ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၂၃)
************************************
ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်ရင်း....
တောင်တွေးမြောက်တွေးနဲ့ အချိန်ဘယ်လောက်ကြာသွားသည်မသိ....
'' အကို "
သူမ အသံကြောင့်လှည့်ကြည့်ရင်း...သောက်လက်စ ဆေးလိပ်ကို အနီးရှိ ပြာခွက်ပေါ် ထိုးချေ ပစ်လိုက်သည်...
ရေချိူးပြီးပြီထင်ပါရဲ့.....
မခြောက်သေးတဲ့ ခေါင်းပေါ်က ဆံပင်တွေဆီ မျက်လုံးအရောက်...
'' အာ ဒီကောင်မလေးတော့ ခေါင်းတွေကို ခြောက်အောင်မသုတ်ပြန်ဘူးကွာ ရေစိုအတိုင်းထားထားပြန်ပြီ "
သူမ လက်တွေကို ဆွဲရင် အခန်းဆီ ပြန်အဝင်..
အံသြ သလို အကြည့်နဲ့ ပါလာတဲ့ သူမက
'' အကိုကလေ... မသိရင် ညီမနဲ့ အမြဲအတူနေတဲ့သူလိုပဲ ပြောနေတဲ့ပုံက သူသိတာကျနေတာပဲ "
ဟုတ်သားပဲ.....
အခုချိန်ထိ ပတ်သတ်မှု့ဟာ... ရုံးက လုပ်ဖော်ကိုင်ဖက်လေ...
Dryer ကို ဖွင့်လိုက်ပြိီး
" လာ ဒီကို "
'' ပေးပါ ညီမ ကို့ဘာကို လုပ်မယ် အကို လုပ်စရာရှိတာလုပ်တော့လေ ''
'' ရှည်ပြန်ပြီ..ထု ထည့်လိုက်ရ "
သူမ ကို ထိုင်စေကာ ဆံပင်တွေကို ခြောက်အောင်လုပ်ပေးလိုက်ပြီး...
ဒီအချိန်တွေကို လွမ်းနေရတာ....
ဖြစ်နိုင်လျှင်အမြန်ဆုံး အနားခေါ်ထားချင်ပြီ..
သူ Luggage ထဲက အဝတ်အစားတွေထုတ်ရင်း ရေချိူးဖို့ ပြင်တော့...
သူမ က ခုံပေါ်မှာ ဖုန်းပွတ်နေသည်...
နောက်ကျနေပြီမို့ ညစာ တခါထဲစားခဲ့လို့တော်သေးသည်...နို့မို့ ဒီကောင်မလေး ဒီလောက်ငြိမ်နေမည်မထင်..
ရေအေးအေးနဲ့ ထိတွေ့လိုက်မှ ပူလောင်ခြင်းတွေ ပျောက်ပြီး ပင်ပန်းသမျှ လန်းသွားတော့တယ်..
အနားမှာရှိနေရင်းတောင်...လွမ်းနေရတာ
သူမ အနားမှ မရှိတဲ့ ညတွေဆို အိပ်လို့တောင်မပျော်ချင်...
အခုလို အချိန်တွေကို လွမ်းခဲ့ဖူးသလို...
အမြန်မကုန်ဆုံးစေချင်....
ဒီကနေပြန်သွားရင် သူမ ရှိမနေတဲ့ ညတွေကို ပုံမှန်အတိုင်း အထီးကျန်စွာ ဖြတ်သန်းရအုန်းမယ်..
ဒီအခန်းဟာ သူ ဒီ ဟိုတယ်ဆို လာရတိုင်း နေလေ့ရှိတဲ့အခန်းမို့
Sky Castle က သူ့အိပ်ခန်းနဲ့ တပုံစံတည်း လုပ်ထားတာမို့..
သူမနဲ့အတူရှိခဲ့တဲ့ အချိန်တွေအတိုင်း တစ်ထက်ထဲလို ခံစားရသည်..
အဝတ်လဲဖို့ နေရာလုပ်ထားသည်မို့ အဝတ်အစားပါ ဝတ်လိုက်ပြီး... သူ ရေချိူးခြင်းပြီးလို့ ပြန်ထွက်လာတော့..
ခုန ထိုင်နေတဲ့ ခုံပေါ်မှာ သူမ အိပ်ပျော်နေပြီး
ခုံပေါ်မှ ပြုတ်ကျခါနီးအနေအထား..
သူ အမြန်ပြေးကာ ပြုတ်ကျလာသော သူမကိုယ်လေးကို အောက်ထိကျမသွားစေရန် ပြေးပွေ့ထားပြီး ကုတင်ပေါ်သို့.. ပွေ့လာကာ အသာအယာ ချပေးလိုက်ပြီးမှ
ဒီပုံအတိုင်းဆို ဆင်အော်တောင်သူမ နိုးမည်မထင်..
သူမလေးရဲ့ အမူအကျင့်လေးတွေဟာ အရင်အတိုင်းမပြောင်းလဲသလို...
ဒီလူဟာလဲ အရင်အတိုင်း သူမကို ကုတင်ပေါ်ရွေ့ပေးတဲ့အလုပ်ကို ကျင့်သား တခုလို ဖြစ်နေခဲ့ကာ
အခုလဲ ရွေ့ပေးရပြန်ပြီပေါ့.....
ဒီအချိန်လေးတွေကို လွမ်းနေခဲ့တာ
နဖူးလေးကို နမ်းသည်...
ပါးလေးကို ခပ်ဖွဖွနမ်းသည်...
နှုတ်ခမ်းလေးဆီ အကြည့်အရောက်....
ခိုးနမ်းရတာတောင်းပန်ပါတယ် ချာတိတ်ရာ...
နူးညံတဲ့ သူမ နှုတ်ခမ်းလေးတွေရဲ့ အထိအတွေ့ကို သူ ရုန်းထွက်ဖို့ ခက်လှသည်...
နမ်းမဝနိုင် ဖြစ်ရသည့် ထိုနှုတ်ခမ်းလေးတွေကို သူ စွဲလန်းသည်....
ထို့နောက် သူမ နံဘေး ဝင်လှဲလိုက်တော့..
သူမ အကျင့်အတိုင်း လူးလွန့်ရင်း..
သူ့ရင်ခွင်ထဲ ဝင်လာရဲ့..
သူမလေးကို ဖက်ထားရင်း..
ဒီ အထိအတွေ့တွေကြားမှာ အိပ်ပျော်ဖို့ မနည်းကြိုးစားရကာ...
နဖူးလေးတွေကို နမ်းမိတာ အကြိမ်ကြိမ်....
......................................................................
မိုးလင်းပြီဆိုတဲ့အသိနဲ့ မျက်လုံးတွေကို အားကုန် ဖွင့်ဖို့ ကြိုးစားရင်း...
ဒီနွေးထွေးတဲ့ ခံစားချက်က ဘာပါလိမ့်...
သူမ မျက်လုံးတွေဖွင့်ကြည့်လိုက်တော့...
အကျီခပ်ဟဟပွင့်နေပြီး မာဆယ်အချိူ့မြင်နေရကာ ကြည်ပြီးဖြူလွန်းတဲ့ အသားအရည်နဲ့ ရင်အုပ်ခပ်ကျယ်ကျယ်တွေ...
တဖြေးဖြေးမော့ကြည့်တော့
နှာတံဆင်းဆင်းကလေး အရင်မြင်ရကာ...
ခပ်ချောချောမျက်နှာလေးဟာ အိပ်မောကျလို့နေရဲ့...
အကိုမျက်နှာချောချောရယ်...ခုန်လွန်းနေတဲ့ဒီရင်တွေရယ် သေပါပြီ
သူမမျက်နှာဟာ သူ့ရင်ခွင်ထဲတိုးဝင်နေခဲ့သလို...
လက်တွေကလဲ ဖက်တွယ်ထားမိကာ..
သူမ လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့ သူနိုးလာပုံရကာ..
အိပ်ချင်မူးတူ ဖြစ်နေတဲ့ မသပ်မရပ်ပုံစံနဲ့တောင်ကြည့်ကောင်းနေသေးသည်..
'' နိုးပြီလား ချာတိတ် "
သူမျက်လုံးတွေပွင့်လာပြီး သူ့အသံကြားလိုက်မှ အသိဝင်လာကာ ဖက်ထားမိတဲ့ လက်တွေကို အမြန်ဖယ်ရင်း
သူ့အနားက ခွာလိုက်ရသည်...
သွားတွေပေါ်အောင်ရယ်ရင်း....
'' ကိုယ် မင်းကို အသားမယူဘူးနော် မင်းကသာ အသားယူသွားတာ ဘယ်လိုတာဝန်ယူမှာလဲပြော "
'' အကိုနော် "
သူနဲ့ဆိုရင်....
အလိုလို စိတ်လုံခြုံနေကာ...
ဘယ်လိုယုံကြည်ချက်တွေကြောင့်...သူစိမ်း ယောက်ျားတစ်ယောက်ဘေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသည်အထိ အိပ်ပျော်သွားရသလဲ.....
တကယ်ဆို...သူမရဲ့ချစ်သူလဲမဟုတ်
ချောမောလွန်းလို့တခါတရံ ရင်ခုန်တက်ပေမဲ့...သူမ တွယ်တာမိနေတာက မိသားစုလိုမျိူး
အကိုတစ်ယောက်လိုမျိူး စိတ်လုံခြုံမှု့ပေးနိုက်တဲ့သူ...
ဒီလို ခံစားချက်အပြင် ပိုကြည့်လို့မရ....
.....................................................................
မင်းတိမ်လွှာ တို့အတွဲကိုသာ တမင်ပို့ပေးတာမို့ Single bad ပါတဲ့ အခန်းရွေးလိုက်ပေမဲ့...
နွယ်လေးအကြောင်းသိနေတဲ့ ဦးသြဇာဂုဏ် က..
နှစ်ယောက်ခန်းပေမဲ့...
တစ်ယောက်အိပ်ကုတင် နှစ်လုံးပါတဲ့ အခန်းကိုသာ ရွေးထားလိုက်သည်မို့...
မောင်နှမလို ဝင်ထွက်မြင်တွေ့နေရကာ ရင်းနှီးနေကြတဲ့ သူတို့အတွက် အထွေထူး ပြောင်းလဲသွားခြင်းမရှိချေ...
တစ်ဖက် ကုတင်ပေါ်မှာ...
အိပ်မောကျနေတဲ့ မျက်နှာ လှလှကလေးကို ငေးကြည့်ရင်း ချစ်မဝ.
သူနဲ့ဆို အမြဲသက်တောင့်သက်သာဖြစ်လွန်းတာကြောင့် တခါတရံသူ့ကို ယောက်ျားတစ်ယောက်အဖြစ် သူမ မမြင်တော့မှာ စိုးရိမ်းမိသေးသည်...
သူလဲ အသွေးသားနဲ့ ယောက်ျားတစ်ယောက်ပါ..
ချစ်တက်တဲ့ အသည်းနှလုံးရှိတယ်...
သူ ချစ်နေရတဲ့ မိန်းကလေးနဲ့ အတူ တခန်းထဲရှိနေတဲ့အခါတိုင်း စိတ်ရိုင်းတွေကို မနည်းထိန်းရသည်..
အခုလို..... အနားမှာ ရှိနေခွင့်လေးပါဆုံးရှုံးသွားမှာကြောက်တယ်..
ကိုကို ဟာနွယ်လေး အတွက်အရင်းနှီးဆုံး အကိုလို အဖေလိုလူမို့ ကိုကိုနဲ့ဆို ငြင်းစရာမရှိပါဘူး....
စေ့စပ်ကြောင်းလမ်း တော့ သူမ ထိုသို့ ပြောလာခဲ့သည်..
သူမဆီမှ အကိုလို သိပ်ချစ်ရတဲ့သူလို့ မကြာခဏ စည်းတွေခြားခဲ့တာမို့ ဒီစည်းတွေကို သူစောင့်ထိန်းရသည်..
လူကြီးတွေက လက်ထပ်ကြဖို့.....
တိုက်တွန်းနေကြပြီ.....
အချစ်မပါတဲ့ အိမ်ထောင်ရေးတွေထဲ သူမကို မပိတ်မိစေလို...
ဒီခရီးစဥ်မှာ...
သူမကို....
သူဖွင့်ပြောမည်ဟု စဥ်းစားထားသည်မို့...
ဆက်ဆံရေးတွေပျက်မသွားစေဖို့ မျှော်လင့်ရတာပါပဲ နွယ်လေးရယ်...
မင်း....ကိုကို့ ကို
မရက်စက်ဘူး မဟုတ်လား...