ရွှေစံအိမ်ရဲ့ ချစ်အိမ်မက် (အပိုင်း...၂)
***********************************
''ချာတိတ် "
'' ရှင် "
'' ဒီနေ့ကစပြီး ဒါဟာ မင်းအိမ်ပဲ အိမ်ရှင်ပဲ အဆင်ပြေသလိုသာနေတော့ ကိုယ် လက်စသတ်စရာလေးတွေရှိလို့ ခနပြန်ထွက်အုန်းမယ် "
'' ဟုတ် "
နံရံမှာ စနစ်တကျ တန်းစီချိတ်ထားတဲ့...သော့ တွေထဲက တခုကိုယူပြီး ထွက်သွားတဲ့ သူ့ကျောပြင်ကိုငေးမောရင်း...
ဒါတွေအကုန် ကားသော့တွေများလား.....
စိတ်ဝင်တစား ရေတွက်နေတုန်း...
သူတခေါက်ပြန်ဝင်လာပြီး..
" ချာတိတ်မ ကိုယ်မေ့တော့မလို့...ကိုယ်မရှိတဲ့အခါ မင်းအခန်းတံခါးကို Lock ချထားဘယ်သူ တံခါးလာခေါက်ခေါက် ဖွင့်မပေးနဲ့..."
'' ရှင်.."
သူ့ဘာသူပြောချင်ရာပြောပြီး ပြန်ထွက်သွားလေရဲ့...
သူမ မှာသာ အံ့သြကျန်ခဲ့ရပေမဲ့...သူကတော့စိတ်မဝင်စား..
သူမှာခဲ့တဲ့အတိုင်း...တံခါး Lock ချထားလိုက်တယ်...
ဟူး...တနေကုန် အပြုံးတုတွေနဲ့..နေလိုက်ရတာ တနှစ်စာလောက်ပင်ပန်းနေရောပဲ...
ဝတ်ထားတဲ့ Dress ကို ခက်ခက်ခဲခဲ ချွတ်ရတာနဲ့တင် သေချင်စော်နံရဲ့..
ရေချိူးခန်းထဲ ဝင်လိုက်တော့ အရင်ဆုံး Cosmatic အစုံတင်ထားတဲ့ အလှပြင်ဖို့ မှန်တင်ခုံနဲ့...အဝတ်လဲခန်း..
နောက် Silde door တခုထပ်ဖွင့်လိုက်မှ ရေချိူးခန်း...
သူမ ဒါတော့ သဘောကျမိတယ်..သူမရှိလို့တော်သေးရဲ့..
သူရှိနေတဲ့အခါ အဝတ်ဘယ်လိုလဲရပါ့မလဲလို့ အတွေးကြပ်လာတာ....
အဝတ်စားတွေထဲက ည ဝတ် အကျီလေးယူပြီး...
ရေချိူးလိုက်တယ်...
အေးမြတဲ့ရေနဲ့ထိတွေ့လိုက်တယ်ဆိုရင်ပဲ..တနေကုန်ပင်ပန်းထားသမျှ ပျောက်...
ရေချိူးပြီးတော့ နေရာတကျ မဖြစ်သေးတဲ့ သူမ ပစ္စည်းအချိူ့ကို နေရာချဖို့ပြင်လိုက်တယ်..
တကယ်ဆို သူ ပြင်ဆင်ပေးထားတာတွေက ပြည့်စုံတာထက်တောင် ပို နေတာမို့ သူမ ပစ္စည်း တွေတောင် မလိုအပ်ပါဘူး...
အချိန်တွေဘယ်လိုကုန်သွားတယ် မသိ.. ညအတော်နက်နေပြီ..
ခနဆိုပြီး သွားလိုက်တာ သူ ခုထိပြန်မရောက်လာခဲ့..
အနေခက်လို့ ပြန်များမလာတော့ဘူးလား..
တံခါးက လော့ချထားတာ...သူမ အိပ်ပျော်သွားလို့မဖြစ်...
သူ ပြန်ရောက်လာတော့ ထိုင်ခုံပေါ်မှာ အိပ်ပျော်နေတဲ့ သူမ...
သူ့ကိုစောင့်နေတာထင်ရဲ့
လိမ္မာလိုက်တဲ့ ချာတိတ်မ ပြောတဲ့အတိုင်း တံခါးပိတ်ထားသလို.. သူပြန်လာရင် ဖွင့်ပေးဖို့ ထိုင်စောင့်နေသေးတယ် ထင်ပါရဲ့
" ဟိတ်...ထ...အိပ်ယာပေါ်သွား ချာတိတ် "
သူ နှိူးလိုက်တော့ အိပ်ချင်မူးတူး အသံနဲ့
" ဟင် အွန်း.. အကိုပြန်လာပြီလား..အင်း.."
ပြောသာပြောတာ မျက်လုံးက ပွင့်မလာ..သူမဘာသာမေး ပြီး ပြန်အိပ်သွားတယ်..
ဒီကောင်မလေး မနိုးသေးဘူးပဲ...
သူ အသာပွေ့ ကုတင်ပေါ်ရွေ့ပေးလိုက်ပြီး...
ပင်ပန်းထားသမျှ လန်းသွားအောင် ရေချိူး အဝတ်စားလဲ လိုက်တယ်...
အရင်လို တစ်ယောက်ထဲမဟုတ်တော့...
သူမ နိုးသွားမှာစိုးလို့ သတိထားရသေးတယ်...
သူ့ချစ်သူလဲမဟုတ်တော့.....အရင်က ရင်းနှီးတာမှန်သော်လဲ...
အခုလိုကျ အနည်းငယ် ကျဥ်းကျပ်မိတာ အမှန်ပါ......
အိပ်ပျော်နေတဲ့...သူမ ဘေး အသာ ဝင်အိပ်ရင်း....အိပ်ပျော်ခါနီးမှာ..
သူ့ခါးကို လာဖက် သူ့ရင်ခွင်ထဲ ခေါင်းတိုးလာတဲ့ ချာတိတ်မ...အိပ်ပျော်နေလိုက်တာမှ အပူပင် ကင်းလို့ပါပဲ
........................................................................
အာ...သူ့ကို တံခါးဖွင့်ပေးရအုန်းမယ်.
ဆိုတဲ့အသိကြောင့် မျက်လုံးကို ဖွင့် အတင်းနိုးထလိုက်ရတယ်...
နွေးထွေးနေတဲ့ အထိတွေ့.......
သူမကိုဖက်ထားတဲ့....လက်
သူမ ဝင်နေမိတဲ့ ရင်ခွင်....
သူ......မျက်နှာ ခပ်ချောချောကိုမြင်မှ
သူမ... သူ့ကို ဖက်ထားမိပါလားဆိုတဲ့အတွေးကြောင့် အားနာမိသွားတယ်..
သတိထားနေတဲ့ကြားကပဲ... အအိပ်မက်တဲ့သူမ... မိုးလင်းမှ နိုးလာရတယ်လို့
" အွန်း..နိုးပြီလား ချာတိတ် ''
'' ဟုတ်...အကိုတိမ်လွှာ ညီမ ဒီအတိုင်းအိပ်ပျော်သွားတယ်ထင်တယ်..Sorry ပါနော်အကို..နောက်သတိထားပါ့မယ် "
သူမ ခေါင်းအုံးအိပ်ထားတဲ့ သူ့ လက်တဖက်ကို ကွေးလိုက်ဆန့်လိုက်လုပ်ရင်း..
" မင်းက အိပ်ပုပ်တာပဲ မထင်ရဘူး "
ပြောပြီး ရေချိူးခန်းထဲ ဝင်ဖို့အလုပ်
'' ဒေါက် ဒေါက် ''
'' ဘယ်သူလဲ...''
''.သခင်လေး ဆရာက သခင်လေးတို့လင်မယား ခန ဆင်းခဲ့ပါတဲ့ "
'' ဟုတ်ပြီ...လာခဲ့မယ်လို့ပြောလိုက် "
နားမလည်တဲ့အကြည့်နဲ့ သူ့ကို လှမ်းကြည့်နေတဲ့ သူမ...
သူ သေချာ ပြန်ကြည့်လိုက်ပြီး..ဘာလုပ်ရမလဲ ဆုံးဖြတ်ချက်တခု ချ လိုက်ကာ
သူမ အနား လှမ်းသွားလိုက်တယ်..
ရုတ်တရက် အနားကပ်လာတဲ့သူ့ကို တအံ့တသြလေး ကြည့်နေကာ မသိမသာ နောက်ဆုပ်လိုက်တာမို့ သူမ ကျောက နံရံမှာ ကပ်သွားတယ်...
" ငြိမ်ငြိမ်နေနော် "
သူ ပြောပြီးတာနဲ့....
သူမလည်တိုင်လေးကို အနမ်းတွေ ချွေချလိုက်တယ်...
တမင် အရာပေါ်အောင် လုပ်ချလိုက်တာမို့
'' အာ့ "
နာကျင်သွားတာလား လန့်သွားတာလား....သူမ သာ သိလိမ့်မည်....
" Sorry လုပ်ဖို့ လိုအပ်လို့ "
မင်းတိမ်လွှာ.... သူ့အကျင့်အတိုင်း သူလုပ်ချင်ရာလုပ်ပြီး လှည့်ထွက်သွားခဲ့တယ်..
သူဘယ်တော့မှအပိုမလုပ်တက်သူမို့ ..အကြောင်းတခုခုရှိလိမ့်မယ်လို့သာ သူမ တွေးလိုက်မိရဲ့...
သူတို့ အောက်ထပ်ကို သွားခါနီးတော့...
"မင်းကိုယ့်ကို ကိုကို လို့ပြောင်းခေါ်ပေးလို့ရမလား ''
''ရှင် "
'' ကိုယ်တို့ဆက်ဆံရေးက သမီးရည်းစား ဘဝကနေ အကြင်လင်မယားအဖြစ်ရောက်ခဲ့တာလို့ တလောကလုံးကသိထားတာလေ...
ကိုယ်တို့ အစစအရာရာ သတိထားရမယ်...
အထူးသဖြင့် ကိုယ့်ဦးလေး အရှေ့မှာ.."
'' ဒါပေမဲ့...ညီမ ခေါ်မထွက်ဘူး အကို "
'' ok အကို လောက်ဆိုဖြစ်တယ် အကိုတိမ်လွှာလို့မခေါ်မိစေနဲ့...."
'' ဟုတ် "
'' ချာတိတ်မ...မင်းအရင်နဲ့မတူဘူးနော် "
'' ရှင် "
'' ဟော တ ရှင်ရှင်နဲ့...အရင်ထက်လဲစကားနည်းလာတယ် ကိုယ့်အပေါ်အရင်ထက်လဲပိုစိမ်းသွားတယ်...
အရင်ကဆို ကိုယ် ပြောပြောမပြောပြော ကိုယ်နဲ့တွေ့တာနဲ့ စကားတွေ တွတ်ထိုးနေတက်တဲ့ကောင်မလေးပါ "
'' မဟုတ်ပါဘူး "
'' ဟုတ်ပါတယ်ကွာ ဟန်ဆောင်တွဲပြတဲ့အခိုက်အတန့်မှာ ရင်းနှီးနေပြီး
တကယ်လက်ထပ်လိုက်မှ ဝေးသွားသလိုပဲ "
'' တကယ်လက်ထပ်တယ် "
'' ဟမ်...မဟုတ်မှလွဲရော ဒါကိုရော ဟန်ဆောင်လက်ထပ်တာ် ထင်နေတာလား..ရော ခက်ပြီ..''
'' မသိဘူးအကို....တကယ်လို့မခံစားမိတာတော့အမှန်ပါ "
'' ကျွတ် "
သူမ ခန္ဓာကိုယ်ကို နံရံမှာ ဆွဲကပ်လိုက်ကာ....
'' ဟန်ဆောင်တာမဟုတ်ဘူးနော် ဒါလက်တွေ့လက်ထပ်ယူထားတာ..
ကိုယ်သိပါတယ် မင်းလဲ မချစ်ဘူး ကိုယ်လဲ မချစ်ဘူး...
အဓိက အချစ်မဟုတ်ဘူး...သင့်တော်ဖို့ပဲ
မင်းက အသင့်တော်ဆုံးမို့ ကိုယ်ရအောင်ယူခဲ့တာ
ရုပ်ရှင် တွေထဲကလို အခန်းခွဲသုံးတာတို့ ချစ်သွားကြတာတို့ လုပ်မှာမဟုတ်သလို ကွာရှင်းတာမျိူးလဲ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး..
ရှေ့လျှောက် မင်းအိမ်ထောင်သည်ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်အောင်ကြိုးစားပေး...
ကိုယ်လဲ ကြိုးစားမယ် ဟုတ်ပြီလား.."
''ဟုတ် "
'' လိမ်မာတယ် ချာတိတ် "
သူတို့အောက်ရောက်တော့...သူ့ဦးလေးက သူမ လည်ပင်းကိုသာ ခပ်စူးစူး စိုက်ကြည့်နေလေရဲ့..
" ဟန်ဆောင်ယူထားတယ် ထင်ခဲ့တာ အရှုပ်ထုပ် သက်သက်မဟုတ်ဘူးပေါ့ "
'' ကျွန်တော့ ဇနီးပါ လေးငယ် စကားပြောတာ Respect ရှိပေး "
'' အဟွန်း....စောင့်ကြည့်ပါအုန်းမယ် ဘယ်နှ နှစ်ခံမလဲလို့ "
'' ချာတိတ်... ဒါကိုယ့် ဦးလေးပဲ လူကြီးမို့ ချာတိတ်ဘက်က Respect ထားရမယ်နော် "
'' ဟုတ်ကဲ့ အကို "
'' Respect ထားဖို့ပဲမှာတာ...ခုလို စော်ကားမောက်မာတဲ့ စကားမျိူးအထိ ထိုင်နားထောင်နေဖို့ မလိုဘူး လာ ထ သွားမယ် "
သူ့လက်ကို...သူမဘက် ကမ်းပေးနေတာမို့ သူမ ဆွဲကိုင်လိုက်တာနဲ့...
သူမ လက်ကို ခပ်တင်းတင်းဆွဲရင်း...ထွက်လာခဲ့တယ်..
သူတို့မိသားစုက ထူးဆန်းရဲ့....
လာခဲ့ဖို့အခေါ်လွှတ်တော့ ချက်ချင်းသွားတာမို့ သူ့ ဦးလေက သူ့အပေါ်သြဇာညောင်းတယ် ထင်မိပေမဲ့...
တခွန်းမခံ...ပြန်ခံပြောပြီး လျစ်လျူရှူပြန်ရော..
သူမ ဘယ်လို နားလည်ရမလဲ.....
ဒီအသိုင်းဝိုင်းထဲ သူမ ဘယ်လို နေသင့်လဲ.....
အေးတိအေးစက်ရှိလှပြီး.
သူလုပ်ချင်ရာသာဇွတ်လုပ်တက်သလို ဘယ်အရာမှ ဂရုတစိုက်မရှိတဲ့သူနဲ့....သူမ ဘာတွေ ဆက်လုပ်ရမလဲ.....