူအပြုံးတု တခုတပ်ဆင်းရင် မိုးသားဖြူ နားဝင်ရပ်ကာ သျှံထွန်းကို နှုတ်ဆက်လိုက်သည်..


'' ကိုဂုဏ် "


သျှံထွန်းမျက်နှာ အနည်းငယ်ပျက်သွားကာ..


'' အန်ကယ်လ် ရော နေကောင်းတယ် မှတ်လား "


သျှံထွန်း ခေါင်းသာ ညိမ့်ပြလိုက်သည်...


သူက မိုးသားဖြူ ဘက်လှည့်ကာ..


'' ဒါ ကို့ ဧည့်သည် ဘာပြသာနာရှိလဲ ညီမလေး "


''ဟို... မရှိပါဘူး သူက "


''ထပ်ပြီး ကိုဂုဏ် မိန်းကလေးပဲလား နွယ် တုန်းကလဲ နွယ်မို့လို့ ကျွန်တော်မျက်စိကျတိုင်း ကိုဂုဏ်နဲ့ ပတ်သတ်နေတာ နဲနဲတော့များပြီ "


'' ဒါ ကိုယ်တို့ ဆိုင်ဖွင့်ပွဲပါ သျှံရာ TUN အနေနဲ့ ပွဲတက်လာပြီး ပြသာနာ တခုခု ဖြစ်မှာ အန်ကယ်လ် လဲ မလိုလားလောက်ဘူး...

အခုတောင် မင်းကို နယ်ဘက် မဖြစ်သာလို့ပိုရရှာတာမဟုတ်လား...

ဒါ ကို့ ညီမလေးပါ "


သူမ ပခုံးကို သူတမင် ဆုပ်ကိုင်လိုက်ကာ..


မင်းတိမ်လွှာ ဘက်ကို မသိမသာအကဲခတ်လိုက်သေးသည်...


ဖုန်းပြောနေပုံရကာ...


အေးစက်စက်နဲ့ မျက်လုံးအကြည့်တွေက သူတို့ဆီကမခွာ..


'' ကိုယ်တို့ကို ခွင့်ပြုအုန်း အန်ကယ်လ်ကိုလဲ မေးတယ်လို့ ပြောပေးပါအုန်း See you သျှံ.

ညီမလေး လာ "


သူမ ပခုံးကို ခပ်ဖွဖွ ဖက်ရင်း...


သျှံထွန်း ရှေ့က ထွက်ခွာဖို့ပြင်လိုက်သော်လည်း..

သျှံထွန်းက သူမကို ခပ်ကြမ်းကြမ်း ပြန်ဆွဲလိုက်ကာ...


'' နေပါအုန်း ကိုဂုဏ်ရယ်.... ကိုဂုဏ်ညီမလေးဆိုလဲ မိတ်ဆက်ပေးအုန်းလေ မတိုပါနဲ့ဗျာ "


ပြီတီတီရယ်ကျဲကျဲနဲ့ သျှံထွန်းဆီက...


သူမ လက်ကို ခပ်တင်းတင်း ပြန်ဆွဲကာ..


ရုတ်တရက်မို့ သျှံထွန်းလက်ထဲကနေ သူ့အနား ပြန်ရောက်လာသည်...

သဝန်တို​ေစဖို့ရယ်....

TUN နဲ့ မငြိချင်လို့ရယ်....

သူမ ကို ခေါ်ထုတ်ဖို့ ကြိုးစားတာပေမဲ့

သျှံထွန်းရဲ့ ပုံစံနဲ့ အပြုမူဟာ သူ့ညီမသာဆို ဆွဲထိုးချင်စရာ မျက်နှာထားမျိူး..


နေရာတကာ ဝင်မပါတက်ပေမဲ့.....


မေမေ အမြဲဆုံးမခဲ့သလို...


အမျိူးသမီးတွေကိုလေးစားပါ...စောင့်ရှောက်ပါ 


ဆိုတဲ့ စကားလိုပဲ ဒီနေရာမှာ တခြား ဝန်ထမ်းမိန်းကလေးဆိုလဲ..

သူ့မှာ တာဝန်အပြည့်ရှိတယ်..


'' Sorry သျှံ ကိုယ်တိူ့ အလုပ်ရှုပ်နေလို့ ခွင့်ပြုအုန်း "


ဒေါသကြောင့်....သူမ လက်ကို တင်းနေအောင်ဆုပ်ကိုင်ထားမိကာ..

ဒီနေရာမှာ နွယ်လေးဆိုလဲ ဒီလိုပဲ ဝင်ပါမှာ မဟုတ်လား...


ကိုကို မမှားဘူးမဟုတ်လား နွယ်လေး


...


အခြေနေတွေကို လှမ်းကြည့်ရင်း....


သဝန်တိုစိတ်တွေ တဖွဲဖွဲဝင်ရောက်လာတာမို့..

မင်းတိမ်လွှာ ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်သည်...


'' ဟုတ်တယ် TUN gp ကို.. ငါပြောတဲ့အတိုင်းဆက်သွယ်လိုက် "


ph ချလိုက်သည်နှင့် ခြေလှမ်းကျဲတွေက


မိုးသားဖြူ လက်တွေကို ဆွဲသွားသည့်..


ဦးသြဇာဂုဏ် ဆီ လှမ်းလျှောက်လာခဲ့ကာ...


'' ဦးသြဇာဂုဏ် ကျေးဇူးပြုပြီး သူမ လက်တွေကို လွှတ်ပေးပါ..."


ပြောလဲပြော သူမ ကိုဆွဲထားသည့်လက်တွေကို ဖြုတ်ချကာ...


'' သူက ဒဏ်ရာရလွယ်တယ် ဒီလို ခပ်တင်းတင်း ကိုင်ထားတာ နာနေလောကိပြီ "


'' အကို "


'' Sorry ကျွန်တော် စိတ်လွတ်သွားလို့ အဆင်ပြေရဲ့လား ညီမ "


ဒေါသကြောင့် တင်းနေအောင်စေ့ထားသည့်နှုတ်ခမ်းတွေက ထင်းနေကာ...

မင်းတိမ်လွှာ ရဲ့ မျက်ဝန်းတွေထဲက သဝန်တိုမှု့တွေကိုလဲ အတိုင်းသားမြင်လိုက်ရတာမို့ ပြုံးလိုက်မိသည်...


ခံစားတက်ပြီမဟုတ်လား....


ဒီကောင်လေးရဲ့ ရဲတင်းပုံက...


မိုးသားဖြူကိုပဲ မြင်ပုံရကာ..


D Khit Group ရဲ့ ဥက္ကဋ္ဌ ဦးသြဇာဂုဏ် ဆိုတာ.... မင်းတိမ်လွှာအတွက် ဘာကောင်မှမဟုတ်သည့်အတိုင်း...


ဒီဘက်က ဆိုင်ရဲ့ အပြင်ကွယ်ရာ...လူရှင်းသည်မို့တော်သေးသည်..


မိုးသားဖြူကို မထိရက်မကိုင်ရက် ခေါ်ထုတ်သွားပုံက ဘယ်လောက်ချစ်မြတ်နိုးနေသလဲ သိသာစေကာ...

ကြောင်တောင်တောင်နှင်ပါသွားသည့် ဟိုကောင်မလေးကတော့..သူ့ကိုလဲ အားနာနေပုံပေါ်ကာ..

မင်းတိမ်လွှာ ရဲ့ ခံစားချက်တွေကိုလဲ သိပုံမရ


သူတို့နှစ်ယောက်ကို နောက်က ကြည့်ရင်း..

ကျေနပ်တဲ့အပြုံးနှင့် ပြုံးလိုက်မိသည်..


နွယ်လေး မဟုတ်ရင်ပြီးတာပဲ....


အနည်းဆုံးတော့ သူစိတ်အေးရတာပေါ့


rate now: