book

Index 24

( အပိုင်း...၂၄)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၂၄)

************************************


'' ကိုကို "


'' နိုးလာပြီလား နွယ်လေး "


မျက်လုံးတွေကို ပွတ်သပ်ရင်း နွေဦးနွယ် အိပ်ချင်မပြေသေးတာကြောင့်..ခေါင်းသာငြိမ့်ပြလိုက်သည်..


'' မျက်လုံးတွေတောင်မပွင့်ပဲနဲ့ နိုးတာတဲ့လား ဒီကောင်မလေးနှယ့် "


ရယ်ကျဲကျဲ အသံနှင့် ဦသြဇာဂုဏ် သူမ ပုံစံကို သဘောကျနေသယောင်ယောင်...


'' ခနလောက်မှေးချင်မှေးအုန်း....ကိုကို နောက်နာရီဝက်လောက်နေရင် နှိူးပေးမယ် "


အိပ်ချင်မူးတူးရုပ်နှင့် ခေါင်းခါပြရင်း


'' အလှပြင်ရအုန်းမယ် ဆိုင်ခွဲအသစ်ဆီသွားရမှာ "


အလုပ်တွေ လုပ်နေရင်သာ လူကြီးလိုလို ခပ်ထန်နေတဲ့ မျက်နှာထားနှင့် သူမ....


ရည်းစားတွေထား အကြောတင်းရင်း လုပ်ချင်တာလုပ်တက်တဲ့ သူမဟာ


တခါတရံ စိတ်လိုလက်ရရှိလျှင် သူ့အပေါ် ကလေးတယောက်လိုပြုမူတက်ကာ ဆိုးနွဲ့တက်သေးသည်...


ရေချိူးခန်းထဲ ဝင်သွားသော သူမကို ကြည့်ရင်း နှုတ်ခမ်းတွေက ပြုံးနေမိတာ..


ရေနဲ့ထိလိုက်မှ...အိပ်ချင်စိတ်တို့ပြေလွင့်စပြုကာ

ဒီတခေါက်...မင်းတိမ်လွှာနဲ့ သူမတွဲပစ်လိုက်တာ ထိရောက်တယ် ဆိုတာထက်ကို ပိုထိရောက်တယ်

ရေခဲတုံးလို အေးစက်မာကြောနေတဲ့...


ကိုကိုရဲ့အပြူမူတွေ အတော်ကို ပြောင်းလဲ သွားသည်


သဝန်တိုမှု့တွေ မမြင်ချင်မှအဆုံး.....


အရင်ကလဲ ဂရုစိုက်တက်ပေမဲ့...


အကိုတစ်ယောက်လိုသာ အမြဲ ပြုမူနေတက်ကာ အခုတော့...

ကြွေလောက်မဲ့စကားတွေ ပြောတက်လာသည်


နောက်ဆုံးတော့ သူမကို စိတ်ဝင်စားလာခဲ့ပြီပေါ့...


ဒီတခါတော့ အောင်မြင်ပြီထင်ရဲ့...


တကယ်ဆို သူမ ချောမောလွန်းတဲ့ မင်းတိမ်လွှာ ကို စိတ်ဝင်စားပါသည်..

အပျော်တမ်းတွဲတာမို့ တီတီတာတာ စကားသံတွေ ကြားချင်သည်..

ကိုကို ထက်ပင် အေးတိအေးစက် နိုင်လွန်းသည်မို့ လုံးဝ ဆက်ချစ်ကြည့်လို့မရ


အစကတော့ ကိုကို ကိုမေ့နိုင်လောက်သည်အထိ ချစ်မိပြီ ထင်ခဲ့သေးသည်......


ကိုကို သူမနှင့် မင်းတိမ်လွှာ ကို မသင်္ကါဖြစ်ကာ အသည်းသန် စုံစမ်းလာတော့...

သူမ လန့်မိကာ.....

ကိုကိုဘက်မှ ခါတိုင်းထက် ပို Serious ဖြစ် စုံစမ်းနေသည်မို့..


သူမ အင်မတန် ထိတ်လန့်လာသည်........


ကိုကိုနဲ့ ယှဥ်ရွေးရအောင်ထိ သူမ မလဲရဲ....


ဒေါသပေါက်ကွဲနေတဲ့ ကိုကို ကို...

အရင်တည်တည်ငြိမ်ငြိမ်နဲ့ မေးတုန်းကတွေလို


ဟုတ်ပါတယ် ကျမတို့ကြိုက်နေတယ် ဘာဖြစ်လို့လဲ ဆိုတဲ့ စကားမျိူး.... ပြောမထွက်ရဲတော့....


ကိုကို.....ကို ဆုံးရှုံးရနိုင်သလား...


ဒီအတွေးမျိူးဝင်လာတော့.....


အကြံဉာဏ်ထုတ်ရသည်....


သူမ ကိုကိုနဲ့ဝေးလို့မဖြစ်.....


မင်းတိမ်လွှာ ကိုယ်တိုင်ကလဲ သူမထက် မိုးသားဖြူဆီကိုသာ .....ပို အာရုံစိုက်တက်သည်မို့


မင်းတိမ်လွှာ နှင့် ပွင့်ပွင့်လင်းလင်းပဲ ပြောဖြစ်သည်....

သူကိုယ်တိုင်လဲ....မိုးသားဖြူ အနားရောက်လာဖို့ သူမကို အသုံးချခဲ့ကြောင်း ဝန်ခံခဲ့ကာ....

အချင်းချင်း..

အပြန်လှန်..... ကူညီကြဖို့ တိုင်ပင်လိုက်ကြခြင်းဖြစ်သည်


သူမ ကို ပြုံးကြည့်ရင်း ..ကျန်ခဲ့တဲ့ ကိုကို နှုတ်ခမ်းပေါ်က အပြုံးတွေကို.... သူမ ကျေနပ်နေမိရဲ့......

ဒီအပြုံးတွေကို သူမ ချစ်သည်......


'' နွယ်လေးရေ....ရေချိူးတာ ကြာရန်ကောကွယ် ဖျားမယ်နော် မြန်မြန်လုပ် "


'' ဟုတ် ပြီးပြီ "


ကိုကို့ အသံကြားမှ ရေချိူးခြင်းကို အဆုံးသတ်ကာ ပြီးနေပြီမို့ အမြန်ထွက်ခဲ့သည်...


သူမ အလှပြင် နေတုန်း....


ကိုကို ရေချိူးခန်းထဲ ဝင်သွားကာ...


ချထားခဲ့သော Laptop ကို ခိုးကြည့်မိတော့...


ရုံးချူပ်မှာ ကျန်ခဲ့သည့် အလုပ် mail တွေ စစ်နေသည်ပဲ


တကယ့်ကို အလုပ်သရဲပါ....


'' ဘာမွှေနေလဲ ကောင်မလေး "


သူ့ Laptop ကို သူမ ခိုးစစ်နေသည်မို့.....


သူမနံဘေး နံရံကို မှီရင်း လက်ပိုက်ထားသည့်သူ ဘယ်အချိန်က...အနားရောက်လာသလဲ..

ရေချိူးပြီး ထွက်လာသည်မို့....


သဘက်ပိုင်း တခုသာ ပတ်ထားပြီး


အပေါ်ပိုင်း ဗလာကျင်း....ေရစိုနေသေးသည် ကျစ်ကျစ်လစ် ခန္ဓာကိုယ်က ဆွဲဆောင်မှု့အပြည့်..


Hotel wifi နဲ့ ချိတ်ထားသည်မို့....


သူ့ Laptop မှာ Log in ဝင်ထားသည့် Social media acc တွေ ဝင်စစ်နေတာကြောင့်....

သူ့ အသံကြားတော့ လန့်သွားကာ...


'' ကိုကို "


'' စိတ်ချပါ ညည်းကိုကိုက အရှုပ်ရှင်းကင်းတယ် "


ထိုစကားက သူ နံဘေးမှာ အမြဲ ကပ်နေသည့်...သစ္စာဆိုတဲ့..ခပ်ငယ်ငယ်ကောင်မလေးကိူ မြင်ယောင်လာတော့.....


သူမ မဲ့ရွဲ့ ပစ်လိုက်ကာ


'' ဟုတ်လိမ့်အုန်းမယ် သစ္စာရှင်က ပြုံးပြနေတယ် မြင်ရလား "


သူမ ခပ်တိုးတိုးပြောတာ ပေမဲ့...


သူက ကြားဖြစ်အောင်ကြားလိုက်ကာ...


ထ ထွက်သွားတဲ့ သူမ လက်တွေကို လှမ်းဆွဲသည်...

သူမ ခန္ဓာကိုယ်ကို နံရံနှင့် ကပ်ထားလိုက်ကာ

သူ့ လက်တဖက်က နံရံကိုထောက်သည်..


သူတဖက်က သူမ ပါးလေးကို ဆွဲကာ...


'' ကိုကို ကြားတယ်နော် ကောင်မလေး "


'' ကြားရင် ကြားတယ်မှတ်ပေါ့ "


သူ့လက်က ပါးကို လိမ်ဆွဲလာသည်မို့


'' အား....နာတယ် ကိုကိုကလဲ မိတ်ကပ်တွေ ပျက်ကုန်တော့မှာပဲ "


'' Sorry နားသွားလား အုံဖွ ''


ပြောလဲ ပြော သူမ ပါးတွေကို ခပ်ဖွဖွ နမ်းပစ်လိုက်ပြီး...


ထိုမှ တဆင့်....


သူမ နှုတ်ခမ်းတွေဆီ သူနှုတ်ခမ်းတွေနှင့် ထိကပ် ဆွဲယူ နမ်းရှိုက်ပစ်သည်...


အတင်းဖိကပ်နမ်းနေသည်မှာ သူမ အသက်ရှုကြပ် လာသည်အထိ.... ကြမ်းလာပြီးမှ


ရပ်တန့်လိုက်ကာ...

သူ့နှုတ်ခမ်းကို လက်နှင့် ထိတွေ့လိုက်ပြီး...


သူမကို ပြုံးကြည့်ကာ.....


'' ဟောဒီနှုတ်ခမ်းတွေက စွာချင်အုန်း "


သူမ မျက်နှာလေး ရဲတက်သွားပြီး....


'' ကိုကို နော် ''


ရှက်ရှက်နှင့်အော်ပစ်လိုက်သည်....


သွားတွေပေါ်အောင် သူမကို ပြုံးပြပြီး သူမနားနားကပ်ကာ လေသံနှင့်


'' ကိုကို ကို့ မငြင်းတဲ့အတွက် Thank babe lay "


သူမထိုနေရာတင် မှင်သက်ကျန်ခဲ့ကာ....


တဒိတ် ဒိတ်နှင့် ခုန်နေတဲ့ ရင်ခုန်သံတွေဟာ ပေါက်ထွက်မတက်...


ထိုအမျိူးသားဟာ....


သူမ သိတဲ့ သူမ ကိုကို...


ဦးသြဇာဂုဏ် မှ ဟုတ်ပါလေ စ.....


စိတ်နဲ့ ကိုယ်နဲ့ မကပ်ချင်သလိုလိုဖြစ်သွားကာ...


ချိူမြိန်တဲ့ အနမ်းတွေဟာ.....


သူမ မက်မောတဲ့ အမျိူးသားဆီကနေ...


သူမတကယ်ပဲ ရလိုက်တာလား...


ဒါဟာ...အိမ်မက်များလား


အိမ်မက်ဆိုရင်တောင် မနိုးထချင်ပါဘူး ကိုကို 


.............


rate now: