ရွှေစံအိမ်ရဲ့ ချစ်အိမ်မက် ( အပိုင်း...၁၄)
*************************************
ဆက်တိုက်ဆိုသလို မင်းသားလေးရဲ့ ကြင်ယာတော်အဖြစ် သူ အိမ်မက်တွေ မက်လာခဲ့တာ...
ညရောက်မှာကို မျော်တက်လာခဲ့တယ်.....
ပျော်တက်လာခဲ့တယ်..
ဒီနေ့...သူမ အလုပ်ရလာခဲ့တာမို့..ပျော်ရွှင်မှု့က ပြောမပြတက်အောင်ပါပဲ..
သဘက်ခါက စပြီး အလုပ်ဆင်းရမှာမို့ ပျော်ရွှင်မိသေးရဲ့.....
သူမ ကုတင်ပေါ်လှဲချလိုက်ရင်းဆ
သူမ မွေးနေ့ရောက်ဖို့ နှစ်လသာ လိုတော့တာပါလား...
ရင်ထဲလှိုက်ခနဲ့ဖိုသွားတာ..
မွေးနေ့ကြောင့်လား....
အိမ်မက်တွေဆီသွားရတော့မှာကြောင့်လား....
.......................................................................
အိပ်ပျော်နေတဲ့ သူမ နဖူးလေးစမ်းကြည့်ရင်း...
သူ့ရင်ထဲ..အမျိူးအမည်မသိခံစားချက်တချိူ့ရလိုက်ရဲ့..
ဒီနေရာမှာမနေချင်တော့ဘူးလို့ သူမလေး အကြိမ်ကြိမ်ရေရွတ်နေခဲ့ကာ လဲကျသွားသည်အထိ ဆန္ဒတွေပြင်းပြနေခဲ့တာပါပဲ....
ဘာကြောင့်များလဲ ကောင်မလေးရယ်..
မင့်ကိုယ့်အနားပျော်မနေတာ သိပေမဲ့လဲ....
ကိုယ်...မင်းကို မချစ်နိုင်ပေမဲ့လဲ..
အနားကနေထွက်သွားခွင့်မပြုချင်ပြန်ဘူး ချာတိတ်ရာ..
ကိုယ့်စိတ်တွေကို ကိုယ်တိုင်လဲ နားမလည်တော့တဲ့အထိပါပဲ..
အတွေးတွေ ယောက်ယက်ခက်နေတုန်း......
လူးလွန့်လာတဲ့သူမ မျက်လုံးအစုံဖြေးဖြေးချင်းပွင့်လာခဲ့တယ်...
'' သတိရပြီလား ချာတိတ် "
'' အကို....."
''အင်း...မင်းသက်သာရဲ့လား "
'' ညီမ ဘာဖြစ်သွားတာလဲဟင် "
''မင်း အရမ်းကို အားနည်းနေတယ် ကလေးရယ်.. ကိုယ့်ကို စိတ်ပူရအောင်မလုပ်ပါနဲ့လား...
ကိုယ့်အနား..မနေချင်ဘူးလို့မင်းအော်ဟစ်နေခဲ့တာ "
''ညီမကလား.."
'' အင်း...ဒါပေမဲ့ ကလေးလေးရယ်.မင်းဘယ်ကမ္ဘာပဲရောက်ရောက် ကိုယ်ရအောင်လိုက်လာနိုင်တာ မင်းသိထားပေး "
'' အဟွန်း..ခပ်စိမ်းစိမ်းအကြည့်တွေနဲ့ အေးစက်စက်နှလုံးသားရော ဘယ်ကမ္ဘာရောက်ရောက်တူညီနေအုန်းမှာလား..."
'' .....''
'' ညီမအပေါ် မချစ်နိုင်တဲ့စိတ်ကရော တူညီနေအုန်းမှာပဲ မှတ်လားအကို...."
''. ...''
'' အကိုမဖြေနိုင်တော့ဘူးမဟုတ်လား.....ဘာလို့လဲဆို အကို့နှလုံးသားဟာ ဘယ်နေရာရောက်ရောက် တူညီနေမှာပဲမို့လို့လေ "
'' မဟုတ်ရပါဘူး ကလေးလေးရာ...မဟုတ်လို့မဖြေတာပေါ့ကွာ ''
ရုတ်တရက် တိတ်ဆိတ်သွားတဲ့ သူတို့နှစ်ဦးရဲ့ အခြေနေတွေဟာ..ခုချိန်ထိ စိမ်းသက်နေတုန်းပဲလား...
သူမ လိုချင်တာ...သူ့ဆီက အချစ်လဲမဟုတ်ပါဘူး.. ...ဒါပေမဲ့ မချစ်ပဲနဲ့ လိမ်ပြောခဲ့တာကြီးကို မကျေနပ်နိုင်..
မသိရင်...သူမစိတ်ကျေနပ်အောင် ဇွတ်လိမ်ညာရပုံက သူမကပဲ သူ့အချစ်ကို ငမ်းငမ်းတက် လိုအပ်နေတဲ့ပုံမျိူး..
ဝန်ခံပါတယ်....သူမရင်ခုန်ခဲ့ဖူးတယ်
သူက သိပ်ကိုချောမောလွန်းတယ်မဟုတ်လား..
အနီးကပ် ထိတွေ့မိတဲ့အခါ ရင်ခုန်တာ တွေရှိခဲ့တယ်..
သို့သော် ဒါတွေဟာ အချစ်မှ မဟုတ်ပဲ....
သူ ဒီလောက်ထိ ဝဋ်ကြေတန်းကြေဆန်ဖို့မကောင်းဘူးကွယ်..
ရက်စက်ပါဘိ...ဘယ်လိုနှလုံးသားမျိူးပါလိမ့်..
ဒီလိုနဲ့ပဲ....
သူရဲ့အေးစက်မှု့တွေအောက်မှာပဲ..သူမ အသားကျလာခဲ့တယ်...
ရက်စက်တဲ့နှလုံးသားပိုင်ရှင်ဖြစ်ကြောင်း...
သူမ လက်ခံလိုက်လို့ ဖြစ်လိမ့်မည်....
'' အော့....."
ခပ်ကျယ်ကျယ်ကြားနေရတဲ့...အော့အန်သံ
သူမ သိပ်ကိုရင်းနှီးနေတဲ့အသံ...
'' အကို "
'' sorry ပါ ကလေးရယ် ကိုယ့်အသံကြောင့် နိုးသွားတာလား.."
ရေချိူးခန်း ဘေစင်မှာ ခေါင်းစိုက်နေတဲ့ သူ့ကိုတွေ့ရတာ မသက်မသာရှိလှသည်မို့
'' အကို..နေမကောင်းဘူးလားဟင် ''
'' ကောင်းပါတယ်ကွာ....လေခံနေတယ်ထင်တယ် ဆေးသောက်လိုက်မယ် ရတယ် ချာတိတ် "
'' ဟုတ်ရဲ့လား အကိုရယ်.. အကို့ကြည့်ရတာ မသက်မသာရှိလိုက်တာ ကိုသူရိန်ခေါ်လိုက်ရမလားဟင် "
သူ ဘာမှပြန်မပြော ခပ်ကုပ်ကုပ်နှင့် အိပ်ယာပေါ်ပြန်သွားကာ လှဲနေလိုက်သည်မို့..
'' အကို တခုခုဖြစ်နေမှာစိုးရတယ်...ဒီရက်ပိုင်း အစာလဲသိပ်မစားဘူး မကြာမကြာ အော့အန်နေတာလဲ ညီမ တွေ့တယ် ပိန်လဲ ပိန်သွားသလိုပဲ "
ပွစိပွစိပြောနေတဲ့သူမကို ခပ်ပြုံးပြုံးကြည့်ကာ
'' ချာတိတ်က ကိုယ့်ကို စိတ်ပူတယ်ပေါ့ "
အသံခပ်တိုးတိုးနဲ့ အပြုံးတွေက ခပ်ယဲ့ယဲ့သာရှိနေတာမို့..
'' စိတ်ပူတာပေါ့အကိုရယ်...အကို့လို မှမဟုတ်တာ "
'' ဟုတ်ပါပြီကွာ စကားနာတွေ မထိုးပါနဲ့တော့...
ကိုယ်ခေါင်းနဲနဲ မူးချင်ချင်မို့ ခနနားအုန်းမယ် ကလေးရာ "
သူ မျက်လုံးတွေ မှိပ်ပစ်လိုက်တာမို့...
သူမ ဆက်မပြောသာတော့...
အနားခပ်ဖွဖွကပ်ကာ နဖူးလေးကို စမ်းကြည့်တော့ အဖျားရှိပုံမရ...
ရောဂါ ကြီးကြီးမားမားများ ဖြစ်နေတာလားလို့ တွေးမိလာတော့...
ဒ်ီရင်တွေပူလောင်လိုက်တာ အကိုရယ်..
.....
" သူရိန် မင်းအခုလာမှဖြစ်မယ် ''
သူရိန်ဖုန်းချသွားတော့......သူ့လက်ပေါ်မှာ ပျော့ခွေကျနေတဲ့ သူမကို ကုတင်ပေါ်ရွေ့လိုက်သည်..
ဘယ်လိုဖြစ်ရတာလဲ ချာတိတ်ရာ...ဒီရက်ပိုင်း အားမရှိသလိုနုံးနေတာ ကိုယ်ပေမဲ့ လဲသွားတော့မင်းတဲ့လား...
အပြေးအလွှားရောက်လာရှာတဲ့ သူရိန်....
သူရိန်ရောက်လာမှပဲ အားကိုးရသလိုဖြစ်ကာ သူအနည်းငယ်စိတ်အေးနိုင်တော့သည်...
'' ဘာဖြစ်တာလဲ သူရိန် ဆေးရုံပို့ဖို့လိုလား "
အသံလာရာ သူ့ဆီ သူရိန်မော့ကြည့်လာကာ...
'' ဘယ်လိုဖြစ်တာလဲ မင်း အားမရှိတဲ့ရုပ်နဲ့ "
'' ငါက အရေးမကြီးဘူး ချာတိတ်အခြေနေသာပြောကွာ "
'' အခြေနေကတော့ မင်းအဖေ ဖြစ်တော့မယ် ဒါကြောင့် မင်းကိုယ်မင်းရော သူ့ကိုရော သေချာဂရုစိုက် "
'' အဖေ! !!!! ''
သူသံယောင်လိုက် ရေရွတ်မိကာ....
ဒါဆို သူမ မှာ ကိုယ်ဝန်ရှိနေပြီပေါ့....
သူ့နှုတ်ခမ်းပေါ် အပြုံးတွေ အလိုလိုကပ်ပါလာကာ...
ကြည်နူးမိတာအမှန်ပါ....
ရင်ထဲ လှိုက်ခနဲ ဖြစ်သွားတော့ လူကမိုက်ကနဲ မူးချင်လာကာ...ရင်ထဲနေလို့မကောင်း.
ဗိုက်ထဲဆာသလိုရှိနေတာကို သတိရလာတာမို့...
'' မင်း နေ့လည်စာ စားပြီးပြီလား "
'' ဘယ်စားရအုန်းမလဲ မင်းတို့လင်မယားနှောက်နှောက်နေတာ ငါ့မှာ Sunday လိုနေ့မျိူးတောင် မနားရတော့ပါလား တိမ်လွှာ ရာ "
'' အောက်မှာ တခုခုသွားစားရအောင်..."
သူရိန်နဲ့ အတူ အောက်ကိုဆင်းဖို့ပြင်တော့ အိပ်ပျော်နေသယောင် သူမ မျက်နှာလေးကို လှမ်းကြည့်မိကာ....
ကောင်မလေးတယောက်တော့ သူမ အနားထားခဲ့မှပါလေ....