book

Index 15

(အပိုင်း...၁၅)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက် (အပိုင်း...၁၅)

************************************


'' မင်း....မိုးသားဖြူ ကို ချစ်နေပြီမှတ်လား "


'' သူရိန် ငါ သူ့ကို ဘာကြောင့်လက်ထပ်ခဲ့လဲ သိရဲ့သားနဲ့ "


'' သိနေလို့ပေါ့....မင်းလိုကောင်က ဒီလောက်ကို ပြာနေတာကို "


'' ဒါကတော့...ဘယ်လိုအခြေနေကြောင်ယူခဲ့ယူခဲ့. သူက ငါ့ဇနီးလေကွာ ငါ့မှာ စောင့်ရှောက်ရမဲ့ ဝတ္တရားရှိပြီးသားလေ "


ကောင်မလေးတစ်ယောက် စားစရာတွေ လာချပေးတော့မှ သူတို့စကားစ ပြတ်သွားတော့သည်....


ဗိုက်ဆာနေသည်မို့.....


သူ ထမင်းပန်းကန်ဆွဲယူ စားဖို့ပြင်ပြီးမှ...


ထုံးစံအတိုင်း ပျိူ့တက်လာကာ...


နေရာမှ အမြန်ထကာ...အောက်ထပ်ရှိ အနီးဆုံး Bathroom ထဲဝင်ကာ ထိုးအန်ချလိုက်ရသည်

.


ဟူး.......


သက်ပြင်းချလိုက်ပြီး လှည့်ထွက်ဖို့ပြင်လိုက်မှ တံခါးဝနားမှာ နံရံတွေကို မှီရင်း လက်ပိုက်ကာ....


ပြုံးကြည့်နေတဲ့... သူရိန်..


'' ဘာလဲ အဲ့ဒီမျက်နှာအမူအယာက "


''မင်းအခုတလော မကြာခဏ ပျို့အန်တာတွေ ဝမ်းဗိုက်နာကျင်တာ အစာစားချင်စိတ်လျော့နည်းတာ ဒါမှမဟုတ် အစာစားချင်စိတ်တိုးတာ သွားကိုက်တာ ​အသက်ရှူလမ်းကြောင်းဆိုင်ရာပြသာနာ စတဲ့ရောဂါလက္ခဏာတွေ တခု ဒါမှမဟုတ် တခုထက်ပို ခံစားရတာမျိူးရှိလား..."


သူရိန်ပြောတဲ့ ရောဂါလက္ခဏာ အများစုဟာ သူခံစားနေရတာတွေမို့...

သိလှချည်လား ဆိုတဲ့ အကြည့်မျိူးနဲ့ လှမ်းကြည့်မိတော့..


'' မင်းတိမ်လွှာ.... မင်းတိမ်လွှာ ပြောတော့ မိန်းမကို မချစ်ဘူး မချစ်ဘူးနဲ့ Couvade Syndrome တောင် ခံစားနေရပါရောလား.."


'' Couvade Syndrome? ??''


'' မင်း....မင်းမိန်းမ မှာ ကိုယ်ဝန်ရှိနေတာ ကြိုရိပ်မိတာမျိူးရှိလား ''


'' ရိပ်မိတာမျိူးတော့မရှိပါဘူး ဒါပေမဲ့....ရှိချင်ရှိလာနိုင်တယ်ဆိုတာမျိူး တွေးမိတဲ့အခါတွေတော့ရှိတယ်.."


သူရိန်...အလေးနက်နားထောင်နေဟန်နဲ့ ခေါင်းကို ခပ်ဆက်ဆက် ညိမ့်လိုက်တာကြောင့်....


'' မင်းလဲ သိသားနဲ့ ချာတိတ်က ငယ်လဲငယ်သေးတာမို့ မတော်တဆ ကိုယ်ဝန်ရှိလာခဲ့ရင် ဆိုတဲ့အတွေးဝင်တိုင်း ချာတိတ်ကို စိတ်ပူတယ်...သူမ လက်ခံနိုင်ပါ့မလားဆို့တဲ့အတွေးကနေ morning sickness မှာ ခံနိုင်ရည်ရှိပါ့မလား..အတွေးထိ တွေးပူလာမိရော..."


'' အခု စိတ်မပူပါနဲ့တော့ မင်းမိန်းမ ခံစားရမဲ့ ဝေဒနါတွေ မင်းခွဲယူလိုက်ပြီပဲကိုး "


'' ဘယ်လို "


''Couvade Syndrome ကို တနည်းအားဖြင့် sympathetic pregnancy ( စာနာကိုယ်ဝန်)  လို့လဲ ခေါ်လေ့ရှိတယ်..ကိုယ်ချင်းစာ စိတ်ကနေဖြစ်ပေါ်လာတဲ့ ကိုယ်ဝန်ပေါ့

ကိုယ်ဝန်ရှိနေတဲ့ အမျိူးသမီးခံစားလေ့ရှိတဲ့ ရောဂါလက္ခဏာ မျိူး အိမ်ထောင်ဖက် အမျိူးသားက ခံစားရတာ... ဒါဟာ ရောဂါဆိုတာထက် စိတ်ခံစားမှု့ကနေဖြစ်လာတာမို့ စိတ်ပိုင်းဆိုင်ရာ ရောဂါပေါ့.... ဒီလိုစာနာစိတ်ကနေ ဖြစ်လာဖို့ဆိုတာ မိန်းမကို တော်ရုံ ချစ်ပုံမျိူးနဲ့မရဘူး ဒါတောင်မချစ်ဘူး ငြင်းနေအုန်းမယ်ပေါ့ ''


'' အဲ့တာက ..."


'' ငြင်းမနေတော့ မင်းက မချစ်တာမဟုတ်ပဲ ထားစရာမရှိအောင် ချစ်နေတာကို မသိတာ....

ကို့ဘာကို သိအောင်ကြိုးစား...ဟုတ်ပြီးလား..မင်းအတွက် ဆေးပေးခဲ့မယ် "


စကားပြောရင်း ထမင်းစားခန်းဘက် ပြန်လျှောက်လာကြ ကာ.....


သူရိန်ကတော့ ထမင်းဆက်စားနေခဲ့ပေမဲ့....


သူ့မှာ လုံးဝ စားမရတာကြောင့်..စားသောက်ခြင်းကို အဆုံးသတ်လိုက်ရသည်...


'' သခင်မလေး သတိရလာပြီ သခင်လေး "


သူမ သတိရလာပြီ .... ရင်ထဲ လှိုက်ခနဲ ဖြစ်လာကာ..ပျော်သွားတာလား ဘာဖြစ်တာလဲ သူ မသိ..


'' သူရိန် ငါ အပေါ်တက်နှင့်တော့မယ် "


သူ အပေါ်ပြေးတက်လာတော့ သူရိန်လဲ နောက်ကနေ ကပ်ပါလာခဲ့လေရဲ့.....


သူ့ကိုတွေ့တော့ ...


'' အကို.....ညီမ "


သူမ စကားမဆုံးခင် သူမ ခန္ဓာကိုယ်ခပ်သေးသေးကို ပြေးဖက်မိတာ သူကိုယ်တိုင်တောင် သတိမထားမိ


" တော်ပါသေးရဲ့ကွာ...မင်း တခုခု ဖြစ်ရင်ဆိူပြီး စိုးရိမ်လိုက်ရတာ..."


ဘေးက လူတွေရှိနေတာကို သတိမရတဲ့ပုံနဲ့ စကားတွေ ပြောနေတာကြောင့် သူမ အနေခက်လာကာ..


'' အကို "


'' ချာတိတ် နေလို့ကောင်းရဲ့လား ဘယ်လိုနေသေးလဲ "


'' ဟုတ် ''


'' နောက်ဆို ဂရုစိုက်ရမယ်နော် ချာတိတ်က တယောက်ထဲမဟုတ်တော့ဘူး ကလေးလေးရှိနေပြီတဲ့ "


'' ရှင် "


သူမ အယောင်ယောင်အမှားမှားနဲ့ ဗိုက်ကို ကိုင်လိုက်မိကာ...


ကိုယ်ဝန်တဲ့လား....


အချစ်တွေ မပါ တဲ့ ဒီအိမ်ထောင်ရေးမှာ...

ကလေးကိုပါ ဓားစာခံ မဖြစ်စေချင်...


သူမ ရင်သွေးလေးကိုတော့ ချစ်ချင်းမေတ္တာ အပြည့်အဝနဲ့ကမ္ဘာမှာပဲ မွေးဖွားစေချင်သည်...


လိုအပ်လို့ပေးတဲ့ မေတ္တာတွေထက် ပေးချင်လို့ ပေးတဲ့ မေတ္တာ တွေသာ ဖြစ်စေချင်သည်..


'' အကို..."


'' အင်းပြော ချာတိတ် "


'' ညီမ နားချင်ပြီး ခေါင်းထဲ သိပ်မကြည်ဘူး "


သူမ စကားတခွန်းမှာပဲ......


ရှိသမျှ လူ အကုန် ပျောက်သွားကာ....


သူရိန် က သူမ အခြေနေ စမ်းသပ်ကာ ဆေးအချိူ့ သူ့ကို ပေးနေတာ မှာနေတာ မြင်လိုက်ပေမဲ့..

မျက်လုံး အစုံကို မှိတ်ချလိုက်သည်...


ပေါက်ခနဲ ကျလာတဲ့ မျက်ရည်တွေကိုတော့ ဘယ်သူ မြင်ပါ့မလဲ...


ရုန်းထွက်ဖို့ ကြိုးစားရင် ဒီနွံမှာ နစ်သွားပြန်ပြီလား.....


အချိန်တွေနောက်ပြန်ဆုတ်လို့ရရင်ကောင်းမယ်...


ဒါမှမဟုတ် ဒါတွေအားလူံး အိမ်မက်သာဆိုကောင်းမယ်...


သူမ..


နိုးထချင်တယ်..


ဟုတ်တယ် သူမ ရုန်းထွက်ချင်တယ်...


ဒျီနရောကို....


အခုလက်ရှိ မင်းတိမ်လွှာ ရဲ့ ဇနီးနေရာကို.....လိုအပ်လို့ပေးတဲ့ ေမတ္တာပဲရတဲ့ ဦးမင်းတိမ်လွှာရဲ့ ဇနီးနေရာကို.....


သူမ....


နောက်တကြိမ် ပြန်မလာချင်တော့ဘူး.......


rate now: