ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၁၃)
*************************************
နိုးထလာရတဲ့.. မနက်ခင်းဟာ ခါတိုင်း ရက်တွေနဲ့မတူ ပူလောင်လွန်းလှရဲ့..
မဟုတ်ဘူး နာကျင်လွန်းလှရဲ့...
သူမအတွက် အချစ်တွေရှိမနေပါပဲ...သူလက်ထပ်ခဲ့တယ် '' လိုအပ်လို့ " တဲ့...။
သူမအတွက် ရင်ခုန်ခြင်းတွေမရှိပါပဲ....သူ နမ်းလာခဲ့ပြန်တယ် " လိုအပ်လို့ '' တဲ့...။
အခုလဲ...
သူမအတွက် အချစ်တွေရှိမနေပါပဲ....ချစ်တယ် လို့ ဖွင့်ပြောလာပြန်ရဲ့
' လိုအပ်လို့ပဲ မဟုတ်လား အကို '
အပြင်ကို ငေးကြည့်ရင်း ပေါက်ခနဲ့ ကျလာတဲ့ မျက်ရည်တွေ....
'' နိုးနေပြီလား ချာတိတ် "
ပြတင်းတံခါး မက်တပ်ရပ်နေတဲ့ သူမ ကို..
အနောက်ကနေသိုင်းဖတ်ရင်း.. နား အနားကပ်ကာ သူဆိုလာတယ်....
ဒီအထိတွေ့......
ဒီအပြုမူတွေဟာ...
လိုအပ်လို့ ဆိုတာ သူမသိလာလေ...
မလိုအပ်တဲ့တနေ့ စွန့်ပစ်ခံရမယ်ဆိုတာ ကြိုတွေးထားဖို့ လိုလာပြ်ိီမဟုတ်လား...
ဒါတောင်...အနီးကပ်ထိတွေ့ခြင်းမှာ...
ခပ်ဖွဖွ သူနမ်းလာတဲ့ သူမ ပါးပေါ်က အနမ်းတွေအပေါ် စိတ်လှုပ်ရှားနေမိသေးတယ်..
သူနဲ့ ခပ်ဝေးဝေးနေမှ ဖြစ်မယ်...
သူမ တကယ်ကြီး ချစ်မိသွားလို့ မဖြစ်...
'' ညီမ ရေချိူးလိုက်အုန်းမယ် အကို ''
ချာကနဲ လှည့်ထွက်လာတဲ့ သူမလက်ကို လှမ်းဆွဲကာ မျက်နှာချင်းဆိုင်အနေအထား နဲ့ သူ့ရင်ခွင်ထဲ ပြန်ဆွဲသွင်းလိုက်ပြီး
'' ဘာကိစ္စရှိလဲ ချာတိတ် ကိုယ့်ကို ပြောပြလို့ရပါတယ် "
'' ဘာကိုလဲ အကို "
သူမ ပါးပြင်ပေါ် သူ့လက်ချောင်းခပ်ရှည်ရှည်တွေနဲ့ ပွတ်ဆွဲလိုက်ပြီးမှ..
'' ဒီပါးပြင်ပေါ်က မခြောက်သေးတဲ့ မျက်ရည်တွေကို "
'' ဟင် ''
'' ကိုယ့်ကို မမြင်စေချင် မသိစေချင်ရင်လဲ ကွယ်ရာအဝေးမှာဖြစ်ဖြစ်သွားငိုရောပေါ့ကွာ အခုတော့ မင်းမျက်ရည်တွေကို ဘယ်လိုကျော်သွားမလဲ "
'' အ ဟွန်း ညီမ ဒီနေရာမှာ မနေချင်တော့ဘူး အကို အေးစက်တဲ့နှလုံးသားနဲ့ အကို့နားနေရတာ မနွေးထွေးဘူး "
'' ဒုန်း! !!!!!!!!! ''
.........................................................................
'' ဒုန်းး!!!!!! ''
တစုံတခုပြုတ်ကျသံကြောင့် သူမ လန့်နိုးလာသည်...
ဟူး....အိမ်မက်ရှည်ကြီး တခု သူမ မက်ခဲ့တာပါလား
ဒီနေ့ သူမ အင်တာဗျူးသွားဖြေရမည်...
ထို Company ကို သူမ အင်မတန် သဘောကျကာ အထူးသဖြင့်...
CEO မမ ကိုပါ....
Social media မှာ မကြာခဏ ဆိုသလို တွေ့ရတက်ပြီး..
အရမ်းကိုလှပပြီး ထက်မြက်တဲ့ အမျိူးသမီး..
သူမ အိပ်ပျော်နေတာ...တော်ပါသေးရဲ့ နောက်ကျတော့မလို့..
ခပ်မြန်မြန် ရေချိူး အလှပြင် အဝတ်စားလဲရင်း...
အမြန်သွားဖို့ပြင်ရသည်...
နောက်ကျမှာစိုးတာကြောင့် လမ်းထိပ်အမြန်ထွက်... ကားငှားဖို့သာ ဆုံးဖြတ်လိုက်ရသည်..
ဟုတ်သည်လေ ထိုလိပ်စာသို့ သူမ သိပ်မသွားတက်... ယောင်လည်လည် ဖြစ်နေမှာ စိုးရသည်.
'' အာ့ "
လမ်းထိပ်ရောက်ခါနီး လူတစ်ယောက်ကို တိုက်မိကာ လက်ထဲမှ ဖိုင်လေး ပြုတ်ကျသွားသလို..
သူမ လက်မောင်းကလေး အနည်းငယ်နာကျင်သွားရသည်...
သူမ ထက် ခေါင်းတလုံးစာ ကျော်ကျော်မျှမြင့်သော ထိုပုဂ္ဂိုလ်အားမော့မကြည့်နိုင် အမြန်ကောက်ကာ
'' sorry ပါနော် ''
တောင်းပန်ပြီးအမြန်ထွက်ခဲ့ရသည်...
နီးစပ်ရာ Taxi တစီးအား အမြန်တားပြီး ကားပေါ်တက်ထွက်ခဲ့သည်..
သူမ ပုံစံအား အစအဆုံးလိုက်ကြည့်ကာ ရပ်ကျန်ခဲ့သူ အမျိူးသား..
ထိုအမျိူးသားမျက်နှာတွင်...နားလည်ရခက်သော အပြုံးတချိူ့ ဖြတ်သန်းသွားတာ မည်သူမျှ သိလိုက်မည်မထင်...
'' Hello ငါပါ... "
''. ......''
'' အင်း မိုးသားဖြူ နာမည်နဲ့ကောင်မလေးကို နွေဦးနွယ်အနားရောက်အောင်ပို့လိုက်ပါ "
....................................................................
သူမ ကံကောင်းထောက်မစွာ အလုပ်ရလာခဲ့သည်..
သူမလျှောက်တာ Office staff ဆိုသော်လည်း
သူမသဘောကျသော အမနွေဦးနွယ် ကိုယ်တိုင် အင်တာဗျူးကာ သူ့အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့သည်တဲ့...
ယုံပင်မယုံနိုင်ခဲ့..
ဒီရက်တွေမှာ ဆက်တိုက်ဆိုသလို အိမ်မက်တွေ မက်တက်သေးသည်..
အိမ်မက်ထဲက ကောင်လေးကို သူမ မမှတ်မိသော်လည်း...
ပြန်တွေးတိုင်း ကြည်နူးစေရတဲ့ ချစ်အိမ်မက်မျိူး...
သူမ ပြုံးလိုက်မိကာ.... ပျော်ရွှင်လာသလိုခံစားလိုက်ရတာ အတိုင်းဆမဲ့...